ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

21.3.13

ပုံမှန်ပြန်ဖြစ်ပြီဆိုတဲ့ လိုင်ဇာမြို့

ကချင် လွတ်မြောက် ရေးအဖွဲ့မှ ထိန်းချုပ် ထားသော နယ်စပ် မြို့ဖြစ် သည့်လိုင်ဇာမြို့မှာ ပုံမှန်အနေအထား ပြန်ရောက်နေ ပြီ ဖြစ်ကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်ချုပ် ဂွန်မော်က ရွှေလီမြို့တွင် ပြောကြား ခဲ့သည်။ “လိုင်ဇာ ကတော့ ပုံမှန် ပြန်ဖြစ် ပြီလို့ ပြောလို့ ရပါပြီ”ဟု ဗိုလ်ချုပ် ဂွန်မော်က မတ်လ ၁၁ ရက်တွင် တရုတ် နိုင်ငံ ရွှေလီ မြို့၌ ပြုလုပ် ခဲ့သော ဆွေးနွေးပွဲ ခေတ္တ နားစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။
မြန်မာနှင့် တရုတ် နိုင်ငံ နယ်စပ်တွင် တည်ရှိသော လိုင်ဇာ မြို့သည် နယ်စပ် ကုန်သွယ် ရေးအရ အရေးပါသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ မှစ၍ အစိုးရ တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ပြီးနောက် ကုန်သွယ်ရေး လုပ်ငန်းများ အားလုံး နီးပါး ရပ်တန့် သွားခဲ့သည်။

၂၀၁၂ နှစ်ကုန်ပိုင်းနှင့် ယခုနှစ် ဇန်န၀ါရီလ အတွင်း နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စဉ် ကေအိုင်အို ဌာန ချုပ်ရှိရာ လိုင်ဇာမြို့အတွင်းသို့ပင် လက်နက်ကြီး များကျရောက်ကာ လေကြောင်း တိုက်ခဲ့မှု များသည်လည်း လိုင်ဇာမြို့ အနီးသို့ ရောက်ရှိ ခဲ့သည်။ လူဦးရေ ၈၀၀၀ ကျော်ရှိသော လိုင်ဇာ မြို့တွင် ဒုက္ခသည် စခန်း ငါးခု ရှိပြီး ထိုဒုက္ခသည် စခန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်း အချို့နှင့် ကုလ သမဂ္ဂမှ အကူ အညီများ စတင်ရောက်ရှိ နေပြီ ဖြစ်သော်လည်း အစား အသောက်နှင့် မကြာမီ ရောက်ရှိ လာတော့မည့် မိုးရာသီ အတွက် လုံခြုံသော အဆောက် အအုံများ လိုအပ်လျက် ရှိနေသေးသည်။

လိုင်ဇာ မြို့သို့ ရန်ကုန်မှ ဇန်န၀ါရီလ၂၁ ရက် ကတည်းက ငြိမ်းချမ်းရေး အတွက် လမ်းလျှောက်သော အဖွဲ့ သည်လည်း မတ်လ ၁၈ ရက်တွင် လိုင်ဇာသို့ ရောက်ရှိ သွားပြီဖြစ်ပြီး ယင်းတို့သည် မြစ်ကြီးနား-လိုင်ဇာ လမ်းအတိုင်း လမ်းလျှောက် ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ လိုင်ဇာ မြို့သို့ မြင်းခြံမြို့မှ ငြိမ်းချမ်းရေး လမ်းလျှောက် သူများနှင့် ငြိမ်းချမ်းရေး အတွက် သွားရောက်သော ပန်းရဲလမ်း ငြိမ်းချမ်းရေး အဖွဲ့တို့သည် မတ်လ ၁၃ နှင့် ၁၅ ရက်တို့က အစိုးရ တပ်များ တပ်စွဲထားရာ လဂျား ယန်ဂိတ်မှ ဖြတ်သန်းကာ လိုင်ဇာ မြို့သို့ အသီးသီး ရောက်ရှိခဲ့ ကြကြောင်း သိရသည်။

ထိုသို့ ဖြတ်သန်း ရာတွင် လဂျားယန် ဂိတ်ရှိ မိုင်းကွင်းများကို ဖြတ်သန်းရာ၌ အစိုးရ တပ်က ကူညီ ပေးခဲ့ပြီး မြင်းခြံ မြို့မှ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့တွင် ဘုန်းတော်ကြီး များပါ ပါဝင်ရာ ဘုန်းတော်ကြီး များအား နေ့ဆွမ်း ဆက်ကပ်ပြီး လမ်းလျှောက် အဖွဲ့များအား နေ့လယ်စာ စီစဉ်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။ မတ်လ ၁၁ ရက်က တရုတ် နိုင်ငံ၊ ရွှေလီမြို့တွင် ကေအိုင် အိုနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး ပထမဆုံး အနေဖြင့် တပ်ဘက် ဆိုင်ရာ များကို ဆွေးနွေးကာ အပစ်အခတ် ရပ်စဲရေး ရသည်အထိ ဆောင်ရွက်ရန် သဘော တူညီခဲ့ကြ သည်။ ကေအိုင်အေနှင့် အစိုးရ တပ်အကြား တိုက်ပွဲများ လျော့နည်း သွားပြီဆိုသော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ လွယ်ယာ ဒေသတွင် မတ်လ ၁၆ ရက်က တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်း ရရှိသည်။

ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး

ဧပြီလ ၁ ရက်၌ စတင်၍ အထူး နှုန်းဖြင့် ချထား ပေးမည့် ဖုန်းများအား မည်သို့ ရောင်းချ ပေးမည် ဆိုသည်ကို ယနေ့ အချိန် အထိ မသိ သေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ''ဘယ်လို ပုံစံနဲ့ ရောင်းပေးမယ် ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေး ဘူး။ အထက် လူကြီးတွေ ဆုံးဖြတ် ပြီးမှ သိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသလောက် ရောင်းမလား ဆိုတာ မသိဘူး။ ကျွန်တော်တို့ ကတော့ အထက်က ခိုင်းတာပဲ လုပ်ရ တာပါ''ဟု
မြန်မာ့ ဆက်သွယ် ရေးမှ အရာရှိ တစ်ဦးက ပြောသည်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းမှ ကျပ်ထောင်ဂဏန်းသာရှိမည့် နှုန်းထားဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်း များရောင်းချပေးမည်ဟု ပြောကြားထားသည်။ အဆိုပါ သတင်း များကြောင့် ဖုန်းဝယ် ယူချင် သူအချို့မှ အလွယ် တကူ ဖုန်းဝယ် ယူခွင့် မရမည်ကို စိုးရိမ် နေသည့် အပြင် တစ်ဆင့် ပြန်ရောင်းမည့် မိုဘိုင်း ဟန်းဆက် အရောင်း ဆိုင်များ မှာလည်း ရောင်းခွင့် မရမည်ကို အလားတူ စိုးရိမ် လျက်ရှိ နေကြောင်း သိရသည်။

''သမ ဝါယမမှာ ဆန်၊ ဆီ ဝယ်ရ သလို တန်းစီ ရမယ့်အခြေအနေ ထပ်ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ကြိမ် ဖုန်းဝယ် ရမှာ နှစ်သိန်း ဖုန်းဝယ် ရသလို မျိုးထက် ပိုပြီး ခက်ခဲမယ် ထင်တယ်။ မှောင်ခို ဈေးကွက်လည်း ရှိလာ နိုင်တယ်။ ကျွန်တော်တို့ သုံးချင်တဲ့ သူတွေ ကတော့ ဘယ်လိုပဲ တန်းစီပြီး ရောင်းပေး ပါစေ အလုံးရေ မကန့် သတ်ဘဲ ရောင်းပေး စေချင်တယ်။ တန်းစီပြီး ဖုန်းဝယ် ရမယ့် အဖြစ်ကို ထပ်ပြီး မကြုံစေ ချင်ပါဘူး''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ ကို သိန်းသန်းဦးက ပြောသည်။

ယင်းအပြင် ပုဇွန်တောင် မြို့နယ် မှ Htoo မိုဘိုင်း ဖုန်းဆိုင် ပိုင်ရှင် ကလည်း ဆင်းကတ် များအား ဈေးနှုန်း မြှင့်တင ရောင်းရ ခြင်းမှာ ကတ်အလွယ် တကူ ဝယ်ယူ နိုင်ခြင်း မရှိသည့် အတွက် ဖြစ်ကြောင်း အလွယ် တကူ ဝယ်ယူရောင်း ချခွင့် ရရှိ မည်ဆိုပါက ဈေးနှုန်း မြှင့်တင် ရောင်းချ ကြမည် မဟုတ်ဟု ပြောသည်။

ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တို့ နေရပ်ပြန်ပို့ရန် စီစဉ်

ကချင် စစ်ဘေးကြောင့် နေရပ် စွန့်ခွာ ရှောင်တိမ်းပြီး အစိုးရ ထိန်းချုပ် နယ်မြေ၌ ခိုလှုံ နေသူ များကို မူလ နေရပ်သို့ ပြန်လည် ပို့ဆောင် တော့မည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။ KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ရွှေလီတွင် မတ်လ ၁၁၊ ၁၂ ရက်နေ့ များ၌ ဆွေးနွေး ပြီးနောက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းနေပြီ ဖြစ်သည့် အတွက်
ပြန်ပို့မည့် အစီ အစဉ်ကို အရပ် ဘက်ဆိုင်ရာ လူ့အဖွဲ့ အစည်း များနှင့် ဆွေးနွေးမှု စတင်ပြုလုပ် နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ဒေါ်ဘောက်ဂျာက ဆိုသည်။

”အခု ဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာ ဝန်ကြီး တွေက အဖွဲ့အစည်း တွေနဲ့ နေ့တိုင်း တွေ့နေကြ ပါတယ်။ အဲဒီ ကိစ္စကို ဆောင်ရွက် ကြဖို့ပါ” ဟု ပြောသည်။၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း အစိုးရ ထိန်းချုပ်မှု နယ်မြေ ဖြစ်သော မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့် အစ ရှိသည့် နေရာ တို့၌ ကယ်ဆယ် ရေးစခန်း ၁၁၂ ခုကို ဖွင့်လှစ် ထားရာ ဒုက္ခသည် ဦးရေ ၃၈ဝဝဝ ရှိနေ သည်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ စာရင်းမှ သိရသည်။ဖားကန့် ဒေသ ကယ်ဆယ်ရေး စခန်း ရောက်သူ တစ်ဦးက ”ငြိမ်းချမ်း ရေးဆွေးနွေး တယ်လို့ ကြားရင် ဘယ်တော့ ပြန်ရမ လဲ နေ့တိုင်း တွေးနေ တာပါ” ဟု ပြောသည်။ စစ်ဘေးကြောင့် ထွက်ပြေးနေ ရသည့် ဒုက္ခသည် များမှာ KIO ထိန်းချုပ် နယ်မြေ တွင် ဦးရေ ၇ဝဝဝဝ ခန့် ရှိကြောင်း ကမ္ဘာ့ ကြက်ခြေနီ အဖွဲ့က ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီတွင် သတင်း ထုတ်ပြန် ထားသည်။

ကချင် ပြည်နယ်တွင် စစ်ရေး အခြေအနေ မတည် ငြိမ်မှုကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လ နောက်ပိုင်း အသွား အလာ ပြတ်တောက် ခဲ့သည့် အရှည် ၁၁၄ မိုင်ရှိသော မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို လည်း ယခုလ ၁၈ ရက်တွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး ထိုည ၇ နာရီတွင် ဘင်ကား သုံးစီး၊ ဟိုင်းလတ် နှစ်စီး စတင်ဖြတ်သန်းခဲ့ သည်ဟု ကချင် ပြည်နယ် လုံခြုံရေး နှင့် နယ်စပ် ရေးရာ ဝန်ကြီး ဌာနက အတည် ပြုသည်။ ထို့အတူ ၂ဝ၁၁ ခုနှစ် ဇွန်လ မတိုင်ခင် ပိတ်သိမ်းသွား ခဲ့သော KIO ဆက်ဆံရေး ရုံးအား ပြန်လည် ဖွင့်လှစ်သွား နိုင်ရန်ရှင်း လင်းမှုတို့ ပြုလုပ် နေကြ ကြောင်းလည်း မျက်မြင် သက်သေ မြစ်ကြီး နားမြို့ခံ တို့မှ သိရသည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် စာချုပ်အသစ် ချုပ်ဆို၍ ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်

လက်ပံ တောင်းတောင် ကြေးနီ စီမံ ကိန်းကို အားနည်း ချက်များ ပြုပြင်၍ နိုင်ငံနှင့် ဒေသခံများ ပိုမို အကျိုး ဖြစ်ထွန်း စေရန် ဝမ်ပေါင် ကုမ္ပဏီနှင့် စာချုပ် အသစ် ချုပ်ဆိုကာ ဆက်လက် ဆောင်ရွက် သွားရန် အကြံပြုကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစု ကြည်က ကြေးနီ စီမံ ကိန်းနယ် မြေတွင် ပါဝင်သော ဒုံးတောနှင့် ကံကုန်း ကျေးရွာ ဒေသခံ များကို တွေ့ဆုံ ရာတွင် ပြောကြားသည်။
တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ သဘောတူညီထား သည့် စီမံကိန်းဖြစ်သည့် အတွက် တစ်ဖက်သတ် ဖျက်သိမ်းခဲ့ပါက စီပွားရေး အရ ယုံကြည်ရမှု မရရှိနိုင်တော့သည့် အတွက် တိုင်းပြည်၏ အနာဂတ်စီးပွားရေး အလားအလားများ ထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။ ကြေးနီစီမံကိန်းကို နိုင်ငံတကာ စံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သော်လည်း သိမ်းယူခဲ့သော လယ်ယာမြေများကို ကာလတန်ကြေးနှင့် လျော်ကြေးပေးရန် ဒေသခံ များ၏ အလုပ်အကိုင်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက် ပေးသွားမည်ဟု မြန်မာစီးပွားရေးဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင်ကုမ္ပဏီ တို့က ကတိပေးထားကြောင်း ၄င်းက ဆိုသည်။

ကြေးနီ စီမံကိန်း အတွက် လယ်ယာ မြေများကို ကာလ တန်ကြေးနှင့် အညီ လျော်ကြေး ပေးရာတွင် ယခု ဆောင်ရွက်မည့် လက်ပံ တောင်းတောင် စီမံကိန်း ကိုသာ မက မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက် ကတည်း ကပင် ဆောင်ရွက် ခဲ့သော စံပယ်တောင်၊ ကြေးစင်တောင် စီမံ ကိန်းများ အတွက် သိမ်းယူ ခဲ့သော လယ်မြေများ ကိုပင် ပြန်လည် လျော်ကြေး ပေးမည် ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးက ကံကုန်း ကျေးရွာတွင် ဒေသခံ များကို အသိပေး ခဲ့သည်။

ယင်းကဲ့သို့ လျှော်ကြေး ပေးရာတွင်လည်း ပိုင်ဆိုင်ကြောင်း စာရွက် စာတမ်းများ မရှိတော့ပါက အဆိုပါ လယ်ယာ မြေများကို ပိုင်ဆိုင် ခဲ့ကြောင်း လူသက်သေ ရှိရုံမျှဖြင့်ပင် လျော်ကြေး ပေးရန် ညှိနှိုင်း ထားပြီး ရရှိ သောငွေများ ကို ရေရှည် အကျိုး စီးပွားကို မျှော်ကိုး ပြီး သုံးစွဲကြရန် ဒေါ်အောင်ဆန်းစုကြည် ကပြောကြား ခဲ့သည်။

လက်ပံ တောင်းတောင် စုံစမ်း စစ်ဆေးရေး ကော်မ ရှင်၏ အကြံ ပြုချက် များအတိုင်း ဒေသခံ များ၏ အကျိုး စီးပွားကို ဖော်ဆောင် ပေးနိုင်ရန် အတွက် ကျပ်သန်း ပေါင်း ငါးသောင်းကျော် ထပ်မံ သုံးစွဲ သွားရန် ရှိပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် စံပယ်တောင် ကြေးနီ စီမံကိန်း အတွင်းသို့ ဝင်ရောက် စစ်ဆေး ခဲ့ကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။

လက်ပံ တောင်းတောင် အစီရင် ခံစာ ထုတ်ပြန်ပြီး နှစ်ရက် အကြာ မတ်လ ၁၃ ရက် နေ့တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များသည် ကြေးနီ စီမံကိန်း နယ်မြေ အတွင်းရှိ ကျေးရွာ များသို့ သွားရောက် ရာတွင် ကျေးရွာ အများစုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုကြိုဆို ခဲ့ကြ သော်လည်း အချို့ ကျေးရွာ များတွင် အပြင်း အထန် ကန့်ကွက်မှုများ ကိုပါ ပထမ ဆုံးအကြိမ် တွေ့ကြုံ ခဲ့ရသည်။

ကြေးနီ စီမံကိန်း ရပ်ဆိုင်းရန် သပိတ်စခန်း ဖွင့်ထားသော တုံရွာသို့ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲဝင်များ သွားရောက်၍ ဒေသခံ များနှင့် တစ်နာရီ နီးပါးကြာ တွေ့ဆုံ ခဲ့သည့် တိုင်အောင်ပင် ပြေလည်မှု မရရှိဘဲ ယဉ်တန်း ထွက်ခွာ ချိန်တွင် ကန့်ကွက် ဆန္ဒပြ မှုကိုပါ တွေ့ကြုံ ခဲ့ရကြောင်း NLD သတင်း ပြန်ကြားရေး ဌာနမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ "ကျွန်မ တို့က အမေစု ကိုကော၊ လက်ပံတောင်း တောင်ကြီးကိုပါ ဆုံးရှုံး လိုက်ရပါပြီ" ဟု တုံရွာ သပိတ် စခန်းမှ အသက် ၄၀ ခန့် တောင်သူ တစ်ဦးက ဆိုသည်။

အလားတူ ဆည်တည်း ကျေးရွာသို့ သွားရောက် ရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် လုံခြုံရေး အဖွဲ့ဝင် ငါးဦးကိုသာ ခြေလျင် ဝင်ရောက်ခွင့် ပြုခဲ့ပြီး သတင်း မီဒီယာ သမား များနှင့် လုံခြုံရေး တပ်ဖွဲဝင်များ ဝင်ရောက်ခွင့် မပြု ခဲ့ကြောင်း မုံရွာ မြို့ခံ ဓာတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် ဆည်တည်း ကျေးရွာမှ ပြန်လည် ထွက်ခွာရာတွင် ရွာသား များက ဒေါ်အောင်ဆန်းစုကြည် နောက်မှ လိုက်လာကာ ကော်မရှင် အစီရင်ခံစာ အလိုမရှိဟု အော်ဟစ်ကာ လိုက်ပါ လာကြောင်း မုံရွာ မြို့ခံ သတင်း သမား များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြ မှုများမှာ ဒေသခံ တောင်သူ များ၏ ပင်ကို စိတ်ရင်းကြောင့် မဟုတ်ဘဲ နောက်ကွယ်မှ သွေးထိုးလှုံ့ ဆော်သူ များ၏ ပြောဆို မှုများကြောင့် ဖြစ်ပေါ် လာခြင်း ဖြစ်ကြောင်း၊ ကြေးနီ စီမံကိန်း ရပ်ဆိုင်း ရေးအတွက် စီတန်း လှည့်လည်မှု များကို ဦးဆောင် သူများနှင့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံ ကန့်ကွက် သူအချို့မှာ လယ်သိမ်းခံ တောင်သူများ မဟုတ်ကြောင်း ဒေသခံ ရွာသား အချို့က ပြောကြားသည်။

ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အတွက် စီတန်း လှည့်လည်သူ များတွင် ပါဝင်သူ ငါးဦးနှင့် သပိတ်စခန်း ဖွင့်လှစ် ထားသော တုံကျေးရွာ ဒေသခံ အချို့ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံ စာအား အပြည့်အစုံ ဖတ်ရှုထားခြင်း ရှိ မရှိကို The Voice Weekly ကမေးမြန်း ခဲ့ရာ အများစုမှာ ဖတ်ရှု ထားခြင်း မရှိဘဲ ကန့်ကွက် နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခု ခရီးစဉ်သည် လက်ပံတောင်းတောင် ကိစ္စ ရပ်ကို အကြောင်း ပြု၍ တရုတ် နိုင်ငံ၊ တရုတ် လူမျိုး များနှင့် ယုံကြည် ရင်းနှီးမှု ရရှိအောင် အတိုင်း အတာတစ်ခု အထိ ဆောင်ရွက် နိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြမှု များသည်လည်း သွေးရိုး သားရိုး မဟုတ်သော၊ တရား မျှတမှု မရှိသော ဆန္ဒပြမှု များသာ ဖြစ်ကြောင်း NHK သတင်း ဌာနမှ ကိုသီဟက ပြောကြားသည်။

ကော်မရှင် အကြံပြုချက် များမှာ ဒေသခံ များ၏ ဆန္ဒနှင့် ရာနှုန်းပြည့် တစ်ထပ်တည်း မကျ သည့်တိုင် ရေရှည် အကျိုး စီးပွားအတွက် အကောင်းဆုံး အဖြေ ဖြစ်သည့်အပြင် တော်ရုံ နိုင်ငံရေးသမား လုပ်နိုင်ခဲသော အများကြိုက် လက်ခုပ်သံနိုင်ငံရေးကို မလိုက်ဘဲ ဖြစ်သင့် ဖြစ်ထိုက်သည့် လမ်းကြောင်းမှန်ကို ရဲရဲဝံ့ဝံ့ ထောက်ပြ အကြံပြုခဲ့သော ကော်မတီ ဥက္ကဋ္ဌ၏ ရပ်တည် ချက်ကို တန်ဖိုးထား လေးစား စေချင်သည်ဟု စာရေး ဆရာ ကျော်ဝင်းက သူ၏ Facebook စာမျက် နှာတွင် ရေးသား ခဲ့သည်။

နိုင်ငံကူးလက်မှတ် ၁ဝ ရက်အတွင်း ရပြီ

မတ်လ ၁၉ ရက် နေ့မှ စတင်၍ နိုင်ငံကူး လက်မှတ် စာအုပ် လျှောက်ထား သူမှန် သမျှအား ၁ဝ ရက် အတွင်း ထုတ်ပေး မည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနမှ ထုတ်ပြန် ကြေညာ လိုက်သည်။ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနက D-Form၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဌာန က ပုံစံ ၁၇နှင့် ၁၉၊ ပညာ ရေးဝန် ကြီးဌာနက ပညာရေး ကင်းရှင်းကြောင်း ထောက်ခံ ချက်များအား မတ်လလယ် အတွင်းမှ စ၍
မလိုအပ် တော့ကြောင်း ထုတ်ပြန်ပြီး နောက်ပိုင်း ပြည်ထဲရေး ဝန်ကြီး ဌာန ကလည်း ၄င်းတို့၏ လုပ်ငန်း စဉ်ကို ထိုသို့ လျှော့ချ လိုက်ခြင်းဖြစ် သည်ဟု သိရသည်။

လာရောက် လျှောက်ထား သူတို့ အချိန်ကုန် ငွေကုန်မှု ရှိစေသည့် ရုံးလုပ်ငန်း ဆိုင်ရာ မလိုသည့် အဆင့် ဆင့်ကို ဖြေလျှော့ လိုက်ပြီးရေး သွင်းရမည့် စာရွက် စာတမ်းများ မှာလည်း ငါးရွက် တည်းသာ ရှိ တော့သည်ဟု နိုင်ငံကူး လက်မှတ် ထုတ်ပေး ရေးရုံးမှ ရဲမှူး ကျော်ဇေယျက ဆိုသည်။ ”အရင် ပန်းဆိုး တန်းမှာ တုန်း က ၁၄ ရွက်ဖြည့် ရတယ်။ ၂ဝ၁၁ ခုနှစ်က ရန်ကင်း ရုံးကို ပြောင်းတော့ ၉ ရွက် ကိုလျှောက်လွှာ ဝယ်ပြီး ဖြည့်ခဲ့ ကြရတယ်”ဟု ရဲမှူး ကျော်ဇေယျက ပြောသည်။ ဖြေလျှော့ ပေးမှု တွင် နိုင်ငံ ကူးလက်မှတ် စတင် လျှောက်ထား သူ အပြင် စာအုပ် အဟောင်းမှ အသစ်သို့ လဲလှယ် သူတို့လည်း ၇ ရက်ကျော် ပါက ရရှိမည်ဟု ရဲမှူး က ဆက်ပြောသည်။ လျှောက်ထား သူက ရေးသွင်း ရမည့် ကိုယ်တိုင်ရေး ရာဇဝင်ကို မမှန်မကန် ရေးသွင်း သည်ဆိုပါက ၁ဝ ရက်တည်းနှင့် ရရှိမည် မဟုတ်ဘဲ ပြန်လည် စိစစ် ရမည် ဖြစ်သဖြင့် သတ်မှတ် ရက်ထက် အနည်းငယ် နောက်ကျမှ ရရှိမည်ဟု ရဲမှူး ကျော်ဇေယျက ဆိုသည်။ယခင်က ၂၁ ရက် ကျော်မှ နိုင်ငံကူး လက်မှတ်ကို လျှောက် ထားသူက ရရှိခဲ့ ကြရသည်။

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ထိန်းသိမ်း

မိတ္ထီလာမြို့ နယူးဝိန့်စိန်ရွှေဆိုင်ရှေ့တွင် အဓိကရုဏ်းဖြစ်ပွားနေမှုအား မတ်လ ၂၀ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ တွင် မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တစ်ဆိုင် တွင် ဖြစ်ပွားခဲ့သည့် သာမန်ခိုက်ရန်ဖြစ်ပွားမှုမှ အစပြုကာ ဘာသာရေး အဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ကြောင်းမိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏
သတင်းပေးပို့ချက်အရ သိရသည်။

မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုမှအစပြုကာ ဘာသာရေးအဓိကရုဏ်းအသွင် ဖန်တီးမှုများ ရှိလာခြင်းအပေါ် ယင်းနေ့ ည ၉ နာရီကျော်တွင် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မိတ္ထီလာမြို့၊ ဈေးအရှေ့ ပြင်ရပ်ရှိ နယူးဝိန့်စိန် ရွှေဆိုင်သို့ မိတ္ထီလာမြို့နယ်၊ ပြွန်ကောက်ရွာနေ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်သည့် ဦးခင်မောင်ဝင်း(၄၅)နှစ်၊ ၎င်း၏ဇနီး ဒေါ်အေးနိုင်(၄၆)နှစ်နှင့် မညိုညိုသန်း (၃၆)နှစ်တို့ သုံးဦးမှ ငွေလိုအပ်သဖြင့် ငွေကျပ် ၁၄၀၀၀၀ ခန့် တန်ဖိုးရှိ ရွှေဆံညှပ်တစ်ခုအား သွားရောက်ရောင်းချခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရောင်းချရာ ဆိုင်ရှင်ဒေါ်တင်အေး၏ သမက် ထွန်းထွန်းဦး(ခ)အာရှစ်(၂၃)နှစ်မှ ငွေကျပ် ၁၀၅၀၀၀ သာ ပေးမည်ဖြစ်ကြောင်းပြောကြား၍ မှတ်ကျောက်တင် ရန် ဈေးအတွင်းသို့ ယူဆောင်သွားခဲ့ကြောင်း၊ ဆိုင်သို့ပြန်ရောက်စဉ် ရွှေဆံထိုးမှာပဲ့နေသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်မှ တန်ဖိုး ငွေကျပ် ၅၀၀၀၀ သာ ပေးမည်ဖြစ်ကြောင်း ပြောကြား ရာမှ နှစ်ဖက်အချင်းများခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့ ၏ Facebook ဖြစ်သည့် ရဲဇာနည် Facebook တွင် ဖော်ပြထားချက်အရ သိရသည်။

ဆိုင်ရှင် မမြင့်မြင့်အေးက ရွှေဆံညှပ်အား လွှင့်ပစ်ပြီး ထွန်းထွန်းဦး(ခ) အာရှစ်နှင့် ဆိုင်လုပ်သား ညီညီ(ခ)မင်းအောင်တို့မှ ဦးခင်မောင်ဝင်းအား လက်သီးဖြင့် ထိုး၊ သစ်သားတုတ်နှင့် ရိုက်၍ ဦးခင်မောင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာဆေးရုံသို့ တင်ပို့ ကုသခဲ့ကာ ဦးခင်မောင်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်အေးနိုင်မှ တိုင်တန်းသဖြင့် ထွန်းထွန်းဦး(ခ)အာရှစ်၊ ညီညီ(ခ)မင်းအောင်နှင့် မြင့်မြင့်အေးတို့ သုံးဦးအား မိတ္ထီလာ အမှတ်(၂)ရဲစခန်း (ပ)၇၄/၂၀၁၃၊ ပြစ် မှုပုဒ်မ၃၂၆/၂၉၄/ ၄၂၇/၁၁၄ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
လူ ၂၀၀ ခန့်က မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ထွန်းထွန်းဦး(ခ) အာရှစ်၏ ဆိုင်ပတ်ဝန်းကျင်ရှိ ဈေးအ ရှေ့ဘက် တိုက်သုံးလုံး၌ရှိသော ဆိုင်ခန်းခြောက်ခန်းအား ခဲဖြင့်ထု၊ ဆိုင်အတွင်းဝင်၍ ပစ္စည်းများ ရိုက်ခွဲခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဟန်းသံဃာများနှင့် ရပ်မိရပ်ဖများမှ လူစုခွဲတားဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် အဆောက်အဦ ဖျက်ဆီးမှုများ ရပ်တန့်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါ ဆိုင်ခန်းခြောက်ခန်း ပျက်စီးခဲ့ကြောင်း၊ ညနေ ၃ နာရီဝန်းကျင်တွင် ၎င်းလူအုပ်စုမှ အဆိုပါတိုက်သုံးလုံးအား ဆက်လက်ဖျက်ဆီးလျက်ရှိသဖြင့် မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ညနေ ၅ နာရီခွဲ ၀န်းကျင်အချိန်တွင် ဈေးအနောက်ဘက်ရှိ ပါကစ္စတန် ဂျာမေ့ဗလီအား မီးရှို့ခဲ့ရာ လူထုမှဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။ ယခုကဲ့သို့ သာမန် ခိုက်ရန်ဖြစ်ပွားမှုအပေါ်တွင် အစပြုကာ လူအချို့က ဘာသာရေး အဓိကရုဏ်း အသွင်ဆောင်သည့် ဖန်တီးမှုများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ထိန်းသိမ်းခဲ့ကြောင်း မိတ္ထီလာမြို့ခံအချို့ထံမှ သိရသည်။
လူစုလူဝေးမပြုလုပ်ရန်နှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များအား အနှောင့် အယှက်မပေးရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့တွင် သိရိမင်္ဂလာဗလီနှင့် အခြားဗလီအချို့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အပြန်အလှန်မီးရှို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နေရာအနှံ့မီးလောင်မှုများအား ည ၈ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ပြီဖြစ်ကြောင်း အခြားနေရာအချို့တွင် ဒဏ်ရာရရှိသူအချို့ ရှိနေပြီး မြို့နေလူထုမှာ အရွှေ့အပြောင်း လုပ်နေပြီဖြစ်ကြောင်း မိတ္ထီလာမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် မိတ္ထီလာအမှတ်(၃) ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''လောလောဆယ်မှာ တည်ငြိမ်မှုမရှိသေးတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအ သီးသီးနဲ့ ပူးပေါင်းပြီးတော့ လုံခြုံရေး ရယူနေပါတယ်။ လူတစ်စုက ရုန်းရင်းဆန်ခတ်မှုတွေ လုပ်ဆောင်နေဆဲမို့ တည်ငြိမ်အောင် ဆောင်ရွက်နေပါတယ်''ဟု ပြောကြားခဲ့ပါသည်။

မိတ္ထီလာမြို့၏ အ၀င်အထွက် ရှေ့နောက်ကို ပိတ်ထားပြီဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် ဆိုင်ကယ် ၁၀ စီးကျော် ရှိနေပြီဖြစ်ကြောင်း ဓာတ်ပုံရိုက်သည့် သတင်းထောက်နှင့် ရဲဝန်ထမ်းအချို့ကို ခဲများဖြင့် ပစ်ပေါက်မှုများလည်း ရှိခဲ့ကြောင်း မိတ္ထီလာမြို့ခံ သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရသည်။ မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးမှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးဖြစ်သူအား Eleven Media Group မှ ဆက်သွယ်မေးမြန်းရာ ၎င်းက ''လက်ရှိအချိန်မှာတော့ အခင်းဖြစ်ပွားတဲ့နေရာမှာ လူအချို့ပဲ ကျန်ရှိနေပါတော့တယ်။ အဲဒါကို ညှိနှိုင်းဖြေရှင်းမှု ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။ မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ မတ် လ ၂၁ရက်နေ့ နံနက် ၂ နာရီဝန်းကျင်တွင် Eleven Media Group မှ မိတ္ထီလာမြို့ အမှတ်(၂)ရဲစခန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ထိုသို့ဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ''လက်ရှိအချိန်မှာ အခြေအနေက ပြန်လည်တည်ငြိမ်မှု ရရှိနေပါပြီ။ ရမည်းသင်းဘက်က နယ်မြေခံရဲတပ်ရင်း နှစ်ရင်း ရောက်ရှိနေပြီး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေပါတယ်။ တိုင်းအဆင့် အရာရှိကြီးတွေကိုယ်တိုင် စီမံကွပ်ကဲနေပါတယ်၊ နယ်မြေမှာ လှည့်ကင်းဆောင်ရွက်ပြီး မြို့ရဲ့လုံခြုံရေးကို ရယူနေပါတယ်။ အခုအချိန်မှာတော့ လူစုကွဲသွားပြီဖြစ်ပေမယ့် ဟိုတစ်စု ဒီတစ်စုတော့ ရှိနေပါသေးတယ်။ သတင်းရရှိမှုအပေါ် မူတည်ပြီး ဒေသခံများလုံခြုံရေးအတွက် ဆောင်ရွက်နေပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့သည်။

မတ်လ ၂၁ ရက်နေ့ နံနက် ၃ နာ ရီ မိနစ် ၄၀ အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ချက်အရ သံဃာတော်တစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အမျိုးသားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိတ္ထီလာအဓိကရုဏ်းကြောင့် သံဃာတစ်ပါးနဲ့လူတစ်ဦးသေဆုံးပြီး၊မြို့ခံ ၂၀ ဆေးရုံရောက်

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့မှာ ဒီကနေ့နေ့လည်က စတင်ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေ ကြောင့် ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအဝင် မြို့ခံတစ်ဦးသေဆုံးခဲ့ပြီး၊မြို့ခံအယောက် ၂၀ ကျော်ကိုလည်း မိတ္ထီလာဆေးရုံကြီးကို ထိခိုက်ဒဏ်ရာနဲ့ တင်ပို့ထားရတယ်လို့ RFA ကစုံစမ်းသိရပါတယ်။ ယနေ့နေ့လည်က  မိတ္ထီလာမြို့မဈေး ရွှေဆိုင်မှာ ရွှေလာရောင်းသူ နဲ့ ရွှေဆိုင်ပိုင်ရှင်တို့ကြား စတင် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့်
မိတ္ထီလာမြို့မဈေးအတွင်းက ဈေးဆိုင်တစ်ချို့နဲ့ဆိုင်ခန်းတစ်ချို့အပြင် အစ္စလာမ်ဘာသာဝင်တို့ ဝတ်ပြုရာ ဗလီတစ်ခု ဖျက်စီးခံခဲ့ရပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ဖြေရှင်းဖို့အတွက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် ခေါင်းဆောင်တဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ မိတ္ထီလာမြို့ကို ဒီကနေ့ ညနေကရောက်ရှိလာပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ရှေ့တန်းစခန်းဖွင့်လှစ်ထားတယ်လို့ မိတ္ထီလာ ခရိုင်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဒီကနေ့ မနက်ပိုင်းမှာ RFA ကိုအတည်ပြုပြောကြားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေး လူမှုကွန်ယက်ဖြစ်တဲ့ "ရဲဇာနည်"ဖေစ့်ဘုတ်စာမျက်နှာမှာလည်း ဒီကနေ့နေ့လယ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ည ၈ နာရီကျော်က မိတ္ထီလာဆေးရုံကြီးကို တက်ရောက်ဆေးကုသခံယူနေရတဲ့ ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးနဲ့ မိတ္ထီလာမြို့ခံ ဦးသန်းမြင့်နိုင်တို့ မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပဋိပက္ခဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ၂၀ ရက်ည ၁၀ နာရီခန့်မှာတော့ မိတ္ထီလာမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါတယ်။

မိတ္ထီလာ ပဋိပက္ခ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှို့ခံရ၍ သေဆုံး

(၂၀-၃-၂၀၁၃)ရက်နေ့ နက်(၉း၀၀)ခန့်ကဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် (မူဆလင်)သို့ ဦးခင်မောင်ဝင်း+ဒေါ်အေးအေးနိုင်- တို့က ရွှေဆံကုတ် (ဘီးကုတ်)လာရောင်းပါသည်။ဦးခင်မောင်ဝင်း (၄၆) နှစ် ဒေါ်အေးအေးနိုင် (၄၅)နှစ်နှင့် အတူ ကလေးနှစ်ယောက်လည်း ပါလာပါသည်။ ဆိုင်ရှင်ဒေါ်မြင့်မြင့်အေး(ခ)ရှီတာ-က ရွှေထည်ဆံကုတ်ကို ချိုးပစ်၍ မှတ်တိုက်ကာ ငရဲမီးပါ စားပစ်လိုက်သည်။
ထို့နောက် ငါးသောင်းကျပ်ဖြင့် ဈေးဖြတ်လိုက်သည်ကို မရောင်းနိုင်၍ ဆံကုတ်ကို ပြန်ဆက်ပေးဖို့ ပြောဆိုသည့် အခါ “ဒီကောင်မ လူးပါးဝတယ်၊ ပြန်ဆက်မပေးနိုင်ဘူး”ပြောကာ ဆိုင်ရှင်မြင့်မြင့်အေးနှင့် အစ်မက လင်မယားနှစ်ယောက်လုံးကို ပါးစရိုက်သည်။ ထို့နောက် ဒေါ်အေးအေးနိုင် လည်ပင်းကို ဝါးလုံးဖြင့် ထောက် ဦးခင်မောင်ဝင်း(၄၆)ကို ဒေါ်မြင့်မြင့်အေးက လက်ကိုချုပ်ထားချိန်တွင် ဒေါ်အေးအေးနိုင်မှ ကယ်ကြပါဦး- ကျွန်မတို့ကို ရိုက်နေပြီ အော်ဟစ်အကူညီတောင်းသည်။

ဆိုင်ရှင် ဦးထွန်းထွန်းဦးနှင့် အလုပ်သမားဦးညီညီတို့က ဦးခင်မောင်ဝင်းခေါင်းကို နှစ်တစ် ဒုတ်ဖြင့် ရိုက်သည်။ ဆိုင်ထဲ ခိုးဝင်၍ ရိုက်ကြောင်း၊ အော်ဟစ်ပြောဆိုပြီး ရိုက်ခြင်းဖြစ်သည်။ ဈေးဆိုင်များရှိ ဆွေမျိုးတော်စပ်သူ မူဆလင်များကပါ ဝိုင်း၍ ရိုက်နှက်ကြသည့်အခါ ပတ်ဝန်းကျင်ရှိ မြန်မာများက မတရားမလုပ်နှင့်ဟု ဝိုင်းအော်ကာ ရဲစခန်းကို ဖုန်းဆက်ကြသည်။ မိနစ်နှစ်ဆယ်ခန့် အကြာမှာ ရဲများရောက်လာပြီး နယူးဝိန့်စိန် ရွှေဆိုင်(မူဆလင်ဆိုင်) ပိတ်ပစ်လိုက်ပြီး ဦးထွန်းထွန်းဦးနှင့် ဦးညီညီတို့ကို ဖမ်းဆီးသွားသည်။ ချုပ်ပေးသော မူဆလင် အမျိုးသမီးဒေါ်ဘုတ်ပွ၊ ဒေါ်နက်တီနှင့် ဆိုင်ရှင်ဒေါ်မြင့်မြင့်အေးတို့က ဘေးပေါက်မှ ထွက်ပြေးလွတ်မြောက်သွားသည်။

ရဲများရောက်ချိန်တွင် (၁၀း၀၀)နာရီကျော်ခန့် ရှိနေပြီး လူအုပ်က အယောက်ငါးဆယ်ကျော်ခန့် ရှိနေပြီဖြစ်သည်။ နယူးဝိန့်စိန်ရွှေဆိုင် နှင့် ဘေးချင်းကပ် ဆွေမျိုးတော် စပ်သူ တော်ဝင်ရတနာအပေါ်ထပ်သို့ ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မနှစ်ယောက် ပုံးအောင်းနေသည်ထင်ကာ ရဲများကို သတင်းပို့ပြီး ရဲများနှင့်အတူ တက်ရှာသော် လည်း ဒေါ်မြင့်မြင့်အေးတို့ ညီအစ်မကို မတွေ့ရဘဲ အသက်နှစ်ဆယ်ကျော် ကလေးမလေးနှစ်ယောက်သာ တွေ့ခဲ့ရသည်။ ကလေးမလေးနှစ်ယောက်ကို ရဲများက ဦးဆောင်ခေါ်သွားရာ မြို့မိမြို့ဖများ ကလေးမလေးနှစ်ယောက်ကို ဝန်းရံပြီး အကာအကွယ်ပေးကြသည်။ ကလေးမလေးနှစ်ယောက်ကို ခဲဖြင့်ပေါက်သူများရှိသော်လည်း မထိမှန်ဘဲ ဝန်းရံသူများကိုသာ ထိမှန်ခဲ့သည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကြ၍ ဦးခေါင်းမထိခြင်းဖြစ်သည်။

ရဲစခန်းရောက်ချိန်တွင် စခန်းရှေ့မှာ လူစုလူဝေး အတော်များနေပြီဖြစ်သည်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ မေတ္တာရပ်ခံမှုကြောင့် မြို့မိမြိုဖများက လူစုခွဲပေး၍ မနက်(၁၁း၀၀)အချိန်တွင် လူစုကွဲသွားကြပြီး ဖြစ်သည်။ ရဲစခန်းမှာ လူစုကွဲသွားချိန်တွင် နယူးဝိန့်စိန် ရွှေဆိုင်မှာ လူအုပ်ကြီးအင်အားများလာကာ မွန်းလွဲ(၁း၀၀)ခန့်တွင် စတင် ဖျက်ကြခြင်းဖြစ်သည်။ နယူးဝိန့်စိန် ရွှေဆိုင်နှင့် တော်ဝင်ရတနာ ရွှေဆိုင်၊ ရွှေနန်းတော် ရွှေဆိုင်နှင့် ယွန်းဝတီကျော်ရွှေဆိုင်တို့ အဖျက်ခံရသည်။ အားလုံး သုံးထပ်တိုက် ကြီးများဖြစ်သည်။ မြန်မာပိုင် “တိုင်းချစ်”ရွှေဆိုင်တစ်ဆိုင်လည်း အဖျက်ခံလိုက်ရသည်။ လူအုပ်ကိုကြောက်၍ ထွက်ပြေးသွားပြီး သာသနာ့အလံနှင့် ဘုရားပုံမြင်သာအောင်ချိပ်ခဲ့သော် လည်း တစ်ဝက်ခန့်ပျက်သွားခဲ့သည်။

လုံခြုံရေးများက ဗလီအားလုံးရှေ့မှာ ဒိုင်းများ၊ တုတ်များနှင့် နေရာယူပေးထားပြီး ရဲသုံးဆယ်ခန့်က ဖျက်နေသော နေရာတွင် ရပ်ကြည့်နေကြသည်။ သံဃာများရောက်လာပြီး တစ်ခြား ဘက်လမ်းကြောင်း မပြောင်းရလေအောင် ကာကွယ်စောင့်ရှောက်ကြသည်။ ရဲများနှင့် သံဃာများကို လမ်းကြောင်း ပြောင်းမသွားပါဘူး ကတိပေးပါတယ်။ဟု အော်ပြောကာ တိုက်များကို ဖြိုဖျက်ခဲ့လေသည်။ ထိုအချိန်တွင် မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်း ဟံဇားရွာမှ အသက်(၄၀)ဝန်းကျင်ရှိ ရဟန်းတော်တစ်ပါး ဆိုင်ကယ်ဖြင့် လာသည်ကို ဒဟတ်တန်း မူဆလင်ရပ်ကွက်မှ ဓားဖြင့်ခုတ်လိုက်ရာ နားရွက်အထက် နောက်စေ့ ခုတ်မိပြီး လဲကျသွားသည်။ ဆိုင်ကယ်မောင်းလာသူက တောင်းပန်သော်လည်း လုံးဝမရဘဲ ဗလီထဲစွဲယူသွားကာ အက်ဆစ်နှင့်ပက် ဓာတ်ဆီနှင့်လောင်းပြီး မီးရှို့သတ်ပစ်လိုက်ပါသည်။ ကားကြီးဝန်းလမ်းဆုံ လမ်းမကြီးပေါ်တွင် သွေးကွက်နှင့် သင်္ကန်းသာ ကျန်ခဲ့သည်။

ဘုန်းကြီးတစ်ပါး မီးရှို့အသတ်ခံရသည့် သတင်းပျံ့သွားသည့် အခါ လူစုကွဲစ ပြုနေသော လူအုပ်ကြီးသည် ဒဟတ်တန်း မူဆလင်ရပ်ကွက်သို့ ချီတက်တိုက်ခိုက်ကြပြန်ရာ မြို့မဗလီ မီးလောင်ပျက်ဆီးသွားသည်။ မူဆလင်များက မြန်မာအိမ်များကို အပြန်အလှန် မီးရှို့ကြပြီး ဒဟတ်တန်းရပ်ကွက်သည် မူဆလင်ရပ်ကွက်ဖြစ်ရာ ကျွံဝင်လာသော မြန်မာများ အထိနာခဲ့သည်။ ဆေးရုံတွင် ဒဏ်ရာရ (၁၆)ယောက်တွင် သုံးယောက်ပြင်းထန် ဒဏ်ရာဖြင့် အရေးပေါ်ကုသမှု ခံယူနေရသည်။ မူဆလင်(နှစ်ယောက်လည်း) ဆေးရုံတက် ကုသနေရသည်။ မြန်မာတစ်ယောက် ဆေးရုံမှာ ထပ်မံသေဆုံးသွားပြီး ကုလားဗမာ ခွဲခြားမရသော မီးလောင်အလောင်း တစ်ခုကို ကုလားရွာမှ ရရှိခဲ့သည်။

ထိုသို့ အပြန်အလှန် တိုက်ခိုက်နေချိန်တွင် မူဆလင်တစ်ယောက်က ဆယ်ဘီးကားဖြင့် လိုက်တိုက်နေ၍ မြန်မာတစ်ယောက်က လေးခွဖြင့် ပစ်လိုက်ရာ မျက်စိထိမှန်သွားပြီး တိုက်တစ်လုံးကို ဝင်ဆောင့်ပြီး ရပ်သွားခဲ့သည်။ လူအုပ်ကြီးက ယဉ်မောင်းကို ဆွဲချပြီး မီးရှို့ပစ်လိုက်ကြသည်။ ၄င်းသည် မိတ္ထီလာဆေးရုံမှ မန္တလေးသို့ အသွားတွင် အသက်ရှူရပ်သွား၍ ၄င်းကို ခေါ်လာခဲ့ရပြီး ည(၁း၀၀)ခန့် ရောက်မှ ဆုံးသွားခြင်းဖြစ်သည်။ ည(၈း၀၀)ကျော်မှ (၉း၀၀)ထိ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး (၁၀း၀၀)နာရီရောက်မှ ပြီးဆုံးသွားခဲ့သည်။ ၁၄၄-အမိန့်ကိုလည်း မြို့ထဲလှည့် ကြေညာခြင်း၊ လုံခြုံရေးတပ်ရင်းများ အုပ်စီးမိသွား ခြင်းကြောင့် ပြီးဆုံးသွားခြင်း ဖြစ်သည်။

မူဆလင်များသည် အမျိုးသမီးများ၊ ကလေးသူငယ်များ အဖိုးအဖွားများကို တင်ဆောင်ကာ ကားတန်းကြီးဖြင့် တောင်ကြီးဖက်သို့ ဦးတည်မောင်းသွားကြကြောင်း သိရသည်။ (၁၀း၃၀)ကျော်တွင် မြန်မာရပ်ကွက်ရှိ ဗလီများအားလုံးနီးပါး မီးရှုံ့ခံရပြီး မူဆလင်ရပ်ကွက်နှင့် ကျေးရွာများမှာ ပုံမှန်အနေအထား အတိုင်းသာ တည်ငြိမ်လျက်ရှိပါသည်။ မိတ္ထီလာတွင် ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ရမည်းသင်း၊ တောင်ငူစသော မြန်မာပြည် အနှံ့အပြားမှ ထွက်ပြေးလာသူများ ခြေချလျက်ရှိကြောင်း၊ ငွေကျပ်တစ်သိန်း ရှစ်သောင်းတန်ကို ငါးသောင်းဖြင့် ဈေးဖြတ်ရာမှ စခဲ့ကြောင်း၊ တစ်ခြားဆိုင်မှ ရွှေထည်မဟုတ်ဘဲ ကိုယ့်ဆိုင်မှ ရွှေထည်ကိုပင် ဈေးနှိမ်ခြင်း၊ မောက်မာခြင်း၊

အုပ်စုဖွဲ့ရိုက်ခြင်းများ ပြုလုပ်ရာမှ စခဲ့ကြောင်း၊ ဘုန်းကြီးတစ်ပါး ဓားခုတ်၊ မီးရှုံ့ခံရ၍ သေဆုံးရာမှ ဗလီများသို့ လမ်းကြောင်းပြောင်းသွားခြင်း ဖြစ်ကြောင်း၊ ရွှေပြန်ရောင်းသည့် မိသားစုသည် မနက်ဖြန်အလှူပေးဖို့ ငွေလိုအပ်၍ လာရောက်ရောင်းချင်ခြင်း ဖြစ်ကြောင်း၊ ကွက်ငယ်အုပ်စု၊ ပြွန်ကောက်ကျေးရွာမှ ဖြစ်ကြောင်း၊ အသတ်ခံရသည့် ဘုန်းကြီးသည်လည်း နက်ဖြန်အလှူတွင် လှူဒါန်းရန် တရားစာအုပ်များ လာဝယ်ခြင်းဖြစ်ကြောင်း ဝမ်းတွင်း ဟံဇားရွာမှ ဖြစ်ကြောင်းသိရသည်။

အမေရိကန်သမ္မတ အိုဘားမား အစ္စရေးလ်ရောက်ရှိ

အမေရိကန်နဲ့ အစ္စရေးလ်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးဟာ ထာဝရ တည်တံ့ခိုင်မြဲတဲ့ ဆက်ဆံရေးဖြစ်တယ်လို့ အမေရိကန်သမ္မတ ဘရတ်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ သမ္မတဖြစ်လာချိန် ကတည်းကဆိုရင် အစ္စရေးလ်နိုင်ငံဆီ ပထမဆုံး ခရီးစဉ်အစမှာ သမ္မတအိုဘားမားက အဲ့ဒီလိုပြောခဲ့တာပါ။ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ယာမင် နတန်ယာဟု (Benjamin Netanyahu) နဲ့
သမ္မတ ရှီမွန် ပဲရက်စ် (Shimon Peres) တို့က Ben Gurion လေဆိပ်မှာ သမ္မတ အိုဘားမားကို အခမ်းအနားနဲ့ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

အစ္စရေးလ်နိုင်ငံအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်လို့ နှစ်ဦးစလုံးက ခေါ်ဆိုတဲ့ ကိစ္စအပေါ် မစ္စတာအိုဘားမားက ကာကွယ် ပြောဆိုခဲ့တဲ့အတွက် မစ္စတာ နတန်ယာဟု က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ မိမိတို့ နှစ်နိုင်ငံအကြား မကျိုးပျက်နိုင်တဲ့ ဆက်ဆံရေးကို ထပ်လောင်း အတည်ပြုလို တာကြောင့် သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း အတွက် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အစ္စရေးလ်နိုင်ငံဆီ လာရောက်ခဲ့တာဖြစ်တယ်လို့ မစ္စတာအိုဘားမားက ပြောခဲ့ပါတယ်။ အစ္စရေးလ်လူထုနဲ့ သူတို့ရဲ့အိမ်နီးချင်းတွေကို သူ တိုက်ရိုက်စကားပြောချင်ပြီး မြင့်မြတ် တဲ့မြေမှာ ငြိမ်းချမ်းရေးရရမယ်လို့ သူ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဂျပန်တွင် သေကြောင်းကြံလည်း ဒဏ်ငွေရိုက်

ဂျပန်နိုင်ငံမှာ လူသိများတဲ့ သေကြောင်းကြံစည်နည်း တစ်ခုကတော့ ရထား အတိုက်ခံခြင်း ဖြစ်ပါတယ်။ ယင်းနည်းလမ်းနဲ့ မိမိကိုယ်ကို သေကြောင်းကြံသူ အရေအတွက် တိုးပွား လာမှုကြောင့် ဥပေဒ တစ်ခု ချမှတ်ခဲ့ပါတယ်။ ဒါကတော့ ရထားလမ်းပေါ်မှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ရင် ကျန်ရှိသူ မိသားစုမှ ဒဏ်ငွေ ယွမ် ၁ သန်းဆောင်ရမှာ ဖြစ်ပါတယ်။
ဘယ်သူမှ မကျန်ရင်တောင် အတူနေတဲ့ အခန်းဖော်၊ ဆွေမျိုးနီးစပ် ဒဏ်ငွေရိုက်လို့ရတဲ့ လူမှန်သမျှရိုက် မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ အချင်းချင်း ပြန်လည် ထိန်းကျောင်း စေဖို့လည်း ပါတယ်လို့ ဆိုပါတယ်။

ပြီးတော့ ယင်းကဲ့သို့ သံလမ်းပေါ် သေကြောင်းကြံမှုကြောင့် ခရီးသွား ပြည်သူများ အချိန်နောက်ကျရပြီး ဒီအတွက် ပေးဆောင်ရတဲ့ ဒဏ်ငွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ရထားလမ်းပေါ် သေကြောင်းကြံမှု မဖြစ်အောင် လည်း လုံခြုံရေးအဆင့်မြင့်ထားရှိပြီး ကင်မရာများလည်း ရှိပါတယ်။ သို့ပေမယ့် သေရန် ကြိုးပမ်းသူများ ရှိနေသေးတဲ့အတွက် ယခုလို ဒဏ်ငွေ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုး ကြောင့် မသေခဲ့ဘူးဆိုရင်တောင် အမှုရင်ဆိုင်ရပြီး ဒဏ်ငွေ ၁ သန်းကိုပါ သီးသန့် ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ သံလမ်းပေါ် သေကြောင်းကြံဖို့ စဉ်းစားရင် ဒဏ်ငွေ ယမ်း ၁ သန်းတော့ ဆွေမျိုးကို ပေးခဲ့ဖို့လို့ ထူးထူးခြားခြား ဥပဒေလေး တစ်ခု ရှိကြောင်း သိရပါတယ်။

ရုရှားကမ္ဘာစစ်တင့်ကားများ အသုံးဝင်နေဆဲ

ဆိုဗီယက် (ရုရှား)တို့ ၁၉၄၀ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အတွင်း ထုတ်လုပ်ပြီး ဒုတိယကမ္ဘာစစ်မှာ အသုံပြုခဲ့တဲ့ တင့်ကားကတော့ ပုံမှာပြထားတဲ့ T-34 ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက တိုက်ပွဲဝင်ရာမှာ အသုံးအဝင်ဆုံး၊ အကောင်းဆုံး စွမ်းဆောင်ပေးတဲ့ စစ်လက်နက်ကြီး အဖြစ် ကမ္ဘာက အသိမှတ်ပြုထားတဲ့ တင့်ကား ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးတာ အတော်လေးကြာပါပြီ။ အနှစ် ၇၀ ကြာပြီ ဖြစ်ပေမယ့်
ယင်း T-34 ကို ဥရောပ တိုက်မှ နိုင်ငံအတော် များများမှ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ချက်ဟာ နှစ်ကာလ ရှည်ကြာပြီ ဖြစ်ပေမယ့် အသုံးဝင်နေဆဲမို့ ဥရောပ စစ်တပ်များ လက်မလွတ် သေးတဲ့ စစ်လက်နက်ယာဉ်တစ်မျိုး ဖြစ်ကြောင်း သိရပါတယ်။

ခြေမဲ့လက်မဲ့ ပါးစပ်နဲ့ ပန်းချီဆွဲတဲ့ ပန်းချီဆရာ

ကံကြ မ္မာကို ဘယ်သူ ကြိုမြင် နိုင်မလဲ? ဒီနေ့ မြင်ပြီး မနက်ဖြန် ပျောက်မသွား ဘူးလို့ ဘယ်သူ ပြောနိုင်မလဲ? ကျန်းကျန်း မာမာ ခန္ဓာကိုယ် တစ်ခုက မနက်ဖြန်မှာ ဘာဖြစ်မယ် ဆိုတာကို ဘယ်သူ သိနိုင်မလဲ? ကျန်းမာ သန်စွမ်းတဲ့ ခန္ဓာကိုယ် တစ်ခုနဲ့ ရှင်သန် ခဲ့တဲ့ လူငယ်တစ်ဦး.... မတော် တဆ ထိခိုက် မှုကြောင့် ညာခြေထောက် ဒူးဆစ် ကနေ ဖြတ်လိုက် ရတယ်။ လက်မောင်း နှစ်ခု တုံးတိတိ ပြတ်သွား ခဲ့ရတယ်။
အမေရဲ့ ကြံ့ခိုင်တဲ့ အကြည့် တွေကြောင့် အသက် ဆက်ရှင်ဖို့ သူ သတ္တိတွေ ရခဲ့တယ်။ ကိုယ့်ဆီက ဆုံးရှုံး သွားတဲ့ အရာတွေ အတွက် သူမညည်း တွားခဲ့ဘူး။ ကိုယ်ဘာတွေ ပိုင်ဆိုင် သေးလဲ ဆိုတာ ကိုပဲ သူစဉ်းစား ခဲ့တယ်။

ကိုယ်အင်္ဂါ မစုံတဲ့ ဘဝနဲ့ စုတ်တံကို ပါးစပ်မှာ ကိုက်ပြီး သူပန်းချီ ဆွဲသင် ခဲ့တယ်။ ဘဝရဲ့ ခွန်အားကို ကင်းဘတ် စပေါ်သူချ ဆွဲခြယ် မှုန်းခဲ့တယ်။ တစ်ကြိမ်ပြီး တစ်ကြိမ် သူ့လက် ရာကို သူစိန် ခေါ်ခဲ့တယ်။ မိတ်ဆွေ သူငယ်ချင်း တွေကို သူအမြဲ ပြောတတ်တဲ့ စကား တစ်ခွန်းက “လဲကျခဲ့ရင် ပြန်ထရပ်ပါ။ ဒါဟာ ခက်ခဲသလို အလွယ် ကူဆုံး လည်းဖြစ်တယ်”
မသန် စွမ်းတဲ့ ဘဝရောက် ခဲ့ရတဲ့ မတော်တဆ အဖြစ်ကို သူမှတ်မိ နေသေးတယ်။ စက်ရုံ ဝန်ထမ်း တစ်ဦးဖြစ်တဲ့ သူဟာ အဲဒီနေ့က ကုန်တင် ကုန်ချ လုပ်နေခဲ့တယ်။ အမှတ်တမဲ့ ပါပဲ.... သူကိုင် ထားတဲ့ သံချောင်း တစ်ချောင်းက ဗို့အားမြင့် လျှပ်စစ် တစ်ခုနဲ့ သွားထိ ဆက်မိတယ်။ သံချောင်း ကနေတစ်ဆင့် သူ့တစ် ကိုယ်လုံး ဓာတ်လိုက် လောင်ကျွမ်းခဲ့ ရတယ်။

လည်ချောင်း တစ်ခုလုံး ခြောက်ကပ်ပြီး ရေဆာတဲ့ ဒဏ်က သူ့ကို မေ့မြောရာ ကနေ နှိုးထ စေခဲ့တယ်။ ယောင်ယောင် ယမ်းယမ်းနဲ့ ကုတင် ဘေးက ခုံပေါ် တင်ထားတဲ့ ရေခွက်ကို ယူဖို့ သူလှမ်း ယူလိုက်မှ ၁၆ နှစ်လုံးလုံး သူနဲ့ အတူ ရှိခဲ့တဲ့ လက်တစ်စုံဟာ ကိုယ်ခန္ဓာ ကနေ ပျောက်ဆုံးသွားမှန်းသူသိလိုက်ရတယ်။ မတော်တဆ ဓာတ်လိုက်ခံရလို့ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူ့မှာခြေတစ်ချောင်းပဲ ကျန်ရစ်သူဖြစ်ခဲ့တယ်။

အသက်တစ်ချောင်းကို ကယ်တင်နိုင်လိုက်ပေမယ့် သူ့မှာ ကျန်ခဲ့တာက လက်မဲ့နေတဲ့ ပခုံးတစ်စုံရယ်၊ ဒူးဆစ်ကနေဖြတ်လိုက်ရတဲ့ ညာခြေတစ်ချောင်းနဲ့ ထော့နဲ့နဲ့ဖြစ်နေတဲ့ ဘယ်ခြေတစ်ချောင်းပဲဖြစ်တယ်။ ညာမျက်စိတစ်လုံးလည်း အမြင်ဝါးခဲ့ရတယ်။ လူတွေရဲ့ အကြည့်မှာ သူဟာ အရုပ်ဆိုး အကျည်း တန်တဲ့ ကြောက်စရာ သတ္တဝါ တစ်ကောင် ဖြစ်ခဲ့ရတယ်။ ဆေးရုံပေါ် မေ့မြောရာ ကနေ သူနှိုး လာချိန်မှာ ဘေးပတ်ပတ် လည်မှာ ဝိုင်းကြည့် နေကြတဲ့လူတွေ ကြားမှာ အမေ့ကို သူတွေ့ လိုက်တယ်။ အမေ့ပါးပြင် ပေါ်က ခြောက်နေပြီ ဖြစ်တဲ့ မျက်ရည် စီးကြောင်း နှစ်ကြောင်းကို သူတွေ့ ဖြစ်အောင် တွေ့လိုက်တယ်။ အခန်းအပြင်ဖက်က ဆွေမျိုးတချို့ တီးတိုးပြောနေတဲ့စကားကို သူကြားလိုက်တယ်။ “သေသွား တာမှ ကောင်းမယ် ထင်တယ်။ မိဘ တွေကို တာဝန် ပိုစေတာပဲ အဖတ် တင်တယ်”

“ခြေမရှိ လက်မရှိနဲ့ ကြောက်စရာ ကောင်းလိုက်တာ”

“သူ့ကို တစ်သက်လုံး ဘယ်သ စောင့်ရှောက် မှာလဲ” ခန္ဓာကိုယ် အကောင်း ပကတိ ကနေ ခြေတစ်ချောင်း သာကျန်ခဲ့တဲ့ သူ့ကို ကုဖို့ များပြားတဲ့ ဆေးဖိုးဝါး ခကို သူ့မိဘက မတတ်နိုင် ခဲ့ကြဘူး။ ဒီကြားထဲ စက်ရုံ ပိုင်ရှင် သူဌေးက အလျော် မပေးဘဲ ထွက်ပြေး သွားခဲ့တယ်။ မတတ်နိုင်တဲ့ အဆုံးမှာ ဆွေမျိုး တွေက သူ့ကို စွန့်ပစ် ခဲ့ဖို့ အကြံပေး ကြပေမယ့် ရဲရင့်တဲ့ စိတ်ဓာတ်နဲ့ ဆရာဝန်ကို ပြောနေတဲ့ အမေ့ စကားကို သူကြား လိုက်မိတယ်။

“ကျွန်မ သားကို အတတ်နိုင်ဆုံး ကုပေးပါ။ ကျွန်မသား အသက် ရှင်နေမယ်.. ကျွန်မကို “အမေ” လို့ တစ်ခွန်းလောက် ခေါ်နိုင် သေးတယ် ဆိုရင် လုံလောက် ပါပြီ”

ရစ်ဝိုင်း လာတဲ့ မျက်ရည် တွေကို မကျအောင် အမေ ထိန်းရင်း ဆရာဝန်တွေကို ခယ တောင်းပန် ခဲ့တယ်။ သားကို လက်မလျှော့ဘူး၊ သားကို ကာကွယ်မယ်၊ သားကို အတတ် နိုင်ဆုံး ကယ်တင် မယ်ဆိုတဲ့ အကြည့်နဲ့ သူ့ကို အသက်ဆက်ရှင်ဖို့ အမေခွန်အားတွေပေးခဲ့တယ်။ ၁၆နှစ်အရွယ် သူ့အတွက် နောက်ထပ်တစ်ကြိမ် ရှင်သန်ဖို့ “အသက်” တစ်ချောင်းကို အမေပေးခဲ့ပြန်တယ်။

အရင်တုန်းက သွက်သွက် လက်လက်နဲ့ အလုပ်ကြမ်း တွေလုပ်ပြီး သန်မာခဲ့တဲ့ လူတစ်ယောက်ဟာ အခုချိန် မှာတော့ မွေးဖွားစ ကလေး တစ်ယောက် လိုပဲ ထမင်းစား၊ ရေချိုးတာကအစ တာဝန်တွေအားလုံး လွန်ခဲ့တဲ့ ၁၆နှစ်ကလိုပဲ အမေ့ပခုံးပေါ် ရောက်ခဲ့ပြန်တယ်။ တစ်နေ့ ထမင်း သုံးနပ်ကို တစ်ဇွန်းချင်း သူ့ကို အမေတိုက်ကျွေးခဲ့တယ်။ သူ့ကိုကျွေးပြီးမှ အေးစက်စက် ထမင်းကျန်တွေကို မြိုချနေတဲ့အမေ့ကိုကြည့်ပြီး သူစိတ်မကောင်းခဲ့ဘူး။

ဒီကြားထဲ ကံမကောင်း စွာနဲ့ အမေ အူအတက် ပေါက်လို့ ဆေးရုံ တက်ခဲ့ရတယ်။ အမေ ဆေးရုံတက် နေတုန်း ၁၅ရက်ကြာ ရေမချိုးခဲ့ရတဲ့ ဒဏ်နဲ့ တစ်ကိုယ်လုံး ပိုးမွှား ကိုက်ပြီး ကိုယ့်လက်နဲ့ မကုတ်နိုင်တဲ့ ဒဏ်ကို သူကောင်းကောင်း ခံစား လိုက်ရတယ်။ အဲဒီ အချိန် ကျမှ အမေ့ ပခုံးပေါ်က ကြီးလေးတဲ့ တာဝန်ကို သူနား လည်လိုက်တယ်။ မျက်ရည်တွေ အမြဲရစ်ဝဲ နေတတ်တဲ့ အမေ့ မျက်လုံးနဲ့ အိမ်ပြင် ခဏထွက် တာတောင် သားကို စိတ်မချတဲ့ သားဇောနဲ့အမေ.... အမေကို ကြည့်ပြီး သူ့ကိုယ်သူ ဂရုစိုက်၊ စောင့်ရှောက် မယ်လို့ သူဆုံးဖြတ်လိုက်တယ်။ အမေ့ကြောင့် ခြေမဲ့လက်မဲ့ကိုယ့်ဘဝကို ရဲရဲရင်ဆိုင်လက်ခံနိုင်ဖို့ သူကြိုးစားခဲ့တယ်။ ပထမဦးဆုံး ၁၅ စင်တီမီတာ လောက်သာ ကျန်ခဲ့တဲ့ သူ့ညာ ဖက်လက်မောင်းမှာ ကိုယ်တိုင် အစာစားရ လွယ်ကူ အောင်ဆိုပြီး လက်တု တစ်ခုကို တပ်လိုက်တယ်။ အဲဒီ နောက်ပိုင်းမှာ အမေနဲ့ အတူတူ ထမင်း စားခွင့်ကို သူရ ခဲ့တယ်။

တစ်ဝက် သာကျန် ခဲ့တဲ့ ညာခြေ မှာလည်း သံခြေတု တစ်ခုစွပ်လိုက်တယ်။ ပူပြင်းတဲ့ နွေရာသီမှာ သံထည်ကြောင့် ပေါင်တစ် ခုလုံး နီရဲနာ ကျင်ခဲ့ပေမယ့် သူစိတ် မပျက်ခဲ့ဘူး။ နောက်ထပ် တစ်ကြိမ် ပြန်ထရပ် နိုင်တာကိုပဲ သူဝမ်း သာခဲ့တယ်။

ကိုယ့်ရဲ့နေ့စဉ်ဝေယျာဝစ္စကို ကိုယ်တိုင်လုပ်နိုင်ရင် အမေ အနားယူချိန်ပိုရမယ်လို့ တွေးပြီး အိမ်သာတက်၊ ရေချိုးတာကအစ ကိုယ်တိုင်လုပ်နိုင်အောင် သူကြိုးစားခဲ့တယ်။

လူတွေက သူ့ကို သူရဲ့မသန် စွမ်းတဲ့ ခန္ဓာကိုယ်ကို ဘမ်းပြပြီး တောင်းရမ်းစား သောက်ဖို့ အကြံပေးခဲ့ ကြတယ်။ အမေ့လုပ် စာကို မှီခိုစားသုံး နေတဲ့ သူ့ကို လူတချို့က “ဆန်ပိုး” လို့ ခေါ်ခဲ့ ကြတယ်။ သူ့တစ် သက်မှာ တွန်းလှည်းတောင် မစီးခဲ့ဖူး တဲ့သူက “ငါ့ဘဝဟာ ဒီလိုနဲ့ပဲ ပြီးသွား တော့မလား” လို့ သူ့ကိုသူ မပြတ် မေးခဲ့တယ်။

သူ့အတွက် တာဝန် ပိုကြီးခဲ့တဲ့ အမေရဲ့ပင်ပန်း နွမ်းနယ်တဲ့ ပုံရိပ်ကို သူ့ဦးနှောက်ရဲ့ အနက်ရှိုင်း ဆုံးနေရမှာ ထုဆစ် ခဲ့တယ်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ငါထရပ် နိုင်အောင် ကြိုးစားမယ်။ လူတွေ အထင် သေးတာ မခံရအောင် ငါရပ် နိုင်အောင် ကြိုးစားမယ်။ ငါရဲ့ ခြေတွေ လက်တွေ ဆုံးရှုံး ခဲ့ရလို့ အမေ ယူကြုံးမရ ဖြစ်ခဲ့တယ်။ အခု ငါ့ရဲ့စိတ်ဓာတ်တွေ ထပ်ဆုံးရှုံး ကုန်မယ် ဆိုရင် အမေ့ ရင်ကို ပိုပြီး ဒဏ်ရအောင် လုပ်လိုက် တာနဲ့ အတူတူပဲ”

“လက်တွေ မရှိတော့ ပေမယ့် ငါ့မှာ ပါးစပ် ရှိသေးတယ်”

အဲဒီလိုနဲ့ စုပ်တံကို ပါးစပ်မှာ ကိုက်ပြီး သူ ပန်းချီဆွဲ သင်ခဲ့တယ်။ သင်စမှာ တံထွေးတွေ မပြတ်ယိုခဲ့ပြီး စုတ်တံကိုမြဲအောင် သူ မကိုက်နိုင်ခဲ့ ရှာဘူး။ အခု အချိန်မှာတော့ သူဟာ အောင်မြင်တဲ့ ပန်းချီဆရာတစ်ဦး၊ လူငယ်တွေ အတွက် ဟောပြော ဆရာတစ်ဦး၊ ပျော်ရွှင် စရာမိသားစု ဘဝကို ပိုင်ဆိုင်သူ ဖြစ်ခဲ့တယ်။

“လူဆိုတာ အင်မတန် သေးငယ်တယ်။ ဒါပေမယ့် ပြဿနာ အမျိုးမျိုးနဲ့ ကြုံတွေ့ ရတယ်။ လူတိုင်းမှာ လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ လုပ်ချင်တဲ့ စိတ်နဲ့ ရင်ဆိုင်ရဲတဲ့ သတ္တိ ပေါ်မှာပဲ မူတည်တယ်” လို့ သူက ပြောခဲ့ ပါတယ်။

ရှေးဆိုရိုး စကား တစ်ခွန်းက ဒီလိုဆိုပါတယ်။

“လက်မောင်း ကောင်းတစ်စုံနဲ့ အလုပ်ကောင်းကို လုပ်ပါ။ ခြေထောက်ကောင်းတစ်စုံနဲ့ လမ်းကောင်းကို လျှောက်ပါ” တဲ့။ တချို့လူတွေက လက်ကောင်း ခြေကောင်းတွေ ပိုင်ဆိုင် ထားကြတယ်။ သူတို့ ဘာလုပ် နေကြသလဲ?

ခြေမဲ့ လက်မဲ့နဲ့ ဘဝကို သတ္တိရှိရှိရ င်ဆိုင်ရဲခဲ့ သူက ထိုင်ဝမ်ကျွန်း ထိုင်တုံမြို့ ဆင်းရဲသား မိသားစုက ပေါက်ဖွား လာခဲ့တဲ့ ပါးစပ်နဲ့ ပန်းချီ ဆွဲတဲ့ ပန်းချီဆရာ Xie Kun Shan (၁၉၅၈ခုနှစ် ဇွန်လ ၂၁ရက် ----) ပဲဖြစ်ပါတယ်။ သူဟာ အမှောင်ထဲ လဲကျ ခဲ့ရတဲ့ ကိုယ့်ဘဝကို အမေရဲ့ ကြီးမားတဲ့ မေတ္တာ အလင်းရောင်နဲ့ ထရပ်နိုင် ခဲ့ပြီး ဘဝကို လှပအောင် ဆေးရောင်ခြယ် သနိုင်ခဲ့ သူဖြစ်တယ်။

မိဘမဲ့ကလေး ၁၀၀ ကျော်မွေးစားထားတဲ့ ခြေနှစ်ဖက်မရှိ အမျိုးသမီး

ခြေနှစ်ဖက် မရှိတဲ့ လူက အနိုင်မခံ အရှုံး မပေးတဲ့ စိတ်နဲ့ မတ်မတ် မားမား လှလှပပ ထရပ်နိုင်တယ် ခြေတစ်စုံ ရှိတဲ့ လူက သတ္တိ မဲ့ခဲ့ရင် ထရပ် နိုင်ဖို့တောင် ခဲယဉ်း ပါတယ် ကိုယ်အင်္ဂါ ချွတ်ယွင်း မှုကြောင့် ဘဝရဲ့ ကြီးပြင်း ရှင်သန်မှုက တုံ့နှေး သွားမှာ မဟုတ်ဘူး စိတ်ဓာတ် ကမှ ဘဝ ကိုရှေ့ဆက်စေတဲ့ တွန်းအား ဖြစ်တယ် ပုံထဲက အမျိုး သမီးက "ထိုင်ခုံ မေမေ"လို့ တင်စား ခံရတဲ့ တရုတ်ပြည် ချုံချင်းမြို့က Xu Yue Hua ဖြစ် ပါတယ်။
သူ့ကို ထိုင်ခုံ မေမေလို့ ခေါ်ရခြင်းက ခြေနှစ်ဖက် မရှိတဲ့ သူဟာ ထိုင်ခုံနဲ့ပဲ ခြေထောက် အဖြစ် လှုပ်ရှား သွားလာ ခဲ့တာ ဖြစ်သလို မိဘမဲ့ ဘဝနဲ့ ကြီးပြင်း လာခဲ့တဲ့ သူဟာ မိဘမဲ့ ကလေးပေါင်း ၁ဝဝ ကျော်ကို မွေးစား ထားလို့ပဲ ဖြစ်ပါတယ်။

ပီတိဖြစ်ရတဲ့ အကြောင်းပြောသူ ဝတ်မှုံရွှေရည်

သရုပ်ဆောင် ဝတ်မှုံ ရွှေရည် ကကြော်ငြာ၊ ဇာတ်ကား ကောင်းကြောင်း အသံ ပြန်ကြား ရလျှင် ပီတိ ဖြစ်ရကြောင်း ပြောသည်။ ”ကစ် အဓိက ကတော့ ကိုယ်လုပ် လိုက်တဲ့ အိုက်တင် တစ်ခုကို ကြော်ငြာ ပဲဖြစ်ဖြစ်၊ ဇာတ်ကား ပဲဖြစ်ဖြစ် ပရိ သတ်တွေ သိသွားပြီး မှတ်မိ သွားကြတယ်။ စိတ်ဝင် စားကြတယ်။ ဘယ်ကြော် ငြာက ဘယ်ဇာတ် ကားက ကောင်းတယ် ဆိုတဲ့ အသံ တွေပဲ ပြန်ကြား ရရင် ပီတိ ဖြစ်ပါပြီ။ ကစ် အလို ချင်ဆုံးက အဲဒီ ပီတိ ပဲလေ။
ဒါကြောင့် ကစ် အမြဲ ကြိုတင် ပြင်ဆင် မှုတွေ လုပ်ဖြစ်တယ်။ တစ်ခုနဲ့ တစ်ခု၊ တစ်နေ ရာနဲ့ တစ်နေရာ မတူအောင် ကစ် သတိ ထားတယ်”ဟု ၄င်းက ပြောသည်။

”အနု ပညာကို ကစ် ဝါသနာ ပါတယ်။ ကစ်ဖြစ် ချင်တာ လည်း အနုပညာ ရှင်ပဲ။ အခု ဖြစ်နေ တာလည်း အနုပညာရှင် ပဲဆိုတော့ တအား တန်ဖိုး ထားတယ်။ ပရိ သတ်တွေ ကိုလည်း လေးစားတယ်။ အဓိက ကတော့ ကိုယ့်ဘက်က ပေါ့ပေါ့ ပျက်ပျက် မလုပ် ချင်တော့ဘူး။ ပြီးရင် ပြီးရော ဆိုတဲ့ စိတ်မ ရှိဘူး။ ကိုယ့်ကား လေးကို ကြည့်လိုက်ခြင်း အားဖြင့် ပရိသတ်တွေ ရင်ထဲမှာ တစ်ခုခုပေါ့။ ဒရမ်မာ ဆိုလည်း ဒရမ်မာ၊ ဟာသဆို လည်းဟာသ သူတို့ အတွက် ဖျော်ဖြေရေး တစ်ခု အနေနဲ့ သူတို့ စိတ်ထဲ မှာ တစ်ခုခု အပြောင်း အလဲဖြစ်ချင် တယ်”ဟု ဝတ်မှုံရွှေရည်က ပြော သည်။

”တစ်ခါတလေ ရိုက်ကွင်းမှာ ဆိုရင် မုဒ်ဝင်ရင် ပတ်ဝန်း ကျင်ကို မမြင်တော့ဘူး။ ကိုယ့်ကို ဓာတ်ပုံ လာရိုက် လည်း မမြင်တော့ဘူး။ စိတ်က အဲဒီ ဇာတ်ဝင်ခန်း ထဲမှာ ပဲရောက်သွား တာလေ။ အမြဲတမ်းတော့ သတိထား မိပါတယ်။ ကိုယ်လည်း တစ်ခါတုန်းက ကိုယ်တအား ကြိုက်တဲ့ အနု ပညာရှင် တွေတွေ့ရင် ဓာတ်ပုံ အတူတူ တွဲရိုက် ချင်တယ်။ အော်တို လိုချင်တယ်။ ကစ်အဲဒါ လေးတော့ အမြဲသတိ ထားတယ်။ ကိုယ်လည်း ကိုယ်ချင်း စာတယ်လေ”ဟု ၄င်းက ဆိုသည်။

ကြေးစား သီချင်းရေးဆရာ မဟုတ်တဲ့ စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်း ခမ်းလှိုင်က သီချင်း ရေးရာတွင် ကိုယ့်စိတ် တိုင်းကျ ရေးဖြစ်ပြီး ကြေးစား တစ်ယောက် အနေဖြင့် မရေး ဖြစ်ကြောင်း ပြောသည်။ ”ပရော် ဖက်ရှင်နယ် အနေနဲ့ ကတော့ အဆိုတော် တစ်ယောက် သရုပ်ဆောင် တစ်ယောက် အနေနဲ့ပဲ လုပ်ဖြစ်တာ များတယ်။ သီချင်း ရေးတာ ကတော့ ကိုယ့်အတွက်ပဲ ။ ကိုယ့်သီချင်း ကိုယ်ရေးတယ်။ ကြေးစား တစ်ယောက် အနေ နဲ့တော့ မရေး ဖြစ်ဘူး။ သီချင်း ရေး တာက ကိုယ့်စိတ် တိုင်းကျ ကိုယ့်အ တွက်ပဲ ရေးတာပါ” ဟု
၎င်းက ဆိုသည်။

”သီချင်း ရေးတာကတော့ ကျွန်တော့် ခံစား ချက်ပါတယ်။ တင်ပြ ချင်တဲ့ အကြောင်း အရာ ပါတယ်။ ပြီးတော့ ပရိသတ်ကို ဖျော်ဖြေ ချင်တဲ့ အကြောင်း အရာ ပါတယ်။ ပရိ သတ်တွေ ရင်ထဲမှာ အတွေးတွေ ကျန်ခဲ့ အောင်တော့ တမင် ရည်ရွယ်ပြီး ရေးတာတော့ မဟုတ်ဘူး” ဟု စိုင်းစိုင်းက ဆိုသည်။ ”ကိုယ်ဖန် တီးလိုက်တဲ့ သီချင်း တစ်ပုဒ် အောင်မြင်တယ် ဆိုတာ အကျိုး အကြောင်း တိုက်ဆိုင် သွားလို့ပါ။ မအောင် မြင်တဲ့ သီချင်း တွေလည်း အများကြီး ရှိပါတယ် ။ အောင်မြင်ခဲ့ ဖူးတဲ့ သီချင်းလည်း ရှိပါတယ်” ဟု စိုင်းစိုင်း က ပြောသည်။
စိုင်းစိုင်းက လတ်တလော အနုပညာ လှုပ်ရှား မှုအဖြစ် ရွှေမှုံ ရတီနှင့် အတူ သရုပ်ဆောင် နေပြီး ဒါရိုက်တာ ဝင်းထွန်း ထွန်းနှင့် ဇာတ်ကား ရိုက်ကူး နေကြောင်း သင်္ကြန် ကာလ အတွင်း ရန်ကုန်တွင် ရှိမည် ဖြစ်ကြောင်း ပြောသည်။

ကျော်ကိုကို ၂ လ ပွဲပယ်ခံရ

ရန်ကုန် ယူနိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကိုသည် မြန်မာ့ လက်ရွေးစင် အသင်း ကစားခွင့် (၂)လ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ကျော်ကိုကိုအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့ အထိ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ကျော်ကိုကို သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက
ကျင်းပခဲ့သော AFC Challenge Cup ခြေစစ်ပွဲအတွက် မြန်မာ့ လက်ရွေးစင် အသင်းနှင့် အတူ လေ့ကျင့်နေစဉ် အတွင်း စည်းကမ်း လိုက်နာမှု အားနည်းခြင်းနှင့်အတူ အသင်း အုပ်ချုပ်သူနှင့် နည်းပြ ဆရာများ၊ နည်းပြအဖွဲ့ဝင်များနှင့် ဆက်ဆံရေး မပြေလည် ဖြစ်ခဲ့သောကြောင့် လက်ရွေးစင် အသင်းမှ ပြန်လည် စေလွှတ် ခံခဲ့ရခြင်း ဖြစ်သည်။ ကျော်ကိုကိုသည် ၎င်း၏ အပြုအမူ အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မြန်မာ့ လက်ရွေးစင် အသင်း နည်းပြအဖွဲ့ကို ကိုယ်တိုင် သွားရောက် တောင်းပန်စကားဆိုခဲ့ပြီး မိခင်ကလပ် ရန်ကုန် ယူနိုက်တက် အသင်းကလည်း ကျော်ကိုကိုအား လုပ်ခလစာ (၁)လစာ ဖြတ်တောက် သည့် ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီး ဖြစ်သည်။

ဆီးဂိမ်း အကြို TRIAL RIDES မြင်းစီး ပြိုင်ပွဲ ပြုလုပ်ခဲ့

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို TRIAL RIDES မြင်းစီးပြိုင်ပွဲကို ပြီးခဲ့သည့် မတ် ၁၅ ရက်မှ ၁၇ ရက်ထိ နေပြည်တော် မြင်းစီးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲသို့ အိမ်ရှင်မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ ငါးနိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ ပြီး မြန်မာနိုင်ငံမှ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ဆီးဂိမ်းအကြို TRIAL RIDES မြင်းစီးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍
မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးချိုက ပြိုင်ပွဲ၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်သည့် အဆင့်မီ မြင်းစီးကွင်းရှိကြောင်းအား ပြိုင်ပွဲဝင်နိုင်ငံများအား သိရှိစေလိုကြောင်း၊ ဒါ့အပြင် စံချိန်စံညွှန်းပြည့်မီ သည့် မြင်းများရှိသည်ကို ပြသလိုခြင်းဖြစ်ကြောင်း၊ လာရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်နိုင်ငံများမှ သဘော ကျကြောင်း၊ ဒီဇင်ဘာလ၌ ကျင်းပမည့် ပြိုင်ပွဲကြီး၌ မည်သို့မည်ပုံ ကြိုတင်ပြင်ဆင်ရမည်ကို ယခုပြိုင်ပွဲ၏ အတွေ့အကြုံများမှ တစ်ဆင့် သိရှိရပြီဖြစ်ကြောင်း၊ အကြို TRIAL RIDES ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် နိုင်ငံတိုင်း၏ ယုံကြည်စိတ်ချရမှုကို ရရှိပြီဖြစ်ကြောင်း၊ အကြိုစမ်းသပ်ပြိုင်ပွဲဖြစ်သော်လည်း ပြိုင်ပွဲအတိုင်း ဆုတံဆိပ် များချီးမြှင့်ခဲ့ကြောင်း၊ ပြိုင်ပွဲ၌ မြန်မာဒိုင်လူကြီးများကို နိုင်ငံတကာမှ ဒိုင်ဂျူရီများနှင့် တွဲဖက်သင် ယူစေ ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ၄င်းက လက်ရှိအချိန်တွင် နေပြည်တော်မြင်းစီးကွင်းသည် အရှေ့တောင်အာရှ၌ အကောင်းဆုံးမြင်းစီးကွင်းအဖြစ် သတ်မှတ်ခြင်း ခံရကြောင်း၊ ယခုကဲ့သို့ သတ်မှတ်ခံရခြင်းမှာ နိုင်ငံတော်နှင့် အားကစားဝန်ကြီးဌာန ၀န်ကြီးဦးတင့်ဆန်းတို့၏ အားပေး ကူညီမှု များကြောင့် ဖြစ်ကြောင်း၊ မြင်းစီးကွင်း အချိန်မီပြီးစီးနိုင်ရန် တာဝန်ယူ ဆောက်လုပ်ပေးခဲ့ သည့် အေစီအီး ဆောက်လုပ်ရေးကုမ္ပဏီ အား ကျေးဇူးတင်ရှိ ပါကြောင်း၊ လာမည့် ဆီးဂိမ်းပြိုင်ပွဲကြီး၌ ရွှေတံဆိပ် ၆ ခုရရှိရန် ရည်မှန်း ထားကြောင်း ပြောကြားခဲ့သည်။ မြင်းစီးအဖွဲ့ချုပ်သည် ဆီးဂိမ်းအကြို TRIAL RIDES မြင်းစီးပြိုင်ပွဲအပြီး တွင် မြန်မာ့လက်ရွေးစင်အားကစားသမားများအား စတင် ရွေးချယ်မည် ဖြစ်ပြီး ဆီးဂိမ်းမတိုင်ခင် ကြားကာလများ၌ ပြည်ပနှင့် ပြည်တွင်း ဖိတ်ခေါ်ပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် လာမည့် ဇွန် ၆ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် ဖိတ်ခေါ်မြင်းစီးတာဝေး ပြိုင်ပွဲသို့ မြန်မာ့ လက်ရွေးစင် အားကစား သမားများအား စေလွှတ်ဝင်ရောက်ယှဉ်ပြိုင်စေရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ဂျပန် ယူ-၁၅ အသင်း မြန်မာနိုင်ငံသို့ လာမည်

ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် မြန်မာနိုင်ငံတွင် ၇ ရက်ကြာ စခန်းသွင်း လေ့ကျင့်မှုများ လာရောက်၍ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းသည် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်နှင့် ဂျပန်နိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံတွင် စခန်းသွင်း လေ့ကျင့်မှုများ လာရောက်၍ ပြုလုပ်နေစဉ် ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည်
မြန်မာ့ လက်ရွေးစင် ယူ-၁၆ အသင်း၊ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျပန် ယူ-၁၅ အသင်းသည် ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည် ဖြစ်ပြီး ဧပြီ ၂၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။ ဂျပန် ယူ-၁၅ အသင်းသည် မြန်မာနိုင်ငံတွင် လာရောက်၍ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေစဉ် ကာလအတွင်း ၎င်းတို့၏ ကိုယ်ပိုင် အစီအစဉ်ဖြင့် နေထိုင်၊ စားသောက် သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ၎င်းတို့အတွက် လေ့ကျင့်ရေးကွင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် အခြား လိုအပ်သည် များအား ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ဝင်ငွေအကောင်းဆုံးကစားသမားအဖြစ် ဘက်ခမ်းရပ်တည်

ပြင်သစ်မဂ္ဂဇင်း၏ဖော်ပြချက်အရ ပီအက်စ်ဂျီကွင်းလယ်လူ ဘက်ခမ်း မှာ ပေါင် ၃၀.၈သန်းဖြင့် တစ်နှစ်တာဝင်ငွေ အကောင်းဆုံး ဘောလုံးသမား အဖြစ် ရပ်တည်ခဲ့သည်။ ဘက်ခမ်းမှာ ပီအက်စ်ဂျီမှရရှိသော ၅လအတွက် လစာငွေကို ကလေးသူငယ်များ ရန်ပုံငွေအတွက် လှူဒါန်းခဲ့သော်လည်း စပွန်ဆာဝင်ငွေများကြောင့် ယခုကဲ့သို့ဝင်ငွေအများဆုံး ဘောလုံး သမားအဖြစ်ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ပြီး adidas,samsung,sainsbury တို့နှင့်
စပွန်ဆာစာချုပ်ချုပ်ဆိုရာမှ ပေါင် ၂၈.၃သန်းရရှိခဲ့သည်။

ထို့အပြင်ဘက်ခမ်းမှာ တရုတ်စူပါလိဂ် သံတမန်အဖြစ် ထမ်းဆောင်ရန် ၅နှစ် စပွန်ဆာစာချုပ်အတွက် ပေါင်သန်း ၅၀ ရရှိခဲ့သည်။ အဆိုပါစာရင်းတွင် မက်ဆီမှာ ပေါင်သန်း ၃၀ဖြင့် ဒုတိယ၊ ရော်နယ်ဒိုမှာ ၂၅.၇သန်းဖြင် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် တစ်နှစ်တာ ၀င်ငွေအကောင်းဆုံး အားကစားသမားစာရင်းတွင် ပေါင် ၃၉.၄သန်းဖြင့် တိုက် ဂါးဝုဒ်မှ ဦးဆောင်နိုင်ခဲ့ပြီး ဘက်ခမ်းမှာ အဆင့် ၇နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။

ခြေစွမ်းပြရုံတင်မက လက်စွမ်းပါပြမယ့် လေတန်ဘိန်းစ်

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန်အသင်း အခြေစိုက်ရာ ဘာတန်စင်တာကို လက်ရွေးစင် ကစားသမားတွေ ရောက်လာ ပုံမှာ လေတန်ဘိန်းစ်ရဲ့ဟန်ပန်ကတော့ ထူးခြားမှုအရှိဆုံးပါပဲ။ အိန္ဒိယတေး သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ဒီကစားသမားဟာ ဂီတာလွယ်ပြီး ဘာတန်စင်တာကို ရောက်လာခဲ့တာပါ။ ကြံ့ခိုင်မှု ပြဿနာကြောင့် ဖာဒီနန် နုတ်ထွက်ခဲ့ပြီး ကာဟေးလ် လည်း မပါဝင်နိုင်တဲ့ အင်္ဂလန် ခံစစ်ကြောင်းက နည်းပြ ဟော့ဆန်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် ဟော့ဆန်ရဲ့ သောကတွေ ကို လေတန်ဘိန်းစ်ရဲ့ ဂီတသံတွေက ဘယ်လောက်ထိ ဖြေဖျောက်ပေးနိုင်မလဲဆိုတာ ဆန်မာရီနို၊ မွန်တီနီဂရိုးတို့နဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ရတော့မှာပါ။

အပြောင်းအလဲ လုပ်မည် မဟုတ်ကြောင်း ပရီးမီးယားလိဂ် ကြေညာ

ပရီးမီးယားလိဂ် အနေဖြင့် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီ အဆင်ပြေ ချေမွေ့စွာ ကျင်းပနိုင်ရန် အတွက် ပြည်တွင်းလိဂ် ပွဲစဉ်များကို မူလ သတ်မှတ် အတိုင်းသာ ဆက်လက်၍ ကျင်းပသွားမည် ဖြစ်ပြီး ပြောင်းလဲရန် အစီအစဉ်မရှိကြောင်း ဆိုသည်။ ပရီးမီးယားလိဂ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဆာဒေ့ဗ်ရစ်ချက်နှင့် ဗြိတိန်ကိုယ်စားပြု ဖီဖာဒုတိယ ဥက္ကဋ္ဌ ဂျင်ဘွိုင်းတို့က လာမည့် ၂၀၂၂ ကမ္ဘာ့ဖလား အတွက် ပရီးမီးယားလိဂ် ပွဲများ
အပါအ၀င် ဥရောပ ပြည်တွင်းလိဂ် ပွဲစဉ် အများစုမှာ အပြောင်းအလဲ ဖြစ်မည်ဟု အံ့အားသင့်ဖွယ် ဆိုခဲ့ပြီးနောက် ယင်းအတွက် ယခုလို ပရီးမီးယားလိဂ်မှ ပြန်လည်ကာ ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရစ်ချက်က ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင် ကာတာနိုင်ငံက ကျင်းပ မည် ဖြစ်သော်လည်း အဆိုပါ နိုင်ငံ၏ နွေရာသီ အပူချိန်မြင့်မားမှုကြောင့် ဥရောပ ဘောလုံးလိဂ် ပွဲစဉ်များနှင့် လွတ်ကင်းရာ နွေရာသီတွင် ကျင်းပရန် မဖြစ်နိုင်ဟု ၀န်ခံ ပြောဆိုခဲ့ သည်။

ပရီးမီးယားလိဂ် အနေဖြင့်လည်း ကမ္ဘာ့ဖလားအတွက် ၎င်းတို့၏ နှစ်ကာလ ရှည်ကြာစွာ ရှိလာခဲ့သော ပြည်တွင်းလိဂ် ပွဲစဉ်များကို ပြောင်းလဲမည် မဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ အလားတူ ရစ်ချက်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားအတွက် ကာတာနိုင်ငံ အနေဖြင့် ဆောင်းရာသီတွင် ကျင်းပရန် အတွက် ဥရောပပြည်တွင်းလိဂ် အဖွဲ့ချုပ် များနှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာတွင် ကျင်းပရန်အတွက် စီစဉ်ရာတွင် မူလ သတ်မှတ်ထားသော ပြိုင်ပွဲ ကာလအတွင်း ယင်းနိုင်ငံ၏ အပူချိန်မှာ မြင့်မားနေ၍ ကျင်းပရန် အခက်အခဲများ ရှိနေခဲ့သည်။

ယင်းနှင့် ပတ်သက်၍ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ဥက္ကဋ္ဌ ပလာတီနီက ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီတွင် ကျင်းပရန် အဆိုပြုခဲ့သည်။ ထိုသို့ ဆိုရာတွင် ဆောင်းရာသီ ကာလသည် ဥရော ပြည်တွင်းလိဂ်များ အတွက် ရာသီတစ်ဝက်ကျိုးပြီး ဒုတိယ ရာသီဝက်ကို ပြန်လည်စတင်ချိန်နှင့် တိုက်ဆိုင်နေ၍ အခက်ကြုံနေသည်။ ဖီဖာ အထွေထွေ အတွင်းရေးမှူး ဂျာရိုမီဗာကီးက သုတေသန စစ်ဆေးချက်များအရ နွေရာသီ ကာလအတွင်း ကာတာနိုင်ငံ၏ အပူချိန် မြင့်မားခြင်းသည် ပြိုင်ပွဲဝင် လက်ရွေးစင် အသင်း အသီးသီးမှ ကစားသမားများ၏ အသက် အန္တရာယ်ကို ထိခိုက်လာနိုင်၍ ၂၀၂၂ ကမ္ဘာ့ဖလားကို ဆောင်းရာသီသို့ ပြောင်းရွှေ့ရနိုင်ချေ ရှိကြောင်း ယခုလ အစောပိုင်းက ဆိုခဲ့ဖူးသလို ယင်းအဆိုကို ဖီဖာ ဆေးဝါးကော်မတီ ဥက္ကဋ္ဌ မီချယ်ဒယ်ဟိုဂျီကလည်း ထောက်ခံခဲ့သည်။

အသင်းမှ ထွက်ခွာဖွယ်ရှိနေသော ယာယာတိုရေး

မန်စီးတီး ကွင်းလယ်လူ ယာယာတိုရေးသည် ယခုတစ်ပတ် အတွင်း ၎င်းကို စာချုပ်သစ် မချုပ်ဆိုဖြစ်ပါက အသင်းမှ ထွက်မည်ဟု အကျပ်ကိုင်လိုက်ကြောင်း သိရသည်။ အဆိုပါ အိုင်ဗရီကို့စ် ကွင်းလယ်လူသည် အသင်းနှင့် စာချုပ်သစ် ဆွေးနွေးရာတွင် အဆင်မပြေ ဖြစ်ခဲ့ခြင်းကို စိတ်ပျက်နေသည်။ ယာယာတိုရေး၏ အေးဂျင့် ဖြစ်သူက ၎င်း၏ ကစားသမား ဖြစ်သူမှာ အသင်းနှင့် စာချုပ်သစ် အတွက် စိတ်ကုန်နေပြီး အလွန်ဆုံး လာမည့် ရက်အနည်းငယ် အတွင်းမှာ
မပြီးပြတ်ခဲ့ရင် အခြားသော ကလပ်အသင်းများနှင့် အပြောင်းအရွှေ့ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ ၎င်းတို့ အနေဖြင့် မန်စီးတီးကို အနည်းဆုံး စနေနေ့ အထိ အချိန်ပေးထားမည် ဖြစ်ကြောင်း ဆိုသည်။ ဘာစီလိုနာ ကွင်းလယ်လူဟောင်း ယာယာတိုရေးသည် မန်စီးတီး အသင်းတွင် တစ်ပတ်လုပ်အားခ ပေါင် ၂ သိန်း ၂ သောင်း ရနေသည်။ ယာယာတိုရေးသည် မန်စီးတီး အသင်းနှင့် စာချုပ်တွင် ဖီဖာ စည်းမျဉ်းများကို အသုံးပြု၍ ဖြေရှင်းမည် ဖြစ်သည်။ ဖီဖာမှ စည်းမျဉ်းများတွင် ကစားသမားများ အနေဖြင့် ကလပ် အသင်းနှင့် ၃ နှစ် စာချုပ်ကုန်ဆုံးခါနီး အထိ စာချုပ်သစ် မချုပ်ဆို ဖြစ်ပါက အပြောင်းအရွှေ့ ကိစ္စ စဉ်းစားခွင့် ရှိသည်ဟု ဆိုထားသည်။

ခြေကျနေသော ဗလင်စီယာ

မန်ယူ ကွင်းလယ်လူ ဗလင်စီယာက ၎င်းအနေဖြင့် ယခုရာသီတွင် အသင်းအတွက် ကစားရာ၌ ခြေစွမ်းပိုင်း ကျဆင်းနေခဲ့ကြောင်း ၀န်ခံခဲ့သည်။ အီကွေဒေါ ကွင်းလယ်လူ ဗလင်စီယာသည် ယမန်နှစ် ရာသီက မန်ယူ အသင်းအတွက် ခြေစွမ်းများ ပြသခဲ့၍ အသင်းမှ တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။ အဆိုပါ တောင်အမေရိကသားသည် ယခုရာသီတွင် ဒဏ်ရာ ပြဿနာများနှင့် အတူ ရုန်းကန်နေရပြီး အသင်းတွင်လည်း
နေရာ အနည်းငယ် ပျောက်ဆုံးနေသူ ဖြစ်သည်။
အသက် ၂၇ နှစ် အရွယ်ရှိ ၀ီဂန် ကွင်းလယ်လူဟောင်း ဗလင်စီယာသည် မန်ယူအသင်းအတွက် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲပါဝင် ကစားခဲ့ပြီး အသင်းအတွက် အကောင်းဆုံး ခြေစွမ်းများ ပြသနိုင်ခဲ့ခြင်း မရှိသေးသူ ဖြစ်နေသည်။ ဗလင်စီယာက ၎င်းမှာ ယခုရာသီတွင် ဒဏ်ရာ ပြဿနာ များကြောင့် ခြေကျနေခဲ့သော်လည်း အသင်းအတွက် အခွင့်အရေးရသည့် အခါတိုင်းတွင် ကြိုးစားသွားမည် ဖြစ်သလို အသင်းအနေဖြင့်လည်း ယခုရာသီတွင် အကောင်းဆုံး အဆုံးသတ်မှုနှင့် ရင်ဆိုင်ရမည်ဟု ယုံကြည်ထားကြောင်း ဆိုသည်။ မန်ယူ အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်စီးတီးကို ၁၅ မှတ်ဖြတ်ထား၍ ချန်ပီယံဆုအတွက် ရင်ခုန်ခွင့် ရှိနေကြောင်း သိရသည်။

အင်တာ အသင်းသို့ ပြန်ရန် စိတ်ဝင်စားနေသော မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုသည် ၎င်းအနေဖြင့် အနာဂတ်တွင် အင်တာ အသင်းသို့ ပြန်လိုကြောင်း ဆိုခဲ့သည်။ အဆိုပါ နည်းပြသည် ရာသီကုန်တွင် ရီးရဲလ်အသင်းမှ ထွက်မည်ဟု သတင်းကြီးနေပြီး PSG အပြင် ချဲလ်ဆီး အသင်းများနှင့်လည်း ရေပန်းစားနေသည်။ သို့သော် ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟိုသည် တစ်ခါက အောင်မြင်မှုများ ရယူခဲ့ဖူးသည့် အင်တာ အသင်းသို့ ပြန်လိုခြင်း ဖြစ်သည်။
မော်ရင်ဟိုက မိမိအနေဖြင့် အင်တာမှာ ၂ ရာသီကြာနေခဲ့ပြီး အကောင်းဆုံး ရလဒ်များကို ရယူခဲ့ကြောင်း၊ တစ်နေ့အင်တာ ကို ပြန်ဖြစ်..မပြန်ဖြစ် ဆိုတာ မိမိအနေဖြင့် မသိနိုင်သလို တကယ်တမ်း ဖြစ်လာ ပါကလည်း အကောင်းဆုံး စိတ်ခံစားမှုများကို ပြန်လည် ရရှိမည်ဖြစ်ကြောင်း ဆိုသည်။ မော်ရင်ဟိုသည် အင်တာ အသင်းကို အအောင်မြင်ဆုံး အနေဖြင့် စီးရီးအေ၊ ကိုပါ အီတာလျံနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ရယူပေးခဲ့ဖူးသည်။

ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားမည့် ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းသည် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို အသစ်တဖန် ကမ်လှမ်းကာ ပေါင် ၂၆ သန်းဖြင့် ခေါ်ယူသွားမည်ဟု သိရသည်။ ဂျူဗင်တပ် အသင်းသည် ယမန်နှစ် နွေဈေးကွက်တွင် ဗန်ပါစီနှင့် ဆွာရက်ဇ်တို့ကို ပစ်မှတ်ထားခဲ့ဖူးပြီး ယခုတွင် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားသွားမည် ဖြစ်သည်။ ဂျူဗင်တပ် အသင်းသည် ဆွာရက်ဇ်ကို ခေါ်ရန် ယခင်က ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အဆိုပါ တိုက်စစ်မှူးမှာလီဗာပူး အသင်းနှင့် တိုက်စစ်မှူးမှာ လီဗာပူး အသင်းနှင့် ၂၀၁၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့၍ လက်လျှော့ခဲ့ရသည်။
ဂျူဗင်တပ် နည်းပြ ကွန်တီသည် လာမည့် ရာသီတွင် တိုက်စစ်မှူးသစ် လော်ရန်တေးကို ဆွာရက်ဇ်နှင့် တွဲ၍ အသင်း တိုက်စစ် ကစားကွက်ကို ပုံဖော်ရန် မျှော်လင့်နေသည်။ ဂျူဗင်တပ် အသင်းမှ အထွေထွေ ဒါရိုက်တာ ဖြစ်သူ မာရော့တာက PSG အသင်းတွင် ကစားနေသော ၎င်းတို့ တိုက်စစ်မှူးဟောင်း အီဘရာဟင်မိုဗစ်ကို အသက်အရွယ်နှင့် လုပ်အားခ တောင်းဆိုမှုကြောင့် ပြန်ခေါ်ရန် လက်လျှော့ပြီဟု ဆိုခဲ့ပြီး ဂျူဗင်တပ် အသင်းမှာ အသက် ၂၆ နှစ် အရွယ်ရှိ ဆွာရက်ဇ်ကိုသာ ခေါ်ယူရန် တတ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

အိုင်ယာလန် အသင်းမှ အနားယူမှာ မဟုတ်သေးသည့် ရော်ဘီကိန်း

အိုင်ယာလန် အသင်းခေါင်းဆောင် ရော်ဘီကိန်းသည် အသင်း အတွက် နှစ်ပေါင်းများစွာ ဆက်လက် ကစားချင်သေးကြောင်း ပြော ခဲ့သည်။ အိုင်ယာလန် အသင်းအတွက် ဂိုးအများဆုံး သွင်းယူပေးထား သူ ရော်ဘီကိန်းသည် အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပေမယ့် မိုက်ကယ်အိုဝင်လို ကစားသမား ဘ၀မှ အနားယူတော့မှာ မဟုတ်သေးဘဲ ကြံ့ခိုင်မှု ပြည့်ဝပါကနောက် ၄ ၊ ၅ နှစ်ဆက်လက် ကစားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ မိုက်ကယ် အိုဝင်သည်
ယခုနှစ် ရာသီကုန်မှာ ကစားသမားဘ၀မှ အနားယူမည်ဟု ထုတ်ပြန်ထားပြီး ရော်ဘီကိန်းကမူ လာမည့် ၂၀၁၄ ကမ္ဘာ့ဖလားမှာ အိုင်ယာလန် အသင်းနှင့် အတူ ပါဝင်လိုသည်ဟု ပြောခဲ့သည်။

ရော်ဘီကိန်းသည် အိုင်ယာလန် အသင်းအတွက် ၁၂၂ ပွဲကစားထားပြီး လာမည့် ဆွီဒင် အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ကစားခဲ့ပါက အိုင်ယာလန် အသင်းအတွက် ပွဲအများဆုံး ကစားထားသူ တစ်ဦး ဖြစ်သည့် ရှေးဂစ်ဗင်၏ စံချိန်နှင့် တူညီနိုင်မည် ဖြစ်သည်။ အိုင်ယာလန် အသင်းသည် ဆွီဒင် အသင်းနှင့် လာမည့် ၂၂ ရက်မှာ ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ရော်ဘီကိန်း သည် ဆွီဒင် အသင်းတိုက်စစ်မှူး အီဗရာဟင် မိုဗစ်ခ်ျအား ထိန်းချုပ်နိုင်ရန် LA ဂလက်ဆီ အသင်း ကစားဖော်ဟောင်း ဒေးဗစ်ဘက်ခမ်း ထံတွင် မေးမြန်းထားကြောင်း သိရသည်။ ဒေးဗစ်ဘက်ခမ်းနှင့် မိုဗစ်ခ်ျတို့သည် PSG အသင်းမှာ အတူ ကစားနေသူများ ဖြစ်သည်။

အစာအိမ်အချဉ်ပေါက်ခြင်း အကြောင်း

အစာအိမ်အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင်သိထားဖို့ လိုပါတယ်။ ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော်ပျင်း ပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေနိုင် ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက်အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ် က လူကိုဒုက္ခမပေးစေပါဘူး။
အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင် အစာအိမ်က သိသိသာသာ ဒုက္ခပေးမှာ ဖြစ်ပါတယ်။ အဖြစ်များတာကတော့ အစာအိမ် အချဉ်ပေါက်ခြင်း ဖြစ်ပြီး ဝမ်းတွင်း အက်ဆစ်က အစာအိမ်သားကို တိုက်စား သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သူ့အချိန်နဲ့ သူ ပုံမှန်စားသုံးဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ အစာအိမ်နဲ့ ဆက်စပ်ရောဂါမဖြစ်ဖို့ ကိုယ်စားသောက်တဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်က တိုက်ရိုက်ဆက်စပ်နေကြောင်း သိရပါတယ်။

ရေကူးခြင်းကြောင့် ရရှိနိုင်သော ကောင်းကျိုးများ

ရေကူး ခြင်းသည် သင်၏ ခန္ဓာ ကိုယ် တစ်ခု လုံးရှိ နှလုံး သွေးလှည့်ပတ် မှု အခြေ အနေ၊ ကြွက်သား သန်မာမှု၊ ခံနိုင်ရည်၊ ကိုယ်ဟန် အနေ အထား ပျော့ပျောင်း မှုများကို တစ်ချိန် တည်း ဖြစ်ပေါ် စေသည်။ ရေကူး ခြင်းသည် သင်၏ ခန္ဓာ ကိုယ်မှ အောက်စီဂျင် အသုံး ပြုမှုတွင် နှလုံးအား အပိုလုပ် ဆောင်မှုများ မဖြစ် စေဘဲ နှလုံး သွေး လှည့်ပတ်မှု စနစ်အား အထူး အကျိုး သက်ရောက်မှု ရှိပါသည်။ ရေကူး ခြင်း သည် လူကြီး၊ လူငယ် မရွေး လုပ် ဆောင်နိုင်သော
အားကစား တစ်ခုဖြစ် သည်။ အထူး သဖြင့် အသက်ကြီး သော သူများသည် ရေကူး ခြင်းဖြင့် များ ပြားသော ကျန်းမာရေး အကျိုး ကျေးဇူး ကို ရရှိ စေသည်။ ဥပမာ အားဖြင့် ရေ ကူးခြင်းဖြင့် မိမိ ကိုယ်ကို ပို၍ အရွယ် တင်ပြီး နုပျို လာသည်ဟု ခံစားရပါ သည်။

ကျန်းမာသောနှလုံး

ရေကူးလျှင် အသုံးပြု ရသော တောင့်တင်း ကြွက်သား များဖြစ်သည့် လက်မောင်းနှင့် ပေါင်ရှိ ကြွက်သား များအား သန်မာစေ သကဲ့သို့ ခန္ဓာ ကိုယ်အတွက် အရေး ကြီးသော ကြွက် သား တစ်ခုဖြစ်သော နှလုံး ကြွက်သား များကိုလည်း သန်မာ စေပါသည်။ အဘယ့် ကြောင့်ဆိုသော် ရေကူး ခြင်း သည် အေရိုးဗစ် အားကစား တစ်ခု ဖြစ် ပါသည်။

ရေကူး ခြင်းဖြင့် နှလုံးမှ ကြွက်သား များကို ပို၍ သန်မာ စေပါ သည်။ ထိုသို့ ကြွသားများ သန်မာ လာခြင်းသည် နှလုံး၏ ညှစ်မှု စွမ်းအား ကို ပိုကောင်း စေ၍ ခန္ဓာ ကိုယ်တွင်း နှလုံး သွေးလှည့်ပတ် မှုကိုလည်း ကောင်း မွန် စေပါသည်။ ရှာဖွေ တွေ့ရှိ ချက်အရ အေရိုးဗစ် အားကစားသည် နှလုံး ရောဂါ ကို ဖြစ်စေ ရာတွင် ဆက်စပ်မှု ရှိသော ရောင်ရမ်း ခြင်းများကို တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း ရှာဖွေ တွေ့ရှိရသည်။

(ကိုလံ ဘီယာ တက္ကသိုလ် ဆေးပညာ ဌာန) ခန္ဓာကိုယ် အလေးချိန် ထိန်းသိမ်းခြင်း လွန်ခဲ့သော နှစ်အတော်ကြာ ကြာက တချို့သော သူများသည် ခန္ဓာ ကိုယ်တွင်း အပူချိန် ဒီဂရီထက် အပြင် ရေက ပို၍ အေးသောကြောင့် ရေကူး ခြင်းဖြင့် ခန္ဓာကိုယ် အလေး ချိန်အား ချရန်ခက်ခဲ မည်ဟု ထင်ကြသည်။ လေ့ကျင့်ခန်း လုပ်ခြင်းနှင့် ပတ်သက် သည့် ရှေးအယူအဆ ဟောင်းများကို ပြုပြင် ခဲ့ကြသလို အထက်ပါ အယူ အဆ မှာလည်း မှားယွင်းကြောင်း သိရှိ ခဲ့ကြပါသည်။ ယခု ခေတ်တွင် ရေကူး ခြင်းသည် ခန္ဓာကိုယ် အတွင်းရှိ ကယ် လိုရီ စွမ်းအင် ယူနစ်ကို အများဆုံး အသုံး ချရသော အားကစား အဖြစ်တွေ့ ရှိ ရသည်။

ထို့အတူ ကိုယ်အလေး ချိန်ကို ထိန်းသိမ်း ပေးသော အားကစား လည်း ဖြစ်ပါသည်။ ရေကူး ခြင်းဖြင့် ကယ်လိုရီ မည်မျှ လောင်ကျွမ်း ခြင်းသည် သင်၏ ခန္ဓာကိုယ် ဖြစ်စဉ်နှင့် သင်၏ လေ့ကျင့်ခန်းကို မည်မျှ ပြင်းပြင်းထန် ထန် လုပ်ခြင်း အပေါ်တွင် မူတည် ပါသည်။ ယေဘုယျ အားဖြင့် ၁၀ မိနစ် ဖားကူး ကူးခြင်းဖြင့် ၆၀ ကယ်လိုရီကို လောင် ကျွမ်းစေပြီး နောက်ပစ် ကူးခြင်းဖြင့် ၈၀ ကယ်လိုရီကို လောင်ကျွမ်း စေသည်။ ပုံမှန် လွတ်လပ်စွာ ကူးလျှင် ၁၀ဝ ကယ် လိုရီကိုလောင်ကျွမ်း စေပြီး လိပ်ပြာကူး များများကို ရေကူး ခြင်းဖြင့် ကုန်ဆုံး လိုပါက ပြင်းပြင်း ထန်ထန် ရေကူး ချိန်ကြားတွင် နားပြီး ပြန်ကူး ရန်ဖြစ် သည်။

ဥပမာ ကိုက် ၅၀ ရေကူးပြီး ၁၀ စက္ကန့် နားရန်၊ နောက် ကိုက် ၁၀ဝ ကူးပြီး ၁၀ စက္ကန့်နားရန်၊ ထို့ နောက် ကိုက် ၁၅၀ ကူးပြီး ၁၀ ၃၀ဝ အထိ ကူး၍ ကြားတွင် နား နားသွား ရန်ဖြစ်သည်။ သင် ကိုက် ၃၀ဝ ရောက်သွား ပါက ထိုနည်း အတိုင်း ပြောင်းပြန် ကူးရန် ဖြစ်ပါသည်။ ရင်ကျပ်ပန်းနာကို သက်သာစေခြင်း ဆောင်းရာ သီတွင် တိုက်သော လေအေး၊ ရာသီ ဥတုနှင့် မတည့်၍ ဖြစ်တတ်သော ရင်ကျပ် ပန်းနာ ခြင်းနှင့် မိုးလုံ လေလုံ အားကစား ရုံတွင် အား ကစား လုပ်ခြင်းနှင့် မတူသော အချက် မှာ ရေကူး ခြင်းသည် စိုစွတ်သော လေ ထုတွင် လုပ်ရသော အားက စားဖြစ် သည့် အတွက် ရင်ကျပ် ပန်းနာ သမား သည် လေ့ကျင့် ခန်းကို ပို၍ လုပ်နိုင်ပါ သည်။

ရင်ကျပ် ပန်းနာကို ဆိုးဆိုးဝါး ဝါး ခံစားရသူမျာသည် ရေကူး ခြင်းကို လုပ်ဆောင် ခြင်းဖြင့် ရောဂါ သက်သာ လာကြောင်း တွေ့ခဲ့ကြပါသည်။ လေ့ လာ တွေ့ရှိချက် များအရ ရေကူးခြင်း သည် ကျန်းမာရေးကို အဖက်ဖက်မှ ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့ကြ ပါသည်။ စကော လာဂျာ နယ်တွင် ပုံနှိပ်တင်ပြထားသည်မှာ ခြောက်ပတ် မျှ ရေကူး ပြီးသော ရင်ကျပ်ပန်းနာ ကလေးများသည် ဟောက်ခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အရေးပေါ် ဆေးရုံတက် ရခြင်းများမှ သိသိ သာသာ လျော့ကျ လာကြောင်း တွေ့ရှိရသည်။ ရေကူး သင်တန်း ပြီးဆုံးပြီး ၁ နှစ်ကြာ သည်အထိ ထိုကလေး များ၏ ကျန်းမာရေး သိသိသာသာ ကောင်းနေ ကြောင်း တွေ့ရှိ ခဲ့ရပါသည်။ ရင်ကျပ် ပန်းနာ ရောဂါ မရှိသော တိုးတက် စေပါသည်။

အဆီကျခြင်း

ကျန်းမာ ရန်အတွက် သင်၏ ခန္ဓာ ကိုယ်တွင်း မှန်ကန်သော အဆီ ဓာတ်ပမာဏ ရှိခြင်း သည်လည်း အရေး ကြီး ပါသည်။ အဆီကို အလွန် အကျွံ ချရန် မလိုအပ်ပါ။ အထူး သဖြင့် High Density lipoprotein ပြည့်ဝဆီ (ခန္ဓာကိုယ် အတွက် ကောင်း ကျိုးရှိသော)သည် များနေရန်နှင့် Low Density Lipoprotein ကဲ့သို့ မပြည့်ဝဆီ (ခန္ဓာကိုယ် အတွက် မ ကောင်း သောအဆီ)သည် နည်းနေရန် အရေးကြီး ပါသည်။

ရေကူး ခြင်းဖြင့် HDL ပြည့်ဝသော ကို တိုးပွား စေပြီး ထိုအဆီ ၂ မျိုးကို အချိုး မှန်ကန်စေရန် ထိန်းညှိ ပေးပါသည်။ ပြည့်ဝသော HDL အဆီ ၁ ရာခိုင်နှုန်း ခန္ဓာ ကိုယ်ထဲတွင် တိုးပွား လာခြင်းသည် နှလုံး ရောဂါကြောင့် အသက် ဆုံးရှုံးခြင်းမှ ၃.၅ ရာခိုင်နှုန်း လျော့ကျ စေနိုင်ကြောင်း တွေ့ ရှိရပါ သည်။

လန်းဆန်း တက်ကြွစေသော နည်းလမ်းများ

သွေးတွင်း သကြား ဓာတ်ကို ငြိမ် အောင် ထိန်းထား နိုင်ပြီး အားအင် ကုန်ခမ်း တယ်လို့ မခံစား ရအောင် အစား အစာကို နည်းနည်းနှင့် အကြိမ် အရေ အတွက်များများ စားပါ။ နေ့လယ်စာ စားပြီး ချိန်တွင် ၁၅ မိနစ်ခန့် မှေးခြင်းက နိုးကြား မှုကို မြင့်တက် စေပြီး အလုပ် များကို ပိုမို ပြီးမြောက် အောင်မြင် စေတယ်။ ဦး နှောက်က အိပ်စက် ခြင်းဖြင့် သင်ယူ ခဲ့ရသော အတွေ့ အကြုံ များကို မှတ်ဥာဏ်အဖြစ် ပြောင်း လဲပးတယ်။

ပှုလောင် နေတဲ့ နေများမှာ လတ်ဆတ်သော သံပုရာ ရည်တစ်ခွက် သောက်လိုက် ပါ။ ရေငတ် ခြင်း ကို ပြေ ပျောက် စေတဲ့ အပြင် အာရုံကြော၊ သွေးလွှတ်ကြော၊ သွေးပြန် ကြောတို့ အတွင်း ဖိအား သက်ရောက် နေမှုကို သက်သာ စေပါတယ်။ သွားတိုက် ပြီးနောက် ရေခဲရေ သောက်ပါ။ အအေးက သင့်ခန္ဓာ ကိုယ်ကို နိုးကြား လာစေ ပါတယ်။ တင်းကျပ်မှု တွေကို သက်သာ စေဖို့ ဦးရေ ပြားနှင့် လည်ကုတ် တို့ကို နှိပ်နယ် ပေးပါ။

စပရေး ဘူးထဲ ရေထည့် ထားပြီး ပင်ပန်း နွမ်းနယ် တဲ့အခါ မျက်နှာကို ရေဖျန်းပါ။ ခြေကုန် လက်ပမ်း ကျ ခြင်းကို ပြေပျောက် စေတဲ့ အပြင် အရေ ပြားရဲ့ အစို ဓာတ်ကို ထိန်းထား သလို ဖြစ်စေ ပါတယ်။ သင့်ရဲ့ အခန်း ထဲသို့ အလင်း ရောင် ဝင်ခွင့် ပေးလိုက်ပါ။ အလင်း ရောင်နှင့် ထိတွေ့ ရခြင်းက စွမ်းအင် များကို ပြည့်ဝ စေပါတယ်။ ကန့်လန့် ကာ တွေကို ဖွင့်လိုက်ပါ။ အခန်း အပြင်သို့ ထွက်လိုက်ပါ။