21.3.13

ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားမည့် ဂျူဗင်တပ်

ဂျူဗင်တပ် အသင်းသည် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို အသစ်တဖန် ကမ်လှမ်းကာ ပေါင် ၂၆ သန်းဖြင့် ခေါ်ယူသွားမည်ဟု သိရသည်။ ဂျူဗင်တပ် အသင်းသည် ယမန်နှစ် နွေဈေးကွက်တွင် ဗန်ပါစီနှင့် ဆွာရက်ဇ်တို့ကို ပစ်မှတ်ထားခဲ့ဖူးပြီး ယခုတွင် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူရန် ကြိုးစားသွားမည် ဖြစ်သည်။ ဂျူဗင်တပ် အသင်းသည် ဆွာရက်ဇ်ကို ခေါ်ရန် ယခင်က ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အဆိုပါ တိုက်စစ်မှူးမှာလီဗာပူး အသင်းနှင့် တိုက်စစ်မှူးမှာ လီဗာပူး အသင်းနှင့် ၂၀၁၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့၍ လက်လျှော့ခဲ့ရသည်။
ဂျူဗင်တပ် နည်းပြ ကွန်တီသည် လာမည့် ရာသီတွင် တိုက်စစ်မှူးသစ် လော်ရန်တေးကို ဆွာရက်ဇ်နှင့် တွဲ၍ အသင်း တိုက်စစ် ကစားကွက်ကို ပုံဖော်ရန် မျှော်လင့်နေသည်။ ဂျူဗင်တပ် အသင်းမှ အထွေထွေ ဒါရိုက်တာ ဖြစ်သူ မာရော့တာက PSG အသင်းတွင် ကစားနေသော ၎င်းတို့ တိုက်စစ်မှူးဟောင်း အီဘရာဟင်မိုဗစ်ကို အသက်အရွယ်နှင့် လုပ်အားခ တောင်းဆိုမှုကြောင့် ပြန်ခေါ်ရန် လက်လျှော့ပြီဟု ဆိုခဲ့ပြီး ဂျူဗင်တပ် အသင်းမှာ အသက် ၂၆ နှစ် အရွယ်ရှိ ဆွာရက်ဇ်ကိုသာ ခေါ်ယူရန် တတ်နိုင်သည့် အနေအထားတွင် ရှိနေကြောင်းလည်း သိရသည်။

0 comments:

Post a Comment