ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.4.13

ပီရူးတွင် ပြင်သစ်ရေနံကုမ္ပဏီပိုင် ရဟတ်ယာဉ်ပျက်မှု လူ ၁၃ ဦးသေဆုံး


၈.၄.၂၀၁၃၊ တနင်္လာနေ့
 

ပီရူးနိုင်ငံတွင် ရေနံကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်း ပျက်ကျရာ လူ(၁၃)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ ပီရူးနိုင်ငံသား (၁၃)ဦးစလုံး သေဆုံးကြောင်း ယခုရဟတ်ယာဉ်ကို ပိုင်ဆိုင်သည့် ပြင်သစ် ရေနံကုမ္ပဏီ Perenco က Reutersသို့ အတည်ပြု ပြောကြားခဲ့သည်။

သေဆုံးသူများအနက် Perenco ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦး၊ အခြားကုမ္ပဏီများမှ ကိုယ်စားလှယ်အဖြစ် စေလွှတ်သော ကန်ထရိုက်တာ (၃)ဦးတို့လည်း ပါဝင်ကြောင်း သိရှိရသည်။

Perencoက ပီရူးနိုင်ငံ မြောက်ပိုင်းရှိ တောတောင်ထူထပ်သော ဒေသတွင် ရဟတ်ယာဉ် မတော်တဆ ပျက်ကျမှု ဖြစ်ပွားကြောင်း ဝန်ခံခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ မတွေ့ရကြောင်း ပြောကြားခဲ့သည်။ ပီရူးအစိုးရ တာဝန်ရှိသူ တစ်ဦးကလည်း အသေအပျောက် အရေအတွက်ကို ကုမ္ပဏီက မကြေညာမီ (၁၃)ဦးဟု အတည်ပြုထားခဲ့သည်။ အဆိုပါ ရဟတ်ယာဉ်သည် အီကွေဒေါနှင့် နယ်နိမိတ်အနီး လိုရန်တိုတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ 

ထိုဒေသတွင် လူနေကျဲပါးပြီး တောထူထပ်လျှက် ရှိနေသည်။ ယင်းလေယာဉ်သည် တောအုပ်နှင့် နီးစပ်သည့် အီကွီတော့စ်မြို့မှ စတင်ပျံသန်းလာကာ ကုမ္ပဏီပိုင် ရေနံကျင်း Block 67သို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။ 

ရဟတ်ယာဉ်ပေါ်တွင် ခရီးသည် (၉)ဦးနှင့် ရဟတ်ယာဉ်ဝန်ထမ်း (၄)ဦး လိုက်ပါလာကြသည်။ပီရူးစစ်တပ်သည် အဆိုပါ ရှာဖွေကယ်ဆယ်ရေး ကဏ္ဍတွင် ပူးပေါင်းခဲ့ပြီး ရဟတ်ယာဉ် နှစ်စင်းကို အသုံးပြုကာ ပျက်ကျ
ရာနေရာ အနီးတဝိုက်ကို စုံစမ်းမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ 



Planet Myanmar Network

သံပုရာရည်၏အကျိုးကျေးဇူး


၈.၄.၂၀၁၃၊ တနင်္လာနေ့


အေးမြတဲ့ သံပရာရည်ကို သောက်တာကြောင့် အရသာကိုတိုးစေတဲ့အပြင် ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူး အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်ပါတယ်။

- ရေဓာတ်ခန်းခြောက်မှုကို လျော့ကျစေတယ်။
- အသည်းကို သန့်စင်ပေးတယ်။ အစာကြေညက်စေတယ်။
- ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) ကို အားကောင်းစေပါတယ်။

ဒီလို အကျိုးကျေးဇူးတွေအပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရရှိတာက သံပရာသီးမှာ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဗီတာမင်စီဟာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်ပြီး အစွမ်းထက် အင်တီအောက်ဆီးဒင့်တစ်မျိုးလည်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်ရှိ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်တဲ့ အဆိပ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကောင်းစေပြီး သွေးတိုးကို ကျစေပါတယ်။

သံပရာသီးမှာ ဗီတာမင်အပြင် ဗီတာမင် အေ၊ ရက်တီနော်၊ ကယ်ရိုတင်း၊ ဘီတာခရစ်ပတိုဇန်သင်း၊ လူတင်၊ ဇီဇန်သင်း၊ ဖောလိတ်၊ ကိုလင်းစတဲ့ဓာတ်တွေနဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စ်ဖရပ်စ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို သတ္တုဓာတ်တွေလည်း ပါဝင်နေပါတယ်။

ဖုန်း မျက်နှာပြင်အား ပွတ်ဆွဲပြီး သော့ဖွင့်သည့် လုပ်ဆောင်ချက်နှင့် ပတ်သက်၍ Apple အား ဂျာမနီတွင် တရားစွဲ


၈.၄.၂၀၁၃၊ တနင်္လာနေ့
 

ကမ္ဘာကျော် စမတ်ဖုန်း ကုမ္ပဏီဖြစ်သည့် Apple ကုမ္ပဏီမှ ထုတ်လုပ်သည့် Apple ဖုန်းများ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်သည့် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်အား ဖျက်ပေးရန် ဂျာမနီ နိုင်ငံ၏ မူပိုင်ခွင့် တရားရုံးမှ အမိန့် ချမှတ်လိုက်သည်။

Apple ကုမ္ပဏီ၏ စမတ်ဖုန်းများတွင် ဖုန်းမျက်နှာပြင်အား ပွတ်ဆွဲခြင်းဖြင့် သော့ဖွင့်သည့် လုပ်ဆောင်ချက်ကို ထည့်သွင်း အသုံးပြုထားခြင်းကို မူပိုင်ခွင့် ချိုးဖောက်မှုဖြင့် Motorola ကုမ္ပဏီနှင့် Samsung ကုမ္ပဏီတို့မှ ဂျာမနီ နိုင်ငံ တရားရုံးတွင် တရားစွဲဆိုထားရာ Apple ကုမ္ပဏီမှ ပြန်လည် အယူခံဝင် ထားကြောင်း သိရှိရသည်။ ရေပြင်ညီအလိုက် လက်ကိုအသုံးပြု၍ လုပ်ဆောင်ရသည့် နည်းပညာသည် အသစ် တီထွင်ထားခြင်း မဟုတ်ဟု ယူဆထားသည့် အတွက် ဥရောပသမဂ္ဂ စံနှုန်း ၊ မူပိုင်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှု မရှိကြောင်း ဂျာမနီနိုင်ငံ ဗဟိုမူပိုင်ခွင့် တရားရုံးမှ မှတ်ချက်ချထားသည်။ Apple ကုမ္ပဏီမှမူ အဆိုပါ လုပ်ဆောင်ချက်သည် စမတ်ဖုန်း အသုံးပြုသူများ ပိုမို လွယ်ကူစေရန် အသုံးပြုထားသည့် ရည်ရွယ်ချက်သာ ရှိပြီး တိကျသည့် နည်းပညာ ပြဿနာကို ဖြေရှင်းထားခြင်း မဟုတ်ပါဟု အယူခံဝင်ထားသည်။