15.9.13

ဧရာဝတီလင်းပိုင် မြန်မာ တစ်ပြည်လုံးအတိုင်းအတာဖြင့် အကောင်ရေ ၇ဝနီးပါးသာကျန်ရှိ

မျိုး သုဉ်းမှုအန္တရာယ်မှ ကာကွယ်ထိန်း သိမ်းထားသော ဧရာဝတီလင်း ပိုင်များ မြန်မာတစ်ပြည်လုံးအ တိုင်းအတာဖြင့် အကောင်ရေ ၇ဝနီးပါးသာ ကျန်ရှိတော့ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေး လက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာ နမှ ဒုတိယဝန်ကြီး ဦးခင်မောင် အေးကပြောသည်။

ဦးခင်မောင်အေးက''လက် ရှိ ဧရာဝတီလင်းပိုင်ကောင်ရေ ၇၀ အောက်သာရှိတော့တယ်၊ ဧရာဝတီလင်းပိုင်တွေနေတဲ့ နေ ရာတွေကိုအနှောင့်အယှက်ပေး မှုတွေရှိနေတယ်၊ ငါးဦးစီးကသွား ပြီးတော့ ထိန်းသိမ်းမှုတွေလုပ်ရင် တောင် တချို့တွေက ပြန်ပြီးရန် မူတာတွေရှိနေတယ်''ဟု ဆိုသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး ဌာနမှ ဧရာဝတီလင်းပိုင် သုတေ သနနှင့် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများကို ၂၀၀၂ခုနှစ်မှစ တင်ကာ သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ၂၀၀၅ခုနှစ် ဒီဇင် ဘာ၂၈ရက်မှစတင်ကာ မန္တလေး မြို့မှ ကျောက်မြောင်းမြို့အထိ ၇၂ကီလိုမီတာအတွင်းရှိ ဧရိယာ အား ဧရာဝတီလင်းပိုင်ထိန်း သိမ်းစောင့်ရှောက်ရေးနယ်မြေ အဖြစ် သတ်မှတ်ခဲ့ကြောင်းသိရ သည်။

ယင်းနှင့်ပတ်သက်ပြီး ဧရာဝ တီလင်းပိုင် လေ့လာရေးနှင့်ကာ ကွယ်စောင့်ရှောက်ရေးလက် ထောက်ဦးစီး ဦးဟန်ဝင်းက''လက် ရှိထိန်းသိမ်းရေးနယ်မြေမှာတော့ အကောင်၂ဝရှိတယ်၊ ပြီးခဲ့တဲ့နှစ် က သုံးကောင်သေပြီး ဒီနှစ်အစ မှာပဲ သုံးကောင် ပြန်ပေါက်တော့ အတိုးအလျော့မရှိဘူး''ဟုပြော သည်။

ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးနှင့် သုတေသနလုပ်ငန်း များအတွက် ၂၀၁၂ခုနှစ်မှ ၂၀၁ရ ခုနှစ်အထိ ဒုတိယငါးနှစ်သက် တမ်းရှိ သဘောတူစာချုပ်ကို သား ငှက်ထိန်းသိမ်းရေးအဖွဲ့ နှင့် သက်တမ်းတိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment