ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.12.16

၂၀၁၆ ထဲမှာ အာရှနိုင်ငံတွေခရီးသွားလုပ်ငန်းတိုးတက်လာတဲ့ အတွက် ခရီးသွားများ ပိုမို ၀င်ရောက် လာအောင်လုပ်ဆောင်

Image may contain: one or more people and food
အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံအတွက်ကတော့ ယခုနှစ်အတွင်း ခရီးသွားလုပ်ငန်းပိုင်းမှာ တိုးတက်မှုအားကောင်းခဲ့တဲ့ အကျိုးကျေးဇူးတွေနဲ့ ခံစားခဲ့ရတယ်ဆိုပြီး သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းများ တည်ငြိမ်စေရေး ကုန်သည်စက်မှုအသင်းချုပ် အကြံပြုမည်

 No automatic alt text available.


မြန်မာငွေကျပ်တန်ဖိုးသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အဆိုပါ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းများ မြင့်တက်နေခြင်း အခြေအနေသည် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် ထိခိုက်စေမှုများ ဖြစ်ပေါ်စေလျက်ရှိပြီး ပြည်တွင်းအထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာနိုင်သည် ဖြစ်ပါသဖြင့် ငွေလဲနှုန်းများ ပြန်လည်တည်ငြိမ် လာစေရေး အတွက် ကုန်သည်စက်မှု အသင်းချုပ်မှ နိုင်ငံတော်အစိုးရသို့ အကြုံပြုတိုက်တွန်းချက်များ အစီရင်ခံစာကို ပေးပို့မည်ဖြစ်ပါသည်။

ရန်ကုန်တွင် ကားပါကင် ယာဉ်ရပ်နားခများပြန်လည်ကောက်ခံမည်

ရန်ကုန်မြို့တွင် ယာဉ် ရပ်နားရမည့်နေရာလိုင်းများရေး ဆွဲကာ ယာဉ်ရပ်နားခများကိုပြန် လည်ကောက်ခံမည်ဟု ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ဂျပန်ရဲ့ အသက်အာမခံလုပ်ငန်းကုမ္ပဏီ Taiyo Life ပြည်တွင်း ကုမ္ပဏီနဲ့ပူးပေါင်းက အာမခံဆော့ဖ်ဝဲ ကုမ္ပဏီတည်ထောင်ဖို့စီစဉ်

Image may contain: 2 people, people smiling, text
ဂျပန်ရဲ့ အာမခံလုပ်ငန်းကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Taiyo Life ဟာဆိုရင်ယခုအခါ မြန်မာနိုင်ငံက ပြည်တွင်းကုမ္ပဏီတစ်ခုနဲ့ ဖက်စပ်ပူးပေါင်းပြီးတော့ အာမခံဆော့ဝဲကုမ္ပဏီတစ်ခုကို လာမယ့်ဖေဖော်ဝါရီလမတိုင်ခင် ပူးတွဲတည်ထောင်သွားတော့မှာဖြစ်တယ်လို့ သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

27.12.16

၂၀၁၇ မှာ ဒေါ်လာငွေကြေးကြောင့်ယူရိုနဲ့ ယန်းငွေကြေးတို့ ကြီးကြီးမားမားထိခိုက်နိုင်

No automatic alt text available.
၂၀၁၇ ခုနှစ်အရောက်မှာတော့ အမေရိကန်ဒေါ်လာငွေကြေးဟာယူရိုငွေကြေးနဲ့ ယန်းငွေတို့နဲ့ယှဉ်ရင် ငွေလဲလှယ်မှုနှုန်းပိုင်းမှာအခြားနိုင်ငံသုံးငွေကြေးထက်ကို ပိုပြီးတော့ မြင့်တက်သွားနိုင်ဖွယ်ရှိတယ်ဆိုပြီး လန်ဒန်အခြေစိုက် အကြံပေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Capital Economics က ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦးဒဏ်ရာရ

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် ၁၂ ဦးသေဆုံးခဲ့ပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့ကာ မိုင်းကြောင့်သေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် နေရာမှာ မိုးကောင်းမြို့နယ် ဆားမှော်ဒေသ၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုဒေသ၊ မိုးညှင်းဒေသဖြစ်ကြောင်း သိရသည်။

မူလတန်းနှင့် အလယ်တန်းကျောင်းသူ သုံးဦးကို ဆွဲခန့်ကျောင်းဆရာက သားမယားပြုကျင့်ရန်ကြံ

စတုတ္ထတန်းနှင့်ပဉ္စမတန်းကျောင်းသူသုံးဦးကို မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာက သားမယားပြုကျင့်ရန်ကြံစည်ကြောင်း မိဘများက သိရှိပြီးနောက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ရခိုင်အကြမ်းဖက်မှုသည် ပြည်ပနှင့် ဆက်စပ်နေသဖြင့် ပိုမိုရှုပ်ထွေးကြောင်း ဒုသမ္မတဦးမြင့်ဆွေ ပြော

 မောင်တောဒေသအ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် သည် ယခင်ဖြစ်ပွားသည့်ပဋိပက္ခများနှင့်မတူဘဲ ပြည်ပနှင့်ဆက်စပ်နေ၍ ပိုမိုသိမ်မွေ့ရှုပ်ထွေးနေကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌဒုတိယသမ္မတဦးမြင့် ဆွေက ပြောကြားသည်။

နေပြည်တော်တွင် တည်ဆောက်မည့် ကျပ်သိန်းတစ်ရာတန် တိုက်ခန်းများ အငြိမ်းစားဝန်ထမ်းများကို ဦးစားပေးရောင်းချမည်

 နေပြည်တော် ဒက္ခိဏသီရိမြို့ပတ်လမ်းအနီးတွင် ကျပ်သိန်းတစ်ရာတန် တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်ဖြစ် ပြီး အိမ်မရှိသည့် အငြိမ်းစားဝန် ထမ်းများကို ဦးစားပေးရောင်းချ မည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဌာနမှ သတင်းရရှိသည်။

မော်လမြိုင်ရှိ လုပ်ငန်း ၉၀ ကျော်ကို ဈေးပြိုင်စနစ်ဖြင့် လေလံပေးမည်

မွန်ပြည်နယ်မော်လ မြိုင်တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွက် အခပေးသန့်စင်ခန်းကြေး ကောက်၊ ဈေးကောက်လုပ်ငန်း၊ အပေါင်ဆိုင်၊ သားသတ် စသော လုပ်ငန်းပေါင်း ၉၃ မျိုးကို ဒီဇင်ဘာ ၂၈ ရက်တွင် ဈေးပြိုင်စနစ်ဖြင့် လေလံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

26.12.16

ခဲဓာတ်ပါဝင်မှုများပြားသော အလှပြင် ပစ္စည်းများကြောင့် ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်နိုင်

ခဲဓာတ်သည် ပတ်ဝန်းကျင်တွင် သဘာဝအလျောက် ဖြစ်ပေါ်လေ့ရှိ သော်လည်း များပြားသောပမာဏကြောင့် လူ့ခန္ဓာကိုယ်အင်္ဂါ အား လုံးနီးပါးကို အန္တရာယ်ဖြစ်စေနိုင်သည်။

တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ တပ်မတော်အပေါ် ထောက်ခံဆန္ဒပြပွဲကို တိုင်းရင်းသားအဖွဲ့များက ကန့်ကွက်

 မြန်မာ့တပ်မတော်နှင့် တရားသောစစ် အောင်မြင်စေ ကြောင်း ထောက်ခံဆန္ဒပြပွဲတွင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင် ကာ ဆန္ဒပြထောက်ခံခဲ့ခြင်းကို မွန်နှင့် ကချင် အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း ကြေညာချက် များ အသီးသီးထုတ်ပြန်ခဲ့သည်။
 ရခိုင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတို့တွင် စစ်ဆင် ရေး အသွင်ဖြင့် ထိုးစစ်ဆင်နေ သော တပ်မတော်ကို အောင်မြင် မှုရရှိရေးနှင့် ထောက်ခံမှုပြုလုပ် သည့် ဆန္ဒပြပွဲကို ဒီဇင်ဘာ ၁၈ ရက်၌ လူနှစ်ထောင်ခန့်က ရန် ကုန်မြို့၌ ပြုလုပ်ရာ လူအချို့ သည် မွန်နှင့်ကချင် အပါအဝင် တိုင်းရင်းသားဝတ်စုံများဝတ်ဆင် ကာ ထောက်ခံဆန္ဒပြခဲ့ကြသည်။
   တပ်မတော်အပေါ်ထောက်ခံ ဆန္ဒပြရာတွင် မွန်တိုင်းရင်းသား ဝတ်စုံများဝတ်ဆင်ခြင်းနှင့် ပတ်သက်၍ မွန်အမျိုးသားအခြေပြုအဖွဲ့အစည်း ၁၈ ဖွဲ့က ဒီဇင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင်  ဆန္ဒပြပွဲ၌ မွန်တိုင်းရင်းသားအပါ အဝင် အခြားတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံများဝတ်ဆင်ပြီး တိုင်း ရင်းသားအမည်လက်ကိုင်ဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ ထောက်ခံဆန္ဒပြခြင်းသည် မွန်လူ မှုအသိုင်းအဝိုင်းမှ သိရှိသူများ မဟုတ်သကဲ့သို့ မွန်လူမှုအဖွဲ့အစည်းများက စေလွှတ်ထားသူများလည်း မဟုတ်ကြောင်း  ရေးသားထားသည်။
ထို့အပြင် မည်သည့်စစ်မက် တိုက်ခိုက်မှုကိုမဆို မွန်အမျိုးသား အခြေပြုအဖွဲ့အစည်းများက မ ထောက်ခံကြောင်း၊ ပြည်သူများ ကို ထင်ယောင်ထင်မှား ပြုလုပ် ခြင်းနှင့် ထိုသို့စီစဉ်ညွှန်ကြားသူ များကို ပြင်းထန်စွာ ကန့်ကွက် ကြောင်းနှင့် တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးရပ်တန့်ပေးရန် တိုက် တွန်းအပ်ပါကြောင်း ထုတ်ပြန် ချက်တွင် ရေးသားထားသည်။

ရွေးကောက်ပွဲဥပဒေနှင့်မညီ၍ ‘ဝ’ပါတီဝင်တစ်ဦး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခွင့်မရ

‘ဝ’လစ်ဘရယ် ဒီမို ကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးကို ရွေးကောက်ပွဲ ဥပဒေနှင့်မညီ၍ ကြားဖြတ်ရွေး ကောက်ပွဲတွင် ဝင်ပြိုင်ခွင့်မရှိဟု အပြီးသတ် ဆုံးဖြတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိ သည်။

ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ် ဖွဲ့စည်းရေး ကြားဖြတ်ရွေးကောက်ပွဲ ပြီးမှသာ ဆောင်ရွက်နိုင်မည်

ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ စုစည်း၍ ရှမ်းပြည်နိုင်ငံရေးပါတီများအဖွဲ့ချုပ်ဖွဲ့စည်းရေးကို ကြားဖြတ်ရွေး ကောက်ပွဲအပြီးတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်တည်ထောင်ရေး ဦး ဆောင်သူ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

စက်သုံးဆီဈေး အမြင့်နှုန်းဖြင့်သာရှိ

 ဒေါ်လာဈေးပြန်လည် ကျဆင်းလာသော်လည်း ပြည် တွင်းစက်သုံးဆီဈေးသည် အမြင့်နှုန်းထားဖြင့် ဆက်လက်ရှိနေ ကြောင်း သတင်းရရှိသည်။

ကုန်သွယ်မှုပမာဏ ယခုနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀၀ ကျော်လျော့

ဘဏ္ဍာနှစ်စမှ ဒီဇင်ဘာအထိ ရှစ်လအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုသည် ပြီးခဲ့သည့်နှစ်ကထက် ကန်ဒေါ်လာသန်းသုံးရာကျော် လျော့နည်းသွားကြောင်း သတင်းရရှိသည်။

ဆွစ်ဇာလန်နှင့် ဗြိတိန်ကုမ္ပဏီများ ချင်းပြည်နယ်ထွက် ကော်ဖီကိုဝယ်ယူရန် စီစဉ်

ဆွစ်ဇာလန်နိုင်ငံမှ NATCoffee နှင့် ဗြိတိန်နိုင်ငံမှ PRISMA Coffee ကုမ္ပဏီတို့က ချင်းပြည်နယ်၌ ထွက်သည့် ကော်ဖီများကို ၀ယ်ယူရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

လုံခြုံရေးအရ ကန့်သတ်ထားသည့် ဒေသများကို ကုမ္ပဏီ အစီအစဉ်ဖြင့် ခွင့်ပြုတော့မည်မဟုတ်

လုံခြုံရေးအရ ကန့်သတ် ထားသော နယ်မြေများသို့ သွား ရောက်လည်ပတ်ရန် သက်ဆိုင် ရာသို့တင်ပြပြီး စီစဉ်ပေးနေသည့် ခရီးသွားကုမ္ပဏီများ ခရီး စဉ်များ အမြန်ရပ်ဆိုင်းရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်သည်။

မန္တလေးတိုင်းရှိ SME လုပ်ငန်းများ FDA ထောက်ခံချက်ရရန်နှင့် စားသုံးရန်မသင့်သော အစားအသောက်များ တင်သွင်းမှု တားမြစ်ရန် ပညာပေးဆွေးနွေးပွဲပြုလုပ်မည်

မန္တလေးတိုင်းအတွင်းရှိ အသေးစား၊ အလတ်စား SMEလုပ်ငန်းများ FDA ထောက်ခံချက်အလွယ်တကူ ရရှိနိုင်ရန်နှင့် စားသုံးရန် မသင့်သော အစားအ သောက်များ တင်သွင်းမှုတားမြစ် ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် SMEလုပ်ငန်းများ တွေ့ဆုံကာ ပညာပေးဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သတင်းရရှိသည်။

ဂျပန်နိုင်ငံမှ ကားကုမ္ပဏီများ မြန်မာနိုင်ငံမှာ လုပ်ငန်းတိုးချဲ့လာကြ

Image may contain: car and outdoor
ဒီဇင်ဘာလထဲမှာပဲ ဆူဇူကီး ကားကုမ္ပဏီဟာ ကားတပ်ဆင်ရေးစက်ရုံသစ်တစ်ခုကို ရန်ကုန်မြို့အနီး သီလ၀ါ အထူးစီးပွားရေးဇုန် မှာတည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဆူဇူကီးကုမ္ပဏီဟာလက်ရှိမှာလည်း ပြည်တွင်းမှာကားစက်ရုံတစ်ရုံရှိထားပါတယ်။

နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် KIA၊ TNLA၊ MNDAA လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ ကွတ်ခိုင်မြို့နယ်နှင့် ကုန်းကြမ်းမြို့နယ်တို့အတွင်း တပ်မတော်စစ်ကြောင်းများသည် ယမန်နေ့နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် KIA၊ TNLA၊ MNDAAလက်နက်ကိုင်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရုရှားစစ်လေယာဉ်တစ်စင်း ဆီးရီးယားသို့ ပျံသန်းစဉ် ပင်လယ်နက် အတွင်းသို့ ပျက်ကျ၊ ၉၂ ဦးသေဆုံး

လူပေါင်း ၉၂ ဦးကို တင်ဆောင်လာသည့် ရုရှားစစ်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၂၅ ရက်က ဆီးရီးယား နိုင်ငံသို့ ဦးတည်ပျံသန်းနေစဉ် ပင်လယ်နက်အတွင်းသို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူအားလုံး သေဆုံးရကြောင်း ရုရှားအာဏာပိုင်များက ပြောကြားကြသည်။

23.12.16

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အခွန်ကင်းလွတ်ခွင့်ရမည့် နေရာများ ၂၀၁၇ ဇန်န၀ါရီတွင် ထုတ်ပြန်မည်

မကြာမီ စတင်ကျင့်သုံး မည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အ ရ တိုင်းဒေသကြီးနှင့် ပြည်နယ်အ လိုက် အခွန်ကင်းလွတ်ဇုန်နေရာ များကို ၂၀၁၇ ဇန်န၀ါရီအတွင်း ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံ ရင်း နှီးမြှုပ်နှံမှု ကော်မရှင်မှ သတင်းရ ရှိသည်။

ပြည်တွင်း စက်သုံးဆီဈေးနှုန်း ယခင်နှစ် အမြင့်ဆုံးနှုန်းထားကို ကျော်လွန်ရောက်ရှိ

 ပြည်တွင်းစက်သုံးဆီဈေး နှုန်းသည် ယခင်နှစ်ဒီဇင်ဘာတွင် ဖြစ်ပေါ်ခဲ့သည့် နှုန်းထားထက် ကျော်လွန်သွားကြောင်း သတင်းရရှိသည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းပြီး GSP ပေးအပ်ထားကာ အမေရိကန်၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်နိုင်ရန် နှစ်ဖက်ဆွေးနွေး

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းကာ GSP အခွန်သက်သာခွင့်များ ပေးအပ်ထားပြီဖြစ်သော်လည်း အမေရိကန်၏တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ခြင်းမရှိသေးကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ၀င်ရောက်ရင်းနှီး မြှုပ်နှံနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မန္တလေးရေလမ်းကြောင်း၌ ရေနည်းချိန်တွင် အရေးပေါ် သောင်တူးခြင်း လုပ်ငန်းကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့် မန္တလေး-ညောင်ဦး ရေလမ်းကောင်းမွန်ရေးအတွက် ရေနည်းချိန် ကာလတွင် အရေးပေါ် သောင်တူးခြင်း လုပ်ငန်းအဖြစ် မန္တလေး ကျွဲစွန်းဆိပ်ကမ်းအနီးမှ မန္တလေးရေလမ်းကြောင်းရှိ သောင်များကို ဖယ်ရှားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကေအိုင်အေ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်ပြီးနောက် အင်ခရမ်းတောင်ကြောတွင် ပြင်းထန်သော ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား

ကချင်ပြည်နယ်ရှိ ကေအိုင်အေ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းပိုက်ပြီးနောက် အင်ခရမ်းတောင်ကြောတွင် ပြင်းထန်သောပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

22.12.16

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၉၇ ကျပ်အထိ ပြန်လည်ကျဆင်း

ဒီဇင်ဘာ ၂၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၄၀၅ ကျပ်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၉၇ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ချီဖွေမြို့နယ်မှ ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်ငါးသောင်းကျော်ရှိပြီး အချို့ဆင်းရဲသား ပြည်သူလူထုမှာ သစ်ဥ၊ သစ်ဖုများကို ရှာဖွေစားသောက်ကာ သေမထူး၊ နေမထူးဘ၀ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး ပြောကြား

ကချင်ပြည်နယ် ချီဖွေမြို့နယ်မှ ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းမှာ ကျပ်ငါးသောင်းကျော်အထိရှိပြီး အချို့ဆင်းရဲသား ပြည်သူလူထုမှာ သစ်ဥ၊ သစ်ဖုများကို ရှာဖွေစားသောက်ပြီး သေမထူး၊ နေမထူးဘ၀ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဆော့လော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးက ပြောကြားသည်။

နိုင်ငံ့အနာဂတ်အတွက် အရေးကြီးသည့် ဟံသာဝတီလေဆိပ်ကို လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပြောကြား

မြန်မာနိုင်ငံအနာဂတ်အတွက် အရေးကြီးသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံကိန်း တစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဦးဆောင်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် JMC မျက်နှာစုံညီ အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်


ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်သည့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) များ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ သီပေါမြို့နှင့် နီးစပ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအနီးတွင် RCSS/SSA နှင့် TNLA အဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနီးအနားရှိ ဒေသခံများ သီပေါမြို့နှင့် အခြားနီးစပ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

21.12.16

၂၀၁၆ ခုနှစ်အတွင်း တယ်လီကွန်းလုပ်ငန်းထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဖိတ်ခေါ်ထားနိုင်

Image may contain: sky, grass and outdoor
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတွင်းကိုဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေထဲမှာတော့ တယ်လီကွန်းလုပ်ငန်းကဏ္ဍမှာ ၀င်ရောက်ခဲ့တဲ့ပမာဏက အများဆုံးဖြစ်ခဲ့ပြီးတော့ စုစုပေါင်းဝင်ရောက်မှုအားလုံးရဲ့ ၄၇ ဒသမ ၀၇ ရာခိုင်နှုန်းထိရှိခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ကထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယရှိသူနှစ်ဦးကို စတင်စစ်ဆေး

Eleven Media ၏ မုံရွာမြို့အ ခြေစိုက်သတင်းထောက် ကိုစိုးမိုး ထွန်း အသတ်ခံရမှုနှင့်ပတ်သက်၍ သံသယရှိသူနှစ်ဦးကို ရဲတပ်ဖွဲ့က စတင်စစ်ဆေးနေကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဆွေမြင့် က ပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်၌ နိုင်ငံစုံက စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာ သန်း ၉၀၀ ကျော်အထိ ၀င်ရောက်မြှုပ်နှံထား

သီလ၀ါအထူး စီးပွားရေးဇုန်တွင် နိုင်ငံပေါင်းစုံမှ စက်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော်အထိ ၀င်ရောက်မြှုပ်နှံထားကြောင်း ဒီဇင်ဘာလ ၁၉ ရက်က ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းအတက်အကျ မတည်မငြိမ်ဖြစ်နေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၇၀ အထိ ကျဆင်းခဲ့သော်လည်း ကျပ် ၁၄၀၀ နီးပါးအထိ ပြန်လည်မြင့်တက်ခဲ့ပြီး ဈေးနှုန်းအတက်အကျများကာ မတည်မငြိမ်ဖြစ်ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံအပါအ၀င် မဟာမဲခေါင်ဒေသတွင် မျိုးစိတ်သစ် ၁၆၀ ကျော် တွေ့


ချင်းတောင်တန်းရှိ အ ပင်တစ်မျိုးအပါအ၀င် မဟာမဲ ခေါင်ဒေသအတွင်း မျိုးစိတ်သစ် ၁၆၃ မျိုးရှာဖွေတွေ့ရှိခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ် ၀န်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ သတင်းရရှိသည်။

လွှတ်တော်အစည်းအဝေးအတွင်း ဂျာနယ်ဖတ်နေသည့် ဒီချုပ်ကိုယ်စားလှယ်တစ်ဦးကို ဥက္ကဋ္ဌသတိပေး

လွှတ်တော်အစည်းအဝေးကျင်းပနေ စဉ် ဂျာနယ်ဖတ်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လွှတ် တော်စည်းကမ်းလိုက်နာရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြင်းထန်စွာသတိပေးလိုက်သည်။

အသတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး၏ အလောင်းများ မလေးရှားးဆေးရုံတစ်ခုတွင် သောင်တင်နေ

မလေးရှားနိုင်ငံတွင် အသတ်ခံရသည့် မြန်မာနိုင်ငံသား အလောင်းနှစ်လောင်း ဆီလန်ဂေါ ပြည်နယ်ရှိ ဘန်တီးဆေးရုံ၌ သောင်တင်နေကြောင်း ကွာလာ လမ်ပူမြို့ရှိ ကပုန်း (၇) ရက် သား သမီး နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။

20.12.16

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့် တပ်မတော် ရေရေလည်လည် ညှိနှိုင်းပြီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသင့်ဟု SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရနှင့်တပ်မတော် ရေရေလည်လည် ညှိနှိုင်းပြီးမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးသင့်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

KIA အဖွဲ့၏ သတင်းထောက်လှမ်းသော UAV များကို တပ်မတော်မှ ပစ်ချ ဖျက်ဆီးနိုင်ခဲ့

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းအခြေပြုရာ နေရာတစ်ခုသို့ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) နံနက် ၁၀ နာရီခန့်မှ မွန်းလွဲ ၁ နာရီခွဲအတွင်း KIA အဖွဲ့က UAV များကိုအသုံးပြုပြီး ဝေဟင်မှ လာရောက် သတင်းထောက်လှမ်းခဲ့ရာ တပ်မတော် စစ်ကြောင်းမှ လက်နက်ငယ်ဖြင့် ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအနေဖြင့် အမှန်တကယ် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တာဝန်ခံ ကတိပေးရန်လိုအပ်ကြောင်းနှင့် တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း လွှတ်တော်ကော်မတီ အကြံပြု

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များအနေဖြင့် အမှန်တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တာဝန်ခံကတိပေးရန် လိုအပ်ကြောင်းနှင့် တာဝန်ခံကတိပေးပြီးသည့် လုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက အကြံပြု ထားသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်အတိုးနှုန်းများ ပြင်ဆင်မည်

 ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ၂၀၁၇ တွင် အတိုးနှုန်းများလျှော့ချနိုင်ရန် ပြင်ဆင်နေကြောင်း အဆိုပါဘဏ် ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောကြား သည်။

ဒေါ်လာငွေလဲဈေးနှုန်းဆက်လက် ကျဆင်း၊ ၁၄၀၀ အောက်သို့ပြန်လည်ရောက်ရှိ

Image may contain: one or more people
ဒေါ်လာဈေးမှာဆက်လက်ကျဆင်းလျှက်ရှိပြီးတော့ ယခုအချိန်မှာ ၁၄၀၀အောက်သို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။

19.12.16

အစိုးရနှင့်မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ တရုတ်နိုင်ငံ၌ တွေ့ဆုံရန် ထပ်မံစီစဉ်နေ

အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လက်နက်ကိုင်အ ဖွဲ့ (KIO/KIA)၊ တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့၏ကိုယ်စားလှယ်အဖွဲ့  တရုတ် နိုင်ငံ၌  တွေ့ဆုံရန်   ထပ်မံစီစဉ် နေကြောင်း TNLA  သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က ပြောသည်။

ငွေရှင်းကောင်တာတွင် မေ့ကျန်ခဲ့သောငွေထုပ်ကို ယူဆောင်သွားသော အမျိုးသမီးအား အမှုမဖွင့်ဘဲ စုံစမ်းရှာဖွေနေ

လူမှုကွန်ရက်စာမျက်နှာ တွင် ပျံ့နှံ့လာသည့် Market Placeငွေရှင်းကောင်တာ၌ မေ့ကျန်ခဲ့ သည့်  ကျပ်ရှစ်သိန်းနှင့်စာရွက် အချို့ပါသော အထုပ်တစ်ထုပ်ကို ယူဆောင်သွားခဲ့သည့်အခြားဈေး ဝယ်သူအမျိုးသမီးအား အမှုဖွင့် ထားခြင်းမရှိသော်လည်း စုံစမ်းနေကြောင်း သတင်းရရှိသည်။

ဗင်နီဇွဲလား၌ ငွေစက္ကူ ဖျက်သိမ်းမှုအစီအစဉ်ကို ဆိုင်းငံ့ထားမည်ဟု သမ္မတ ထုတ်ပြန်ကြေညာ

Image may contain: 6 people, people standing, crowd and outdoor
ဗင်နီဇွဲလားနိုင်ငံ၏ လှည့်ပတ်သုံးစွဲငွေစနစ်မှ တန်ဖိုးအကြီးဆုံး ငွေစက္ကူအား ဖျက်သိမ်းသည့်အစီအစဉ်ကို သမ္မတ နီကိုလပ် မာဒူရိုက ဆိုင်းငံ့ထားလိုက်ကြောင်း၊ တန်ဖိုးကြီးငွေစက္ကူ ရုပ်သိမ်းသည့်အစီအစဉ်ကြောင့် နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုများ ဖြစ်ပေါ်ခဲ့ရသဖြင့် ယင်းသို့ ဆိုင်းငံ့လိုက်ရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

တရုတ်၊ ဂျပန်နဲ့ ဟောင်ကောင်တို့ ဘဏ္ဍာရေးရိုက်ခတ်မှုဒဏ်ရင်ဆိုင်ရာမှာ ခုခံနိုင်စွမ်းအားအနည်းဆုံးလို့ဗြိတိန်သုံးသပ်

Image may contain: 7 people, suit and outdoor
တရုတ်၊ ဟောင်ကောင်နဲ့ ဂျပန်တို့အပါအ၀င် အာရှစီးပွားရေးနိုင်ငံ၊ဒေသအဖွဲ့အစည်းတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကမ္ဘာ့စီးပွားရေးပျက်ကပ်နောက်ပိုင်း ဘဏ္ဍာရေးရိုက်ခတ်မှုဒဏ်နဲ့ ရင်ဆိုင်ကြုံတွေ့ရာမှာ ခုခံနိုင်မှုမရှိဆုံး၊အားအနည်းဆုံးအနေအထားမှာရှိထားခဲ့ပြီး ယခုအခါမှာလည်း ယင်းလိုမျိုးဆိုးကျိုးတွေနဲ့ အခံရနိုင်ဆုံးအခြေအနေမှာရှိနေတယ်ဆိုပြီး အင်္ဂလန်ဘဏ်တစ်ခုက ထုတ်ပြန်တဲ့သုတေသနစာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ၀င်ရောက်လုပ်ကိုင်တဲ့ လုပ်သားအရေအတွက် ၄ သိန်းကျော်အထိရှိလာ


Image may contain: outdoor

ပြည်တွင်းအထည်ချုပ်လုပ်ငန်းကဏ္ဍမှာ ၀င်ရောက်လုပ်ကိုင်တဲ့ လုပ်သားအရေအတွက်က ၄ သိန်းကျော်အထိရှိနေတယလို့ မြန် မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတွေထံကသိရပါတယ်။

၆ နှစ်တာကာလအတွင်း နိုင်ငံငွေကြေးဖောင်းပွမှုအမြင့်ဆုံးကိုရောက်လာ

Image may contain: 1 person
၆ နှစ်တာကာလအတွင်း နိုင်ငံငွေကြေးဖောင်းပွမှုအမြင့်ဆုံးကိုရောက်လာတယ်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံ စာနဲ့ ပြည်တွင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

16.12.16

နိုင်ငံရေးဆွေးနွေးပွဲများမပြီးမီ စီးပွားရေးလုပ်ငန်းများလက်ခံသည့် ကေအင်န်ယူဥက္ကဋ္ဌကို စိတ်ပျက်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

နိုင်ငံရေးဆွေးနွေးပွဲများ ဆုံးခန်းမတိုင်မီ ကရင်တိုင်းရင်း သားလက်နက်ကိုင် ဒေသများတွင် ရင်းနှီးမြှုပ်နှံမှုများ လက်ခံလုပ်ဆောင်နေသော KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးအပေါ် စိတ်ပျက်မိကြောင်း အရပ်ဘက်အဖွဲ့အစည်း ၃၁၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

ရှမ်းမြောက်တိုက်ပွဲအတွင်း ပျောက်ဆုံးယာဉ်မောင်းကို ရက် ၂၀ အကြာတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိဟု အစိုးရထုတ်ပြန်

ရှမ်းမြောက်တိုက်ပွဲများ စတင် ဖြစ်ပွားပြီးနောက် ရက်ပေါင်း ၂၀ ကျော်အကြာ၌ ပျောက်ဆုံးနေခဲ့သော ယာဉ်မောင်းတစ်ဦးကို ဒီဇင်ဘာ ၁၃ ရက်က ကွတ်ခိုင်မြို့နယ် မူဆယ်-လားရှိုး ပြည်ထောင်စု လမ်းမကြီးဘေး ချောက်ထဲတွင် သေဆုံးလျက် ပြန်လည် တွေ့ရှိ ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်း ထုတ်ပြန်၊ ၀င်ငွေခွန်တွင် ကမ္ဘောဇဘဏ်က လေးနှစ်ဆက် ထိပ်ဆုံးနေရာမှ ရပ်တည်နေပြီး ကုန်သွယ်ခွန်တွင် Denko Trading က နှစ်နှစ်ဆက် ထိပ်ဆုံးတွင်ရပ်တည်

၀၁၅-၂၀၁၆ စည်းကြပ်နှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်နှင့် ၀င်ငွေခွန်ထိပ်တန်း အခွန်ထမ်း ၁၀၀၀ စာရင်း ထုတ်ပြန်ခဲ့ပြီး ၀င်ငွေခွန်တွင် ကမ္ဘောဇဘဏ်က ကျပ် ၂၃ ဘီလျံကျော်ဖြင့် လေးနှစ်ဆက်ထိပ်ဆုံးနေရာမှ ရပ်တည်နေကာ ကုန်သွယ်လုပ်ငန်းခွန်တွင်မူ Denko Tradingက ကျပ် ၂၁ ဘီလျံကျော်ဖြင့် နှစ်နှစ်ဆက် ထိပ်တန်းအခွန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း အခွန်အများဆုံး ထမ်းဆောင်နေသည်မှာ နိုင်ငံခြားကုမ္ပဏီများသာ ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒီဇင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်စစ်ကြောင်းများအား KIA /TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က လက်နက်ကြီး/လက်နက်ငယ်များ၊ အဝေးထိန်းစနစ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်

No automatic alt text available.
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ္မတူမြို့၏မြောက်ဘက် ၁ဝ မိုင်ခန့် အကွာရှိ ပန်ဝါကျေးရွာအနီး၌ ခေတ္တအခြေပြုနေသည့် တပ်မတော် စစ်ကြောင်းများအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် KIA /TNLA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ အင်အား ၈၅ ဦးခန့်က နေရာနှစ်နေရာဖြန့်ခွဲ၍ လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များသည် အရှေ့ ဘက်သို့ ဆုတ်ခွာသွားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်နှစ်ဦး၏ ရုပ်တုအား ဒရုန်းဖြင့် ဖောက်ခွဲရန် စီစဉ်


မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်းနှစ်ဦး၏ ရုပ်တုအား ပြည်ပြေးအုပ်စုတစ်စုက ဖောက်ခွဲရေးပစ္စည်းများတင်သည့် ဒရုန်းဖြင့် ဖောက်ခွဲပစ်ရန် စီစဉ်လုပ်ဆောင်လျက်ရှိသည်ဟု မြောက်ကိုရီးယားသတင်းဝက်ဘ်ဆိုက် တစ်ရပ်၌ ဖော်ပြခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်နှောင့်ယှက်ခဲ့သည့်အတွက် ရုရှားနိုင်ငံကို အရေးယူမှုလုပ်ဆောင်မည်ဟု သမ္မတအိုဘားမားဆို

Image may contain: 2 people
အမေရိကန်သမ္မဘားရက်အိုဘားမားသည် အမေရိကန်ရွေးကောက်ပွဲတွင် ဝင်ရောက်နှောင့်ယှက်ခဲ့သည့် အတွက် အရေးလုပ်ဆောင်မှုများ ပြုလုပ်ရန်လိုအပ်ပြီး လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတအိုဘားမား ကပြောကြားလိုက်သည်။

15.12.16

မြ၀တီ ကုန်သွယ်လမ်းကြောင်းပေါ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ကုန်သွယ်ယာဉ်များအား ငွေကြေးကောက်ခံမှုအပေါ် ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပြောကြား

ဒီဇင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ မြ၀တီ ကုန်သွယ်လမ်းကြောင်းအတွင်း ဘားအံမြို့နယ်၊ လွန်းညကျေးရွာအနီးတွင် ဖြတ်သန်းသွားလာသည့် ကုန်သွယ်ယာဉ်များအား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ငွေကြေးကောက်ခံမှု ဖြစ်ပွားခဲ့ပြီးနောက်

မောင်တောဒေသ ကြက်ရိုးပြင်ကျေးရွာ၌ အမျိုးသမီးအချို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း The Guardian သတင်းစာ၏ သတင်းဖော်ပြမှုအပေါ် ကွင်းဆင်း စစ်ဆေးရာတွင် ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် ထုတ်ပြန်

မောင်တောဒေသ ကြက်ရိုးပြင်ကျေးရွာတွင် အမျိုးသမီးအချို့ အဓမ္မပြုကျင့် သတ်ဖြတ်ခံရကြောင်း The Guardian သတင်းစာ၏ သတင်းဖော်ပြမှုအပေါ် ကွင်းဆင်း စစ်ဆေးရာတွင် ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ကြောင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီဇင်ဘာ ၁၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ငွေယူသည့် လဝကဝန်ထမ်း ၄၀ ခန့်ကို အရေးယူထားကြောင်း ဝန်ကြီးပြော ဝန်ကြီးကိုပင် ပညာပြန်ပြသည့် ဝန်ထမ်းများရှိဟုဆို

ငွေယူသည့် လဝကဝန်ထမ်း (လူဝင်မှုကြီးကြပ် ရေး ဝန်ထမ်း) ၄၀ ခန့်ကို အရေး ယူထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။

မြန်မာနိုင်ငံမှာ စင်္ကာပူ ခရီးသွားများ လာရောက်လည်ပတ်မှု မြင့်တက်လာမည်


လာမယ့်နှစ်မှာ မြန်မာနိုင်ငံသို့ စင်္ကာပူခရီးသွားများ လာရောက်လည်ပတ်မှု ၃၅ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးက ခန့်မှန်းထားကြောင်း TTR Weekly က ဖော်ပြခဲ့ပါတယ်။

တီဗီတစ်လုံးဝယ်ယူရန် ကျပ်သိန်းတစ်ရာတောင်းသဖြင့် ပြန်မေးရဟု မကွေးတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌပြော

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အသုံးစရိတ်လျာထား စာရင်းတွင် တီဗီတစ်လုံး ဝယ်ယူ ရန်ဟုဆိုကာ ကျပ်သိန်းတစ်ရာ တင်ပြထားသဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ထံ ပြန်လည်မေးမြန်း ခဲ့ရကြောင်း မကွေးတိုင်းဒေသ ကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြောသည်။

ဆောင်းကာလဖြစ်သည့်အတွက် တိမ်းရှောင်စခန်းများ၌ အနွေးထည်နှင့် စောင်များလိုအပ်နေ

Image may contain: one or more people and people standing
ကချင် ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ တိမ်းရှောင် စခန်းများတွင် ဆောင်း ကာလ၀င်ရောက်လာပြီဖြစ်သည့် အတွက် အနွေးထည်နှင့်စောင်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အသင့်ရှိဟု အမေရိကန်ပြော

Image may contain: 1 person, text
တောင်တရုတ်ပင်လယ်ပြင်အတွင်း ပင်လယ်ရေကြောင်းနယ်မြေအများအပြားကို ပိုင်ဆိုင်သည်ဟု ကြေညာထားသည့် တရုတ်နိုင်ငံအား ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အသင့်ရှိသည်ဟု အမေရိကန်ပစိဖိတ်ရေတပ်၏အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီးဟယ်ရီဟဲရစ်က ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

14.12.16

ဧရာဝဏ်နဲ့ရတနာအိမ်ရာစီမံကိန်းကို PPP စနစ်ဖြင့် ဆက် လက်လုပ်ဆောင်

မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန အကောင်အထည်ဖော်နေတဲ့ အထပ်မြင့်အိမ်ရာစီမံကိန်းတစ်ခုဖြစ်တဲ့ ဧရာဝဏ်နဲ့ရတနာအိမ် ရာစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဖို့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရေနံလုပ်ငန်းရှင်ကြီးအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်နယ်ထရမ့် ရွေးချယ်


ရေနံကုမ္ပဏီကြီး Exxon Mobil ၏ အမှုဆောင်အရာရှိချုပ် ရက်စ်တယ်လာဆန်အား အမေရိကန်၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ထားကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုသည်။

4G ကွန်ရက်အတွက် လိုအပ်သည့် လှိုင်းနှုန်း 1800 Spectrum မတ်လကုန် လုပ်ကိုင်ခွင့်ချပေးမည်


4G ကွန်ရက်ကို ဝန် ဆောင်မှုပေးအပ်ရန် အော်ပရေ တာများအတွက် မဖြစ်မနေလို အပ်နေသည့် 1800 Spectrum ကို မတ်လကုန်၌ ချထားပေးနိုင် မည်ဟု ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။

ကန်ဒေါ်လာဈေး ၁,၃၉၀ ကျပ်ထိ စံချိန်တင် ရောက်ရှိ

 ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး စံချိန် တင်မြင့်တက်ပြီး ဗဟိုဘဏ်ရည် ညွှန်းငွေလဲနှုန်းနှင့် ကွာခြားမှုများ လာခြင်းကြောင့် ပုဂ္ဂလိကဘဏ် များက လူတစ်ဦးလျှင် ဒေါ်လာအ နည်းငယ်သာ ရောင်းချပေးနေ ကြောင်း သတင်းရရှိသည်။

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား ဒေသခံများ ဘေးလွတ်ရာထွက်ပြေး

နမ္မတူမြို့နယ် ကျေးရွာ အချို့တွင် တပ်မတော်နှင့် TNLA တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီး ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေ သတွင်း လူမှုရေးအဖွဲ့များက ပြောသည်။

မြန်မာရာဇဝင်မျိုးနွယ်စုများတွင် ရိုဟင်ဂျာအသုံးအနှုန်းမရှိခဲ့ကြောင်း အထောက်အထားများဖြင့် ထုတ်ဝေဖြန့်ချိမည်

 ရှေးဟောင်းမြန်မာရာဇ ဝင်၊ တိုင်းရင်းသားလူမျိုးနှင့် မျိုး နွယ်စုများတွင် ရိုဟင်ဂျာအသုံးအ နှုန်းမရှိခဲ့ကြောင်း သမိုင်းဖြစ်ရပ် မှန်များကို ပြည်တွင်း၊ ပြည်ပက သိရှိစေရန် အထောက်အထားအကိုး အကားပြည့်စုံစွာဖြင့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်တို့ထံ တင်ပြအတည်ပြု ချက်ရယူ၍ ထုတ်ဝေဖြန့်ချိမည် ဖြစ်ကြောင်း  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လာမည့်အပတ်ကစ၍ လေကြောင်းလိုင်းနှင့် CMP များ အလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် ဆောင်ရွက်နိုင်မည်

လာမည့် တစ်ပတ်အတွင်း လေကြောင်းလိုင်းနှင့်လက် ခစားလုပ်ငန်း(CMP)များ အ ကောက်ခွန်အေးဂျင့်များမလိုဘဲ အလိုအလျောက် ကုန်စည်ရှင်း လင်းရေးစနစ်ကို အသုံးပြုနိုင် တော့မည်ဖြစ်ကြောင်း MACCS ဌာနခွဲညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောသည်။

12.12.16

တစ်ဦးချင်း ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှု ယခင်ဘဏ္ဍာနှစ်ထက် ကျပ်သန်း ၂၀၀ ခန့် ပိုမိုလာ

အစိုးရသစ်လက်ထက် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) ဖြင့် ကုန်သွယ်မှုကျပ် ၆ ဒသမ ၆ ဘီလီယံရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်တစ်နှစ်လုံးထက် ကျပ်သန်း ၂၀၀ ခန့် ပိုခဲ့ကြောင်း စီးပွားနှင့် ကူသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ဆရာဝန်များ လစာတိုးမပေးနိုင်သေးသော်လည်း နေထိုင်ရေးအတွက် ၀န်ထမ်းအိမ်ရာများ ဆောက်ပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဆို


မြန်မာနိုင်ငံတစ်ဝန်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအား လစာချက်ချင်း မတိုးပေးနိုင်သေးသော်လည်း နေထိုင်ရေးအတွက် ၀န်ထမ်းအိမ်ရာများ ဦးစားပေးဆောက်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ဒီဇင်ဘာလ ၉ ရက်နေ့က သတင်းမီဒီယာများကို ပြောသည်။

ကိုလံဘီယာတွင် ဇီကာ အကျပ်အတည်းအကြား ဦးခေါင်းခွံ မူမမှန်ဘဲ မွေးလာသည့် ကလေးအရေအတွက် လေးဆ မြင့်တက်

ခြင်မှတစ်ဆင့် ကူးစက်သည့် ဇီကာရောဂါ ဖြစ်ပွားပြီးနောက် ကိုလံဘီယာနိုင်ငံတွင် ယခုနှစ်အတွင်း ဇီကာဗိုင်းရပ်စ်နှင့် ဆက်နွှယ်လျက် ဦးခေါင်းခွံ မူမမှန်ဘဲ မွေးလာသည့် ကလေးအရေအတွက် လေးဆမြင့်တက်လာကြောင်း ဒီဇင်ဘာ ၉ ရက်တွင် အမေရိကန် အစိုးရ၏ အစီရင်ခံစာ တစ်စောင်က ဖော်ပြသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံတွင် ရာနှုန်းပြည့် မြှုပ်နှံရန် ၀န်လေးနေပြီး မြန်မာလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှု များနေဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြောကြား

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့် မြှုပ်နှံရန် ၀န်လေးနေပြီး မြန်မာလုပ်ငန်းရှင်များနှင့် ဖက်စပ် (Joint Venture) လုပ်ကိုင်ရန် စိတ်ဝင်စားမှု များပြားနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောကြားသည်။

မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများကို ကန့်ကွက်ကြောင်း NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထုတ်ပြန်

မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်ကိုမဆို အကြမ်းဖက်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် ဆောင်ရွက်နေမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဒီဇင်ဘာ ၁၁ ရက်တွင် သဘောထားထုတ်ပြန်ခဲ့သည်။

ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ထုတ်ပြန်လိုက်ပြီး လိုက်နာရန် ပျက်ကွက်သူများအား ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

ပြည်ပနိုင်ငံများတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်နှင့် ဘဏ်စာရင်းဆိုင်ရာ အချက်အလက်များ၊ လက်ကျန်ရှင်းတမ်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ တင်ပြရန် ထုတ်ပြန်လိုက်ပြီး လိုက်နာရန် ပျက်ကွက်သူများကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်မည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြောင်းကြားစာ ထုတ်ပြန်ထားသည်။

9.12.16

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပမာဏပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံခန့် လိုအပ်

၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာခြောက် ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံသာ ၀င်ရောက်ထားသေးသဖြင့် ဘဏ္ဍာနှစ် ကုန်ဆုံးရန် လေးလသာ လိုတော့ချိန်တွင် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသေးကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လာမယ့်နှစ်လျာထားဘတ်ဂျက်သည် ပြည်သူကို ဗဟိုမပြုကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရ လျာထားဘတ်ဂျက်တင်သွင်းပြီးနောက်  ပြည်သူကို ဗဟိုပြုရေးဆွဲထားသည့် ဘတ်ဂျက်မဟုတ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ယနေ့လွှတ်တော်ပြီးဆုံးချိန်တွင် ဝေဖန်ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်နေ့က လာမည့်နှစ်အတွက် လျာထားဘတ်ဂျတ်ကို တိုင်းဒေသကြီးအစိုးရက တင်သွင်းခဲ့ကာ လွှတ်တော်၌ ဆွေးနွေးရမည့်နေ့ကို ဒီဇင်ဘာ ၈ ရက်နေ့အဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့် တောင်းဆိုထားသည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက် ငွေကျပ် ၄၂၂ ဘီလျံကို  နှစ်ရက်အတွင်း သေသေချာချာစီစစ်ရန် အချိန်ကာလ နည်းပါးမှုရှိသဖြင့် အခက်အခဲဖြစ်သည်ဟု ကျောက်တံတားမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။
"အားလုံးပါဝင်ရေးဆွဲတဲ့ ဘတ်ဂျက်ကို ဖော်ဆောင်ရမယ့် ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူအားလုံး မပါဝင်နိုင်ရင်တောင် ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေရဲ့အသံကတော့ မဖြစ်မနေပါဝင်ဖို့လိုအပ်ပါတယ်" ဟု ဒေါ်ကြည်ပြာက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သုံးစွဲရန် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ငွေ ကျပ် ၄၂၂ ဘီလျံ သုံးစွဲရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တိုင်းဒေသကြီးအစိုးရကိုယ်စား ဒီဇင်ဘာ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယခုတင်သွင်းသည့် ဘတ်ဂျက်သည် ပြင်ဆင်စရာများရှိပြီး ပြည်သူဗဟိုပြုသည့်အစိုးရ၏ မူဝါဒကို ထင်ဟပ်ခြင်းမရှိဟု သင်္ဃန်းကျွန်းမဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ဝေဖန်ခဲ့သည်။
"ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲဝင်လာတယ်။ အစိုးရရဲ့အဓိကမူဝါဒက ပြည်သူဗဟိုပြုတဲ့စနစ်ကို သွားတယ်။ အဲ့တော့ ရေးဆွဲတဲ့အခါမှာ ပြည်သူကို ဗဟိုပြုဖို့နေနေသာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတောင် မှေးမှိန်တယ်ဆိုတဲ့အနေအထားတွေ ဖြစ်တယ်ဆိုတော့ ဒီဲဘတ်ဂျက်ဟာ လက်ရှိအစိုးရသစ်ရဲ့ မူဝါဒကို မထင်ဟပ်ဘူးလို့ သုံးသပ်တယ်" ဟု ၄င်းက ဝေဖန်လိုက်သည်။
တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ(၈၄) တွင် ပြည်သူက ရွေးချယ်ပေးသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိအားရွေးချယ်ပေးသောမဲဆန္ဒနယ်ကို ကိုယ်စားပြုသည့်အလျောက် သက်ဆိုင်ရာမဲဆန္ဒနယ်၌ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲရာတွင်လည်းကောင်း ၊ အုပ်ချုပ်ရေး လူမှုစီးပွားရေးကဏ္ဍများတွင်စပ်လျဉ်း၍ ပြည်သူများ၏ သဘောထား ဆန္ဒဖော်ဆောင်ရာတွင်လည်းကောင်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များကဖြစ်စေ အလေးထား တိုင်ပင်ရမည်ဟု ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကလည်း ယင်းနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ(၈၄) အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိသည့် အခြေခံအဆောက်အဦများ ကောင်းမွန်မှုရရှိနိုင်ရန် စီမံကိန်းများရေးဆွဲသည့်အခါ သက်ဆိုင်ရာဌာနများအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြဖို့ လွှတ်တော်အပြီးတွင် သတိပေးပြောဆိုသည်။
ယခုတင်သွင်းသည့် လျာထားဘတ်ဂျက်ကို ဆွေးနွေးရန် ပေးထားသည့်အချိန်ကာလ နည်းပါးခြင်းကို ၀န်ခံကြောင်း၊ ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ်များ၏ တင်ပြချက်ကို ထည့်သွင်းစဉ်းစားကာ အတည်မပြုခင် ပြန်လည်ပြင်ဆင်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက လွှတ်တော်၌ ကတိပေးပြောဆိုခဲ့ပြီး ကျပ် ၄၂၂ ဘီလျံ သုံးစွဲရန် လျာထားကာ ဘတ်ဂျတ်လိုငွေ ၁၂၁ ဘီလျံ ကို ကောက်ခံရရှိသည့် အခွန်ငွေများမှ ဖြည့်တင်းသွားမည်ဟု ပြောသည်။
၂၀၁၇-၁၈ ရန်ကုန်တိုင်းဒေသကြီး၏ ရသုံးခန့်မှန်းခြေ လျာထားငွေစာရင်းကို ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဆွေးနွေးခဲ့ကာ လျာထားဘတ်ဂျက်၌ လိုအပ်သည့်ထက် ပိုမိုတောင်းခံမှုများရှိနေကြောင်း ၊ မသုံးစွဲသင့်သည့် နေရာများတွင် သုံးစွဲမှုများရှိနေကြောင်း အကြံပေးပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။
Credit To >>> Mizzima Burmese

ငွေကြေးထောက်ပံ့နေသူများ ဖမ်းဆီးရမိ


မောင်တော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များအတွက် ပြည်ပမှငွေကြေး လွှဲပြောင်းလက်ခံသူ စုစုပေါင်း ငါးဦး ဖမ်းဆီးရမိခဲ့ပြီး ¤င်းတို့အား ဥပဒေ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

မြန်မာက အလုပ်သမားစေလွှတ်မှု ပိတ်သော်လည်း ထိခိုက်မည် မဟုတ်ဟု မလေးရှားပြော

မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ စေလွှတ်မှုကို ရပ်ပစ်သည့် မည်သည့်ဆုံးဖြတ်ချက်မဆိုအတွက် နိုင်ငံတွင်း လစ်လပ်နေရာများကို ပြည်တွင်းမလေးရှားအလုပ်သမားများက ဝင်ရောက်   ဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံအတွက် ဆိုးဆိုးဝါးဝါးထိခိုက်လိမ့်မည် မဟုတ်ကြောင်း မလေးရှား လက်ထောက်လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဖြစ်သူ ဒါတက်ဆီရီအစ္စမေးလ် အဗ္ဗဒူမူတာလစ်က   ပြောသည်။

၂၀၁၇ တွင် ထရပ်ကား တင်သွင်းမှု မြင့်လာနိုင်

၂၀၁၇ မော်တော်ယာဉ် တင်သွင်းခွင့် မူအသစ်ကြောင့် နှစ်သစ်တွင် ထရပ်ကားတင်သွင်းမှု မြင့်တက်လာနိုင်ကြောင်း ကားတင်သွင်းရောင်းချသူများက သုံးသပ်သည်။

ထိုင်းစစ်တပ်နှင့်ပစ်ခတ်မှုအတွင်း မူးယစ် ဆေးဝါးရောင်းဝယ်သူ ခုနစ်ဦးသေဆုံး

 ရွှေတြိဂံနယ်စပ် ဒေသအနီးတွင် ညပိုင်းကင်းလှည့် နေစဉ် ထိုင်းစစ်တပ်နှင့် အပြန်အ လှန်ပစ်ခတ်မှုအတွင်း မူးယစ် ဆေးဝါးတရားမ၀င်ရောင်းဝယ် သူ ‘၀’တိုင်းရင်းသား ခုနစ်ဦးသေ ဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က ဒီဇင်ဘာ ၈ ရက်တွင်ပြော သည်။

ရှမ်းမြောက်ကို ပူးပေါင်းအဖွဲ့က အင်အား ၂၀၀၀ ခန့် အသုံးပြုတိုက်ခိုက်ခဲ့ဟုဆို

ရှမ်းပြည်နယ်အရှေ့ မြောက်ဒေသရှိ တပ်စခန်းများ၊ ရဲ စခန်းများနှင့် ကင်းစခန်းများအား KIA၊ TNLA၊ MNDAA၊ AA လက် နက်ကိုင်ပူးပေါင်းအဖွဲ့များက အင်အားနှစ်ထောင်ခန့် အသုံးပြုပြီးတိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ဒီဇင်ဘာ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

8.12.16

ထရန့်က အောင်ပွဲခံစုဝေးမှု၌ ဂျပန်၏ ဒေါ်လာဘီလျံ ၅၀ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ် ကြေညာ

အမေရိကန် သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဒေါ်နယ်ထရန့်သည် အစဉ်အလာ ဆန့်ကျင်သော အောင်ပွဲခံခရီးစဉ်၏ ဒုတိယမြောက်နေရာကို ဒီဇင်ဘာ ၆ ရက်တွင် သွားရောက်ခဲ့ပြီး အမေရိကန် စီးပွားရေးသည်သာ ပထမဦးစားပေးမည် ဖြစ်ကြောင်းနှင့် တင်းမာသော မူဝါဒများချမှတ်မည်ဟု ကတိပြုခဲ့သည်။ ထို့ပြင် အလုပ်အကိုင် ၅၀၀၀၀ ဖန်တီးပေးမည့် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာဘီလျံ ၅၀ ရရှိခဲ့ကြောင်း ထရန့်က ကြွားဝါခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၇၆ ကျပ်အထိ ထပ်မံမြင့်တက်လာပြီး သမိုင်းတစ်လျှောက် စံချိန်တင်ဈေးနှုန်းသို့ ရောက်ရှိ

၂၀၁၇ ခုနှစ်အတွက် သတ်မှတ်သော ကားတင်သွင်းခွင့် မူဝါဒကြောင့် ဒီဇင်ဘာ ၂၃ ရက်အမီ ၂၀၁၆ သတ်မှတ်ချက်ဖြင့် ကားတင်သွင်း ၀ယ်ယူလိုသူများ လာသည့်အတွက် ဒီဇင်ဘာ ၇ ရက်တွင် ဒေါ်လာဈေးခုန်တက်ပြီး ၁၃၇၆ ကျပ်အထိ သမိုင်းတစ်လျှောက် စံချိန်တင်ဈေး ဖြစ်ပေါ်လာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေး လစဉ်​ မြင့်​တက်​လာ​သော်​လည်း တာချီလိတ်​၊ ​ကော့​သောင်းနယ်​စပ်​စခန်းတို့မှာ ယခင်​နှစ် ​ကာလတူထက်​ လျော့ကျ​နေ​ကြောင်း သိရ

မြန်​မာ-ထိုင်း နယ်​စပ်​တ​စ်လျှောက်​ရှိ ကုန်​သွယ်​​ရေးစခန်းများအနက်​ မြ၀တီနယ်​စပ်​စခန်းမှ ကုန်​သွယ်​မှု အများဆုံးဖြစ်​ကာ လစဉ်​ မြင့်​တက်​လာ​သော်​လည်း တာချီလိတ်၊​ ကော့​သောင်းနယ်​စပ်​စခန်းတို့ မှာ ယခင်​နှစ်​ ကာလတူထက်​ပင်​ ​လျော့ကျ​နေ​ကြောင်း သိရသည်​။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA၊ TNLA၊ MNDAA၊ AA လက်နက်ကိုင် အဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အဆို ရှမ်းပြည်နယ်လွှတ်တော်မှ ထောက်ခံသူအများစုဖြင့် အတည်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA, TNLA, MNDAA, AA လက်နက်ကိုင် တပ်ဖွဲ့များ၏ ဆောင်ရွက်ချက်များကို ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှ ထောက်ခံသူအများစုဖြင့် အတည်ပြု ခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့အခက်အခဲများအပေါ် ကန်သံတမန်ဟောင်းအမြင်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြောက်ပိုင်းမဟာမိတ်တွေရဲ့ လုပ်ရပ်ဟာ စိုးရိမ်ဖွယ်ကောင်းတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲဟောင်း Priscilla Clap က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ Donal Trump သမ္မတရာထူး လက်ခံပြီးတဲ့နောက် မြန်မာ-အမေရိကန် ဆက်ဆံရေး ရုတ်တရက်ပြောင်းလဲ နိုင်စရာမရှိဘူးလို့လဲ ဆိုပါတယ်။ Priscilla Clap နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မြောက်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာမှုများပြား

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုဒေသရှိ ဘုရားစေတီပုထိုးများ၊ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်လက်ရာများ၊ သဘာဝအလှရှုခင်းများ ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို လေ့လာနိုင်ရန် မြောက်ဦးမြို့သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ မြောက်ဦးမြို့သို့ လာရောက် လည်ပတ်မှု များပြားလျက်ရှိသည်။

ယဉ်ကျေးမှုအမွေအနှစ် အနုပညာလက်ရာအများဆုံးတည်ရှိသော မန္တလေးမြို့သို့ ခရီးသွားများ လာရောက်လည်ပတ်မှုများပြား



မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်လက်ရာ အများဆုံးတည်ရှိသော မန္တလေးမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာမှု များပြားလျက်ရှိကြောင်း သိရသည်။

7.12.16

အမုန်းပွားစေတဲ့Hate Speechတွေကို ဖယ်ရှားပေးဖို့နဲ့ မလုပ်ဆောင်ပါက ထိရောက်စွာ အရေးယူတော့မည်ဟု အီးယူက Facebook ကိုပြော

အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Facebook ၊ Twitter ၊ Microsoft နဲ့ Google ရဲ့ YouTube တို့အနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့ အွန်လိုင်းပေါ်က အမုန်းစကားပြဿနာကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ကိုငတွယ်ဖြေရှင်းပေးဖို့ လိုနေပြီဖြစ်ကြောင်းနဲ့ မကိုင်တွယ်နိုင်ရင်တော့ အရေးယူခံရနိုင်တယ်လို့ ဥရောပကော်မရှင်က တိပေးသွားခဲ့ပါတယ်။

မလေးရှားကို လက်ပြကျောခိုင်းလိုသူ မြန်မာများလာဟုဆို

စိုးရိမ်ထိတ် လန့်မှုများကြောင့် မလေးရှားရောက် မြန် မာနို င်ငံသားများထဲတွင် နေ ရပ်ပြန်လိုသူများလာကြောင်း သိရ သည်။

မိုင်းတုံစီမံကိန်းအတွက် တရုတ်ဘဏ်တစ်ခုက အမေရိကန်ဒေါ်လာ သန်း ၁၁၀ ထုတ်ချေးမှုကို အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

China Exim ဘဏ် သည် တရုတ်နိုင်ငံက ချမှတ်ထား သည့် အစိမ်းရောင်ချေးငွေလမ်း ညွှန်ချက်များကို ကျော်လွန်၍ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့် China Gez−houba Group အား အမေရိကန် ဒေါ်လာ သန်း ၁၁၀ ထုတ်ချေးမှု ကို မြန်မာနိုင်ငံအခြေစိုက် အရပ် ဘက်အဖွဲ့အစည်း ၂၇ ခုက စစ် ဆေးတွေ့ရှိကြောင်း ကြေညာ ချက်ထုတ်ပြန်သည်။

"လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ် အဆင့်သို့ ရောက်ရှိ "

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော
လေဖိအားနည်းရပ်ဝန်းသည် ယနေ့ (ဒီဇင်ဘာ ၇ ရက် )နံနက် အစောပိုင်းမှ စကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိခဲ့ပြီး ကမ်းရိုးတန်းဒေသများ လေပြင်း အန္တရာယ် သတိပြုရန် မိုး/ဇလက သတင်းထုတ်ပြန်သည်။

ကန်ဒေါ်လာဈေး ပြန်မြင့်လာပြီး ၁,၃၆၅ ကျပ်သို့ ရောက်ရှိ

 ပြည်ပပို့ကုန်ရငွေ လျော့နည်းနေပြီး ပြည်တွင်း၌နိုင်ငံခြားငွေ အဝင်နည်းနေချိန်တွင် သွင်းကုန်လုပ်ငန်းများအတွက် ပြည်ပသို့ငွေလွှဲများလာသဖြင့် ဒီဇင်ဘာ ၆ ရက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

မြေကိုယူပြီး တိုက်ခန်းတည်ဆောက်မှုကို အလုံးအရင်းဖြင့် မလုပ်စေရန်တိုက်တွန်း

မြေကိုယူပြီး တိုက်ခန်းတည်ဆောက်မှုကို အလုံးအရင်းဖြင့် မလုပ်စေရန်တိုက်တွန်း - Property News in Myanmar from iMyanmarHouse.com
မြေကိုယူပြီး အခန်းတည်ဆောက်မှုကို စွန့်စားမလုပ်ကိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကသတိပေးလိုက်သည်။

ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် FMI လုပ်ငန်းစု၏ နိုင်ငံခြားငွေလွှဲပြောင်းမှု ဆုံးရှုံးခဲ့ပြီး ရိုးမဘဏ်၏ နိုင်ငံခြားငွေ လွှဲပြောင်းမှု စံချိန်တင်ဆုံးရှုံးမှုဖြစ်ပေါ်

ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် FMI လုပ်ငန်းစု၏ နိုင်ငံခြားငွေလွှဲပြောင်းမှု ဆုံးရှုံးခဲ့ပြီး ရိုးမဘဏ်၏ နိုင်ငံခြားငွေ လွှဲပြောင်းမှု စံချိန်တင်ဆုံးရှုံးမှုဖြစ်ပေါ် - Property News in Myanmar from iMyanmarHouse.com
အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် FMI လုပ်ငန်းအုပ်စု၏ နိုင်ငံခြားငွေ ကြေးလွှဲပြောင်းမှုအရှုံးငွေ ကျပ် ၁ ဒသမ ၆ ဘီလျံကျော်အထိ

6.12.16

ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေး တိုက်ခိုက်မှုမရှိကြောင်း မလေးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

ဘင်္ဂါလီအရေးကိစ္စများနှင့် ပတ်သက်၍ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားသည်။

မြန်မာ - တရုတ်နယ်စပ် ဟိုချောင်ကုန်သွယ်ရေး နှစ်အနည်းငယ်အတွင်း ကုန်သွယ်မှုပမာဏတိုးမြှင့်မည်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးခရိုင်အတွင်းရှိ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ် ဟိုချောင်ကုန်သွယ်ရေး နယ်စပ်ဂိတ်မှာ ယခုအခါ နှစ်နိုင်ငံကုန်သွယ်မှု အထိုက် အလျောက်ဖွံ့ဖြိုးတိုးတက်လာပြီး လာမည့်နှစ်အနည်းငယ် အတွင်းတွင် ယခုထက် ကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ထိန်ချုံးခရိုင် ကုန်သွယ်ရေးဌာနမှ သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ကြေညာချက်နှင့် လက်တွေ့လုပ်ဆောင်ချက် ကိုက်ညီရန်လိုကြောင်း သမ္မတရုံးတာဝန်ရှိသူ ဦးဇော်ဌေးပြောကြား

 မြောက်ပိုင်းမဟာမိတ် အဖွဲ့များ ၎င်းတို့၏ ကြေညာချက် နှင့် လက်တွေ့လုပ်ဆောင်ချက် များ ကိုက်ညီရန် လိုအပ်သည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဇော်ဌေးက ပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ပြန်လည်စတင်ရန် ဂျပန်နှင့် မြန်မာ ဆွေးနွေးမည်

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည်စတင်ရန် ဒီဇင်ဘာအတွင်း ဂျပန်နိုင်ငံနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းခရီးသည် အဆောက်အအုံသစ်ဖွင့်လှစ်

ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၏ ပြည်တွင်းခရီး သည် လေဆိပ်အဆောက်အအုံ သစ် (New Domestic Terminal 3) ကို ဒီဇင်ဘာ ၅ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက် ကစ၍ ပြည်တွင်းလေကြောင်း လိုင်းများအားလုံးကို အဆိုပါအ ဆောင်သစ်သို့ ပြောင်းရွှေ့ဝန် ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသစ်ရောင်းဝယ်သော ကုမ္ပဏီကို အီးယူ သစ်စည်းကမ်းဖြင့် အရေးယူခဲ့သော်လည်း တိုက်ရိုက်မှာယူမှု တန်ချိန် ၃,၅၀၀ ခန့်ရှိ

မြန်မာမှ သစ်ဝယ်ယူရာတွင် ဥရောပသမဂ္ဂ သစ်တင်ပို့မှု စည်းမျဉ်းစည်းကမ်းများ နှင့် မကိုက်ညီ၍ ဆွီဒင်နိုင်ငံက ပြည်ပသစ်ကုန်သည်တစ်ဦးအား အရေးယူခဲ့သော်လည်း မြန်မာ သစ်တိုက်ရိုက်မှာယူမှုသည် သစ်တန်ချိန် သုံးထောင့်ငါးရာခန့်ရှိ ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ သတင်းရရှိသည်။

5.12.16

တန်ဖိုးနည်းအိမ်ရာတည်ဆောက်မှု အခန်းအကျယ်လျှော့ချပြီး ကျပ်သိန်းတစ်ရာအောက် ရောင်းချနိုင်ရေး ဆောင်ရွက်မည်ဟုဆို

တန်ဖိုးနည်းအိမ်ရာစီမံ  ကိန်းများကို ကျပ်သိန်း ၁၀၀ အောက်ဖြင့်ရောင်းချနိုင်ရေး အခန်း  အကျယ်လျှော့ချ  တည်ဆောက်ရန် စီစဉ်နေကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။

အင်းလေးဟိုတယ်ဇုန်ဝင်ကြေး ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံမည့်ကိစ္စကို ပြန်လည်ညှိနှိုင်းမည်

အင်းလေးဟိုတယ်ဇုန် ၀င်ကြေးကို ဒီဇင်ဘာ ၁၀ ရက်က စ၍ မြန်မာငွေကျပ်မှ ဒေါ်လာသို့ ပြောင်းလဲကောက်ခံမည်ကို ခရီး သွားလုပ်ငန်းများ အဆင်ပြေစေ ရန် ပြန်လည်ညှိနှိုင်းပေးမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (တောင်ကြီးဇုန်) ဥက္ကဋ္ဌ ဦးဇော်ဌေးအောင်က ပြော သည်။

ရှမ်းမြောက်တွင် တိုက်ခိုက်နေသော လက်နက်ကိုင်လေးဖွဲ့က အချက်ငါးချက်ပါ ကြေညာချက်ထုတ်

စစ်မှန်ပြီး မျှတသည့် နိုင်ငံရေးဆွေးနွေးမှုအတွက် စစ် ရပ်စဲရန် အဆင်သင့်ဖြစ်ကြောင်းအပါအဝင် အချက်ငါးချက်ကို ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ် မတော်နှင့် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည့် လက်နက်ကိုင်လေးဖွဲ့က ဒီဇင်ဘာ ၄ ရက်၌ ပူးပေါင်းထုတ်ပြန်ကြေညာခဲ့သည်။

နယ်စပ်မြို့များအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ တယ်လီနောကွန်ရက်ဖြန့်ကြက် မြန်မာနိုင်ငံ၏ လူဦးရေ ၉ဝ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှုပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမည်


တယ်လီနောမြန်မာလီမိတက်(တယ်လီနော)အနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းသာမက ဝေးလံခေါင်သီသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများပါမကျန် ဆက်သွယ်ရေးကွန်ရက်ဖြန့်ကြက်လျက်ရှိရာ ယခုအခါ တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသနှင့် ထိုင်း နိုင်ငံနယ်စပ်ဖြစ်သော တာချီလိတ်မြို့တို့တွင် ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ ဖြန့်ကြက် လိုက်ပြီဖြစ်ကြောင်း သိရသည်။
တယ်လီနောအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဆင်းကတ်လက်လီအရောင်း ဆိုင်ပေါင်း ၈ဝဝ ကျော် ဖွင့်လှစ်ပေးထားပြီး တာချီလိတ်တွင် တယ်လီနောအရောင်းပြခန်း တစ်ခုကို ဖွင့်လှစ်ကာ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ဖြန့်ကြက်ဝန်ဆောင်မှုပေးလျက်ရှိသည်။
''အခုလိုကွန်ရက် တိုးချဲ့ဖြန့်ကြက်တာဟာ မြန်မာနိုင်ငံအတွင်းက နိုင်ငံသားအားလုံး ဘယ်နေရာ၊ ဘယ်ဒေသမှာ နေထိုင်သည်ဖြစ်စေ ဝန်ဆောင်မှုရရှိစေရမယ်ဆိုတဲ့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဖြည့်ဆည်းပေးခြင်းပဲ ဖြစ်ပါတယ်။ တယ်လီနောသုံးစွဲသူတွေရဲ့ ၃ဝ ရာခိုင်နှုန်းကျော်က တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်ဒေသတွေဖြစ်ပြီး တယ်လီနောသုံးစွဲ သူအားလုံးကို အရည်အသွေးကောင်းမွန်တဲ့ အင်တာနက်သုံးစွဲမှု အတွေ့အကြုံတွေကို ပေးအပ်ဖို့ကိုလည်း ဦးစားပေးဆောင်ရွက်နေပါတယ်''ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် Lars Tellmann က ပြောသည်။
တယ်လီနောသည် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ လူဦးရေ ၉ဝ ရာခိုင်နှုန်းအထိ မိုဘိုင်းချိတ်ဆက်မှုကို ပေးအပ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တယ်လီနော၏ ဆက်သွယ်ရေးကွန်ရက်သည် မြန်မာနိုင်ငံရှိ လူဦးရေ၏ ၈၆ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။ ထို့ပြင် တယ်လီနောသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံးနှင့် အလျင်မြန်ဆုံး အင်တာနက်ကွန်ရက်ကို တာဝါတိုင် ၆၉ဝဝ ကျော်ချိတ်ဆက်လျက် လုပ်ငန်းလည်ပတ်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် သုံးစွဲသူ ၁၈ သန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခုနှစ် နှစ်ကုန်ပိုင်းတွင် တာဝါတိုင် ၇ဝဝဝ အထိ တည်ဆောက်သွားရန် မျှော်မှန်းထားပြီး ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေရန်အတွက် ဆက်သွယ်မှုရရှိပြီး ဒေသများတွင် ကွန်ရက်ချိတ်ဆက်မှုစွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
''အခုလို ဆက်သွယ်ချိတ်ဆက်နိုင်မှုဟာ တိုင်းရင်းသားဒေသတွေအတွက် အဓိကစိန် ခေါ်မှုဖြစ်နေဆဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးကွန်ရက်တိုးချဲ့ဖို့ မြန်မာနိုင်ငံ အနှံ့အပြား ဆက်သွယ်ရေးဝန်ဆောင်မှုပိုင်းဆိုင်ရာ အလျင်အမြန်တိုးတက်လာစေဖို့ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့ အခြေခံအဆောက်အအုံ မျှဝေမှုပိုင်းဆိုင်ရာမှာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်''ဟု Tellmann က ပြောသည်။

Credit To >>> The Mirror Daily

ရန်ကုန်ကားဈေးကွက်တွင်စလစ်ဈေးနှုန်းကျပ်ငါးသိန်းမှ၁၀ သိန်းနီးပါးထိ မြင့်တက်လာ

၂၀၁၇ ခုနှစ် မော်တော်ယာဉ်တင်သွင်းထုတ်လုပ် နှစ် (Model Year )သတ်မှတ်ချက် ထုတ်ပြန်ပြီး တစ်ရက်အကြာတွင်ရန်ကုန်ကားဈေးကွက်အတွင်းစလစ် ဈေးနှုန်းသည် ကျပ်ငါးသိန်းမှ ၁၀ သိန်း ခန့်မြင့်တက်သွားကြောင်း ရန်ကုန်မြို့ အခြေစိုက်ယာဉ်ရောင်းဝယ်ရေးလုပ် ငန်းရှင်များထံမှ သိရသည်။

SRT ယာဉ်လိုင်း အရှုံးပေါ်ခြင်းကြောင့် ဒီဇင်ဘာ ၇ ရက်မှ စပြီး အပြီးတိုင် ရပ်ဆိုင်းတော့မည်၊ ပြေးဆွဲပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်

SRT ယာဉ်လိုင်း အရှုံးပေါ်ခြင်းကြောင့် ဒီဇင်ဘာ ၇ ရက်မှ စပြီး အပြီးတိုင် ရပ်ဆိုင်းတော့မည်၊ ပြေးဆွဲပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် SRT ယာဉ်လိုင်းသည် အရှုံးပေါ်ခြင်းကြောင့် ပြေးဆွဲပြီး တစ်နှစ်နှင့် ရှစ်လအကြာတွင်အပြီးတိုင်ရပ်ဆိုင်းတော့မည်ကြောင်း သိရသည်။

2.12.16

ငါးလခန့် ရပ်ဆိုင်းထားခဲ့ရသည် သုံးထပ်နှင့်အထက် ကန်ထရိုက် ဆောက်လုပ်ခွင့်များ ပြန်လည်လက်ခံခဲ့ရာ ဆောက်လုပ်ခွင့် တင်ပြလာသည့် ကန်ထရိုက်တိုက် ၁၀၂ လုံးရှိဟု သိရ

ငါးလခန့် ရပ်ဆိုင်းထားခဲ့သည့် သုံးထပ်နှင့်အထက် ကန်ထရိုက် ဆောက်လုပ်ခွင့်များအား စည်ပင်က ပြန်လည် လက်ခံခဲ့ရာ ဆောက်လုပ်ခွင့် တင်ပြလာသည့် ကန်ထရိုက်တိုက် အလုံးရေ ၁၀၂ လုံးရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ခေတ္တရပ်နားခဲ့ရသည့် မူဆယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော် လျော့ကျ

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ခေတ္တရပ်နားခဲ့ရသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာသန်း ၂၁၀ ကျော် လျော့ကျခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၏ နယ်စပ်ကုန်သွယ်မှုဆိုင်ရာ စာရင်းများအရသိရသည်