3.10.14

ထောင်ထဲတွင် ကိုထင်ကျော် အစာငတ်ခံ ဆန္ဒပြမည်


 ကြားဖြတ်အစိုးရတင် မြှောက်ရန် ဆန္ဒပြတောင်းဆိုသောကြောင့် ရန်ကုန်မြို့ရှိ မြို့နယ် ပေါင်း ၁၁ မြို့နယ်က အရေးယူ ပြီး ထောင် ၁၁ နှစ်ကျော်ချမှတ်ခံ ထားရသူ ကိုထင်ကျော်သည် ထောင်ထဲတွင် အစာငတ်ခံဆန္ဒပြ မည်ဟု မီဒီယာများအား ပြော ကြားသွားသည်။

ဇူလိုင် ၇ ရက်က ဆူးလေ စေတီအနီးတွင် ကြားဖြတ်အစိုးရ တင်မြှောက်ရန်ဆန္ဒပြတောင်းဆို ရာ၌ ဦးဆောင်သည်ဟုဆိုကာ ကိုထင်ကျော်အား ကျောက်တံ တားမြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅ (ခ)/၃၄ တို့ဖြင့် အရေးယူခဲ့ သည်။ ထိုပုဒ်မဖြင့် ကျောက်တံ တားမြို့နယ်တရားရုံးက အောက် တိုဘာ ၂ ရက်တွင် ရုံးထုတ်စစ် ဆေးရာ စစ်ဆေးအပြီးတွင် ကို ထင်ကျော်က မီဒီယာများအား ပြောကြားသွားခြင်းဖြစ်သည်။

 ကိုထင်ကျော်အစာငတ်ခံ ဆန္ဒပြမည်ကို ထောက်ခံ၍ အ နောက်ပိုင်းခရိုင်တရားရုံးရှေ့တွင်ဆန္ဒပြသော ဒေါ်စိန်ထွေးကို ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့ က ဖမ်းဆီးသွားပြီး တစ်နာရီကျော် ကြာ စစ်ဆေးကာ အရေးယူမှုမပြု လုပ်ဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

‘‘စစ်ဆေးရုံအတွက်ပဲ ခေါ် သွားတာပါ။ အရေးယူမှုတွေမရှိ သေးပါဘူး’’ဟု ကျောက်တံတား မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယခင်က ကုန်ဈေးနှုန်းကျ ဆင်းရေးနှင့် ဒီမိုကရေစီရေးစဉ် ဆက်မပြတ်လှုပ်ရှားမှုများအဖွဲ့ (MDCF) ခေါင်းဆောင်ကိုထင် ကျော်သည် အစိုးရအကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ရန်ကုန်မြို့ မြို့နယ် (၁၁)မြို့နယ်က အရေးယူထားပြီးထောင်ဒဏ် ၁၁ နှစ်နှင့် လေးလချမှတ်ခံထားရသူဖြစ်သည်။

7 Day Daily

0 comments:

Post a Comment