10.9.13

ခရမ်းပင် အမျိုးမျိုး

စားသောက်လို့ ရတဲ့ အပင်တွေ အကြောင်းမရေးဖြစ်တာ ကြာပြီဆိုတော့ ...ဒီတစ်ခါတော့ ခရမ်းပင်အ
ကြောင်း ကို ပြောပြမယ်နော်...။ ခရမ်းပင်က သုံးမျိုးလောက်ရှိတယ်ဗျ...။
-ရိုးရိုးခရမ်းပင်
-ခရမ်းကျွတ်ပင်
-ခရမ်းကသော့ပင် ဆိုပြီးပေါ့...။

ရိုးရိုးခရမ်းပင်ကိုတော့ ကျွန်တော်တို့ ဒေသမှာ ပေါပါတယ်...။ အဲဒီ ရိုးရိုးခရမ်းပင် ကိုမှ အမျိုးအစားတွေ
ထပ်ခွဲလို့ ရပါတယ်...။ ဆင်စွယ်ပင်(အဖြူ)၊ ခရမ်းရှည်သီးပင်၊ ခရမ်းသီး အစိမ်းပင်၊ရိုးရိုးအပင် ဆိုပြီးပေါ့။



ခရမ်းရှည်သီးပင်

ရိုးရိုးခရမ်းသီး

ကျွန်တော်တို့ ဒေသမှာတော့ ရိုးရိုးအပင်ကိုပဲ စိုက်တာ များပါတယ်...။ ဆင်စွယ်ပင် နဲ့ ခရမ်းရှည်သီးပင်
က မျိုးမသန့်မှ ပါတတ်တာပါ...။ ခရမ်းသီးက အမျိုးမျိုးလုပ်စားလို့ရတယ်နော်...။
-ခရမ်းသီး မီးဖုတ်ပြီး သုပ်
-ခရမ်းသီးကို အချဉ်တည်ပြီးသုပ်
-ခရမ်းသီး ဆီပြန်ချက်(ပုစွန်ခြောက်လေးနဲ့ပေါ့)
-ခရမ်းသီးကို အခြောက်လှန်းထားပြီးသားကို မိုးရာသီရောက်မှ ချက်စားခြင်း
-ခရမ်းသီးကို သီးစုံချဉ်ရည် ချက်သောက်ခြင်း
စတဲ့ဟာတွေ ချက်စားလို့ ရတယ်လေ...။

ခရမ်းသီးစိမ်း

ခရမ်းသီးဆင်စွယ်(အဖြူသီး)

အိမ်မှာ ခရမ်းသီးချက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ မောင်နှမတစ်တွေ ခရမ်းသီးရိုးကို လုစားကြတာေ
လ...။ ခရမ်းသီးအရိုးပေါ်က အခွံလေးက အရမ်းစားလို့ကောင်းပါတယ်...။ ခရမ်းသီး မီးဖုတ်ကိုလည်း
ကြိုက်တာပဲ...။ ခရမ်းသီး အချဉ်တည်ပြီးသားကလည်း စားလို့ ကောင်းပြန်တာပဲ...။ ခရမ်းသီး ဆီပြန်
ချက်ကိုလည်း ကြိုက်တယ်...။ ခရမ်းသီးချက်ဆိုရင် အကုန်ကြိုက်ပါတယ်....။

ခရမ်းကသော့အပင်နှင့် အသီး

ခရမ်းကသော့သီးကိုတော့ လူတိုင်းသိမယ်ထင်ပါတယ်...။ သူက အလုံးသေးသေးလေးတွေလေ...ငါးပ
ချက်နဲ့ တို့စားရင် အရမ်းကောင်းပါတယ်...။ မြန်မာပြည်တုန်းက ကျွန်တော့်သူငယ်ချင်း အဆောင်ရဲ့ ရှေ့
မှာ ခရမ်းကသော့ပင် တစ်ပင်ရှိပါတယ်...။ ငါးပိချက် ချက်လို့ စားချင်ပြီဆို သွားခူးပြီး တို့စားလိုက်တာ
ပါပဲ...။ ခရမ်းကသော့ပင်က အလေ့ကျ ပေါက်တဲ့ အပင်မျိုးပါ...။

ခရမ်းကျွတ်သီး

ခရမ်းကျွတ်ပင်ကတော့ ခရမ်းပင် အတိုင်းပါပဲ...။ကွာတာက အသီးပုံစံပါပဲ... ။ ခရမ်းကျွတ်သီးက ငယ်င
ယ်ဝိုင်းဝိုင်းလေးကိုမှ ဘေးက အစင်းကြောင်းလေးတွေနဲ့ပါ...။ အဲဒီ အသီးကလည်း ငါးပိချက်နဲ့ တို့စား
ရင် အရမ်းကောင်းပါတယ်...။

အဲဒီ ဟာတွေကတော့ ခရမ်းသီး အမျိုးမျိုး အကြောင်းပါပဲ... ဘာအသီးပဲ ဖြစ်ဖြစ် ခရမ်းသီးက စားလို့ေ
ကာင်းတယ်နော်...။ ကျွန်တော်ကတော့ အကုန်ကြိုက်....

ရာဇာ(ကျေးလက်သားလေး)

0 comments:

Post a Comment