21.3.13

အသင်းမှ ထွက်ခွာဖွယ်ရှိနေသော ယာယာတိုရေး

မန်စီးတီး ကွင်းလယ်လူ ယာယာတိုရေးသည် ယခုတစ်ပတ် အတွင်း ၎င်းကို စာချုပ်သစ် မချုပ်ဆိုဖြစ်ပါက အသင်းမှ ထွက်မည်ဟု အကျပ်ကိုင်လိုက်ကြောင်း သိရသည်။ အဆိုပါ အိုင်ဗရီကို့စ် ကွင်းလယ်လူသည် အသင်းနှင့် စာချုပ်သစ် ဆွေးနွေးရာတွင် အဆင်မပြေ ဖြစ်ခဲ့ခြင်းကို စိတ်ပျက်နေသည်။ ယာယာတိုရေး၏ အေးဂျင့် ဖြစ်သူက ၎င်း၏ ကစားသမား ဖြစ်သူမှာ အသင်းနှင့် စာချုပ်သစ် အတွက် စိတ်ကုန်နေပြီး အလွန်ဆုံး လာမည့် ရက်အနည်းငယ် အတွင်းမှာ
မပြီးပြတ်ခဲ့ရင် အခြားသော ကလပ်အသင်းများနှင့် အပြောင်းအရွှေ့ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၊ ၎င်းတို့ အနေဖြင့် မန်စီးတီးကို အနည်းဆုံး စနေနေ့ အထိ အချိန်ပေးထားမည် ဖြစ်ကြောင်း ဆိုသည်။ ဘာစီလိုနာ ကွင်းလယ်လူဟောင်း ယာယာတိုရေးသည် မန်စီးတီး အသင်းတွင် တစ်ပတ်လုပ်အားခ ပေါင် ၂ သိန်း ၂ သောင်း ရနေသည်။ ယာယာတိုရေးသည် မန်စီးတီး အသင်းနှင့် စာချုပ်တွင် ဖီဖာ စည်းမျဉ်းများကို အသုံးပြု၍ ဖြေရှင်းမည် ဖြစ်သည်။ ဖီဖာမှ စည်းမျဉ်းများတွင် ကစားသမားများ အနေဖြင့် ကလပ် အသင်းနှင့် ၃ နှစ် စာချုပ်ကုန်ဆုံးခါနီး အထိ စာချုပ်သစ် မချုပ်ဆို ဖြစ်ပါက အပြောင်းအရွှေ့ ကိစ္စ စဉ်းစားခွင့် ရှိသည်ဟု ဆိုထားသည်။

0 comments:

Post a Comment