19.12.16

တရုတ်၊ ဂျပန်နဲ့ ဟောင်ကောင်တို့ ဘဏ္ဍာရေးရိုက်ခတ်မှုဒဏ်ရင်ဆိုင်ရာမှာ ခုခံနိုင်စွမ်းအားအနည်းဆုံးလို့ဗြိတိန်သုံးသပ်

Image may contain: 7 people, suit and outdoor
တရုတ်၊ ဟောင်ကောင်နဲ့ ဂျပန်တို့အပါအ၀င် အာရှစီးပွားရေးနိုင်ငံ၊ဒေသအဖွဲ့အစည်းတွေအနေနဲ့ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကမ္ဘာ့စီးပွားရေးပျက်ကပ်နောက်ပိုင်း ဘဏ္ဍာရေးရိုက်ခတ်မှုဒဏ်နဲ့ ရင်ဆိုင်ကြုံတွေ့ရာမှာ ခုခံနိုင်မှုမရှိဆုံး၊အားအနည်းဆုံးအနေအထားမှာရှိထားခဲ့ပြီး ယခုအခါမှာလည်း ယင်းလိုမျိုးဆိုးကျိုးတွေနဲ့ အခံရနိုင်ဆုံးအခြေအနေမှာရှိနေတယ်ဆိုပြီး အင်္ဂလန်ဘဏ်တစ်ခုက ထုတ်ပြန်တဲ့သုတေသနစာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။

"နှေးကွေးလေးလံနေလျက်ရှိတဲ့ ကမ္ဘာ့စီးပွားရေးပိုင်းကြောင့် အထူးသဖြင့် အာရှစီးပွားရေးနိုင်ငံတွေအပေါ် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်မှာလည်း ခုသာခံသာမရှိဆုံးအခြေအနေတွေ ဟာ မြင့်တက်လာခဲပါတယ်" လို့ ယင်းစာတမ်းမှာ Jack Fisher နဲ့ Lukasz Rachel တို့က ရေးသားသွားခဲ့ပါတယ်။

" ခုချိန်မှာဆိုရင် အထူးသဖြင့် ထွန်းသစ်စဈေးကွက်တွေနဲ့ အာရှနိုင်ငံတွေဟာ ဒီလိုမျိုးဘဏ္ဍာရေးဆိုင်ရာ ရိုက်ခတ်မှုဒဏ်တွအတွက် ခုသာခံသာမရှိဆုံးအခြေအနေကို ရောက်လာခဲ့ပါတယ်" လို့ ၎င်းတို့ကရေးသားထားပါတယ်။

အလားတူ လက်ရှိကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးနေတာကနေ ထွက်ပေါ်လာမယ့် ဆိုးကျိုးတွေမြင့်တက်လာနေခဲ့တယ်လို့လည်း ဗြိတိန်ဗဟိုဘဏ် ဥက္ကဌ Mark Carney က ပြီးခဲ့တဲ့လ ကမှ ထုတ်ဖော်ပြောကြားထားခဲ့ပါသေးတယ်။

" နိုင်ငံခြားငွေလဲလှယ်မှု အခြေအနေ၊ ပြည်ပကြွေးမြီ စတာတွေနဲ့ သက်ရောက်လာနိုင်တဲ့ ပြင်ပ က ထိခိုက်လာနိုင်မှုအခြေအနေတွေက အာရှဒေသမှာ မြင့်တက်လာနေပါတယ်" လို့ သုတေသနစာတမ်းပြုစုသူ ပညာရှင်တွေက ထောက်ပြပြောဆိုထားပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment