19.12.16

ငွေရှင်းကောင်တာတွင် မေ့ကျန်ခဲ့သောငွေထုပ်ကို ယူဆောင်သွားသော အမျိုးသမီးအား အမှုမဖွင့်ဘဲ စုံစမ်းရှာဖွေနေ

လူမှုကွန်ရက်စာမျက်နှာ တွင် ပျံ့နှံ့လာသည့် Market Placeငွေရှင်းကောင်တာ၌ မေ့ကျန်ခဲ့ သည့်  ကျပ်ရှစ်သိန်းနှင့်စာရွက် အချို့ပါသော အထုပ်တစ်ထုပ်ကို ယူဆောင်သွားခဲ့သည့်အခြားဈေး ဝယ်သူအမျိုးသမီးအား အမှုဖွင့် ထားခြင်းမရှိသော်လည်း စုံစမ်းနေကြောင်း သတင်းရရှိသည်။

ဓမ္မစေတီလမ်းမပေါ်ရှိ Market Place ငွေရှင်းကောင်တာ တွင် အမျိုးသမီးတစ်ဦး ငွေကျပ် ရှစ်သိန်းနှင့်အရေးကြီးစာရွက်အ ချို့ထည့်ထားသည့် လက်ဆွဲအိတ် ငယ်တစ်လုံး ကောင်တာပေါ်တွင် မေ့ကျန်သည်ကို ၎င်းအနောက် မှ ဈေးဝယ်သူအမျိုးသမီးတစ်ဦး က ပိုင်ရှင်မည်သူဖြစ်သည်ကို သိ လျက်နှင့် အဆိုပါအိတ်ကို ယူ ဆောင်ခဲ့ခြင်းဖြစ်ပြီး CCTV  ဗီဒီယိုမှတ်တမ်းသည် ဒီဇင်ဘာ ၁၇ ရက် ၌လူမှုကွန်ရက်စာမျက်နှာပေါ်တွင် စတင်ပျံ့နှံ့ခဲ့သည်။
‘‘အဲဒီယူသွားတဲ့ အမျိုးသမီး ရဲ့လိပ်စာနဲ့ သူ့ဖေ့စ်ဘွတ်ခ်အ ကောင့် ကျွန်မဆီမှာ ရနေပြီ။ ညနေကျရင် သွားတောင်းဖို့တော့ လုပ်ထားတယ်။ ဒီကိစ္စမှာ အဓိက တရားခံက ကျွန်မပါ။ ကျွန်မအ မှားတွေက စခဲ့တာ။ ဖြစ်ဖြစ်ချင်း တုန်းက Market Place က တာ ဝန်ရှိသူတွေကို ပြောတော့ သူတို့ မသိဘူး။ CCTV ကြည့်ပေးမယ် ပြောပြီး ကြည့်ပေးတယ်။ ရဲစခန်း  သွားတော့လည်း ရဲက ပြန်မရ တော့မယ့် ပုံစံမျိုးတွေပဲပြောနေ တော့ ကျွန်မစိတ်ဆိုးဆိုးနဲ့ ဖေ့စ် ဘွတ်ခ်တင်လိုက်တာ’’ဟု ပိုက်ဆံ ထည့်ထားသည့် အိတ်မေ့ကျန်ခဲ့ သူ မနှင်းလဲ့အောင်က ဆိုသည်။
လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် မနှင်းလဲ့အောင်တင်ထား သည့် ဗီဒီယိုဖိုင်ကို ပြန်လည်မျှ ဝေသူ ၆၁,၀၀၀ ကျော်ရှိပြီး အများ စုမှာ အိတ်ငယ်ကို ယူဆောင် သွားသည့်အမျိုးသမီးအား ဝေဖန် သည့်စာသားများ မှတ်ချက်ပေး ကြသော်လည်း အချို့မှာ ‘‘ကြည့် ရင်ခန့်မှန်းလို့ရတယ်။ သူ့အတွက် အပြစ်ပြောစရာတစ်ခုပဲရှိတာက ပိုင်ရှင်မေ့ကျန်ခဲ့တာကို ခေါ်မ ပြောခြင်းပဲ’’ဆိုသည့် မှတ်ချက်၊ ‘‘နှစ်ဦးနှစ်ဖက်လုံးမှားတာပါ။ ပိုင် ရှင်အစ်မကလည်း အဲဒီလောက်မ ပေါ့ဆသင့်ဘူး။ CCTV မရှိတဲ့ ဆိုင်ဆို ဘယ်သူယူသွားမှန်း တောင် သိမှာမဟုတ်ဘူး။ ယူတဲ့ အစ်မကလည်း သူများပစ္စည်းကို မယူသင့်ဘူး။ ကိုယ့်ပစ္စည်းသူများ ယူသွားရင် ဘယ်လိုခံစားရမလဲ’’ စသည့် မှတ်ချက်များပေးခဲ့သည်။
ဗီဒီယိုဖိုင်တွင် ပိုင်ရှင် အမျိုးသမီးမှာ Market Place ငွေရှင်းကောင်တာ၌ ငွေရှင်းပြီးနောက် ငွေထည့်ထားသည့် အိတ်ငယ်မှာ ငွေရှင်းကောင်တာခုံပေါ်တွင် ကျန်နေခဲ့သည်ကို ၎င်းနောက်မှ ငွေရှင်းရန်စောင့်နေသည့် အမျိုးသမီးတစ်ဦးက ၎င်းဝယ်ယူထား သည့်ပစ္စည်းတန်ဖိုး ပေးချေအပြီး တွင် ယင်းအိတ်ငယ်ကိုပါ ယူ ဆောင်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါအိတ်ယူဆောင်မှု နှင့်ပတ်သက်၍ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင် က
‘‘ဒီဟာက   ခိုးတာမဟုတ် သော်လည်း    ပိုင်ရှင်မဲ့ပစ္စည်းကို သက်ဆိုင်ရာကို   မအပ်ဘဲ   ယူ ဆောင်သွားတဲ့အတွက် ဥပဒေနဲ့ ငြိစွန်းတယ်။ ပိုင်ရှင်မဲ့ကို ရဲဆီ အပ်ချင်အပ်၊ ဒါမှမဟုတ် ကောင် တာမှာ အပ်ခဲ့လည်း ရတာပဲ။ ဖေ့စ်ဘွတ်ခ်မှာ ဗီဒီယိုဖိုင်တင် တယ်ဆိုတာလည်း ပြည်သူကို အကူအညီတောင်းတဲ့သဘောမျိုး ပဲ။ ရဲတွေကိုလည်း ဗီဒီယိုဖိုင် မပေးရဘူးလို့   မတားမြစ်ထားဘူး။ နောက် ဒါပျောက်တဲ့ကာယကံရှင် ကို ပေးတာ’’ဟုဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment