ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

10.9.13

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး

Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိက တိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်း ဆုံး မြွှေများ စာရင်းများလည်း ပါဝင်ပါသေးတယ်။

အရှည်အားဖြင့် ၄ ပေနဲ့ ၅ ပေကြားမှာ ရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး မွေးစာရင်းမှာတောင်

အကယ်ဒမီ ချစ်စနိုးဦးနှင့်တွေ့ဆုံခြင်း

သိင်္ဂီထွန်း တွေ့ဆုံမေးမြန်းသည်။

အကယ်ဒမီဆုရရှိပြီးနောက်ပိုင်း ရုပ်ရှင်အရိုက်နည်းသွားပြီး ယခုတစ်ဖန် ဂီတဘက်ကို ပြန်လည်ဦးတည်လာတဲ့ 'အကယ်ဒမီချစ်စနိုးဦး'နဲ့ အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ.....

မေး - အကယ်ဒမီရပြီးနောက်ပိုင်းဇာတ်ကား ရိုက်ကူးမှု သိပ်မတွေ့ရတော့ ဘူးနော်။ ဘာတွေ လုပ်ဖြစ်နေလဲ။
ဖြေ - စနိုး ဇာတ်ကားရိုက်ကူးမှု နည်း သွားတယ်ဆိုတာက ဟုတ်ပါတယ်။ နည်းသွားတယ် ဆိုတာကလည်း ရက်ချိန်းကပ်နေတာတွေကျ တော့

ဒေလီဘတ်စ်ကားပေါ်မှ မုဒိမ်းမှုတရားခံများကို သေဒဏ်ချရန် အစိုးရရှေ့နေ များတိုက်တွန်း


ဒလီတရားရုံးသည် မိန်းကလေး တစ်ဦးအား မောင်းနှင်နေသော ဘတ်စ်ကား တစ်စင်းပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက်မှုကြောင့် မိန်းကလေး သေဆုံးခဲ့မှုအတွက် စစ်ဆေးနေသော သံသယ တရားခံ (၄)ဦးတွင် အပြစ်ရှိကြောင်း အတည်ပြု ဆုံးဖြတ်လိုက်သည်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် မိန်းကလေး တစ်ဦးကို ဘတ်စ်ကားပေါ်တွင် အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့် တရားခံများကို သေ

ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတွင် ကေဘယ်ကားပြေးဆွဲရန် ဂျပန်နှင့် ဆွေးနွေး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော် တောင် တက် လမ်းတွင် သက်ကြီး ရွယ်အိုဘုရားဖူးများ သွားလာရေး လွယ်ကူရန် အတွက် Cable Car ပြေးဆွဲနိုင်ရန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ခရမ်းပင် အမျိုးမျိုး

စားသောက်လို့ ရတဲ့ အပင်တွေ အကြောင်းမရေးဖြစ်တာ ကြာပြီဆိုတော့ ...ဒီတစ်ခါတော့ ခရမ်းပင်အ
ကြောင်း ကို ပြောပြမယ်နော်...။ ခရမ်းပင်က သုံးမျိုးလောက်ရှိတယ်ဗျ...။
-ရိုးရိုးခရမ်းပင်
-ခရမ်းကျွတ်ပင်
-ခရမ်းကသော့ပင် ဆိုပြီးပေါ့...။

ရိုးရိုးခရမ်းပင်ကိုတော့ ကျွန်တော်တို့ ဒေသမှာ ပေါပါတယ်...။ အဲဒီ ရိုးရိုးခရမ်းပင် ကိုမှ အမျိုးအစားတွေ
ထပ်ခွဲလို့ ရပါတယ်...။ ဆင်စွယ်ပင်(အဖြူ)၊ ခရမ်းရှည်သီးပင်၊ ခရမ်းသီး အစိမ်းပင်၊ရိုးရိုးအပင် ဆိုပြီးပေါ့။

၉/၁၁ အရေး အခင်း၌ အသက်ရှင်ကျန်သူများ၏ခံစားချက်များ ကို သီချင်းအဖြစ်သီကုံး

၉/၁၁ အရေး အခင်း ဖြစ်ပွားခဲ့သည်မှာ ၁၂ နှစ် ကျော် ကြာပြီးနောက် အမေရိက ဂီတပညာရှင် များက အသက်ရှင်ကျန်ရစ်သူများ အတွက် အောက်မေ့ ဖွယ် တေး သီချင်း များ သီဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ အရေးအခင်းကြောင့် ပူဆွေးသောက ဖြစ်ရမှုများအား မျှော်လင့်ချက် အသစ်များ ဖန်တီးပေး ရန် ရည်ရွယ်၍ အယ်လ်ဘမ် ခေါင်းစဉ်ကို Here after (song of lost voices) ‘ဟု အမည်ပေးခဲ့ကြောင်း

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင်

ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ်ပါ။

အပေါက်ပွင့်လို့ အဆင်သင့်ဟာကို အမောက်စွင့်ပြီး ဘ၀င်မမြင့်ပါနဲ့

ကိုယ်ရဲ့ ပြည့်စုံမှုတွေကို မတည်မြဲဘူးလို့ နှလုံးသွင်းလိုက်ရင်လည်း
မာနကတော့ ကျသွားမှာပါပဲ။ ဥပမာလေးတစ်ခု ကြည့်ရအောင်။
ဦးဇင်း တခြားတရားတော်တွေမှာတော့ တခြားအကြောင်းအရာ
အတွက် ဥပမာပေးထားတာပေါ့။ မာနအတွက် ဥပမာယူမယ်
ဆိုရင်လည်း ရတာပါပဲ။

လက်နက် သဖွယ်အသုံးပြုနိုင်တော့မယ့် စမတ်ဖုန်း

ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို
ကာကွယ်နိုင်မယ့် အရေးပေါ်လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ
ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေအတွက်မရှိမဖြစ် အသုံးပြု
လာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။

တရုတ်အောက်ကလွတ်အောင် မြန်မာဘာတွေလုပ်ရမလဲ





          တစ်ချိန်က တံခါးပိတ်ထားသော လူမှုအသိုင်းအဝိုင်းဖြစ် ဘားမားဟု လူသိခဲ့ကြသည့် မြန်မာနိုင်ငံသည် ၂၀၁၀ပြည့်နှစ်မှစ၍ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာနိုင်သည့်
မျှော်လင့်ချက်များဖြင့် ပြောင်းလဲ လာသည်။

          ယင်းပြုပြင်ပြောင်းလဲမှု အံ့ဖွယ်ဖြစ်ရပ်များအတွက် မျှော်လင့်ချီးကျူးသံများကြားတွင် အမေရိကန်မူဝါဒကို ဆုံးဖြတ်ဖန်တီးသူများ လွတ်သွားရသည့် အရေးကြီးအချက်တစ်ခု ရှိခဲ့သည်။
လွှမ်းမိုးကြီးစိုးနေသော ဆဋ္ဌမမြောက် အာဏာစက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းနေသည့် နိုင်ငံငါးအလား မြန်မာနိုင်ငံက ရပ်တည်နေရခြင်းဖြစ်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးသည်
မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးဖြစ်နေသည်။ တရုတ်ကို မျက်စိဒေါက်ထောက် ကြည့်နေရင်းနှင့်ပင် အမေရိကန်၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီတွင် ဤအချက်ကို အရေးကြီးဆုံးအဆင့်တွင် ထားရှိ
သင့်ပေသည်။

          လူဦးရေ သန်း(၆၀)ရှိသော မြန်မာနိုင်ငံတွင် ဗမာလူမျိုးသည် အများစုဖြစ်သည်။ မြေပြန့်အလယ်ပိုင်းဒေသရှိ ဗုဒ္ဓဘာသာဝင်များဖြစ်သည့် ဗမာများသည် အစိုးရ၊ စီးပွားရေးနှင့် စစ်တပ်ကို
လွှမ်းမိုးချုပ်ကိုင်ထားသူများ ဖြစ်သည်။ အခြားအထင်ကရလူမျိုးစုများ ကချင်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး တရုတ်နှင့် နယ်စပ်ချင်း ကပ်လျှက်ရှိသည်။ ဗုဒ္ဓဘာသာရှမ်းများကမူ တရုတ်၊လာအိုနှင့်
ထိုင်းတို့နှင့် နယ်စပ်ချင်းထိစပ်နေသည်။ ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်  ချင်းတိုင်းရင်းသားများက  အိန္ဒိယနယ်စပ်တွင် ရှိပြီး အစ္စလာမ်ဘာသာဝင်များက ဘင်္ဂလားပင်လယ်အော်နှင့်
ဘင်္ဂလားဒေ့ရှ်  နှင့် နယ်စပ်ချင်းထိဆက်နေသော ဒေသတို့တွင် အများဆုံးနေသည်။

          ဗမာ မဟုတ်သူများက တူညီသောအခွင့်အရေးအတွက် ရုန်းကန်ရမှုများနှင့် ဗမာကိုအတိုက်အခံပြုမှုများသည် ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာများတွင် ဖြစ်နေ၏။နှစ်အလိုက်
ရာဇ၀င်ကိုကြည့်နိုင်သည်။

          ၁၉၄၇ ခုနှစ်၊ဗြိတိသျှ အုပ်ချုပ်မှု အပြီးသတ်ခါနီးလေးတွင် ဗမာ မဟုတ်သောတိုင်းရင်းသားများကို ပြည်နယ် အစိုးရ အာဏာရှိသည့် ပြည်ထောင်စု စနစ်တည်ထောင်မည့်အကြောင်း
ကတိပြုခဲ့သည်။ကနေဒါ (သို့မဟုတ်) ဆွဒ်ဇာလန် ကဲ့သို့စနစ်မျိုးဖြစ်သည်။ အာဏာရှိလာချိန်တွင်မူ ဗမာကြီးစိုးသော အစိုးရဖြစ်လာသည်။ထို့နောက်အကျိုး ဆက်အဖြစ် တိုင်းရင်းသား
လက်နက်ကိုင်များပေါ်ထွက်လာသည်။ အချို့ ယခုအချိန်ထိလည်း ဆက်လက်တိုက်ခိုက် နေဆဲ။

          ၁၉၆၂ ခုနှစ်တွင် လွှတ်တော်၌ တန်းတူကိုယ်စားပြုပါဝင်ခွင့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံ တွင် ပြဌာန်းရေးတင်သွင်းလာချိန် ဗမာလွှမ်းမိုးသော
စစ်တပ်က အာဏာသိမ်းခဲ့သည်။၎င်းနောက် နှစ်(၅၀)ကြာ ရက်စက် ကြမ်းကြုတ်သော ဖိနှိပ်သော၊အကျင့်ပျက်သော စစ်ခေါင်းဆောင်များလက်အောက်တွင် ချုပ်ကိုင်ခံခဲ့ရပြီး
၎င်းတို့၏ နည်းဗျူဟာထဲတွင် အစုလိုက် အပြုံလိုက် မုဒိမ်းကျင့်မှုများ နှင့် လူမျိုးတုံး သတ်ဖြတ်မှုများပါဝင်ခဲ့သည်။

          ရှစ်လေးလုံးဆန္ဒုပြမှု စတင်ခဲ့ချိန်တွင် ဗမာ နှင့် ဗမာမဟုတ်သူများအားလုံးပါဝင်သော ဒီမိုကရေစီ လှုပ်ရှားမှု ကြီးတစ်နိုင်ငံလုံးအနှံ့ဖြစ်ပွားခဲ့သည်။မြန်မာ့လွတ်လပ်ရေး
ခေါင်းဆောင်၏သမီး ဒေါ်အောင်ဆန်းစုကြည် က လှုပ်ရှားမှု၏ ခေါင်းဆောင် အဖြစ် ပေါ်ထွက်လာသည်။

          ၁၉၉၀ တွင် သူ့ပါတီကရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။စစ်တပ်ကို ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုဘဲနောင်တွင် The Lady အဖြစ် လူသိများလာမည့်
ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်အကျယ်ချုပ် ချထားလိုက် သည်။
အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများဖြင့် တုံ့ပြန်တိုက်ခိုက်လာသည်။တရုတ်အပါအ၀င် အာရှနိုင်ငံ အားလုံးက ထိုစီးပွားရေးပိတ်ဆို့မှုများကို လျစ်လျူရှု ခဲ့ရာက
မြန်မာနိုင်ငံအပေါ်တရုတ် သြဇာအကြီးမားဆုံးလွှမ်းမိုး စေသည့်အနေကို တွန်းပို့ခဲ့သည်။ယနေ့အချိန်တွင်မူ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးတုံ့ပြန်မှုများပေါ်ထွက်လာခဲ့သည်။

          "တရုတ်ဟာ အကျင့်ပျက် ယုတ်မာလွန်းတယ်"ဟု မြန်မာစီးပွားရေးသမားတစ်ဦးက ယခုနှစ်ဆန်းပိုင်းမှာပင် ထုတ်ပြောခဲ့ဖူးသည်။ မြန်မာ့သယံဇာတများကို တရုတ်များရယူပုံမှာ
သူခိုးများကဲ့သို့ပင် ဖြစ်နေသည်။ ၂၀၁၀တွင်  မြန်မာက အာဏာချိန်ခွင်လျှာ ထိန်းညှိရန် လိုလာပြီဟု ဆုံးဖြတ်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာက စပြီး ဒေါ်အောင်ဆန်းစုကြည်က အစပြု၍ နိုင်ငံရေး
အကျဉ်းသား များ အား စတင်လွှတ်ပေးခဲ့သည်။  ဖွဲ့စည်းပုံအသစ် ၊ ၎င်းနောက် ပါတီစုံရွေးကောက်ပွဲတို့ လိုက်ပါလာသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စစ်တပ်ကို အရပ်ဘက်က
လွှမ်းမိုးမှုကင်းနေပြီး တိုင်းရင်းသားတို့၏ အခွင့်အရေးကို ထည့်သွင်းထားခြင်း မရှိသည့် အချက်များကို အနောက်နိုင်ငံ အင်အားစုအချို့ကသာ သတိပြုမိခဲ့ကြသည်။ အမေရိကန်အစိုးရကလည်း
ဗမာမဟုတ်သော တိုင်းရင်းသားများ၏ အခွင့်အရေးကို လစ်လျူရှုခဲ့သည်။

ဥပမာအားဖြင့် ပင်တဂွန် က စစ်တပ်အချင်းချင်းကြား ဆက်သွယ်ဖလှယ်ရေးကိုစတင်နေသည်။ထိုစစ်တပ် သည် ဗမာကြီးစိုးထားသော စစ်တပ်ဖြစ်သည်။ စစ်တပ်သည်တိုင်းရင်းသား
အုပ်စုများအားလုံးကိုထည့်သွင်းမှု မရှိမချင်း မြန်မာသည် အောင်မြင်သော ၊ ပြည့်စုံသော နိုင်ငံတစ်ခုအဖြစ်သို့ ရောက်မလာနိုင်ပါ။ အလားတူပင် သမ္မတ အိုဘားမားနှင့်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ပြီးခဲ့သည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်စဉ်က ဗမာမဟုတ်သော တိုင်းရင်းသားခေါင်းဆောင်များနှင့်
တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပါ။ကြီးမားသော အခွင့်အရေး ဆုံးရှုံးမှု တစ်ရပ် ဖြစ်သည်။

(မှတ်ချက် - အိုဘားမား၏ ခြောက်နာရီကြာ မြန်မာခရီးစဉ်တွင် အလွှာပေါင်းစုံမှ ထင်ရှားသူများနှင့် တွေ့ဆုံရာ၌ SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ၊ ကရင်အမျိုးသမီးအဖွဲ့မှ ဒေါ်ဆူဆန်လှလှစိုး ၊
ကချင်အမျိုးသမီးအဖွဲ့မှ ဒေါ်မေစံပယ်ဖြူ တို့နှင့် တွေ့ဆုံခဲ့သည်။ ဟီလာရီ ကလင်တန် ၏ ခရီးစဉ်တွင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံခဲ့သည်။  - အယ်ဒီတာ )

တစ်ချိန်တည်းတွင် မြန်မာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ လုပ်ကိုင်သော အမေရိကန် စီးပွားရေးအဖွဲ့များကို တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်ရန်
တွန်းအားပေးမှုများ မတွေ့ရပါ။ သူတို့ကို ဒေသခံ ပြည်သူများ၏ ပိုင်ဆိုင်မှုအခွင့်အရေးကို လေးစားရန်၊ ဗမာများက ပိုင်ဆိုင်သည်ဟူသော ပြောဆိုချက်၏ နောက်ကွယ်တွင် ခိုမနေအောင်
တိုက်တွန်းမှုများ လုပ်သင့်သည်။ အထူးသဖြင့် မြေယာများကို ရယူသောအခါ မျှမျှတတ နစ်နာကြေးပေးမှု ရှိ/မရှိ သေချာအောင် စိစစ်စေသင့်သည်။

ပြီးခဲ့သည့်လက မြန်မာတိုင်းရင်းသားအဖွဲ့များအကြား လွတ်လပ်သောနယ်မြေဟု စီစဉ်သူများက ခေါ်ဆိုသည့် နေရာတွင် ညီလာခံ ကျင်းပခဲ့သည်။ ညီလာခံအပြီးတွင် လက်ရှိဖွဲ့စည်းပုံ
အခြေခံဥပဒေကို တစ်နိုင်ငံလုံးမှ အဖွဲ့ အစည်းများ ပါဝင်ရေးဆွဲမည့် ဖွဲ့စည်းပုံ နှင့် အစားထိုးရန် တောင်းဆိုခဲ့သည်။
တိုင်းရင်းသားအဖွဲ့များ၏ ပန်းတိုင်မှာ ကာလရှည်ကြာ ကတိပြုထားသော ပြည်ထောင်စုစနစ်နိုင်ငံကို ထူထောင်ရန်နှင့် ဗဟိုအစိုးရ ကို ပြည်ထောင်စုအခြေခံမူများဖြင့်
ပါဝင်ဖွဲ့စည်းရန်၊ စစ်တပ်ကို တိုင်းရင်းသားအားလုံး ပါဝင်သည့် တပ်အဖြစ် ဖွဲ့စည်းရန်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒီမိုကရက်တစ်အင်အားစုများနှင့် အစိုးရတို့အကြား
ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ကြားနေ ဒေသ တစ်ခုကိုရွေးပြီး နိုင်ငံတကာစောင့်ကြည့်လေ့လာသူများရှေ့တွင် ပြုလုပ်ရန် စသည်တို့ ပါဝင်သည်။

ယခုအချိန်သည် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာဖွံ့ဖြိုးမှုတွင် အသေအချာ လေ့လာသုံးသပ်ပြီး ပါဝင်သင့်သည့် အချိန် ဖြစ်နေပြီ။ အမေရိကန်သံတမန်များကို
ဗမာထိပ်သီးများကို တိုင်းရင်းသားအရေးကို အလေးအနက်ထား ကိုင်တွယ်ရန် တွန်းအား ပေးသင့်နေပြီ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုတို့တွင်
ပြုပြင်ပြောင်းလဲမှုမရှိဘဲ မြန်မာကို တရုတ် နိုင်ငံကို ဆွဲထုတ်၍ မရနိုင်ကြောင်း မြန်မာ ခေါင်းဆောင်များကို ပြောသင့်နေပြီ။ ၎င်းတို့ပြည်သူများအပေါ်ရက်စက်ကြမ်းကြုတ်မှုများ
ကျူးလွန်သည့် နိုင်ငံတစ်နိုင်ငံ နှင့်အနောက်နိုင်ငံ အစိုးရများက ဆက်လက်၍ ဆက်ဆံနေမည် မဟုတ်ပါ။ ပြည်တွင်းစစ်များ မငြိမ်သက်မှုများက မြန်မာနိုင်ငံကို ဆက်လက်ပြီးအားအင်
ချည့်နဲ့နေစေမည်လည်းဖြစ်သည်။

          တစ်ချိန်တည်းမှာပင် အနောက်ကုမ္ပဏီဝင်ရောက်ရင်းနှီးမြှပ်ခြင်းတစ်ခုတည်းဖြင့် တရုတ်၏စီးပွားရေးအာဏာ ကိုလျော့ချနိုင်မည် မဟုတ်ကြောင်းကိုလည်း ၀ါရှင်တန်အနေဖြင့်
ရှင်းလင်းသိသာရန် လိုအပ်ပေသည်။တိုင်းရင်းသား များအင်နှင့် အားနှင့် အရေးကြီးသည့် စီးပွားရေးအခန်း ကဏ္ဍများတွင် ပါဝင်လာမှုကို အမေရိကန်ကကြိုဆိုသင့်သည်။ လက်ရှိတွင်
သူတို့ထဲက အများအပြားကို အမေရိကန်က လိုလိုလားလားဆက်ဆံမှု မရှိပါ။

          ဥပမာအားဖြင့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ် နှင့် ကုမ္ပဏီ(၁၀၀)ခန့်ကို နာမည်ပျက်စာရင်း သွင်းပြီး ယခင်အာဏာရှင် အစိုးရနှင့် ပူးပေါင်းခဲ့ကြသူ ခရိုနီများဟု
သတ်မှတ်သည်။အချို့မှာ အမှန်တကယ်ပင် ဘိန်းဖြူ ကုန်ကူးသူများ နှင့် လူကုန်ကူးသူများဖြစ်ကြသည်။သို့သော်အချို့မှာ တိုင်းပြည်၏ စီးပွားရေးကို လုံးဝချုပ်ကိုင်ထားခဲ့ သောအစိုးရ
နှင့်စီးပွားရေး ပူးပေါင်းလုပ်ကိုင်ခဲ့သူများသာဖြစ်သည်။

        မြန်မာနိုင်ငံ၏ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးတေဇသည် ဟိုတယ်များ၊လေယာဉ်များ၊သတ္ထုတွင်းများ၊စိုက် ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သူ ဗမာတစ်ဦးဖြစ်သည်။မြန်မာနိုင်ငံ၏
ပထမဆုံး ဘီလီယံနာဟု ခေါ်ကြပြီး လူပေါင်း(၄၀၀၀၀)ကို အလုပ်ခန့်ထားလုပ်ကိုင်စေသည်။ စစ်ခေါင်းဆောင်များကို နာမည်ပျက်စာရင်းမှ ပယ်ဖျက် ပြီးသည့်နောက်
ယင်းစစ်ခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ဆောင်ခဲ့သော ဦးတေဇ လို၊ ဦးဇော်ဇော် လို၊ ကျန်စီးပွားရေး သမားလိုသူများကို နာမည်ပျက်စာရင်းထဲ ဆက်လက်ထားရှိခြင်း၊ ၎င်းတို့နှင့်
တွဲဖက်လုပ်ကိုင်နိုင်ခြင်း စသည်တို့မှာ သိပ်အဓိပ္ပါယ်မရှိလှပါ။

          အနောက်အတွက် အောင်မြင်မှုမှာ မြန်မာကို တရုတ်မှ ခွဲထုတ်နိုင်ခြင်း ပါဝင်သည်။ ကမ္ဘာတွင် အရေးကြီး လှသည့်၊ အရေးပါလှသည့်၊ ဗျူဟာကျသည့် နေရာတွင်ရှိသော
မြန်မာသည် အထီးကျန် အပယ်ခံအဆင့်မှ နိုင်ငံတကာ က တိုင်းပြည်၏ အခြေခံအဆောက်အအုံတွင် ဝင်ရောက်ရင်းနှီးနိုင်သည့် အဆင့်သို့ ရောက်လာသည်။ နှစ်အနည်းငယ်
အတွင်း မြန်မာသည် တရုတ်တောင်ပိုင်းနှင့် ကျန်ကမ္ဘာ့နေရာများသို့ ဆက်သွယ်ကူးသန်းနိုင်သော ကုန်စည် လမ်းကြောင်းများဖြင့် ဖွံ့ဖြိုးတိုးတက်လာနိုင်သည်။ မလက္ကာရေလက်ကြားနှင့်
စင်္ကာပူတို့ကို ကုန်းလမ်းမှသွားလာနိုင်ရန် လမ်းဖွင့်ပေးနိုင်ပြီး ရေလက်ကြား၏ ပင်လယ်ဓားပြများ ပြည့်နှက်နေသော အရှေ့ဘက်ကမ်းကို ရှောင်ရှားနိုင်ကြမည် ဆိုလျှင်လည်း သူတို့အတွက်
အလွန်ပင် အရေးပါလှပေမည်။

          မြန်မာနိုင်ငံအနေအထားသည် လွန်ခဲ့သော(၂၅)နှစ်ခန့်က တောင်အာဖရိက အနေအထားနှင့် အလားသဏ္ဍာန် တူပေသည်။ ယနေ့တောင်အာဖရိကသည်
ငြိမ်းချမ်းမှုများ ရရှိနေပေသည်။ ယင်းအတွက် အဓိကသော့ချက်မှာ ပြိုင်ဘက် လူများစုအကြား အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ နိုင်ငံ၏ အဓိကစီးပွားရေး
လုပ်ငန်းရှင်များကိုဆက်လက်ထားရှိလုပ်ကိုင်စေခြင်းဟူသည့်လက်တွေ့ကျသည့်ပကတိအခြေအနေကိုလက်ခံခြင်းဖြစ်သည်။၎င်းတို့ကိုအောင်မြင်စွာဆောင်ကြဉ်းပေးနိုင်ခဲ့သူတောင်အာဖရိကခေါင်းဆောင်
နယ်လ်ဆင်မန်ဒဲလား၏ကျန်းမာရေးအတွက်ယခုအချိန်တွင်တစ်ကမ္ဘာလုံးက ဆုတောင်းပေးနေကြသည်။ မြန်မာနိုင်ငံမှ ထိပ်သီးများကလည်း မန်ဒဲလား ၏ အောင်မြင်မှုကို အတုယူသင့်လှပေသည်။ 

အလားတူပင် အမေရိကန်မူဝါဒချမှတ်သူများကလည်း အတုယူသင့်ပါသည်။ (ဆောင်းပါရှင် စတန်လေဂိုက်စ် သည် BENS ကို တည်ထောင်သူဖြစ်ပြီး သတ္တုတွင်းထုတ်လုပ်ရေးကုမ္ပဏီ
ဥက္ကဋ္ဌလည်း ဖြစ်သည်။ ဝါရှင်တန်အခြေစိုက် BENS သည် စီးပွားရေးအကြံပေးအဖွဲ့ဖြစ်ကာ အမေရိကန်အစိုးရ၏ နိုင်ငံတော် လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကိုလေ့လာ
သုံးသပ် အကြံပြုနေသည်။

ဤဆောင်းပါးကို Forbes မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပြီး ခင်မေဇော် (ဝါရှင်တန်ဒီစီ) ဘာသာပြန်ဆိုသည်။ ဆောင်းပါးအကြောင်းအရာများမှာ စတန်လေဂိုက်စ်၏
အာဘော်သာ ဖြစ်ပါသည်)


Credit: 7Day News
 
Source:


What Myanmar Must Do To Free Itself Of China
By Stanley Weiss
Once a closed society, Myanmar, previously known as Burma, has emerged since 2010 as one of the world’s democratic hopes. But amidst the euphoria surrounding a seemingly miraculous transformation, American policy makers have missed one essential fact: Myanmar functions as at least five countries struggling to escape overlordship of a sixth. National reconciliation is Myanmar’s greatest need and should be, with an eye toward China, America’s Myanmar policy’s highest priority.
Ethnic Baman or Burmans make up the majority of the country’s 60 million people. Buddhists of the central lowlands, Burmans dominate the government, economy and army. Other significant ethnic groups include the Kachin (who are Christians) bordering China; the Shan (Buddhists) bordering China, Laos and Thailand; the Karen (Christians and Buddhists) bordering Thailand; the Chin (Christians and Buddhists) bordering India; and Muslims bordering the Bay of Bengal and Bangladesh.

The struggle of non-Burmans for an equal place in the country and the opposition of ethnic Burmans is the story of modern Myanmar. Here is the chronology.
In 1947, just before British rule ended, non-Burmans were promised a federal system with strong provincial governments, much like Canada or Switzerland. Once in power, the Burman-dominated state reneged. Armed rebellions, some still ongoing, followed.

In 1962, with a constitutional convention poised to institute equal representation in a national assembly, the Burman-dominated army staged a coup. For the next fifty years, Myanmar stagnated under brutal, repressive and corrupt generals whose tactics included mass rape and ethnic cleansing.
Beginning with the so-called 8888 (for August 8, 1988) strikes and demonstrations that included both Burmans and non-Burmans, a pro-democracy movement arose across the country. Aung San Suu Kyi, daughter of the country’s founding hero, emerged as its leader.

In 1990, her party won a new round of elections. The military nullified the vote and placed The Lady, as she came to be known, under house arrest. The West retaliated with economic sanctions.  China, indeed all Asian countries, ignored the sanctions, leading to the rise of China as a major influence in Myanmar — and a later reaction against China that is the shaping force in the country today.

“China is corrupt and rotten to the core,” one Myanmar businessman told me earlier this year. The Chinese have taken Myanmar’s resources on terms approaching theft. By 2010, Myanmar’s rulers were convinced that they needed an offsetting great-power relationship. So beginning with Aung San Suu Kyi in November that year, they began freeing political prisoners. A new constitution followed, as did multi-party elections early last year. But few in the West noticed that the constitution left the military free of civilian control and did not mention ethnic group rights. Instead, the U.S. government ignored the non-Burman ethnic groups.

For example, the Pentagon established military to military exchanges with the Burman-dominated army. Yet unless and until the military includes all ethnic groups, Myanmar can never be a viable nation.  Similarly, when President Barack Obama and Secretary of State Hillary Clinton visited Myanmar in the past two years, neither met with members of the non-Burman leadership, a major lost opportunity.

Meanwhile, U.S. corporations doing business in Myanmar have not been encouraged to engage with non-Burman ethnic leaders. They should be pressed to respect the property rights of local people, not hide behind Burman claims of eminent domain. In particular, they should make sure that just compensation is given when land is taken.

In the past month, a conference among many of the country’s ethnic groups convened in what organizers called “the liberated area.”  The conference’s closing statement called for replacing the current constitution with one that a broad cross section of national groups would draft.  The non-Burmans’ goals included establishing the long promised federated state and a national government that incorporated federal principals, a defense force made up of all ethnicities and a peace negotiation among “the ethnic forces, the democratic forces and the government” to be held in a neutral place in the presence of international observers.

It is time for the United States to play a more informed role in Myanmar’s development.  American diplomats should encourage the Burman elite to engage seriously with the ethnicities.  They should impress upon the Burman leadership that it will be all but impossible to achieve the great goal of pulling away from China without political and humanitarian reform. Western governments will not remain engaged with a country that commits atrocities against its own peoples. Internal strife will keep Myanmar in a perpetual state of weakness.

Meanwhile, Washington needs to realize that reducing China’s economic hold on the country will require more than encouraging western corporations to invest. The United States should welcome the role of strong indigenous economic players. At the moment, it treats many of them with hostility.
For example, in Myanmar, the State Department has blacklisted about 100 individuals and companies it considers “cronies” of the old regime. Some are truly bad actors: heroin dealers and human traffickers. Others are only guilty of doing business with their country’s government when it exercised absolute control over the economy.

One of Myanmar’s leading businessmen is Tay Za, a Burman with hotel, aviation, mining and agricultural operations. Called the country’s first billionaire, he employs about 40,000 people. What sense does it make to keep this man on the blacklist after we have struck from that same blacklist the military figures with whom he did business?

Consider our 19th Century Robber Barons. What would Americans have thought if foreign governments had declared them beyond the worldwide pale? How can we preach reconciliation in Myanmar when we show no willingness to reconcile with Tay Za, his brother crony Zaw Zaw and others who are similarly clean?

For the West, much rides on the success of Myanmar’s move away from China. Occupying one of the world’s most strategically significant locations, the end of Myanmar’s pariah status is making possible previously inconceivable international investment in the country’s infrastructure. Within a few years, Myanmar could become a thriving cargo corridor linking southern China and, via new roads and upgraded ports, the rest of the world. Equally significant, it could provide an overland alternative to the Straits of Malacca and Singapore, allowing shippers to by-pass the Straits’ pirate-infested eastern approaches. Its oil and gas and other mineral potential is just beginning to be developed.

Myanmar’s challenge is similar to South Africa’s a quarter century ago. Today South Africa is at peace with itself. The key was reconciliation among rival racial groups and a large dose of realism about keeping the nation’s major economic players engaged. The world prays for the return to full health of the father of that achievement – Nelson Mandela – as he convalesces in a Pretoria hospital. Myanmar’s Burman elite might ponder the lesson of Mandela’s triumph. America’s policy makers should as well.

Stanley Weiss, a global mining executive and founder of Washington-based BENS, has been widely published on domestic and international issues for four decades.