21.3.13

ခြေစွမ်းပြရုံတင်မက လက်စွမ်းပါပြမယ့် လေတန်ဘိန်းစ်

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန်အသင်း အခြေစိုက်ရာ ဘာတန်စင်တာကို လက်ရွေးစင် ကစားသမားတွေ ရောက်လာ ပုံမှာ လေတန်ဘိန်းစ်ရဲ့ဟန်ပန်ကတော့ ထူးခြားမှုအရှိဆုံးပါပဲ။ အိန္ဒိယတေး သီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ဒီကစားသမားဟာ ဂီတာလွယ်ပြီး ဘာတန်စင်တာကို ရောက်လာခဲ့တာပါ။ ကြံ့ခိုင်မှု ပြဿနာကြောင့် ဖာဒီနန် နုတ်ထွက်ခဲ့ပြီး ကာဟေးလ် လည်း မပါဝင်နိုင်တဲ့ အင်္ဂလန် ခံစစ်ကြောင်းက နည်းပြ ဟော့ဆန်အတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် ဟော့ဆန်ရဲ့ သောကတွေ ကို လေတန်ဘိန်းစ်ရဲ့ ဂီတသံတွေက ဘယ်လောက်ထိ ဖြေဖျောက်ပေးနိုင်မလဲဆိုတာ ဆန်မာရီနို၊ မွန်တီနီဂရိုးတို့နဲ့ ပွဲစဉ်တွေကို စောင့်ကြည့်ရတော့မှာပါ။

0 comments:

Post a Comment