ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.12.13

ပါးရေတွန့်ခြင်းကို သင်္ဘောသီးဖြင့် ဖျောက်ဖျက် ပစ်ပါ

သင်္ဘောသီးမှာ သင့်အရေပြား အပေါ်ဆုံးအလွှာကို စားပစ်နိုင်တဲ့ အင်ဇိုင်း အများအပြား ပါဝင်တယ်။ ဒါ့ကြောင့် ပါးရေနားရေ တွန့်ကြောင်း များကို လျော့နည်း သွားစေတာ ဖြစ်တယ်။

သင်္ဘောသီး တစ်လုံးကို ရေဆေး ကြောပြီး အခွံနွှာပါ။ ယင်းကို လက်ဖက်ရည် ဇွန်း ၂ ဇွန်းစာယူပြီး ခြောက်သွေ့တဲ့ အုတ်ဂျုံ (Oatmeal) တစ်ဇွန်းစာနှင့်ရောပါ။ ယင်းနောက် အရေးအကြောင်းများရှိ တဲ့ နေရာကို လိမ်းကျံပေးပြီး ၁၀ မိနစ်ကြာလောက် ထားလိုက်ပါ။ ယင်းနောက် ပိတ်စ တစ်ခုကို သုံးကာ မျက်နှာကို သန့်စင် လိုက်ပါ။

ယူကရိန်းဆန္ဒပြသူများ အစိုးရရုံးတွေကို ပိတ်ဆို့

ယူကရိန်းနိုင်ငံမှာ ထောင်ချီတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ အဓိက အစိုးရအဆောက်အဦးတွေကို တနင်္လာနေ့တုန်းက ပိတ်ဆို့ ဆန္ဒပြခဲ့ကြပါတယ်။ ဥရောပသမဂ္ဂနဲ့ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ယူကရိန်းသမ္မတ Viktor Yanukovych က ငြင်းပယ်ခဲ့တဲ့အပေါ်မှာ မကျေနပ်ကြတဲ့ ဆန္ဒပြသူတွေဟာ အစိုးရကိုပါ ဖြုတ်ချဖို့ ကြိုးပမ်းနေကြတာပါ။

HIV သုတေသန အိုဘားမားအစိုးရ ဒေါ်လာ သန်း ၁၀၀ သုံးမည်

HIV ရောဂါကုသရေးအတွက် သုတေသနလုပ်ငန်းတွေ တိုးမြင့်သွားရေး အစီအစဉ်သစ်တခုကို သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။ HIV AIDS တိုက်ဖျက်ရေးအတွက် ကုထုံးသစ်တရပ် သုတေသနပြု ဖော်ထုတ်နိုင်ဖို့ အမျိုးသားကျန်းမာရေးဌာနကို အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာ သန်း ၁၀၀ တိုက်ရိုက် ထောက်ပံ့ပေးသွားမယ်လို့ သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။

အသက် ရှစ်နှစ်အရွယ် မက်ဆီ လက်သစ်ကလေးအား ခေါ်ယူရန် စပိန်ထိပ်သီးကလပ် ဘာစီလိုနာ၊ရီးယဲလ် မက်ဒရစ်နှင့် အက်သလက်တီကို အသင်းတို့ အပြိုင်ကြိုးစားနေကြ

ဆောင်းနှင်းကြားက မက်ဆီ လို့ နာမည်ချစ်စနိုးပေးထားတဲ့ အသက်ရှစ်နှစ်အရွယ် ကလော်ဒီယို နန်ကူဖေးလ် ဟာ အာဂျင်တီးနား လက်အောက်ခံနယ်ပယ်တစ်ခုဖြစ်တဲ့ ဘာယီလိုချီမြို့ တောင်ပိုင်းစကိတ်ကွင်း ကလပ်အသင်းဖြစ်တဲ့ မာတင်ဂူမက်စ် အသင်းမှာ လက်ရှိကစားနေတာဖြစ်ပါတယ်။ ဘာစီလိုနာအခြေစိုက် ပီအာ အေဂျင်စီက ကင်းထောက် အိုတီယို က ကလော်ဒီယို ကို စာချုပ်ချုပ်ဆိုထားပြီး ခရစ်စမတ်ပိတ်ရက်တွေ ကုန်လို့ ရှိရင် စပိန်ကလပ်အသင်းကြီးတွေဆီမှာ ခြေစွမ်းအကဲခတ်၊လေ့ကျင်ဖို့ ခေါ်သွားမှာပါ။ ကလော်ဒီယို ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ယူနဲ့ ချယ်လ်ဆီးတို့ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့  သိရှိရပါတယ်။ ကလော်ဒီယို ဟာ လီယွန်နယ်မက်ဆီလိုပဲ ဟော်မုန်းချို့ တဲ့

အိုင်းရင်းလုပ်သလို လိုက်လုပ်ချင်တဲ့သူကြောင့် အိုင်ရင်းပိုမိုရင့်ကျက်လာခဲ့တယ်လို့ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

Melody World ပြိုင်ပွဲက တဆင့်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့တဲ့ အိုင်းရင်းဇင်မာမြင့် ကို သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ အတူ သူ့ရဲ့စိတ်ခံစားချက်တစ်ချို့ကိုပြောပြဖြစ် ခဲ့တာကတော့

အိုင်းရင်းရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။

အိုင်းရင်း အခုလတ်တလောမှာတော့ ရန်ကုန်နဲ့ နယ်တွေမှာရိုးတွေ ဆိုဖို့ရှိပါတယ်။ ဒင်နာနဲ့ မိတ်ဆုံစားပွဲတွေမှာလည်း သီချင်းဆိုပေးဖို့ရှိပါတယ်။

နှလုံးသားအရင်းအနှီးသီချင်းနဲ့ပတ်သက်ပြီး ပရိသတ်ကြိုက်နှစ် သက်ကြတဲ့အတွက် ကိုယ့်ရဲ့ စိတ်ဖီလင်လေးကိုပြောပြပေးပါ။

နှစ် နှစ်ကျော်အတွင်း ပထမဆုံးအနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ရှောင်စခန်း တစ်ခုမှ ဒုက္ခသည်များ မိမိတို့ဆန္ဒဖြင့် နေရပ်ပြန်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၀န်သိုဘုန်းကြီးကျောင်း အတွင်း နှစ်နှစ်နီးပါးကြာ စစ်ရှောင်နေသော တာလောကြီးတိုက်နယ် စံကင်းကျေးရွာမှ ရွှေ့ပြောင်း ဒုက္ခသည်များသည် ပထမဆုံး အနေဖြင့် ဒီဇင်ဘာ ၂ ရက်က နေရပ်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

နေရပ်သို့ ပြန်လည်ပြောင်းရွှေ့သည့် အစီအစဉ်မှာ အစိုးရနှင့် ကေအိုင်အိုတို့၏ ညှိနှိုင်းမှုကြောင့် မဟုတ်ဘဲ ရွှေ့ပြောင်းဒုက္ခသည်တို့၏ ဆန္ဒအရ ပြည်နယ်အစိုးမှ တစ်ဆင့် ပြည်ထောင်စု အစိုးရသို့ တင်ပြကာ လူမှုအဖွဲ့အစည်းများ၏ အကူအညီဖြင့် နေရပ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်ကြောင်း သိရသည်။

ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ

ကဖိန်းဓာတ် ပါဝင်သည့် ခွန်အားဖြည့် အချိုရည်များအား ထိုသူများကို သောက်သုံးစေပြီးနောက် တစ်နာရီ အကြာတွင် ဇီဝကမ္မ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်း ဖြစ်သည်။

ခွန်အားဖြည့် အချိုရည်များက နှလုံးခုန်နှုန်းကို နှေးကွေးသွားစေ
ခွန်အားဖြည့် အချိုရည်များသည် နှလုံး၏ လုပ်ငန်းဆောင်တာများကို အနှောင့်အယှက် ပေးနိုင်သည့် သက်ရောက်မှုမျိုး ရှိနေကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ၊ ဘွန်းတက္ကသိုလ်မှ