19.12.16

အစိုးရနှင့်မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ တရုတ်နိုင်ငံ၌ တွေ့ဆုံရန် ထပ်မံစီစဉ်နေ

အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လက်နက်ကိုင်အ ဖွဲ့ (KIO/KIA)၊ တအာင်းလက် နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့(MNDAA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့၏ကိုယ်စားလှယ်အဖွဲ့  တရုတ် နိုင်ငံ၌  တွေ့ဆုံရန်   ထပ်မံစီစဉ် နေကြောင်း TNLA  သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး တာ့အိုက်ကျော်က ပြောသည်။

တပ်မတော်အဆင့်မြင့်အ ရာရှိများ ပါဝင်သည့် အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့သည် ဒီဇင်ဘာ ၂ ရက်တွင် တရုတ်နိုင်ငံ ကူမင်း မြို့၌ တွေ့ဆုံရန် တရုတ်အစိုးရ နှင့်    ‘ဝ’  လက်နက်ကိုင်အဖွဲ့ (UWSA)တို့က ကြားဝင်ဆောင် ရွက်ပေးသော်လည်း တွေ့ဆုံမှု မဖြစ်မြောက်ခဲ့ပေ။
‘‘ပြီးခဲ့တဲ့ တစ်ပတ်က သူတို့ ကမ်းလှမ်းမှုတော့ ပြုလုပ်တယ်။ ကျွန်တော်တို့လေးဖွဲ့ကို ထပ်မံ တွေ့ဆုံဖို့။ လမ်းကြောင်းကတော့ တရုတ်ပြည်ထဲမှာ တွေ့မယ်လို့ တော့ အဆိုပြုထားတာပေါ့။ အဲဒီ မှာ ကျွန်တော်တို့က တွေ့ဆုံမယ့် အချိန်နဲ့၊ ရက်နဲ့ နေရာက ညှိနှိုင်းနေ ဆဲဖြစ်တယ်။ ညှိနှိုင်းနေတဲ့ ကာလဆိုတော့ အချိန်နဲ့၊ နေရာနဲ့ အဆင် ပြေသွားလို့ရှိရင်တော့ အားလုံး ညှိနှိုင်းလို့ရရင် တွေ့ဆုံမှုက မြန် မြန်ဖြစ်မယ်။ ကျွန်တော်တို့က တော့ တွေ့ဆုံဖို့ အမြဲတမ်းအဆင် သင့်ရှိတယ်။ အကန့်အသတ်တွေ ရှိရင်တော့ မပြောတတ်ဘူး။ ဘယ်အချိန်ဖြစ်မယ်ဆိုတာ’’ဟု ဗိုလ်မှူး တာ့အိုက်ကျော်က ပြောကြား သည်။
လတ်တလော တပ်မတော် နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် KIA နှင့်အစိုးရကိုယ်စားလှယ်အ ဖွဲ့တို့အကြား တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် ညှိနှိုင်းနေသည်ဟု သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောသည်။တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များသည် လာမည့် ၂၁ ရာစုပင်လုံညီလာခံသို့ တက် ရောက်နိုင်ရေး  ဆွေးနွေးမှုများ စတင်နိုင်ရန် အစိုးရငြိမ်းချမ်းရေး ကော်မရှင်အနေဖြင့် ပြန်လည် ပြင်ဆင်နေသည်ဟု အစိုးရဘက်မှ ကိုယ်စားလှယ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
‘‘လောလောဆယ်တော့ အ လွတ်သဘောတွေကနေ တွေ့ဆုံ နိုင်ဖို့ ငြိမ်းချမ်းရေးကော်မရှင် ဘက်ကနေ ပြင်ဆင်တာရှိတယ်။ လိုအပ်တဲ့အဖွဲ့တွေပေါ့။ ဆိုလို တာက ညီလာခံတက်ရောက်နိုင် ဖို့ပေါ့။ နောက် NCA နဲ့ပတ်သက် ပြီး ဆွေးနွေးနိုင်ဖို့ အလွတ်သဘောဆွေးနွေးပွဲတွေ စနိုင်ဖို့တော့ ငြိမ်း ချမ်းရေးကော်မရှင်က ပြင်ဆင်နေ ပါတယ်’’ဟု ငြိမ်းချမ်းရေးကော်မ ရှင်အကြံပေးအဖွဲ့ဝင် ဦးလှမောင် ရွှေက ဒီဇင်ဘာ ၉ ရက်တွင် ပြော ကြားသည်။
ပြီးခဲ့သည့်သြဂုတ်က ကျင်းပသည့် ပထမအကြိမ် ၂၁ ရာစု ပင်လုံသို့ NCA လက်မှတ်မရေး ထိုးရသေးသည့် ‘ဝ’လက်နက်ကိုင် အဖွဲ့ (UWSA)၊ မိုင်းလားလက် နက်ကိုင်အဖွဲ့(NDAA)နှင့် KIA အပါအဝင် UNFC အဖွဲ့ဝင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ TNLA၊ MNDAA နှင့် AA စသည့် လက်နက်ကိုင်သုံးဖွဲ့တို့ ပါဝင်နိုင် ရေးအတွက် အစိုးရအနေဖြင့် တွေ့ဆုံညှိနှိုင်းမှုများ ထိုစဉ်က လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် ယင်း လက်နက်ကိုင်သုံးဖွဲ့အကြား ညှိ နှိုင်းမှုမပြေလည်၍ လက်နက်ကိုင် သုံးဖွဲ့သည် ညီလာခံသို့ မတက် ရောက်နိုင်ခဲ့ပေ။
Credit To >>> 7 Day Daily

0 comments:

Post a Comment