29.11.16

ထိုင်းရဲ့ Milicon Steel Plc နဲ့ ပြည်တွင်းက GE၊Thiha Co တို့ အကျိုးတူပူးပေါင်းပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိထုတ်လုပ်မည်

ထိုင်းရဲ့ Millcon Steel Plc နဲ့ ပြည်တွင်းကုမ္ပဏီနှစ်ခုတို့ ပူးပေါင်းပြီး ဒေါ်လာ၁၂ သန်း ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိထုတ်ကုန်များ ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတဲ့အချိန် သံမဏိထုတ်ကုန်လိုအပ်ချက်မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး ယခုလို အကျိုးတူပူးပေါင်းလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

ယခု အကျိုးတူလုပ်ငန်းမှာတော့ ထိုင်းကုမ္ပဏီဘက်က အစုရှယ်ယာ၄၅ ရာခိုင်နှုန်း၊ General Engineering Co Ltd က ၄၅ ရာခိုင်နှုန်းနဲ့ Thiha Co Group က ၁၀ ရာခိုင်နှုန်း နဲ့ ဖွဲ့စည်းမှာဖြစ်ပါတယ်။ အလားတူ ယင်းကုမ္ပဏီသစ်ကိုတော့ Millicon Thiha Co ltd ကို ခေါ်ဆိုမှာဖြစ်ပြီးသီလ၀ါအထူးစီးပွားရေးဇုန်အတွင်းမှာ တည်ရှိပါတယ်။

ကုမ္ပဏီအနေနဲ့ တစ်လကို သံမဏိတန်ချိန် ၄,၀၀၀ ကနေ ၅,၀၀၀ ရှိမှာဖြစ်ပြီးတော့ ကနဦးပိုင်းအနေနဲ့ မြန်မာပြည်တွင်းမှာပဲ အများဆုံး ရောင်းချသွားမယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့မှုအတွက်ကတော့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့ကိုလည်း တင်ပို့ပေးသွားဖို့တော့ရှိတယ်လို့ Millicon ရဲ့ အမှုဆောင်အရာရှိချုပ် Sittichai Leeswadtrakul ကပြောပါတယ်။

သုံးနှစ်နောက်ပိုင်းမှာတော့ ကုမ္ပဏီရဲ့ ရည်မှန်းချက်အရ ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းကိုတော့ မြန်မာပြည်တွင်းမှာရောင်းချသွားမှာဖြစ်ပြီးကျန်ထုတ်ကုန်ပမာဏကိုတော့ ပြည်ပတင်ပို့မှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment