ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.10.14

“ မြိုင်” သီလရှင်သင်ပညာရေးကျောင်းသို့ သိန်း(၃၀)ကျော် ထူးဖောင်ဒေးရှင်းမှ လှူဒါန်းမှုပြုလုပ်ခဲ့






ထူးဖောင်ဒေးရှင်းသည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၇)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် တည်ရှိသော “ မြိုင်” သီလရှင်သင် ပညာရေးကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများနှင့် မယ်သီလရှင်လေးများအတွက် ယနေ့၊အောက်တိုဘာ(၃) ရက်နေ့တွင် န၀ကမ္မလှူဒါန်းငွေအပါအ၀င် သိန်း(၃၀)ကျော်ခန့် တန်ဖိုးရှိ အလှူပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါသည်။
အဆိုပါ ပရဟိတကျောင်းတွင် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားနေသော မယ်သီလရှင်လေးများနှင့် ကိုရင်များအပါအ၀င် ကျောင်းသူ၊ကျောင်းသား စုစုပေါင်း (၁၀၄၈)ဦးရှိကြောင်း သိရှိရပါသည်။
ထူးဖောင်ဒေးရှင်းသည် ကျောင်းရှိပညာသင်ကြားနေသော ကျောင်းသူကျောင်းသားများ အတွက် နေ့လည်စာ၊ မယ်သီလရှင်လေးများအတွက် နေ့ဆွမ်း နှင့် အချိုရည်များ လှူဒါန်းခဲ့ပါသည်။
ထို့နောက်ထူးဖောင်ဒေးရှင်းသည် ကျောင်းသူ၊ကျောင်းသားများ၊ ကိုရင် နှင့် မယ်သီလရှင်လေးများအတွက် စာရေးကိရိယာများနှင့်မုန့်များကို လှူဒါန်းခဲ့ပါသည်။ ထို့ပြင်“မြိုင်” ပရဟိတစာသင်ကျောင်းအတွက် လှူဒါန်းငွေ (၅) သိန်းကို န၀ကမ္မလှူဒါန်းငွေ အဖြစ် ဦးဆောင်စီမံသည့် သီလရှင်ဆရာလေးထံ ပေးအပ်လှူဒါန်းခဲ့သည်။
ယနေ့ထူးဖောင်းဒေးရှင်း၏ စုစုပေါင်းလှူဒါန်းငွေမှာ (၃၀,၂၂၀၀၀) ကျပ်ဖြစ်ပြီး ယင်းလှူဒါန်းမှုအား အများပြည်သူတို့ သာဓုခေါ်ဆို ၀မ်းမြောက်နိုင်ရန် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။
ထူးဖောင်ဒေးရှင်းသည် ပြီးခဲ့သော သြဂုတ်လ ၃၁ ရက်နေ့က ခါကာဘိုရာဇီ တောင်တက်ရင်း ပျောက်ဆုံးသွားသည့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောက်တက်သမား(၂)ဦးကို လူသားချင်း စာနာမှုဖြင့် ရှာဖွေကယ်ဆယ်ရန် ကြိုးစားခဲ့ပါသည်။ ယင်းရှာဖွေကယ်ဆယ်ရေး လှုပ်ရှားမှု အတွင်း ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေး အတွက် ဌားရမ်းထားသည့် B4 ရဟတ်ယာဉ်မှာ လည်း မြေပြင်ကွပ်ကဲရေးနှင့် ထပ်မံ၍ အဆက်အသွယ်ပြတ်တောက်ခဲ့ပြန်သည်။
ထူးဖောင်ဒေးရှင်း၏ ယနေ့ ပြုလုပ်အပ်ပါသော လှူဒါန်းမှု ကုသိုလ်ကြောင့် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ ကိုယ်တိုင် ဦးစီးပြီး ရှာဖွေနေသော ကယ်ဆယ်ရေး လုပ်ငန်းများ အောင်မြင်ပါစေကြောင်း မေတ္တာပို့ ဆုတောင်းအပ်ပါသည်။ ထို့ပြင် တောက်တက်သမားနှစ်ဦးဖြစ်သော ကိုဝေယံမင်းသူ၊ ကိုအောင်မြင့်မြတ်နှင့် B4 ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါသွားသော ထိုင်းနိုင်ငံသား ရဟတ်ယာဉ်မှူး Capt Chatchawal ၊ ထူးကုမ္ပဏီမှ Capt. အောင်မြတ်တိုးနှင့် ရွှေရင်တော်ကြီး တို့ ဘေးမသီ ရန်မခ ပါစေကြောင်းလည်း ဆုတောင်းအပ်ပါသည်။

Htoo Foundation

အစိုးရနှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တိုက်ပွဲပြင်းထန်


ရှမ်းပြည်နယ် ကျေးသီးမြို့နယ် တာဖာဆောင်ဒေသမှာ   ရှမ်းပြည်တပ်မတော်မြောက်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ  (SSA/SSPP)  လက်အောက်ခံ တပ်တွေနဲ့  အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

ဒီကနေ့မနက် အစောပိုင်း ၅ နာရီခွဲလောက် ကစတင်ပြီး တိုက်ပွဲတွေ အနည်းဆုံး ၅ ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက် ပိုင်း ပြောခွင့်ရ  ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဒီဗွီဘီကိုပြောပါတယ်။

အစိုးရလက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဖြစ်တဲ့  ခလရ -၂၄၇၊ ခလရ -၂၄၈ စတဲ့တပ်ဖွဲ့တွေ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း ၅၂၃ တို့က တပ်ဖွဲ့တွေ စုစုပေါင်း တပ်ရင်းတပ်ဖွဲ့ ၈ ခုလောက်နဲ့ လာရောက်တိုက်ခိုက်တာလို့ ဗိုလ်မှူး ခွန်ဆိုင်းက ပြောပါတယ်။

“ဒီနေ့မနက် ၅ နာရီ ၄၅ မိနစ်အချိန်မှာ အစိုးရ စစ်တပ်က ရှမ်းပြည်တိုးတက်ရေး ပါတီ (ရှမ်းပြည်တပ်မတော်)ရဲ့ တောတွင်းစခန်းတွေဖြစ်တဲ့ တာဖာဆောင်စခန်းအပါအ၀င် စခန်း ၂ ခုကို ၀င်တိုက်တယ်။ ၇ နာရီခွဲအချိန်မှာ စခန်း ၃ ခုကို ၀င်တိုက်တယ်။ အခုထက် ကြိုးကြားကြိုးကြား တိုက်ပွဲတွေဖြစ်နေတယ်။ ပြင်းပြင်းထန်ထန် သူတပြန်ကိုယ်တပြန် ဖြစ်နေတာက တာဖာဆောင်။”

တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ ရှိနိုင်ပေမယ့် ကျဆုံးဒဏ်ရာရစာရင်းကိုတော့ မသိရသေးဘူးလို့ ရှမ်းလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်တွေဘက်ကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းလို့ မရသေးပါဘူး။

ဖာဆောင်ဒေသကနေ ရှမ်းပြည်မြောက်ပိုင်းတပ်တွေ ဆုတ်ခွာပေးဖို့  အစိုးရက ညွှန်ကြားထားတာ ဖြစ်ပြီး  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့က ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ နယ်မြေဖြစ်တဲ့အတွက် ဆုတ်မပေးနိုင်ကြောင်း  ပြီးခဲ့တဲ့ ဇူလိုင်လက   အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ  တွေ့ဆုံစဉ်ပြောကြားထားပြီး ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဆိုင်ကတော့ အစိုးအနေနဲ့ ငြိမ်းချမ်းရေးမလိုချင်တာကြောင့် ခုလို တိုက်ခိုက်တာ ဖြစ်တယ်လို့ ထင်မြင်တဲ့အကြောင်း  ဒီဗွီဘီကို ခုလိုပြောပါတယ်။

“စတိုက်တဲ့သဘောမဟုတ်ဘူး။ စကို တိုက်တာ။ သူတို့က ငြိမ်းချမ်းရေး မလိုချင်လို့ လာတိုက်ပေါ့။ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်နေတယ်၊ စိတ်ရှည်ရှည်ထားတယ်။ ဆုတ်ပေး ဆုတ်ပေးတယ်။ အခုက အကြောင်းရှာပြီး ပြဿ     နာ ရှာတာလေ။ ကျနော်တို့က ပြောတယ် ဒီမီး ကျနော်တို့က စမွှေးတာ မဟုတ်ဘူး။ ခင်ဗျားတို့က မွှေးတော့ ခင်ဗျားတို့က ဂုဏ်သိက္ခာရှိရှိနဲ့ ခင်ဗျားတို့ ဆုတ်ပေးပါ။ အဲဒါပြီးရင် ကျနော်တို့ မဆုတ်ရင် ခင်ဗျားတို့ ပြောပါ။ ဆုတ်မဆုတ်။ ပြောရင်ရတယ်။”

ကျေးသီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေတုန်းကလည်း အစိုးရတပ်တွေနဲ့ ရှမ်းလက်နက်ကိုင်တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပြီး ရာနဲ့ချီတဲ့ ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးရင်း နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေခဲ့ကြရဖူးပါ တယ်။

DVB

ညီဖြစ်သူလည်း သမ္မတ ရွေးကောက်ပွဲဝင်နိုင်သည်ဟု ဘုရှ် အရိပ်အမြွတ်ပြော



အမေရိကန် သမ္မတဟောင်း ဂျော့ဂ်ျဒဗလျူဘုရှ်က ၄င်း၏ ညီဖြစ်သူ ဂျက်ဘုရှ်သည်လည်း သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရှိနေကြောင်း အောက်တိုဘာ ၂ ရက်က အရိပ်အမြွတ်ပြောကြားခဲ့သည်။
သို့သော်လည်း ယတိပြတ် မဆုံးဖြတ်ရသေးဟု ဆိုသည်။
"သူ (ဂျက်ဘုရှ်) က သမ္မတဖြစ်ချင်တယ်လိုပ ထင်တယ်။ သူဟာ ကြီးကျယ်တဲ့ သမ္မတတစ်ဦး ဖြစ်လာလိမ့်မယ် ထင်တယ်" ဟု သမ္မတ ဟောင်းက Fox News သတင်းဌာနသို့ ပြောကြားခဲ့သည်။

Ref: Xinhua

သူနဲ့ပဲ လက်တွဲသွားတော့မယ်ဆိုတာ သေချာသွားစေတဲ့ အချက်များ


ချစ်သူဖြစ်နေစေဦးတော့။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ၊ ငြင်းခုန်ရန်ဖြစ်ရတာ၊ ဘာမဟုတ်တာလေးတွေနဲ့ သဘောထားမတိုက်ဆိုင်မှုကိစ္စတွေ ခဏခဏ ဖြေရှင်းရတယ်ဆိုရင် သင်ဟာ သင့်အချစ်ရေးကို စိတ်ကုန်လာမှာပါ။ အဲ့ဒီလိုမှ မဟုတ်ပဲ သင့်အချစ်ရေးအတွက် သင်ဟာ သူ့ကိုသာ အဆုံးထိ လက်တွဲဖို့တောင် သေချာနေပြီဆိုရင်တော့ ဒီလိုအချက်ကလေးတွေကြောင့် ဖြစ်ပါလိမ့်မယ်။

၁။နှစ်ဦးသားအကြိုက်တူတာလေးတွေ ဝေမျှတတ်ကြတယ်။

ကိုယ်ဝါသနာပါတဲ့ အားကစား၊ ကိုယ်ကြိုက်တဲ့သီချင်းအမျိုးအစား၊ ကိုယ်ဖတ်တဲ့စာအုပ်မျိုးစတာတွေကို သူနဲ့အတူ အမြဲဝေမျှတတ်တယ်။ သူ့အကြိုက်ကိုလည်း ကိုယ်ကအလေးထားတတ်တယ်ဆိုရင် ဒါဟာရေရှည်သွားမယ့်အတွဲတွေရဲ့ ပုံစံပါပဲ။

၂။သူကြိုက်တာတွေ ကိုယ်လိုက်မကြိုက်နိုင်လည်း ကိစ္စမရှိဘူး။

ကိုယ်ကြိုက်တာ သူမကြိုက်လို့ သူကရော၊ သင်ကပါ စိတ်ဆိုးတာမျိုးတွေ မရှိဘူး။ ပြသနာမဖြစ်ဘူး။ လက်ခံနားလည်ပေးတတ်တာမျိုးကလည်း နှစ်ဦးသားမြဲစေမယ့် အချက်ပါပဲ။

၃။ဘယ်သူ့ကိုမှ မပြောဖူးတဲ့ သင့်လျှို့ဝှက်ချက်တွေ သူ့ကိုပြောပြတတ်တယ်။

အရင်တုန်းက ထားခဲ့၊ တွဲခဲ့ဖူးတဲ့ ချစ်သူရည်းစားတွေကို သင်တစ်ခါမှ မပြောပြဖြစ်ခဲ့တဲ့ သင့်ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို သူကို အကုန်ဖွင့်ဟဖြစ်တယ်ဆိုတာ သူ့ကိုသင်ဘယ်လောက်ယုံကြည်နေတယ်ဆိုတာ ပြသလိုက်တာပါပဲ။

၎။အချိန်တိုင်းလိုလို သူ့လက်ကလည်း ကိုယ့်ဆီမှာ၊ ကိုယ်လက်ကလည်း သူ့ဆီမှာ ဖြစ်တတ်တဲ့အထိပဲ။

အထိအတွေ့ဟာ အရေးမကြီးဘူးဆိုပေမယ့် သူ့ပခုံးလေးကိုင်ထားတာ၊ သူက ကိုယ့်ပါးလေး လာဆွဲတာမျိုးတွေဟာ သမီးရည်းစားတွေရဲ့ ချစ်ခြင်းသင်္ကေတတွေပါ။ မရှိလို့ ဘယ်ဖြစ်မလဲ။

၅။စိတ်လှုပ်ရှားစရာ၊ ပျော်ရွှင်စရာ ဘယ်ကိစ္စမဆို သူနဲ့အတူပဲ ဖြတ်သန်းချင်တယ်၊ ရင်ဆိုင်ချင်တယ်။

ခရီးတစ်ခုခုသွားတာမျိုး၊ စိတ်လှုပ်ရှားစရာ အခိုက်အတန့်အားလုံးသူနဲ့အတူ ကုန်ဆုံးချင်တာမျိုး စတာတွေဟာ သူနဲ့အတူ အသက်ကြီးတဲ့အထိ ဒီလိုအရာတွေနဲ့ ကုန်ဆုံးဖို့ ရည်ရွယ်ထားလို့ပေါ့။

၆။ရန်ဖြစ်လိုက်ရင်လည်း သေချာညှိုနှိုင်းခြင်းနဲ့သာ အဆုံးသတ်ကြတယ်။

ချစ်သူနှစ်ဦး ရန်ဖြစ်တယ်ဆိုရင်လည်း အနိုင်၊ အရှုံးတစ်ဦးနဲ့တစ်ဦး ဖဲ့ဖို့၊ ပြောဆိုဖို့ထက် ညှိုနှိုင်းပြီးရှေ့ဆက်ဖို့သာ ဦးတည်ကြတယ်ဆိုရင် ဒါဟာ အတွဲဆယ်တွဲမှာ တစ်တွဲလောက်သာ လုပ်နိုင်တဲ့အလုပ်ကို သင်တို့လုပ်လိုက်တာပါပဲ။

၇။တစ်ဦးမိသားစုကို တစ်ဦးက ချစ်မြတ်နိုးကြတယ်။

သာမာန်အားဖြင့် ချစ်သူကို ချစ်တယ်ဆိုရင်တောင် သူ့မိသားစုဝင်တွေကိုပါ မေတ္တာမထားတတ်ကြပါဘူး။ ဒီလိုမှမဟုတ်ပဲ သင်တို့နှစ်ဦးဟာ တစ်ဦးရဲ့မိသားစုဝင်တွေကိုတောင် တစ်ဦးက ချစ်ခင်တယ်၊ နှစ်လိုတယ်ဆိုရင် ဒါဟာ ဘယ်တော့မှ မပြတ်နိုင်တော့တဲ့ အတွဲတစ်တွဲဖြစ်လာမှာပါ။

၈။တစ်ဦးရဲ့သူငယ်ချင်းကို တစ်ဦးက ခင်ကြတယ်။

ကိုယ့်သူငယ်ချင်း၊ သူ့သူငယ်ချင်းတွေနဲ့ပါ နှစ်ဦးစလုံးအဆင်ပြေဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး။ ဒီလိုမဟုတ်ဘဲ အားလုံးနဲ့ အဆင်ပြေခင်မင်နေပြီဆိုရင်တော့ ဒါဟာ သင်တို့အတွဲအတွက် ကောင်းမွန်တဲ့ အနာဂတ်ရှိနေပြီဆိုတာ သေချာစေတာပါပဲ။

၉။ရေရှည်အတွက် စိတ်ကူး၊ စဉ်းစားဆုံးဖြတ်ချက်တွေ တူညီကြတယ်။

ဘယ်အချိန်ဘယ်လိုလေး၊ ဘာလုပ်ကြမယ်၊ ဘာတွေစီစဉ်ကြမယ်ဆိုတဲ့ အကြမ်းဖျင်းစီမံချက်တွေ တူညီနေကြတယ်ဆိုတာ နှစ်ဦးစလုံး တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ မခွဲဘူးဆိုတာ သက်သေပြတာပဲပေါ့။

၁၀။တစ်ဦးကဘာပြောမလဲဆိုတာ တစ်ဦးကကြိုသိနေတတ်ကြတယ်။

တစ်ခါတစ်လေ သူပြောမယ့်စကားကို သူ့ဘာသာသူ ပြန်စဉ်းစားနေရချိန် ကိုယ်က၀င်ပြီး အဆုံးသတ်ပေးလိုက်တာမျိုး ကြုံဖူးပါသလား။ သူပြောမယ့်အရာကိုတောင် ကိုယ်က ကြိုသိ၊ ကြိုတွေးတတ်နေခြင်းဟာ သင်တို့နှစ်ယောက်ရဲ့စိတ် ဘယ်လောက်နီးစပ်နေသလဲဆိုတာ ပြသနေတာပါ။

Ref:cosmopolitan.com

မိုင်းဆတ်မှာ ကျပ်သိန်းပေါင်း သောင်းချီ တန်ဖိုးရှိ ဘိန်းဖြူနဲ့ လက်နက်တွေဖမ်းမိ


ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်မှာ ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုး ရှိတဲ့ ဘိန်းဖြူ ဘလောက်တုံးတွေနဲ့ လက် နက်ခဲယမ်းတွေကို ဖမ်းဆီးရမိထားတယ်လို့ တာချီလိတ်မြို့နယ် မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းရေး အထူး ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီပစ္စည်းတွေဟာ တာချီလိတ်မြို့ ကနေတဆင့် ထိုင်းနိုင်ငံထဲကို ၀င်ရောက်ဖို့ ကြိုးစားရာကနေ အဖမ်းခံရတာ ဖြစ်တယ်လို့လည်း စုံစမ်းသိရပါတယ်။

ဘိန်းဖြူတွေနဲ့ လက်နက်တွေ တင်ဆောင်ပြီး တာချီလိတ်-မိုင်းဆတ် ကားလမ်းပေါ် ရောက်နေတဲ့ ဆယ်ဘီး ကားတစီးကို စက်တင် ဘာ လ ၃၀ ရက်နေ့မှာ မူးယစ် ဆေးဝါး ဖမ်းဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ၊ မူးယစ် တပ်ဖွဲ့စု ၃၀ က ကြိုတင်သတင်း ရရှိချက်အရ ပူးပေါင်း ဖော်ထုတ်လိုက်တာ ဖြစ်တယ်လို့ အောက်တို ဘာလ ၂ ရက်နေ့မှာ တရားဝင် သတင်း ထုတ်ပြန်ပါတယ်။

“ဒါတွေကို ဘယ်ကို သယ်သွားမှာလဲ၊ ပိုင်ရှင်က ဘယ်သူလဲ ဆိုတာကို ကားပေါ်မှာ ဖမ်းဆီးရမိခဲ့တဲ့ သုံးယောက်ကို ကျနော်တို့ စစ်ဆေးမေးမြန်းနေဆဲပါ”လို့ မိုင်းဆတ်မြို့ အခြေစိုက် မူးယစ်ဆေးဝါး ဖမ်းဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ခေါင်းဆောင် ရဲအုပ် ဖုန်းကျော်ဦး ကလည်း ဧရာဝတီကို ပြောပါတယ်။

ဘိလပ်မြေအိတ်တွေနဲ့အတူ ဘိန်းဖြူနဲ့ လက်နက်တွေကို တင်ဆောင်လာတဲ့ ဆယ်ဘီးကားဟာ တာချီလိတ်မြို့ကို ဦးတည် မောင်းနှင်လာတာဖြစ်ပြီး အဲဒီကနေမှတဆင့် ထိုင်းနိုင်ငံကို ဆက်သွားမယ့် ကားဖြစ်တယ်လို့လည်း သိရပါတယ်။

ဘိန်းဖြူနဲ့ လက်နက်တွေကို ကားရဲ့အံဝှတ်တခုထဲမှာ သယ်ဆောင်လာတာ ဖြစ်ပြီး ကားပေါ်မှာ ပါလာတဲ့  ယာဉ်မောင်း အိုက်သန်း၊ တခြားသူ ၂ ဦး ဖြစ်တဲ့ အေးလွင်(ခ) အိုက်ဆိုင်းနဲ့ အိုက်စု(ခ) အိုက်န တို့ကိုလည်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့တယ်လို့ မူးယစ်ဆေးဝါး ဖမ်းဆီး နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ဘိန်းဖြူ ဘလောက်တုံးမှာ စုစုပေါင်း (၆၆၅) တုံး၊ အလေးချိန်အားဖြင့် (၁၉၉.၅) ကီလို၊ ကာလတန်ကြေး ကျပ် သိန်းပေါင်း ၃၁၉၂၀ သိန်းရှိပြီး လက်နက်တွေကတော့ ပွိုင့် ၃၈ အမျိုးအစား ပစ္စတိုသေနတ် (၂) လက်၊ ကျည်ကတ် (၂) ခု၊ ကျည် (၁၈) တောင့်၊ တလုံးထိုးသေနတ် (၁) လက်၊ Remington ၁၂ ဗို့ ကျည် (၄၅) တောင့်နဲ့ နံပါတ်မပါ M 79 လောင်ချာ သေနတ် (၁) လက်၊ ကျည် (၁၀) တောင့် သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။

ဒီဖမ်းဆီ ရမိမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိုင်းဆတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မိုင်းတွမ်း နယ်မြေ ရဲစခန်းမှာ မယ (ပ)၁၇/၂၀၁၄ ၊ မူး / စိတ် ပုဒ်မ ၁၅/၁၉(က)/ ၂၂(ခ)/ ၂၁ တို့နဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ အရေးယူဆောင်ရွက်ထားပြီး သတင်းကွင်းဆက်တွေကို ပူးပေါင်း အဖွဲ့က ဆက်လက် ဖော်ထုတ် သွားမယ်လို့ ဆိုပါတယ်။

အခု ဖမ်းဆီး ဖော်ထုတ်လိုက်နိုင်တဲ့ မူးယစ်တပ်ဖွဲ့ ၃၀ ဟာ ဒီနှစ်ပိုင်းအတွင်းမှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးပြနိုင်ခဲ့ပေ မယ့် ထုတ်လုပ်သူတွေကိုတော့ ဖော်ထုတ် အရေးယူတာတွေ မကြား သိရသလို ဖမ်းဆီး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အများ ပြည်သူသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်တာမျိုးလည်း မရှိဘူးလို့ တာချီလိတ်မြို့ခံ တဦးက ပြောဆိုပါတယ်။

“အခု ဖမ်းတာများပြီ။ အဓိက ထုတ်လုပ်တဲ့လူတွေကို မဖော်ထုတ်နိုင်သေးဘူး။ ကျနော်တို့ သိရသလောက်တော့ အခု အချီကြီးတွေမိတဲ့ ဟာတွေဆိုရင် အစိုးရ လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့တွေပဲ လုပ်ကြတာ။ မိတဲ့အခါ တော်တော်များများမှာလည်း လက် နက် တွေပါတယ်။ ဒါကို သူတို့ လူထုသိအောင်လည်း ချမပြဘူး”လို့ တာချီလိတ်မြို့ခံက ဧရာဝတီကို ပြောပါတယ်။

တာချီလိတ်မြို့ခံ ဆက်ပြီးတော့“ဒီနယ်မြေတဝိုက်မှာ ဘယ်အဖွဲ့တွေက ဘာလုပ်တယ်။ ဘိန်းဖြူ ဘယ်မှာ ထုတ်တယ်၊ မြင်းဆေး ဘယ်မှာ ဘယ်သူတွေ လုပ်နေတယ်ဆိုတာ ရဲရော စစ်တပ်ရော သိနေတာပဲ။ မဖမ်းတာ။ ဒီနှစ်မှ ဖမ်းတာ။ ဒါပေမယ့် ထုတ်လုပ်တဲ့ တကယ့် ခေါင်ကြီးတွေကြ ဖော်ထုတ် ဖမ်းပြတာ မရှိဘူး။ နောက်ဆုံး သယ်ယူပို့ဆောင်ပေးတဲ့ လူပဲ တရားခံ အဖြစ်နဲ့ သွားမယ့်ပုံ ” လို့ ပြောဆိုပါတယ်။

အခုလို ဘိန်းဖြူတွေ ဖမ်းဆီးခံခဲ့ရတဲ့ ကားလမ်းဟာ “၀” နဲ့ မူဆာ တိုင်းရင်းသား လက်နက်ကိုင်တွေ လှုပ်ရှားနေတဲ့ နေရာမှာ အဓိက ချိတ်ဆက်ထားတဲ့ လမ်းလည်း ဖြစ်ပါတယ်လို့ ဘန်ကောက်ပို့(စ်) သတင်းစာကတော့ ရေးသားဖော်ပြပါတယ်။

ဒီတာချီလိတ်-မိုင်းဆတ် ကားလမ်းပေါ်မှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ နေရာမှာ အသုံးပြုတဲ့ ဓာတုဆေးရည်တွေ တင်ဆောင်လာတဲ့ Tiger အမျိုးအစား အဖြူရောင် ကားတစီးကို ဖမ်းဆီးခဲ့ပါသေးတယ်။

အဲဒီလို ဖမ်းဆီးစဉ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်မှာ ပါလာသူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီ Blog

အီရတ်တွင် IS ပစ်မှတ်များကို အမေရိကန်နှင့် ပူးပေါင်း တိုက်ခိုက်မည်ဟု ဩစတြေးလျ အတည်ပြု


အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ပါဝင်မည်ဖြစ်ကြောင်း ဩစတြေးလျ အစိုးရအဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က IS အဖွဲ့သည် တစ်ကမ္ဘာလုံးကို စစ်ကြေညာထားသည့် အယူအဆဆိုး တစ်ရပ်ကို ကိုင်ဆွဲထားသူများဖြစ်ပြီး ၎င်းတို့ကို ရပ်တန့်တားဆီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

IS အဖွဲ့သည် လတ်တလောတွင် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေအချို့ကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် (ကမ္ဘာက အသိအမှတ်မပြုဘဲ) ကြေညာ ထူထောင်ထားသည်။

အမေရိကန်နှင့် အာရပ်မဟာမိတ် နိုင်ငံများသည် IS စစ်သွေးကြွ ပစ်မှတ်များကို ဆီးရီးယားနှင့် အီရတ်တို့တွင် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဥရောပ မဟာမိတ် နိုင်ငံအချို့ကမူ အီရတ်တွင်သာ လေကြောင်းထိုးစစ် ဆင်နွှဲနေသည်။ ဩစတြေးလျ တိုက်လေယာဉ်များသည်လည်း အီရတ်ရှိ IS ပစ်မှတ်များကိုသာ တိုက်ခိုက်သွားမည် ဖြစ်သည်။

IS တပ်ဖွဲ့ကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး “ဩစတြေးလျ အစိုးရဟာ ဒီကိစ္စကို လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အီရတ်နိုင်ငံ တစ်ခုတည်း ISကို တုံ့ပြန် တိုက်ခိုက်နေဖို့ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။

၎င်းက “ဒါဟာ ထိုးစစ်ဆင်နွှဲမှု တစ်ရပ်ပါ။ တစ်ဖက်မှာ ဩစတြေးလျ အထူးတပ်ဖွဲ့ဝင် တချို့က အီရတ်စစ်တပ်ကို အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် အီရတ်တွင် IS တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မည် ဖြစ်သော်လည်း ဆီးရီးယား၌ပါ ထိုးစစ်ဆင်ရန် အစီအစဉ် ရှိမရှိကိုမူ ပြောကြားမသွားခဲ့ချေ။

_Ref: BBC

ထောင်ထဲတွင် ကိုထင်ကျော် အစာငတ်ခံ ဆန္ဒပြမည်


 ကြားဖြတ်အစိုးရတင် မြှောက်ရန် ဆန္ဒပြတောင်းဆိုသောကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ပေါင်း ၁၁ မြို့နယ်က အရေးယူ ပြီး ထောင် ၁၁ နှစ်ကျော်ချမှတ်ခံ ထားရသူ ကိုထင်ကျော်သည် ထောင်ထဲတွင် အစာငတ်ခံဆန္ဒပြ မည်ဟု မီဒီယာများအား ပြော ကြားသွားသည်။

ဇူလိုင် ၇ ရက်က ဆူးလေ စေတီအနီးတွင် ကြားဖြတ်အစိုးရ တင်မြှောက်ရန်ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သည်ဟုဆိုကာ ကိုထင်ကျော်အား ကျောက်တံ တားမြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅ (ခ)/၃၄ တို့ဖြင့် အရေးယူခဲ့ သည်။ ထိုပုဒ်မဖြင့် ကျောက်တံ တားမြို့နယ်တရားရုံးက အောက် တိုဘာ ၂ ရက်တွင် ရုံးထုတ်စစ် ဆေးရာ စစ်ဆေးအပြီးတွင် ကို ထင်ကျော်က မီဒီယာများအား ပြောကြားသွားခြင်းဖြစ်သည်။

 ကိုထင်ကျော်အစာငတ်ခံ ဆန္ဒပြမည်ကို ထောက်ခံ၍ အ နောက်ပိုင်းခရိုင်တရားရုံးရှေ့တွင်ဆန္ဒပြသော ဒေါ်စိန်ထွေးကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ က ဖမ်းဆီးသွားပြီး တစ်နာရီကျော် ကြာ စစ်ဆေးကာ အရေးယူမှုမပြု လုပ်ဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘စစ်ဆေးရုံအတွက်ပဲ ခေါ် သွားတာပါ။ အရေးယူမှုတွေမရှိ သေးပါဘူး’’ဟု ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခင်က ကုန်ဈေးနှုန်းကျ ဆင်းရေးနှင့် ဒီမိုကရေစီရေးစဉ် ဆက်မပြတ်လှုပ်ရှားမှုများအဖွဲ့ (MDCF) ခေါင်းဆောင်ကိုထင် ကျော်သည် အစိုးရအကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ရန်ကုန်မြို့ မြို့နယ် (၁၁)မြို့နယ်က အရေးယူထားပြီးထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသူဖြစ်သည်။

7 Day Daily