ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.5.13

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ရှိနေသေးကြောင်းဖော်ရမ်အေးရှားအဖွဲ့ ပြောကြား

၃.၅.၂၀၁၃၊ သောကြာနေ့

လက်ရှိ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်တို့အပေါ် ထိန်းချုပ်ခြိမ်းခြောက်မှုများရှိနေသေး သည်ကို တွေ့ ရကြောင်း ဗဟန်းမြို့ နယ်၊ ရွှေဂုံတိုင်အနီးရှိ တော်ဝင်နှင်း ဆီခမ်းမတွင် ယနေ့ ကျင်းပသည့် အာရှလူ့အခွင့်အရေးနှင့် ဖွံ့ ဖြိုးရေးဆုံရပ်အ ဖွဲ့(ဖော်ရမ်အေးရှား)၏ သတင်းစာရှင်းလင်းပွဲ၌ ၎င်းအဖွဲ့၏ အရှေ့အာရှ စီမံကိန်းအရာရှိ Mr. John Liu က ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် ဖော်ရမ်အေးရှားသည် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့ စည်းခွင့် အခြေအနေများကို ဆန်းစစ်နိုင်ရန် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်မှ ၃၀ရက်နေ့အထိလည်းကောင်း။ ၂၀၁၃ခုနှစ်၊ ဇန်န ၀ါရီ ၂၁ရက်မှ ၂၃ရက်နေ့အထိလည်းကောင်း လာရောက်ခဲ့သည်။

ထို့နောက် လူ့အခွင့်အရေးဆိုင်ရာ NGO များ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ လယ်သမား၊ အမျိုးသမီး၊ မီဒီယာ အဖွဲ့များ၊ လွှတ်တော်အမတ်နှင့် ရှေ့ နေများ၊ ILO အပါ အ၀င် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC)နှင့် တွေ့ ဆုံ၍ လူ့အခွင့်အရေး အခြေအနေ လေ့လာဆန်းစစ်မှုများ ပြုလုပ်ထားခဲ့သည်။

Mr. John Liu က “ကျနော့်အမြင်အရ ဥပမာတစ်ခုကိုပြောရရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်သူတစ်ဦးကို သူ ဖြတ်လျှောက်တဲ့ မြို့နယ် ၁၀ခုက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေနဲ့ တရားစွဲတယ်။ သူ ကျူးလွန်တဲ့အပြစ်က တစ်ခုတည်း။ ပြစ်ဒဏ်ကတော့ ဆယ်ခါကျခံရမလို ဖြစ်နေတယ်။ ဒါကြောင့် ဒီဥပဒေကို လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ ပြုပြင်ဖို့ လိုတယ်”ဟု ပြောဆိုသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ခဲ့သည်ကို အသိအမှတ်ပြုသော်လည်း လူ့အခွင့်အရေး တိုးတက်စေရန် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၈နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တို့ကို ပယ်ဖျက်ပေးရန်အပြင် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ရာရောက်သည့် ၂၀၀၄ အီလက်ထရွန်းနှစ် ဆက်သွယ်ရေး ဥပဒေ အပါအ၀င် လူ့အခွင့်အရေးကို ကန့်သတ်ရာရောက်သည့် ဥပဒေများကို ပယ်ဖျက်ရန်၊ လွှတ်တော်တွင်း ဥပဒေများ ရေးဆွဲပြဌာန်း ရာတွင်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ရေးဆွဲရန်နှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် အမှီခိုကင်းပြီး ယခုထက်ပို၍ လုပ်ဆောင်သွားရန် လိုကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ တိုးတက်စေရန် ဖော်ရမ် အေးရှားအဖွဲ့က အကြံပြု တိုက်တွန်းထားသည်။

၎င်းအပြင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက “အခုက လူ့ အခွင့်အရေး အပြည့်အ၀ရရှိဖို့က ရင်ဆိုင်ရုန်းကန်နေ ရတဲ့ကာလတွေပါ။ နိုင်ငံသားတွေအနေနဲ့ အပြောင်းအလဲမှာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ကိုယ်တိုင် ပါဝင်ခွင့်ရှိဖို့ ရသင့်ရ ထိုက်တဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိအောင် အပြန်အလှန် အပြုသဘောဆောင် လုပ်ပေးဖို့ လိုပါတယ်”ဟု ကိုပြုံးချိုက ကေအိုင်စီသို့ ပြောသည်။

ဖော်ရမ်အေးရှားအနေဖြင့် ယခုတွေ့ ရှိချက်များ အပါအ၀င် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို မျက်ခြေမပြတ် လေ့လာကာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ ပေးပို့ သွား မည်ဖြစ်ကြောင်း အာရှ လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုး ရေးဆုံရပ်အဖွဲ့မှ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ကေအိုင်စီသို့ ပြောကြားခဲ့သည်။

KIC (Karen Information Center)

အဆိုတော် ရဲလေး လက်ထပ်ပြီ

၃.၅.၂၀၁၃၊ သောကြာနေ့

အဆိုတော် ရဲလေးက သူ့ချစ်သူ မအေးမြနဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ လက်ထပ်လိုက်ပါပြီ။

မအေးမြရဲ့ အိမ်မှာ နှစ်ဘက်မိဘ၊ တရားသူကြီးရဲ့ ရှေ့မှောက်မှာ လက်မှတ်ထိုးခဲ့တာပါတဲ့။

ပြီးခဲ့တဲ့ တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်မှာ ရေးထားပါတယ်။

မင်္ဂလာဆွမ်းကျွေးအစီအစဉ်ကို ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၊
ဇွန် ၁ ရက်နေ့ မင်္ဂလာဧည့်ခံပွဲကိုတော့ ဆီဒိုးနားဟိုတယ်မှာ လုပ်မယ်လို့ ဆိုတယ်။

ရဲလေးက စိန်ပေါလ်လို့ထင်ရှားတဲ့ ရန်ကုန်မြို့ အ.ထ.က(၆)ဗိုလ်တထောင်
ကျောင်းသားဟောင်းဖြစ်တယ်၊

"မိခင်က ဆွဲကြိုးပေါင်ပြီး studio စရိတ်ရှင်း ပေးခဲ့ရင်း ဘ၀ကို ကြိုးစား
ဖြတ်သန်းခဲ့တဲ့ ရဲလေးက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ်
၂ နှစ်တာ ကာလအတွင်းမှာ ပိုင်ဆိုင်ခဲ့ပါတယ်။

တခြားသူတွေအနေနဲ့ ငါးနှစ်တာ ကာလလောက် ကြိုးစားခဲ့ကြရတာတွေ ရှိတာကြောင့် ရဲလေးက အချိန်တို အတွင်းမှာ အောင်မြင်ခဲ့တာပါ"လို့
ဖေဖော်ဝါရီလ ၂၀၁၂ လုထတ် Teen မဂ္ဂဇင်းမှာ ခင်လေးမြင့်က ရေးသား
ထားပါတယ်။

- ကျွန်တော်နဲ့ သက်ဆိုင်သော
- အိမ်
- First Live Concert
- တတိယ ကာရန်
- ရကောက်ဘ၀ဖြင့် နေထိုင်ခြင်း

အစရှိတာတွေက ရဲလေးရဲ့ တကိုယ်တော်တေးစီးရီးတွေ ဖြစ်ကြောင်း
Teen မဂ္ဂဇင်းမှာ ရေးထားပါတယ်။

ဧရာဝတီ