29.11.16

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပေါက်ကွဲမှု မရှိသေးသော M-150 အချိုရည်ပုလင်းများ တွေ့ရှိ


 
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 လေယာဉ်လက်မှတ် အရောင်းကောင်တာဘေးရှိ ခုံပေါ်၌
ယနေ့(နိုဝင်ဘာ ၂၉ ရက်) နံနက် ၉ နာရီခွဲအချိန်က ကြွပ်ကြွပ်အိတ် အစိမ်းရောင်တစ်လုံးကို မသင်္ကာဖွယ်တွေ့ရှိကြောင်း သတင်းအရ နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ရှင်းလင်းခဲ့ရာ ၎င်းကြွပ်ကြွပ်အိတ်ထဲ၌ M-150 အချိုရည် ၄ ပုလင်းအား တွေ့ရှိရပြီး ပုလင်းများအတွင်း အ၀ါရောင်အရည်ပျစ်ပျစ်များကို ထည့်ထားကြောင်း တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
တွေ့ရှိသည့် အချိုရည်ပုလင်းများအား နယ်မြေခံတပ်မှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့များက စနစ်တကျ သက်မဲ့ ရှင်းလင်းဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းနေရာနှင့် လေဆိပ်အတွင်းနေရာများတွင် အသေးစိတ် ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူများက ပြည်သူလူထု ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Credit To >>> Eleven media Group

0 comments:

Post a Comment