21.3.13

အင်တာ အသင်းသို့ ပြန်ရန် စိတ်ဝင်စားနေသော မော်ရင်ဟို

ရီးရဲလ်နည်းပြ မော်ရင်ဟိုသည် ၎င်းအနေဖြင့် အနာဂတ်တွင် အင်တာ အသင်းသို့ ပြန်လိုကြောင်း ဆိုခဲ့သည်။ အဆိုပါ နည်းပြသည် ရာသီကုန်တွင် ရီးရဲလ်အသင်းမှ ထွက်မည်ဟု သတင်းကြီးနေပြီး PSG အပြင် ချဲလ်ဆီး အသင်းများနှင့်လည်း ရေပန်းစားနေသည်။ သို့သော် ချဲလ်ဆီး နည်းပြဟောင်း မော်ရင်ဟိုသည် တစ်ခါက အောင်မြင်မှုများ ရယူခဲ့ဖူးသည့် အင်တာ အသင်းသို့ ပြန်လိုခြင်း ဖြစ်သည်။
မော်ရင်ဟိုက မိမိအနေဖြင့် အင်တာမှာ ၂ ရာသီကြာနေခဲ့ပြီး အကောင်းဆုံး ရလဒ်များကို ရယူခဲ့ကြောင်း၊ တစ်နေ့အင်တာ ကို ပြန်ဖြစ်..မပြန်ဖြစ် ဆိုတာ မိမိအနေဖြင့် မသိနိုင်သလို တကယ်တမ်း ဖြစ်လာ ပါကလည်း အကောင်းဆုံး စိတ်ခံစားမှုများကို ပြန်လည် ရရှိမည်ဖြစ်ကြောင်း ဆိုသည်။ မော်ရင်ဟိုသည် အင်တာ အသင်းကို အအောင်မြင်ဆုံး အနေဖြင့် စီးရီးအေ၊ ကိုပါ အီတာလျံနှင့် ချန်ပီယံလိဂ် ဖလားတို့ကို ရယူပေးခဲ့ဖူးသည်။

0 comments:

Post a Comment