29.11.16

ကျေးလက်ဒေသများ၌ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန် Universal Service Fund အသုံးပြုမည်

ကျေးလက်ဒေသများအ ထိ ဆက်သွယ်ရေးကွန်ရက်ရရှိ စေရန် ၀န်ကြီးဌာနအနေဖြင့် Universal Service Fund ကို အသုံးပြုဆောင်ရွက်မည်ဟု ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး ကျော်မျိုးကပြောကြားသည်။

(၁၆) ကြိမ်မြောက် အာဆီ ယံသတင်းအချက်အလက်နည်း ပညာဆိုင်ရာ ၀န်ကြီးများအစည်း အဝေး၌ ဒုတိယ၀န်ကြီးက ယင်း သို့ ပြောကြားခြင်းဖြစ်သည်။ ဆက်သွယ်ရေးအော်ပရေတာများအ နေဖြင့် ကွန်ရက်ဖြန့်ကြက်ခြင်း မရှိသည့် ဒေသများ၌ ဆက်သွယ် ရေးကွန်ရက်တည်ဆောက်ရန် Universal Service Fund ကိုအစိုးရအနေဖြင့် အော်ပရေတာများထံမှ တောင်းခံထားခြင်းဖြစ် သည်။ဆက်သွယ်ရေးအော်ပရေ တာများ၏ စုစုပေါင်းအခွန်ဘဏ္ဍာ ငွေ ၂ ရာခိုင်နှုန်းကို အစိုးရအနေ ဖြင့် Universal Service Fund တရားဝင်တောင်းခံထားခြင်းဖြစ် ပြီး အဆိုပါငွေကြေးဖြင့် အော်ပ ရေတာများကွန်ရက်တည် ဆောက်ခြင်းမရှိသည့် နယ်မြေ များ၌ အစိုးရကွန်ရက်တည် ဆောက်မည်ဖြစ်သည်။

‘‘အစိုးရကို ပေးထားတဲ့ ငါးနှစ်အတွင်း ဆောင်ရွက်မယ် ဆိုတဲ့ ကတိတွေကို ပြန်ကြည့်ရင် သုံးနှစ်နဲ့ ပြည့်လုနီးပါးဖြစ်နေတဲ့ အခြေအနေပါ။ ကျန်တဲ့ ဒေသတွေကို ချဲ့ထွင်ဖို့ဆိုတာလည်း လုံခြုံ ရေးဆိုင်ရာကိစ္စလေးတွေရှိသေး တယ်။ လက်နက်ကိုင်အဖွဲ့အ စည်းတွေရှိတယ်။ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လည်း ကွန်ရက်ကို ဆက်လက်ချဲ့ထွင်နေပါတယ်’’ ဟု တယ်လီနောအမှုဆောင် အရာရှိချုပ်ကပြောသည်။

လက်ရှိ၌ Universal ServiceFund နှင့်ပတ်သက်၍ ပေါ်လစီ များချမှတ်နိုင်ရန် ဆောင်ရွက်နေ ကြောင်း ဒုတိယ၀န်ကြီးက ပြော ကြားသည်။ ဆက်သွယ်ရေးအော် ပရေတာများသည် စီးပွားရေး တွက်ခြေကိုက်သော နေရာဒေသများ၌သာ လုပ်ကိုင်ဆောင်ရွက် ကြသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က စက် တင်ဘာအတွင်း ပြည်သူ့လွှတ် တော်၌ ပြောသည်။

မြန်မာနိုင်ငံ၌ အသုံးပြုနိုင်မှု သည် ၉၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာခဲ့သည်ဟု သိရ သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment