ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

15.9.13

မန်းမြန်မာဈေးချိုပလာဇာတွင် စိတ်ကြွဆေးပြား ကျပ်သိန်း၃၀၀ဝကျော်ဖိုး ဖမ်းမိ

မန္တလေးမြို့ မန်းမြန်မာဈေးချိုပလာ ဇာတွင် ကာလတန်ဖိုးငွေ ကျပ် သိန်း ၃၀၀ဝကျော်ဖိုး စိတ်ကြွရူး သွပ်ဆေးပြားများ စက်တင်ဘာ ၉ရက် ညနေ ၄နာရီက ဖမ်းဆီး ရမိကြောင်း သိရသည်။
ချမ်းအေးသာဇံမြို့နယ် ၂၇* ၂၈ လမ်းကြား၊ ၈၄*၈၅ လမ်း ကြားရှိ မန်းမြန်မာဈေးချိုပလာ ဇာမှာ မန္တလေးဈေးချိုတော်ကြီး ၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် နေ့စဉ်ဈေးရောင်းဈေးဝယ်သူ များဖြင့် စည်ကားသည့်ဈေးကြီး ဖြစ်သည်။

ဗြောက်အိုးနှင့်မီးပန်းသည် ကလေးများ နားနှင့်မျက်စိကို ထိခိုက်ရုံ သာမက နှလုံးရောဂါရှိသူများအတွက် အသက်အန္တရာယ်ရှိနိုင်

ဗြောက်အိုးများနှင့် မီးရှူး မီးပန်းများကို ကလေးငယ်များက ပူဆာခြင်းကြောင့် အန္တရာယ် မဖြစ်နိုင်ဟုယူဆရသော ကလေး ငယ်များ ဆော့ကစားနိုင်သည့် ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ ကို ဝယ်ယူပေးလေ့ရှိရာ ကလေး ငယ်များမှာ နှစ်စဉ်ဆေးခန်းများ သို့ရောက်ရှိလာခြင်းများရှိသည့် အတွက် ယင်းသို့ သတိပေးပြော ကြားရခြင်းဖြစ်ကြောင်း သိရ သည်။

" ဇိမ် " ကာရာအိုကေဆိုင်အား အရွယ်မရောက် သေးသူများကို အလုပ် စေခိုင်းမှုဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိ

တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့ ၊ ကလွင်ကျေးရွာ အုပ်စု၊ တောရကျောင်း ရပ်ကွက် အဝေးပြေး ကားဝင်း အတွင်းတွင် ရှိသော " ဇိမ် "ကာရာအိုကေ ဆိုင်တွင် အရွယ် မရောက်သေးသူ အမျိုးသမီး ငယ်တစ်ဦး အား အလုပ်စေခိုင်းမှု အတွက် ကလေးသူငယ် ဥပဒေအရ ဆိုင်ရှင်အား မြိတ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် သက်နိုင်က စက်တင်ဘာလ ၁ဝ ရက် နံနက် ၁ဝနာရီခွဲ တွင် အမှုဖွင့် တိုင်ကြား သောကြောင့်

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ဖခင် နှင့် သမီးဖြစ်သူတို့ ဒဏ်ရာရရှိ

၂ဝ၁၃ ခုနှစ် ၊ စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ အချိန်ခန့် တွင် အမျိုးသား ၂ ဦးမှ သေနတ် အတိုဖြင့် ပစ်ခတ်မှု ကြောင့် ဦးစိုင်းစိုင်း နှင့် သမီးဖြစ်သူ နန်းဟောင်ဖောင်း (ခ) လုံးလုံး အား ဒဏ်ရာများ ရရှိ၍ ဆေးရုံးသို့ ဆေး ကုသမှုခံ ယူနေကြောင်း သိရသည်။

ဂန့်ဂေါမြို့ စည်ပင်ဌာနမှ မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီးမြစ်ရေ နှင့်အတူ မျောပါသွား

ဂန့်ဂေါမြို့ စည်ပင်ဌာန မှ ဂန့်ဂေါ မြို့ပေါ် ရပ်ကွက်များသို့ ရေပေးဝေ နေသည့် ရေစက်ကြီး သည် စက်တင်ဘာလ ၁၃ ရက် ညပိုင်းက မြစ်သာမြစ်ရေ နှင့်အတူ မျောပါ သွားကြောင်း သိရသည်။

နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွား မှုကို လျှော့ချ နိုင် ဖွယ် ရှိ

နေရောင်ခြည်သည် အဆစ်အမြစ်ရောင် ရောဂါ ဖြစ်ပွားမှု အန္တရာယ် ကို လျှော့ ချနိုင်ဖွယ် ရှိသောကြောင့် နေရောင်ခြည် ပိုမိုရရှိသည့် နေ ရာ ဒေသများ၌ နေထိုင် သူများတွင် အဆိုပါ ရောဂါ ဖြစ်ပွား မှု လျော့ ကျ နိုင် ဖွယ် ရှိသည်ဟု အမေရိကန် သုတေသီများက ပြောကြား ထား သည်။

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်

Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည် သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

အမြန်လမ်း လမ်းဘေး ဓါတ်တိုင်ဝင်တိုက် ခင်ပွန်းသေဆုံး၊ ဇနီး ဒဏ်ရာရ

၁၄-၉-၂၀၁၃ ရက်နေ့ ၁၁၅၀ အချိန် နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၀၀/၃-၄)ကြားတွင် ရန်ကုန်မှနေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်း မြို့နယ်နေ အောင်မျိုး(၃၆)နှစ်မောင်းနှင်လာသည့်

ကြွက်ထောင်ချောက်

တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက်   တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွား ပါတယ်။ကြွက်ကလေးဟာ စိုးရွံ့စွာနဲ့ ခြံထဲကိုဆင်းပြီး တခြားတိရစ္ဆာန်တွေကိုလိုက်သတိပေးပါတယ်။

ဘေးလ်၊ ရော်နယ်ဒိုတို့ ဂိုးသွင်းခဲ့ပေမယ့် နိုင်ပွဲရပ်တန့်သွားတဲ့ ရီးရဲလ်

ဗီလာရိးရဲလ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ရီးရဲလ်တို့ သရေကျခဲ့ပေမယ့်
ရော်နယ်ဒိုကတော့ ၂၀၃ပွဲမှာ ၂၀၃ဂိုးသွင်းနိုင်ခဲ့သူဖြစ်လာပြီး
ဘေးလ်အတွက်လည်း ပထမဆုံးပွဲမှာ ပထမဆုံး ကန်ချက်နဲ့အတူ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဗီလာရီးရဲလ်ဟာ အိမ်ကွင်းအားသာချက်နဲ့ ရီးရဲလ်ကို တန်ပြန်ကစားသွားခဲ့ပြီး ပီပီရဲ့ အမှားကတစ်ဆင့် ဗီလာရီးရဲလ် ဂိုးသွင်းခွင့်စရခဲ့ပြီး ဒီယေဂိုလိုပက်ဇ် ကာကွယ်နိုင်ခဲ့လို့ စောစောစီးစီး ဂိုးစမပေးခဲ့ရတာပါ။

ပထမဆုံး ရှုံးပွဲကြုံသွားတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ အီတူး ဦးဆောင်တဲ့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာခဲ့ပြီး အခွင့်အရေး တော်တော်များများရခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် ဂိုးမရခဲ့ဘဲ အဲဗာတန်ကတော့ ရရှိလာတဲ့ အခွင့်အရေးကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် (၃)ပွဲဆက် သရေရလဒ်ကို အဆုံးသတ်ပြီး အိမ်ကွင်းနိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားများ ကိုယ်ပိုင်လေယာဉ်ဝယ်ယူ စီးနင်းနိုင်ရန် MAI လေကြောင်းလိုင်းမှ စီစဉ်ပေးမည်

မြန်မာနိုင်ငံသားများ ကိုယ်ပိုင်လေယာဉ် ၀ယ်ယူစီးနင်းနိုင်ရန် MAI လေကြောင်းလိုင်းမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံ ခရီးစဉ်စတင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ဥရောပ ၃ နိုင်ငံခရီးစဉ်ထဲက နောက်ဆုံးဖြစ်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံPrague မြို့ကို မကြာခင် ရောက်ရှိမှာဖြစ်ပါတယ်။ 

ကော့သောင်းအကျဉ်းထောင်တွင် ညှဉ်းပန်းနှိပ်စက်ခြင်းများကို မကျေနပ်၍ ဆူပူအုံကြွခဲ့ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေ ခုနစ်ဦး ဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊
 ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် အတွင်း ရှိ ၉ မိုင် အကျဉ်းထောင်တွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက် ည ၈ နာရီကျော် တွင် အကျဉ်းကျနေသူများက ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ် ချယ် မှု များအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းအတွင်းမှ ဆူပူ အုံကြွ ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင်မီးများ ကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေးလအတွင်း လေဆိပ်နှင့် ရေဆိပ်များမှ ဖုန်းနှင့် ကွန်ပျူတာပစ္စည်းများ ကျပ်သိန်း ၁၆၀၀ဝကျော်ဖိုးဖမ်းမိ

ယခု ဘဏ္ဍာနှစ်လေးလအတွင်း ရန် ကုန်လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ် ဝင်ပေါက်များမှ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆၀၀၀ ကျော်တန် ဖိုးရှိ တရားမဝင်မိုဘိုင်းဖုန်း၊ ကွန် ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း အကောက် ခွန်ဦးစီးဌာနမှ သိရသည်။

ဘုရင့်နောင်သယ်ယူပို့ဆောင်ရေးဂိတ်များ တိုးလာခြင်းကြောင့် ယာယီယာဉ်ရပ်နားကွင်းများ လိုအပ်နေ

ဘုရင့် နောင်တွင် သယ်ယူပို့ဆောင်ရေး ဂိတ်များ ယခင်နှစ်များထက် သိ သာစွာ တိုးတက်လာနေခြင်း ကြောင့် ယာယီယာဉ်ရပ်နားကွင်း များ အလျင်အမြန်လိုအပ်နေပြီ ဟု ဘုရင့်နောင်အခြေစိုက်ပွဲရုံ လုပ်ငန်းရှင်များနှင့် ကားဂိတ်လုပ် ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီလင်းပိုင် မြန်မာ တစ်ပြည်လုံးအတိုင်းအတာဖြင့် အကောင်ရေ ၇ဝနီးပါးသာကျန်ရှိ

မျိုး သုဉ်းမှုအန္တရာယ်မှ ကာကွယ်ထိန်း သိမ်းထားသော ဧရာဝတီလင်း ပိုင်များ မြန်မာတစ်ပြည်လုံးအ တိုင်းအတာဖြင့် အကောင်ရေ ၇ဝနီးပါးသာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေး လက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာ နမှ ဒုတိယဝန်ကြီး ဦးခင်မောင် အေးကပြောသည်။

တာချီလိတ်သို့အလုပ်လုပ်ရန်ထွက်ခွာလာသော လိုက်ထရပ်ချောက်ထဲကျ ၉ ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော
မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦး--စက် တင်ဘာ၁၄ ရက်နေ့ နံနက်၁၀း၃၀ အချိန် မောင်းနှင်လာသည့်
၇က/xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊
မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့ရာခရီးသည် ၉ ဦးသေဆုံးခဲ့ကြောင်းရဲဇာနည်မှသိရသည်။

တရားရုံးသို့ လယ်သမားများစီတန်းသွားရောက်မှုကြောင့် စစ်ဆေးမည့်အမှုများ ရက်ချိန်းလွှဲပြောင်းပေးခဲ့ရ

ပုသိမ် မြို့တွင် စက်တင်ဘာ ၁၂ ရက်က ပုဒ်မ ၁၈ဖြင့် အမှုရင်ဆိုင်ရမည့် သူအတွက် လိုက်ပါခဲ့ကြသည့် လယ်သမားများ တရားရုံးသို့ စီ တန်းသွားရောက်မှုကြောင့် ထိုနေ့ စစ်ဆေးမည့်အမှုများ အားလုံးကို ရက်လွှဲချိန်းဆိုပေးခဲ့သည်ဟု သိ ရသည်။

US တွင် တားမြစ်ထားတဲ့ ဂျပန်ငါး Fugu

ကမ္ဘာပေါ်မှ အသီးသီးသော နိင်ငံတွေဟာ နေရာဒေသတွေ၊
ယဉ်ကျေးမူတွေ ကွဲပြားလေ့ ရှိတဲ့ အပြင် သူတို့ ရဲ့ ယဉ်ကျေးမူ တွေ၊ ယူဆမူ အတွေးအခေါ်တွေဟာ လည်း အံ့ သြစရာကောင်း လောက် အောင်ကွဲပြား တတ်ကြပါတယ်။ ဒီထဲမှာ မှ တစ်နိင်ငံအတွက် အလေးထားရတဲ့ အရာတွေ ဟာ လည်း နောက် နိင်ငံများအတွက် ရယ် စရာ လို လိုဖြစ်နေတတ်တာ ရှိပါတယ်။ အစားစားတွေထဲမှာလည်း ဒီလို ပါပဲ ..

ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရန် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများကို သာ ရွေးချယ်မည်

လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရာတွင် ရိုက်ကူးရေးပိုင်း ကိစ္စရပ်အားလုံး အတွက် နိုင်ငံတကာ ရုပ်ရှင်ကုမ္ပဏီများနှင့် အဖွဲ့အစည်းများကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက The Voice သို့ ပြောကြားသည်။