ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

12.9.14

အခမဲ့ ANDROID APP များ ရယူနိုင်မည့် ထိပ်တန်း ဝက်ဘ်ဆိုက် (၁၀) ခု



Android app များကို ငွေကြေးဖြင့် ဝယ်ယူစရာ မလိုဘဲ အခမဲ့ download ရယူနိုင်သည့် ဝက်ဘ်ဆိုက် များစွာရှိသည်။ သို့ရာတွင် အဆိုပါ ဝက်ဘ်ဆိုက်တိုင်းက Android သုံးစွဲသူများအား စိတ်ကျေနပ်မှု အပြည့်အဝ မပေးနိုင်သလို သုံးစွဲသူများ၏ တန်ဖိုးရှိသည့် အချိန်ကိုလည်း အလဟဿ ဖြစ်စေနိုင်သည်။ ထို့ကြောင့် Android app များကို အခမဲ့ download ပြုလုပ်နိုင်မည့် ဝက်ဘ်ဆိုက် (၁၀) ခုကို ဖော်ပြ လိုက်ပါ သည်။
(၁၀) Appitalism

Android သုံးစွဲသူများ အတွက် အကောင်းဆုံး အခမဲ့၊ အခပေး Android app တွေကို ထောက်ပံ့ပေးနိုင်သည့် ဆိုက်ဖြစ်သည်။ App များနှင့် ဂိမ်းများကို ကဏ္ဍအမျိုးအစား ခွဲခြားပေးထားသောကြောင့် သုံးစွဲသူ၏ Android ထုတ်ကုန်အတွက် လိုအပ်သည့် app များကို လွယ်ကူလျင်မြန်စွာ ရှာဖွေနိုင်မည် ဖြစ်သည်။

(၉) AppBrain

အကောင်းဆုံး Android app များကို ရှာဖွေရာတွင် အကူအညီပေးနိုင်မည့် ဆိုက်ဖြစ်သည်။ ထို့အပြင် မိမိနှစ်သက်သည့် app များကို စီမံခန့်ခွဲပြီး သူငယ်ချင်းများထံ ဝေမျှနိုင်သည်။

(၈) Phoload

Android ဖုန်းအတွက် အမျိုးမျိုးသော အခမဲ့ Android app များနှင့် ဂိမ်းများကို download ရယူနိုင်မည့် ဆိုက်ဖြစ်သည်။ ဖုန်းအမျိုးအစားကို ရွေးချယ်ပြီး download ပြုလုပ်နိုင်သောကြောင့် မိမိဖုန်းနှင့် လိုက်ဖက် မည့် app များနှင့် ဂိမ်းများကို ရရှိနိုင်သည်။

(၇) Pandaapp

Panda App ဆိုက်မှတစ်ဆင့် အခမဲ့ Android ဂိမ်းများနှင့် အခမဲ့ Android app များကို download ပြုလုပ်နိုင် သည်။ ထို့အပြင် wallpaper များနှင့် ringtone များကိုလည်း ထောက်ပံ့ပေးထားသည်။

(၆) Slideme

Android ထုတ်ကုန် အားလုံးအတွက် အခမဲ့နှင့် အခပေး application များကို ရှာဖွေပြီး download ရယူနိုင်သည့် ထိပ်တန်းဆိုက် တစ်ခုဖြစ်သည်။

(၅) Appsapk

Android သုံးစွဲသူများအတွက် အကောင်းဆုံး အခမဲ့ Android app များကို ထောက်ပံ့ပေးထားသည်။ ကဏ္ဍများဖြင့် ခွဲခြားကာ ဖော်ပြထားသောကြောင့် လိုအပ်သည့် app များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်သည်။

(၄) Freewarelovers

Android ထုတ်ကုန် အတွက် အခမဲ့ application နှစ်ထောင်နီးပါး ထောက်ပံ့ပေးထားသည့် ဆိုက်ဖြစ်သည်။ Android app များကို အမျိုးအစားများဖြင့် ခွဲခြား ဖော်ပြထားသောကြောင့် အလွယ်တကူ ရှာဖွေပြီး ရယူနိုင်သည်။

(၃) AndroidPIT

ကွဲပြားခြားနားသော အခမဲ့နှင့် အခပေး Android app များကို ထောက်ပံ့ပေးထားသည့် ဆိုက်ဖြစ်သည်။ ထိပ်တန်း အခပေး app များ၊ ထိပ်တန်း အခမဲ့ app များနှင့် စမ်းသပ်ထားသည့် app များစသည်ဖြင့် ခွဲခြားဖော်ပြထားသောကြောင့် အချိန်ကုန် အလုပ်ရှုပ်စရာမလိုဘဲ လိုအပ်သည့် app များကို အလွယ်တကူ ရယူနိုင်သည်။

(၂) Amazon Appstore for Android

Android application များ အားလုံးကို တစ်စုတစ်စည်းတည်း ဖော်ပြပေးထားသည့် ဆိုက်ဖြစ်သည်။ ကဏ္ဍများဖြင့် ခွဲခြားထားသောကြောင့် Android ကို စတင် သုံးစွဲသူများ အနေဖြင့် application များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင်စေမည် ဖြစ်သည်။ ၎င်းဆိုက်တွင် အကောင်းဆုံး app များနှင့် download ပြုလုပ်မှု အများဆုံး app များကို ထိပ်တန်း အခပေး app ၁၀၀ နှင့် ထိပ်တန်း အခမဲ့ app ၁ဝ၀ ဖြင့် ဖော်ပြထားသည်။

(၁) Google Play

Android app များကို download ရယူနိုင်သည့် နာမည်ကျော် ဆိုက်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းကို Android Market ဟူ၍လည်း လူသိများသည်။ Android app များကို အလွယ်တကူ ရှာဖွေပြီး download ပြုလုပ်နိုင် သည်။ Google Play တွင် အခမဲ့ Android application များ ရရှိနိုင်သလို အခပေး application များကိုလည်း ဝယ်ယူနိုင်သည်။


Ref:::internetjournal

ရှမ်းတပ်နှင့် ပအိုဝ်းတပ် နယ်မြေပိုင်ဆိုင်မှု အဖြေမရ

နယ်မြေအငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ကြား ဆွေးနွေးပွဲဟာ အဖြေတစုံတရာမရဘဲ အဆုံးသတ်ခဲ့ရပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ဖြေရှင်းသွားကြဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။

SSARCSSစက်တင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ တနေ့လုံး ဆွေးနွေးခဲ့ပေမယ့် နယ်မြေကိစ္စ တစုံတရာ ဆုံးဖြတ်ချက်မရဘဲ နောက်တကြိမ် ပြန်ဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သဘောတူညီချက် ၂ ခုတော့ ရခဲ့ပါတယ်။ ၁ အချက်ကတော့ ဒီနယ်မြေဆိုင်ရာ ပြဿနာတွေကို ကျနော်တို့ ၂ ဦး ၂ဘက် ကနေပြီးတော့ဘဲ ငြိမ်းချမ်းတဲ့ နည်းနဲ့ဘဲ ဖြေရှင်းသွားဖို့နဲ့ မကြာခင် အတောအတွင်းမှာ ခေါင်းဆောင်ပိုင်းတွေ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်တွေပါ။ ရှေ့လထဲလောက်ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ချက်ချင်းလက်ငင်း ညှိနှိုင်းလို့မရတာတွေ ရှိနေသေးတယ်လေ။ သူတို့ဘက်ကလည်း အချင်းချင်းကြားမှာ ပြန်ညှိရမယ်။ ကျနော်တို့ကလည်း အချင်းချင်းကြားမှာ ပြန်ညှိ ရအုံးမယ်။ ပြောမယ်ဆို အခုလောလောဆယ်က သူတို့လည်း အဲဒီမောက်မယ်ဒေသမှာ အစိုးရက ပေးထားတဲ့သဘောပေါ့။ ကျနော်တို့ကလည်း ကိုယ့်နယ်မြေဆိုတော့ ညှိလို့ မရသေးတဲ့ သဘောပေါ့။”

နှစ်ဘက်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ကတိက၀တ်ပြုထားကြတဲ့ အချက်တွေ ပေါ် အခြေခံပြီးတော့လည်း ဆွေးနွေးခဲ့ကြောင်း၊ အဲဒီအချက်တွေအရ ပီအဲန်အယ်လ်အို ပအိုဝ်း တပ်ဖွဲ့အနေနဲ့ ပွန်ချောင်းအနောက်ဘက်ခြမ်းမှာ လှုပ်ရှားဖို့နဲ့ ရှမ်းပြည်တပ်မတော်က ပွန်ချောင်း အရှေ့ဘက်ခြမ်းမှာ လှုပ်ရှားဖို့ ဖြစ်ပြီး ခုလတ် တလောမှာတော့ ပွန်ချောင်းအရှေ့ဘက် ကတူးကြီးဒေသမှာ ပီအဲန်အယ်လ်အိုက တပ်တွေတည်ဆောက်လာတာကြောင့် အငြင်းပွားဖွယ်ဖြစ်လာတာလို့ သူက ဆက်ပြောပါတယ်။

ဒီလိုအငြင်းပွားဖွယ်ရှိပေမယ့် တဘက်နဲ့ တဘက် အင်အားသုံးပြီး မဖြေရှင်းကြေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲကို ရှမ်းပြည်တပ်မတော်ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စိုင်းယီ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်ဘက်က ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကေအဲန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နဲ့ ၀ အမျိုးသားအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကလည်း တဘက်နဲ့တဘက် အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပီအဲန်အယ်လ်အိုဘက်က သွားရောက်ခဲ့သူတွေကိုတော့ ဆက်သွ ယ်မေးမြန်း လို့ မရသေးပါဘူး။

ဒါပေမယ့် ပီအဲန်အယ်လ်အို နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ခေါင်းဆောင်ပိုင်းမှာ အဆင်ပြေနေပေမယ့်လည်း အဲဒီ ကတူးကြီးဒေသကို ရှမ်းပြည်တပ်မတော်အဖွဲ့က ၀ိုင်းထားပြီး ညှိနှိုင်းမှု မပြေလည်ရင် ပစ်မယ်လို့ အောက်ခြေတပ်မှူးတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဒီပြောဆိုချက်အပေါ်မှာ ဒုဗိုလ်မှူးကြီး စိုင်းငင်းက “သူတို့မနေ့ကဆွေးနွေးချက်မှာ လက်နက် အင်အားသုံးပြီး ဖြေရှင်းခြင်းမပြုဖို့ သဘောတူခဲ့သလို၊ ကတူးလုန်ဒေသထဲမှာလည်း ရှမ်းတပ်နဲ့ ပအိုဝ်းတပ်ကြား နီးကပ်စွာရှိမနေတဲ့အပြင် ခြိမ်းခြောက်မှု မရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ ပီအဲန်အယ်လ်အိုကြား သဘောတူချက်အရ ကတူးလုန်ဒေသမှာ အိမ်ခြေ ၁၁၄ လုံး ဆောက်လုပ်ဖို့ရှိပြီး အလုံး ၃၀ လောက် ပြီးဆုံးသွားချိန်မှာ ခုလိုပြဿ နာပေါ်လာတာလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသွားပါတယ်။

DVB

"လူသားခြင်းစာနာမှုဖြင့် တောင်တက်သမား(၂)ဦးကို ထူးဖောင်ဒေးရှင်း ကယ်ဆယ်နိုင်ရန် ကြိုးပမ်း"





သဘာဝခေါ်သံဖောင်ဒေးရှင်းမှ ခါကာဘိုရာဇီ တောင်တက်ခရီးစဉ်နှင့် ပတ်သက်ပြီး ၂၃.၇.၂၀၁၄ နေ့ရက်က MJN (မြန်မာဂျာနယ်လစ်ကွန်ယက်) ရုံးခန်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ၎င်းတို့အဖွဲ့ ခါကာဘိုရာဇီတောင်သို့ တက်ရောက်မည်ဖြစ်ကြောင်း စာနယ်ဇင်းများထံ အသိပေးခဲ့သည်။

ဇူလိုင်လ(၂၉)ရက်နေ့ နံနက်တွင် တက္ကသိုလ်ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) အဖွဲ့ဝင်များသည် ရန်ကုန်မြို့ မှ ပူတာအိုမြို့ကို ထွက်ခွာခဲ့ကြပြီး ဇူလိုင်လ(၃၁)ရက်နေ့မှာ ပူတာအိုကနေ ခါကာဘိုရာဇီ ခရီးကို စတင်ခဲ့ကြပါသည်။

ခက်ခဲကြမ်းတမ်းမှု မျိုးစုံကို ရင်ဆိုင်ဖြတ်ကျော်ပြီး သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၅)နာရီမှာတော့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့နှစ်ဦးဟာ ခါကာဘိုရာဇီ တောင်ထိပ်မှာ မြန်မာနိုင်ငံတော်အလံကို အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် မြေပြင်အဖွဲ့နှင့်အတူ တောင်ထိပ်ရောက် မြန်မာ သူရဲကောင်း (၂)ဦးဟာ ဆက်သွယ်ရေး ကိရိယာများမှတဆင့် နိုင်ငံတော် သီချင်းကို အတူ သီဆို အောင်ပွဲခံခဲ့ကြသည်။

တောင်တက်အဖွဲ့ဝင်တွေဟာ စက်တင်ဘာ (၉)ရက်နေ့မှာ တောင်ခြေရှိ ပင်မအဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန် သတ်မှတ်ထားခဲ့ပေမယ့် သတ်မှတ်ရက်အတွင်း အဖွဲ့ဝင်(၆)ဦးသာ ပြန်လည် ရောက်ရှိပြီး တောင်ထိပ်ရောက်ရှိခဲ့သည့် ကိုအောင်မြင့်မြတ် နှင့် ကိုဝေယံမင်းသူတို့နှစ်ဦး ရောက်ရှိလာခြင်း မရှိခဲ့ပါဘူး။

သတ်မှတ်ရက်အတွင်း တောင်ထိပ်တက်ခဲ့သူနှစ်ဦး ပြန်လည် ရောက်ရှိလာခြင်း မရှိသည့်အတွက် မြေပြင်အဖွဲ့မှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ ဆက်သွယ် အကြောင်းကြား အကူအညီ တောင်းခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇသည် တောင်တက်သမား(၂)ဦး ပျောက်ဆုံးနေကြောင်းကို တဆင့်စကားများဖြင့် ကြားသိနေရသဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းရာ စက်တင်ဘာ(၉)ရက်နေ့ ညပိုင်းတွင် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း အတည်ပြုချက် ရရှိခဲ့သည်။

သတင်းအတည်ပြုချက် ရလျှင်ရခြင်း ဦးတေဇသည် သဘာဝခေါ်သံ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးသန့် ဦးဆောင်သည့်အဖွဲ့နှင့် ဧ၀ရတ်တောင်သို့ တက်ရောက်မည့် ကျွမ်းကျင်တောင်တက်သမားများကို ခေါ်ဆောင်ပြီး ပူတာအိုသို့ ချက်ချင်း သွားရောက်ခဲ့ကြသည်။

ဦးတေဇသည် ပူတာအိုသို့ ရောက်ရောက်ချင်း ပူတာအို အခြေ စစ်ဗျူဟာမှူး၊ MI 17 လေယာဉ်မှူးများနဲ့ ဆွေးနွေးမှုများ ပြုလုပ်၊ နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေးဦးစီးချုပ်ထံ လမ်းညွှန်မှုခံယူပြီး ရဟတ်ယာဉ်နဲ့ လေယာဉ်ပျံသန်းခွင့်များအတွက် ခွင့်ပန်ခြင်းများကို ချက်ခြင်း လုပ်ဆောင်ခဲ့သည်။

ထူးဖောင်ဒေးရှင်းမှ ရဟတ်ယာဉ်နှစ်စီး ပူတာအိုသို့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ရောက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အသုံးပြုခဲ့ပါသည်။ Htoo Apex Petroleum မှ ရှာဖွေရေး လုပ်ငန်းများတွင် အသုံးပြုမည့် ရဟတ်ယာဉ်များအတွက် လေယာဉ်ဆီကို ရန်ကုန်မြို့မှ ပူတာအိုသို့ တပ်မတော်လေမှ Y8-MAF-Cargo Transporter များဖြင့် တင်ပို့ပေးခဲ့သည်။

ထူးဖောင်ဒေးရှင်း နာယကသည် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဦးဆောင် ကွပ်ကဲနိုင်ရန်အတွက် စက်တင်ဘာ(၁၁)ရက်နေ့တွင် ပူတာအိုမှ ခြေလျင်ခရီး (၇)ရက်ကြာ သွားရသည့် ပန်နန်းဒင်မြို့သို့ သွားရောက်ပြီး အနီးကပ် ညွှန်ကြားမှုများ ပြုလုပ်လျက် ရှိသည်။ တပ်မတော်လေမှ MI 17 ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

စက်တင်ဘာ(၁၁)ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်ခွင့်ပြုချက်ဖြင့် တပ်မတော်လေမှ ရဟတ်ယာဉ်တစ်စီး အပါအ၀င် ထူးဖောင်ဒေးရှင်း နာယက ဦးတေဇမှ ရဟတ်ယာဉ် (၂)စီးဖြင့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိပါသည်။

ထို့ပြင် ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သည့် ထူးဖောင်ဒေးရှင်းမှ ဦးနမားဂျွန်ဆင်အပါအ၀င် နီပေါနိုင်ငံတွင် ဧဝရက်တောင် တက်ရန်အတွက် training ပြုလုပ်ထားသည့် တောင်တက်အဖွဲ့ဝင်များအပြင် ဒေသခံ တောင်တက်ကျွမ်းကျင် အဖွဲ့များကပါ စားနပ်ရိက္ခာ၊ ဆေးဝါး အပြည့်အစုံဖြင့် မြေပြင်ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

ထူးဖောင်ဒေးရှင်းကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များထဲတွင် သဘာဝဘေးအန္တရာယ် ကျရောက်မှုများ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် ဆိုသည့်အချက်လည်း ပါဝင်ပါသည်။

ထူးဖောင်ဒေးရှင်းသည် လူသားခြင်းစာနာထောက်ထားပြီး ဖွံ့ဖြိုးမှုနှေးကွေးသည့် ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းကောင်း ရရှိလာစေရန်နှင့် ပညာရေး၊ ကျန်းမာရေးများအပြင် ပရဟိတ လုပ်ငန်းများကိုပါ နိုင်ငံကို ကျေးဇူးဆပ်သည့် အနေဖြင့် တစ်တပ်တအား ဆောင်ရွက်လျက်ရှိပါသည်။

ခါကာဘိုရာဇီတောင်ထွဋ်သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား တောင်တက်သမားနှစ်ဦး ပျောက်ဆုံးခြင်းကို မည်သူတစ်ဦးတစ်ယောက်၏ အကူအညီတောင်းခံခြင်း တိုက်တွန်းခြင်း မပါဘဲ ထူးဖောင်ဒေးရှင်း၏ နာယကဖြစ်သူ ဦးတေဇမှ လူသားခြင်း စာနာထောက်ထားမှုအရ ရှာဖွေကယ်ဆယ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

ဦတေဇသည် လွန်ခဲ့သည့် (၃) နှစ်ကျော် ကာလက ပူတာအိုဒေသ မဒွယ်တောင်ပေါ်တွင် ရဟတ်ယာဉ် မတော်တဆမှုကို ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပြီး သေမင်းခံတွင်းဝမှ လွတ်မြောက်ရန် ပြင်းထန်စွာကြိုးပမ်းခဲ့ရဖူးပါသည်။

ယခု မြန်မာတောင်တက်သမား(၂)ဦး ခါကာဘိုရာဇီ ရေခဲတောင်တွင် အခက်အခဲ ကြုံတွေ့နေရခြင်းအတွက် လူသားခြင်း ကိုယ်ချင်းစာစိတ် တစ်ခုတည်းဖြင့် ကိုယ်တိုင်ဦးစီးကာ ငွေအင်အား၊ Unit များမှ ၀န်ထမ်းပေါင်းများစွာ အပါအ၀င် လေကြောင်းလိုင်းမှ လေယာဉ်များ၊ ရဟတ်ယာဉ်များပါ အသုံးပြုပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်လျက် ရှိပါသည်။

ယခုခရီးစဉ်မှာ ထူးဖောင်ဒေးရှင်းအနေဖြင့် လည်းကောင်း၊ ထူးကုမ္ပဏီများအုပ်စု အနေဖြင့် လည်းကောင်း စပွန်ဆာ ထည့်ဝင်ထားခြင်း မရှိသော်လည်း လူသားခြင်း စာနာမှု တစ်ခုတည်းဖြင့်သာ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။

Htoo Foundation

Dell မိတ်ဆက်ခဲ့တဲ့ ကမ္ဘာ့အပါးလွှာဆုံး Tablet


ဒီသီတင်းပတ်အတွင်း Apple က iPhone 6 ၊ iPhone 6 plus နဲ့ Apple Watch တွေ ကြေညာခဲ့လို့ နည်းပညာလောကထဲ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန် Dell ကုမ္ပဏီက ကမ္ဘာ့အပါးလွှာဆုံး Tablet ကို မိတ်ဆက်ခဲ့ပြန်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပခဲ့တဲ့ 2014 Intel Developers Conferenceမှာ Dell 8 7000 စီးရီးထဲက ကမ္ဘာ့အပါးလွှာဆုံး Tablet ကို Dell ကုမ္ပဏီက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒီ Tablet ကို Dell 8 7840 လို့ အမည်ပေးထားပြီး ၆မီလီမီတာပဲ ထူတာကြောင့် Sony ရဲ့ Xperia Z3 Tablet Compact (အထူ ၆.၄မီလီမီတာ)ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အပါးလွှာဆုံး Tablet အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ Dell 8 7840 Tabletဟာ မျက်နှာပြင်အရွယ်အစား ၈.၄လက်မရှိပြီး ရုပ်ထွက်ကြည်လင်ပြတ်သားမှု Resolution 2560 x 1600 အထိ ရှိပါတယ်။ ကင်မရာလေးလုံး ပါဝင်ပြီး အနောက်မှာ တပ်ထားတဲ့ ကင်မရာ(၃)လုံးက 3D ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် Dell 8 7840 Tabletမှာ Intelရဲ့ RealSense နည်းပညာအသုံးပြုထားတဲ့အတွက် ဓာတ်ပုံရိုက်ပြီးမှ ဆုံမှတ်အပြောင်းအလဲ လုပ်နိုင်သလို ဓာတ်ပုံထဲက အရာဝတ္တုတွေရဲ့ အတိုင်းအထွာကိုလည်း တွက်ချက်နိုင်ပါတယ်။

Android 4.4 စနစ် အသုံးပြုထားပြီး Memory 32 GB အထိ ပါဝင်တယ်လို့ သိရပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာ Dell 8 7840 Tablet ထွက်လာမယ်လို့ သိရပေမယ့် ဈေးနှုန်းကိုတော့ ကြေညာခဲ့ခြင်းမရှိပါဘူး။

Ref : Dailymail (ရိုးရာလေး)

အကြောင်းမကြားဘဲပြိုင်ပွဲမှထုတ်ပယ်ခံရသည့်အတွက် နာမည်ထိခိုက်ကြောင်း ပက်ထရစ်ရှာ၏မိခင်ဆို


Miss Myanmar World 2014 ၂ဝ၁၄ ပြိုင်ပွဲ၏ ဆန်ခါတင်အလှမယ် ၂ဝ ထဲမှ သရုပ်ဆောင်ပက်ထရစ်ရှာကို လေ့ကျင့်ပြင်ဆင်ရမည့်ရက်များ၌ လာရောက်လေ့ကျင့်ရန် ပျက်ကွက် မှုများရှိသဖြင့် ပြိုင်ပွဲမှထုတ်ပယ် လိုက်ကြောင်း Miss Myanmar World 2014 အဖွဲ့အစည်းက ယခုလ ၁ဝ ရက်၌ ထုတ်ပြန်ခဲ့ပြီးနောက် ထုတ် ပယ်ခံရခြင်းက သမီးဖြစ်သူ၏ နာမည်ကိုထိခိုက်မှုရှိကြောင်း ပက် ထရစ်ရှာ၏မိခင်ကပြောသွားသည်။
ပက်ထရစ်ရှာ၏မိခင်ဒေါ်ချယ် ရီခိုင်က ''ယခုလ ၉ရက်၊ ၁ဝရက် က နားရက်လို့သူတို့ကပြောတယ်။ အန်တီတို့ ကြိုလဲမေးပါတယ်။ ဒါ ကြောင့် အဲဒီရက်မှာ အမ်တီဗွီရိုက် ရက်ပေးလိုက်တယ်။ ၈ရက်ညအထိ အဆက်အသွယ်လုပ်ပါတယ်။ ဆက်သွယ်လိုရတဲ့ သူပေါ့။ သူ့ နာမည်ကိုတော့ ထည့်မပြောတော့ ဘူး။ ပြိုင်ပွဲဝင်ပြိုင်ဖို့ကိုလဲ သူပဲ ခေါ်တာပါ။ သူ့ကိုလဲ လှမ်းပြော တယ်။ အန်တီတို့ ကိုယ့်သဘောနဲ့ ကိုယ်နားတာ မဟုတ်ပါဘူး။ အခု လို အကြောင်းမကြားဘဲထုတ် လိုက်တဲ့အတွက် သမီးလေးလဲ နာမည်ထိခိုက်တယ်။ သမီးလေး ဖုန်းထဲကိုတော့ Miss Call တစ်ကောဝင်တာတော့တွေ့တယ်။ ဒီပြိုင်ပွဲက အရမ်းကြီးပါတယ်။ အဲဒီအတွက် နေမကောင်းတာကို တောင် အန်တီ လေ့ကျင့်တဲ့ရက်တွေ တိုင်းပုံမှန်လိုက်ပို့ပေးပါတယ်။ အခုက ဒီလိုဖြစ်သွားတော့ ပြိုင်ဖို့အစီအစဉ် မရှိတော့ပါဘူး''ဟု ပြောကြားသည်။
မော်ဒယ်တစ်ဦးဖြစ်သည့်အတွက် ပြိုင်ပွဲအပြင် အခြားအနုပညာနှင့် ပတ်သက်၍ လုပ်ကိုင်နေသည်ကို နားလည်သော်လည်း အဖွဲ့အစည်း နှင့်လုပ်ရသည့်အတွက်အဆင်မပြေ နိုင်ကြောင်း ပြိုင်ပွဲ၏တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစိုးသူရက ပြောသည်။ ''ယခုလ ၉ ရက်မှာ လေ့ကျင့်ဖို့အတွက် ရောက်မလာ ဘူး။ ၁ဝရက်နေ့နံနက်အထိ ဖုန်းနဲ့ အဆက်အသွယ်လုပ်ခဲ့ပေမယ့်ဆက် သွယ်လို့မရခဲ့ဘူး။ ပြိုင်ပွဲ ကျင်းပ ရေးကော်မတီရဲ့သဘောတူညီချက် နဲ့ ပြိုင်ပွဲက ထုတ်ပယ်လိုက်ရ ခြင်းဖြစ်ပါတယ်''ဟု ၄င်းကပြော သည်။
Miss Myanmar World ပြိုင် ပွဲကို ပြိုင်ပွဲဝင်ဆန်ခါတင် ၁၉ ယောက်ဖြင့်သာ ယခုလ ၂၇ ရက် ည ၇နာရီခွဲတွင် ရန်ကုန်မြို့ စထရင်း ဟိုတယ်၌ကျင်းပသွားမည်ဖြစ်သည်။
ပက်ထရစ်ရှာက သူမ၏ဖေ့စ် ဘွတ် လူမှုကွန်ရက်စာမျက်နှာ ထက်၌ Camp သွင်းသည့် ရက် များတွင် ပျက်ကွက်မှုမရှိကြောင်း၊ Miss Myanmar World ၏ အထက် လူကြီးများက ခွင့်ပြုပြီးမှသာ ရိုက် ကူးရေးများ ပြုလုပ်ခဲ့ကြောင်း၊ အားပေးခဲ့ကြသည့် ပရိသတ်ကို လည်း များစွာအားနာမိကြောင်းကို အကျယ်တဝင့်ရှင်းပြထားသည်။

The Union Daily

ပက်ထရစ်ရှာဆိုတဲ့ နာမည်ကို အသုံးချပြီး လူစိတ်ဝင်စားအောင် လုပ်ဖို့အတွက် ဒီပြိုင်ပွဲကို မပြိုင်ပြိုင်အောင် အတင်းဆွဲခေါ်လို့ ပြိုင်ခဲ့ရတာလို့ ဆိုလိုက်တဲ့ ပက်ထရစ်ရှာ


နှစ်လိုဖွယ်ကောင်းပြီး လှပတဲ့မျက်နှာထားကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်ပက်ထရစ်ရှာကို Miss World Myanmar အဖွဲ့အစည်းရဲ့ပြိုင်ပွဲကနေ ထုတ်ပယ်ခြင်းခံရတာနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေကတော့

အခုလိုMiss World Myanmar ပြိုင်ပွဲ ဆက်လက်မပြိုင်ရတော့ဘူးဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ညီမကတော့ ဘာမှမသိဘူး။ ဒီလိုဖြစ်လာမယ်လို့လည်း မထင်ဘူး။ ညီမက အလုပ်တစ်ခု လုပ်မယ်ဆိုရင် ကိုယ်ကပြိုင်ပွဲတစ်ဘက်နဲ့ အလုပ်လုပ်နေတယ်။ ချက်ချင်းကြီး သူတို့ဘက်ကို အကြောင်းမကြားပဲ မလုပ်ပါဘူး။ ညီမက ဘယ်နေ့ရိုက်လို့အဆင်ပြေမလဲ၊ ညီမမှာရိုက်ဖို့ လက်ခံထားတဲ့ ကြော်ငြာတွေ ရှိတယ်။ သူတို့ပေးတဲ့ ရက်အတိုင်း ရိုက်ကူးခွင့်ပေးတယ်ဆိုလို့ပါ။ နှစ်ရက်နားတယ်လို့ ပြောတယ်လေ။ အဲဒီနှစ်ရက်ကို လက်ခံပြီးကြော်ငြာရိုက်ပါတယ်။ တကယ်တမ်း ရိုက်ကွင်းပေါ် ရောက်နေတဲ့အချိန်မှာ ညီမရဲ့အမေဆီကို ဖုန်းဆက်အကြောင်း ကြားလာပါတယ်။ ဘာလို့ဒီနေ့ မလာရတာလဲ။ ဒီနေ့ကTrainning day ပေါ့နော်။ ပြသနာတွေကို ကိုယ့်အပေါ်ပြန်ပြီး ပုံချတဲ့ ပုံစံမျိုးပြောတယ်။ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ အဲဒါနဲ့ပြိုင်ဖို့ ဘယ်လိုမှ အဆင်မပြေတော့ဘူးလို့ တွေးလိုက်မိပါတယ်။ သူတို့ပေးတဲ့ ရက်ကိုပဲ ညီမတို့ရိုက်ခဲ့တာပါ။ အဲဒါကို ညီမကို အပြစ်ပုံချပါတယ်။ ညီမက မပြိုင်ဖြစ်တော့ဘူးလို့ အကြောင်းကြားပါတယ်။ ညီမကို စည်းမျဉ်းစည်းကမ်း မလိုက်နာဘူး။ Trainning တွေ မဆင်းဘူးဆိုပြီး စွပ်စွဲပြောဆိုကြတယ်။ တကယ်တော့ ဒီလိုမျိုး သူတို့ဘက်က ပြောဆိုချက်တွေက ညီမရဲ့image ကို ထိခိုက်စေပါတယ်။ ညီမကို အားပေးနေတဲ့ ညီမရဲ့ပရိသတ်တွေ အတွက်လည်း မကောင်းဘူး။ တစ်မျိုး ထင်သွားနိုင်တာပေါ့နော်။ ညီမက စည်းကမ်းမရှိတဲ့သူ တစ်ယောက်ဖြစ်သွားတာပေါ့နော်။

ပက်ထရစ်ရှာက သူတို့ရဲ့Trainning ရက်တွေကို မပျက်ကွက်ဘူးလို့ပြောချင်တာလား။

ဟုတ်ပါတယ်။ ညီမတစ်ရက်မှ မပျက်ကွက်ခဲ့ဘူးပါဘူး။ နေမကောင်းနေတဲ့ အချိန်မှာတောင် votting  အတွက် ဓာတ်ပုံရိုက်ရမှာလေ။ ကုတင်ပေါ်မှာ နားလိုက်ပြန်ရိုက်လိုက်နဲ့ ဗီဒီယိုရော၊ ဓာတ်ပုံရော နှစ်ခုလုံးကို သေချာရိုက်ပေးခဲ့ပါတယ်။ မိတ်ကပ်ပြင်လို့ မရတောင်မှ သူများတွေ ပြင်လို့လှနေချိန်မှာ ညီမမျက်နှာမှာဘယ်လိုမှ မိတ်ကပ်ပြင်လို့ မရခဲ့ပါဘူး။ အမှတ်လျော့မှာကြောက်လို့ ကြိုးကြိုးစားစားနဲ့ လုပ်ပေးခဲ့ပါတယ်။ အဲဒီ့ပုံကိုကြည့်ပြီးတော့တောင် ပက်ထရစ်ရှာ တစ်မျိုးကြီး ဖြစ်နေပါလား ဆိုပြီးတော့ ပရိသတ်တွေ ပြောကြသေးတယ်လေ။ ညီမဘက်က တစ်ရက်မှကို ပျက်ကွက်ခဲ့တယ် ဆိုတာမရှိပါဘူး။ သူတို့နားရက်လို့ ပြောလို့ ညီမနားရက်မှာပဲ ရိုက်ကူးရေး လက်ခံရိုက်ခဲ့တာပါ။ အဲဒါကို ညီမကို ပျက်ပါတယ်ဆိုပြီး ဝိုင်းပြောကြတယ်။ သူတို့ညီမအပြစ်တွေချည်းပဲ ပြောတယ်။ ပရိသတ်တွေထဲမှာလည်း အထင်မြင်စောင်းသွားတာတွေလည်း အများကြီးပဲ ရှိသွားတယ်။

ဒါဆို အခုထိMiss Myanmar World အဖွဲ့အစည်းနဲ့ ညှိုနှိုင်းနေတုန်းပဲလား။

ညီမနဲ့ ပတ်သက်ပြီး သူတို့ Status တွေ တင်ထားကျတယ်ပေါ့။ ပရိသတ်တွေ အခုဆို တော်တော် အထင်လွဲနေပြီလေ။ ဒီကိစ္စကိုဖြစ်ရပ်မှန် အမှန်ကို အမှန်အတိုင်းပဲ ရှင်းပြပေးစေချင်တာပါ။ ပြန်တင်ပေးပါလို့ ပြောထားပါတယ်။ အခုချိန်ထိ သူတို့ဘက်က ပြန်တင်မပေးသေးပါဘူး။ သူတို့ကပြောတယ်။ အမှန်ကို အမှန်အတိုင်း တင်ပေးရင် သူတို့ပွဲအတွက် ထိခိုက်နစ်နာပါတယ်။ ပရိသတ်တွေကဝိုင်းပြီးပြောဆိုကြမယ်ပေါ့။ ဒါပေမယ့် ညီမဘက်ကလည်း သူတို့ဘက်က ဒီလိုမှားယွင်းစွာ ပြောဆိုခဲ့တာကြောင့် ညီမသိက္ခာကျခဲ့ ရတယ်ဆိုတော့ အဲဒီ့ အတွက်ကြောင့် ပြန်ပြီး ရှင်းပြပေးစေချင်ပါတယ်။

ညီမလေးကိုMiss World အတွက် အားလုံးက အားပေးနေကြတာဆိုတော့ ဒီလိုမျိုးဖြစ်လာရတာက ရော ဘာကြောင့်လို့ ထင်ပါသလဲ။

ပရိသတ်တွေကတော့ ညီမကိုပြိုင်ပွဲတွေ အရမ်းပြိုင်စေချင်ကြတယ်လေ။ ညီမပြိုင်ပွဲဝင်ပြိုင်တော့ သူတို့ အရမ်းဝမ်းသာကျတယ်။ အကုန်လုံးကလည်း ပိုက်ဆံတွေ အကုန်ခံပြီးတော့ အချိန်တွေ အကုန်ခံပြီးတော့ vote ပေးကြတယ်။ အရမ်းကို ညီမကိုအားရှိခဲ့ရပါတယ်။ ပွဲတောင်လာကြည့်ဖို့ တာဆူထားကြတာရှိတယ်။ ဒီလိုမျိုးဖြစ်သွားတော့ သူတို့ ဘက်က မကျေမနပ်ဖြစ်ကြတာပေါ့။ သူတို့ဘက်က မကျေအေးတော့ဘူးဆိုတာ ရေးထားတာတွေ အများကြီးပဲတွေ့ရတယ်။ ပရိသတ် တော်တော်များများကလည်း သူတို့ရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးပစ်တယ်ပေါ့နော်။

ပြီးတော့ညီမလေးအနေနဲ့ ပြိုင်ပွဲဝင်နေစဉ် ကာလမှာလည်းမပြိုင်တော့ပါဘူးဆိုပြီးလုပ်သေးတယ်လေ။ အဲဒါကရော ဘာကြောင့်လဲ။

အဲဒါက ဘယ်သူမှမသိတဲ့ အသေးအဖွဲလေးတွေကအစ စိတ်အနှောင့်အယှက် အရမ်းဖြစ်ခဲ့ရပါတယ်။ အဲဒီ့တုန်းက မပြိုင်တော့ဘူးဆိုတာက Miss World မယ်အယောက် နှစ်ဆယ်ဓာတ်ပုံကိုတင်တဲ့ ကိစ္စနဲ့ပါ။ ကျန်တဲ့သူတွေရဲ့ပုံ အကုန်လုံးလှပြီး ညီမရဲ့ပုံကို စကားပြောတာတောင်မှ ပုံဆိုးပန်းဆိုချည်း ဖြစ်နေတဲ့ ပုံကို တင်ထားတယ်လေ။ ဘာဖြစ်လို့ ဒီပုံကိုမှ ရွေးတင်ရတာလဲ။ ပုံတွေ အများကြီး ရိုက်ထားတာလေ။ ရုပ်ဆိုးတဲ့ပုံ ဘာလို့ထည့်တာလဲဆိုတော့ မျှမျှတတ ထည့်ပေါ့လို့ ပြောလိုက်တယ်။ အဲဒီ့ပုံကိုကြည့်ပြီး ပရိသတ်တွေက ရုပ်ဆိုးတော့ ဘယ်ပေးချင်ပါတော့မလဲ။ ဝေဖန်ကြတာပေါ့ ရုပ်ဆိုးလိုက်တာဆိုပြီး။ အဲဒီ့ ပရိသတ်တွေရဲ့စကားသံနဲ့ ဝေဖန်သံတွေကြားပြီး စိတ်ပျက်ခဲ့ရလို့ပါ။

ပက်ထရစ်ရှာကို  Miss World Myanmar ပြိုင်ပွဲဝင်ပြိုင်ဖို့ကို သူတို့ဘက်က ဝင်ပြိုင်ဖို့ စပြီး ကမ်းလှမ်းခဲ့တာလား၊ ဒါမှမဟုတ် ညီမဘက်ကပြိုင်ဖို့လုပ်ခဲ့တာလား ဆိုတာသိပါရစေ။

ညီမဘက်က ပရိသတ်တွေ အားပေးတယ်ဆိုပေမယ့် ပြိုင်ဖို့ကိုလည်း နည်းနည်းစဉ်းစားဖြစ်ခဲ့ပါတယ်။ ပထမဆုံးပြိုင်ပွဲလည်းဖြစ်တယ်။ ပွဲကလည်း ကြီးတယ်လေ။ ဘယ်လိုများဖြစ်မလဲဆိုပြီးတော့ အရမ်းရင်ခုန်ခဲ့ပါတယ်။ သူတို့ဘက်ကလည်း ပြိုင်ဖို့ အတင်းကို ဆွဲခေါ်ခဲ့တယ်။ မပြိုင်ပြိုင်အောင် အတင်းဆွဲခေါ်ကြတယ်။ အဲဒီလိုမျိုး ပရိသတ်တွေကို ပိုသိစေချင်တယ်။ ကျွန်မပြိုင်ချင်လွန်းလို့ ကျွန်မကို ခေါ်ပါလုပ်ခဲ့တာ မဟုတ်ပါဘူး။ ညီမနာမည်ကို အသုံးချပြီးတော့ လူတွေစိတ်ဝင်စားအောင် လုပ်ခဲ့တာလို့ပဲ မြင်ပါတယ်။

Trend Myanmar

အိုဇုန်းလွှာ ပြန်ကောင်းလာသော လက္ခဏာများ တွေ့ရကြောင်း ကုလသမဂ္ဂ သုတေသန ဆို



ကင်ဆာဖြစ်စေနိုင်သော ခရမ်းလွန်ရောင်ခြည်များဒဏ်မှ ကမ္ဘာကို ကာကွယ်ပေးနေသည့် အိုဇုန်းလွှာသည် နှစ်ပေါင်းများစွာ ပါးလွှာသွား ခဲ့ပြီးနောက် ပြန်လည်ထူထဲလာသည့် ကနဦးလက္ခဏာများကို ပြသနေကြောင်း ကုလသမဂ္ဂ လေ့လာမှု တစ်ခုက ဆိုသည်ဟု စက်တင်ဘာ ၁၁ရက် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အန္တာတိက အပေါ်တွင် နှစ်စဉ်ပေါ်လာလေ့ရှိသည့် အိုဇုန်းလွှာအပေါက်မှာလည်း ယခင်က နှစ်စဉ် ကြီးလာခဲ့ရာမှ ယခုအခါ ထပ်ကြီးလာခြင်း မရှိတော့ပေ။

အိုဇုန်းလွှာအပေါက် စတင်သေးငယ်လာမည့် အချိန်ရောက်ရန်မှာမူ နောက်ထပ် ဆယ်စုနှစ်တစ်ခုခန့် အချိန်ယူရလိမ့်ဦးမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အိုဇုန်းလွှာကို ပျက်စီးစေသော လူလုပ်ဓာတ်ငွေ့ဖြစ်သည့် ကလိုရိုဖလူရိုကာဗွန် CFC ဓာတ်ငွေ့များ တဖြည်းဖြည်းလျှော့ချရေး နိုင်ငံရေး သန္နိဋ္ဌာန် များကြောင့် အိုဇုန်းလွှာ ပြန်ကောင်းလာခြင်း ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ဆိုကြသည်။

ထိုသုတေသန စာတမ်းအား ကမ္ဘာ့ မိုးလေဝသ အဖွဲ့ WMOနှင့် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ် UNEP မှ သုတေသီများက ထုတ်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

“အိုဇုန်းလွှာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လုပ်ဆောင်ချက်တွေဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အောင်မြင် မှု ဖြစ်စဉ်ကြီး တစ်ခု ဖြစ်ပါတယ်။ ဥတုရာသီ ပြောင်းလဲလာမှု တိုက်ဖျက်ရေးဆိုင်ရာ ပိုမိုကြီးမားတဲ့ စိန်ခေါ်ချက်တွေနဲ့ပတ်သက်ပြီး အလားတူ အရေးတကြီးနဲ့ စည်းစည်းလုံးလုံး ကိုင်တွယ်ဆောင်ရွက်မှုမျိုး ပြသဖို့ ဒီအောင်မြင်မှုကနေ ကျွန်တော်တို့ စေ့ဆော်မှုတွေ ရယူသင့်ပါတယ်” ဟု WMO ညွှန်ကြားရေးမှူးချုပ် မိုက်ကယ်ဂျရတ်ဂ်က ဆိုသည်။

အမေရိကန် အာကာသ အေဂျင်စီ နာဆာ မှ ဒေါက်တာ ကန်ဂျက်စ် က  “စက်မှုတော်လှန်ရေး မစခင်အချိန်က ရှိခဲ့တဲ့ ကမ္ဘာ့လေထု အခြေအနေမျိုး ပြန်ဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့အတွက် လူသားတွေဟာ မှန်ကန်တဲ့အရာကို စပြီး လုပ်နေကြပါတယ်” ဟု ပြောပြခဲ့သည်။

Ref:BBC

ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလတပ်ဖွဲ့ဝင် ၄၅ ဦး ပြန်လည် လွတ်မြောက်လာ


သြဂုတ်လကုန်ပိုင်းက ဂိုလန်ကုန်းမြင့်ဒေသတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂ ပိုင်းခြားနယ်မြေ စောင့်ကြည့်ရေးတပ်ဖွဲ့ (UNDOF) မှ ဖီဂျီနိုင်ငံသား ၄၅ ဦးသည် စက်တင်ဘာ ၁၁ ရက်က ပြန်လည်လွတ်မြောက်လာပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေ သည် ကောင်းမွန်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထား သည်။UNDOF တပ်ဖွဲ့သည် အစ္စရေးနှင့် ဆီးရီးယားနိုင်ငံတို့အကြားမှ  ၁၉၇၄ ခုနှစ်က သဘောတူထားသည့် ဂိုလန်ကုန်းမြင့်ဒေသ အပစ်အခတ်မပြုလုပ်ရေး နယ်မြေကို စောင့်ကြည့်ရသည့် ကုလသမဂ္ဂငြိမ်းချမ်း ရေး တပ်ဖွဲ့ဖြစ်သည်။

အဆိုပါ တပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က “ ဒေသစံတော်ချိန် နေ့လည် ၂နာရီ ၃၀ မိနစ်မှာ ဖမ်းဆီးခံထားရတဲ့ ဖီဂျီနိုင်ငံသား တပ်ဖွဲ့ဝင် ၄၅ ဦးစလုံးကို UNDOF ရဲ့ စခန်းအမှတ် ၈၀ မှာ ပြန်လည် လက်ခံရရှိခဲ့ပါတယ်။ သူတို့အားလုံး ကျန်းမာရေးကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များကို သြဂုတ် ၂၈ ရက်တွင် အယ်လ်ကိုင်ဒါတို့နှင့် ဆက်စပ်နေသည့် အယ်လ်နျူဆာ သူပုန်များက ဂိုလန်ကုန်းမြင့်ဒေသသို့ ၀င်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၀ ရက်က အယ်လ်နျူဆာအဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ဖီဂျီတပ်ဖွဲ့ဝင် များကို လွှတ်ပေးမည်ဖြစ်ကြောင်း သို့သော် စားနပ်ရိက္ခာ အကူအညီများပြန်ပေးရန်၊ ၎င်းတို့ဘက်မှ ဖမ်းဆီးထားသူတစ်ဦးကို လွှတ်ပေးရန်နှင့် ၎င်းတို့အဖွဲ့အား ကုလသမဂ္ဂ၏ အကြမ်းဖက်အဖွဲ့စာရင်းမှ ထုတ်ပယ်ပေး ရန် တောင်းဆိုခဲ့သည်။

Ref:AFP

ကျောင်းသား ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမေရိကန်လူငယ် ထောင်ဖောက်ထွက်ပြေး


အမေရိကန်နိုင်ငံ ကလိဗ်လန်းအထက်တန်းကျောင်းထဲမှာ ၂၀၁၂ ခုနှစ်က ကျောင်းသား ၃ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ထောင်ဒဏ်တသက်တကျွန်းကျနေတဲ့ ဆယ်ကျော်သက် လူငယ်ဟာ တခြားထောင်သားတယောက်နဲ့အတူ အိုဟိုင်းယိုပြည်နယ် အနောက်မြောက်ပိုင်း ထောင်ကနေ စက်တင်ဘာ ၁၁ ရက်နေ့က ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ရဲတွေက ပြောပြီး သူတို့ ၂ ယောက်ကို လိုက်ရှာနေတယ်လို့ ဆိုပါတယ်။

US Jailbreakအော်လန်အုတ်ခ်ဝုဒ် အကျင့်စာရိတ္တပြုပြင်ရေး ကျောင်းဝန်ထမ်းတွေက ခြံစည်းရိုးပြဲနေတာ တွေ့ခဲ့တယ်လို့ ပြည်နယ်ရဲ ဂျင်းန်စမစ်က သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၁၉ နှစ်အရွယ် တီဂျေ လိန်းဟာ အသက် ၄၅ နှစ်အရွယ် ကလစ်ဖော့ဒ် အော့ပါရဒ်နဲ့အတူ ထောင်ဝတ်စုံ ဝတ်ထားလျက်နဲ့ ဒေသစံတော်ချိန် ည ၇ နာရီ ၄၀ မိနစ်လောက်မှာ လွတ်သွားခဲ့တာလို့ ရဲတွေက ပြောပါတယ်။

လိန်းဟာ ကျောင်းစားသောက်ဆောင်ထဲက ကျောင်းသားတွေကို ပွိုင့်တူးတူး ကာလီဘာ ပစ္စတိုသေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ခဲ့အပြီး ဖမ်းဆီးခံခဲ့ရတာပါ။

လူသတ်မှုအတွက် တသက်တကျွန်း ပြစ်ဒဏ် ၃ ခါပြန်နဲ့ ကျောင်းသားတွေကို ဒဏ်ရာရစေမှုအတွက် ထောင်ဒဏ် စုစုပေါင်း ၃၇ နှစ် ကျခံဖို့ စီရင်ခံခဲ့ရပါတယ်။

သူရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်ကျောင်းသား ၃ ယောက် သေဆုံးခဲ့ပြီး တခြား ၃ ယောက် အကြောသေပြီး မလှုပ်ရှားနိုင် ဖြစ်ခဲ့ပါတယ်။

DVB

လာမယ့် ၁၅ ရက်နေ့မှာ သားဦးလေးကို ပိုင်ဆိုင်ခွင့်ရတော့မယ့် ဖြိုးငွေစိုး

ဧည့်သည် သရုပ်ဆောင်ဘ၀ကနေ တစ်ခန်းစ နှစ်ခန်းစ ပိုသရုပ်ဆောင်လာရသလို၊ နောက်ပိုင်းမှာတော့ တူ ၊ မောင် ၊ ဒုတိယ မင်းသား ဘ၀ကနေ ခေါင်းဆောင်မင်းသာဖြစ်လာခဲ့တဲ့ ဖြိုးငွေစိုးဟာ  သူ့ဘ၀အတွက် သူအစွမ်းကုန်ကြိုးစားရင်း အနုပညာလောကမှာ ရပ်တည်နေခဲ့သူပါ။ ခုချိန်ထိလည်း သူ့ရဲ့အမာခံပရိသတ်တွေ အားပေးမှုနဲ့ ကြိုးစားနေဆဲ ဖြိုးငွေစိုးဟာ မကြာသေးခင် အချိန်မှာ ဇနီးသည် ဇင်ဇင်နဲ့ ရထားတဲ့ သားဦးလေးကို ပိုင်ဆိုင်ရတော့မှာမို့ သူရှိရာသို့သွားရောက်ပြီး မေးမြန်းဖြစ်ခဲ့သမျှကတော့ “မွေးမှာကတော့ လာမယ့် ၁၅ရက်နေ့ မနက်၇နာရီကျရင် ၀ိတိုရိယဆေးရုံမှာ ဒေါ်မေသူမျိုးညွှန်က ခွဲမွေးပေးမှာပါ။ ခုကလေး ရတော့မယ်ဆိုတော့ အားလုံးက သဲသဲလှုပ်ဖြစ်နေကြတယ်။ ခုချိန်ကတော့ ကျွန်တော့အတွက် တခြားဘ၀တစ်ခုထဲကို ၀င်ပြီးနေရသလို ထူးထူးဆန်းဆန်းတွေလဲ ဖြစ်တယ်။ နေသားလဲ မကျသေးဘူး။ ကလေးလေးကိုလဲ အကောင်းဆုံး ဖြစ်စေချင်တယ်။ ကျွန်တော့်အဖေနဲ့အမေတွေရဲ့အရင်တုန်းက ခံစားချက်ကို ခုမှ နားလည်ကာစ ပြုတယ်။ ကလေးလေးကို ပရိသတ်တွက် အကောင်းဆုံးသော အရာတွေ ဖန်တီးပေးနိုင်တဲ့လူ တစ်ယောက်ဖြစ်အောင် ကျွန်တော်အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပေးချင်ပါတယ်။ ကျွန်တော့် ကလေးလေးကို ကျွန်တော် အနုပညာရှင်ပဲဖြစ်စေချင်တယ်။ ကလေးကို ကျွန်တော်က သားပဲလိုချင်တာ။ ခုသားလေးဆိုတော့ ကွက်တိပဲပေါ့။ မိန်းကလေးလဲချစ်ပါတယ်။ အရင်ကဆို အိမ်မှာ အဖေနဲ့ကျွန်တော်နဲ့ရန်ဖြစ်တာတို့၊ အဖေနဲ့ကျွန်တော့ညီနဲ့ရန်ဖြစ်တာတို့ရှိတယ်။ အရင်ကပေါ့။ ခုချိန်မှာတော့ ကျွန်တော်တို့အိမ်မှာ အဲ့လိုတွေ သိပ်မဖြစ်တော့ပဲ ကလေးကိုပဲ အားလုံးက ခေါင်းထဲမှာရှိနေကြတော့ ကောင်းတာပေါ့နော်။ အဲ့ဒီတော့ ကလေးဆိုတာ အိမ်ရဲ့ဆည်းလည်း ဆိုတာမှန်ပါတယ်”လို့ သူက ဖွင့်ဟပါတယ်။

အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီး ဇနီးမယားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ ဇင်ဇင်နဲ့ ပတ်သက်ပြီးတော့လည်း သူက “ကျွန်တော့်တွက်သူကအနွံတာလဲခံတယ်။ သည်းခံတယ်။ ကျွန်တော်ဒဏ် ခံနိုင်တဲ့သူ သိပ်မရှိဘူး။ သူကတော့ တော်တော်လေးကို ကျွန်တော့ဒဏ် ခံခဲ့ရတယ်။ သူ့ကို သနားတာလဲပါတယ်။ ကျွန်တော့တွက် ဘ၀တစ်ခုလုံးကို ပေးပြီးနေလိုက်တာ။ သူကိုယ်တိုင် အနုပညာအလုပ်ကို ဆက်လုပ်လို့ရသားနဲ့မလုပ်ပဲ ကျွန်တော့အနားမှာနေပြီး အချိန်ပေးတယ်။ အဲ့ဒီအတွက် ကျွန်တော်ကလဲ အများကြီး ပြောင်းလဲဖြစ်သွားတယ်။ ကျွန်တော့ မိသားစုနဲ့ သူ့အတွက်ပေါ့။ အလုပ်တွေ လုပ်သင့်တယ်ဆိုတာ သိလာရတယ်”တဲ့။

ခုလက်ရှိမှာ ဖြိုးငွေစိုးဟာ လိပ်ပြာညိုလို့ အမည်ပေးထားတဲ့ ဇာတ်ကားမှာ သဉ္ဖာနွယ်ဝင်းနဲ့ အတူ သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ ကိုနေသူရိန်လို့ သိရပါတယ်။

Trend Myanmar

အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်


အနုပညာ လမ်းပေါ်စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။
”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရ တာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ်လာတဲ့အခါမှာ ကျောင်းတက် ပြီး ပညာသင် ရသလိုပါပဲ” ဟု ခင်ဝင့်ဝါက ပြောသည်။
”အနုပညာလောက မှာ အားကျတဲ့ လူတွေ အများကြီး ရှိတယ်။ ပရဟိတမှာ တော့ ဦးကျော်သူတို့ ဇနီးမောင်နှံကို အား အကျဆုံးပဲ။ ခင်ဝင့်ဝါ အလှူတွေ၊ ပရ ဟိတ တွေမှာ ပါဝင်တာ ပေါ်ပြူလာ ဖြစ်ချင်လို့ မဟုတ်ပါဘူး။ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ခံစားချက်မို့ လုပ်လာတာပါ” ဟု ၄င်းက ပြောသည်။
ခင်ဝင့်ဝါက လတ်တလောမှာ ဒါရိုက် တာ ပန်းချီစိုးမိုး ရိုက်ကူးသည့် ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ဇာတ်သိမ်းပိုင်း ကို ရိုက်ကူးလျက် ရှိပြီး ချောင်းသာတွင် ဇာတ်ကား အသစ် သွားရိုက်မည် ဖြစ်သည်ဟု သိရသည်။

Popular Myanmar News Journal

အမေရိကန် အလိုရှိနေသည့် မူးယစ်ကုန်ကူးသူကို ဟွန်ဒူးရပ်စ်နိုင်ငံတွင် ဖမ်းဆီး


ကာရစ်ဘီယံပင်လယ်ဒေသ ဟွန်ဒူးရပ်စ်နိုင်ငံက ရဲတွေဟာ အမေရိကန်နိုင်ငံက အလိုရှိနေတဲ့ မူးယစ်ကုန်ကူးသူလို့ စွပ်စွဲခံထားရသူကို စက်တင်ဘာ ၁၀ ရက်နေ့က ဖမ်းခဲ့တယ်လို့ လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

drug traffickerဟိုဗင့်ခ် အလက် ဇန်းဒါး ပေရယ်တာကို ကာရစ်ဘီယံကမ်းရိုးတန်းမြို့ လာစေးဘာနားမှာ ဖမ်းမိခဲ့တာပါ။

အမေရိကန် အာဏာပိုင်တွေကတော့ ပေရယ်တာကို ရာဇဝတ်သားလွှဲပေးဖို့ တောင်းဆိုချက်ကို မျှော်လင့်နေတာပါ။
တရားရုံးချုပ် ပြောခွင့်ရ မယ်ဒီယာ ဒိုအာတယ်ကတော့ အမေရိကန်နဲ့ အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်ကို လွန်ခဲ့တဲ့ ၂ လက လက်မှတ်ထိုးထားတယ်လို့ ပြောပါတယ်။

ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ကာရစ်ဘီယံ ကမ်းရိုးတန်းဟာ တောင်အမေရိကတိုက် ထွက် ကိုကင်းတွေကို အမေရိကန်မြောက်ပိုင်း၊ အလယ်၊ မက္ကဆီကိုနဲ့ အမေရိကန်နိုင်ငံအထိ သယ်ပို့ရာ အဓိက လမ်းကြောင်းပါ။
ဟွန်ဒူရပ်စ်မူးယစ်ဂိုဏ်း အများအပြားဟာ မက္ကဆီကိုဂိုဏ်းတွေနဲ့ ချိတ်ဆက်ထားကြပြီး အလယ်အမေရိကန်တလွှား ဖြန့်ကျက်ထားပါတယ်။

လူအယောက် ၁ သိန်းမှာ ၉၀.၄ ယောက် အသတ်ခံနေရတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှုနှုန်း အများဆုံးနိုင်ငံ ဖြစ်သလို ရဲတွေကို မယုံကြည်မှုနဲ့ အဂတိလိုက်စားမှုတွေ လည်း ထူပြောနေပါတယ်။

DVB

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးနှင့် အထက်အောက် ဘောလီဘောပုတ်နေမှုများကို ရှောင်ရှားရမည်ဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတည်ဆောက်နေချိန်တွင် အပြောတစ်မျိုး၊ အလုပ်တစ်မျိုး နှင့် အထက်အောက် ဘောလီဘောပုတ်နေမှုများကို ရှောင်ရှားရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားသည်။   ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၌ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။   “တာဝန်ရှိပြီး တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်နိုင်ပါလျက်နဲ့ အောက်ကတင်ပြလျှင် အထက်ကိုလွှဲလိုက်၊ အထက်ကလာလျှင် အောက်ကိုလွှဲလိုက်တဲ့စနစ်၊ ယခင်ပြောနေကျ စကားအရဆိုလျှင် ဘောလီဘောပုတ်နေမှုများကို ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကောင်းအောင် တည်ဆောက်ဆောင်ရွက်နေတဲ့ ယခုလိုအချိန်ကာလမှာ ရှောင်ရှားကြရမယ်။အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မဖြစ်ဖို့လိုတယ်။ စေတနာမှန်ဖို့နဲ့ လုပ်နည်းတွေ မှန်ကြဖို့လိုပါတယ်”ဟု သူရဦးရွှေမန်းက ပြောကြားသည်။   ဆက်လက်၍ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက“ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြတဲ့ ကျွန်ုပ်တို့တွေ အသိရှိရှိ၊ သတိရှိရှိ လုပ်ကြဖို့နဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေများအတိုင်း ပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်”ဟု  ဆိုသည်။   လွှတ်တော်ကိုယ်စားလှယ်များ ဆောင်ရွက်ခဲ့ကြသည့် ကိစ္စရပ်များသည် လွှတ်တော်၏ မူဝါဒ၊ လုပ်ငန်းစဉ်နှင့် တာဝန်များကို ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် ဥပဒေပြုလွှတ်တော်များသည် ဥပဒေပြုရေးအပြင် ပြည်သူများ နိစ္စဓူဝတွေ့ကြုံခံစားနေရသော အခက်အခဲများကို ဖြေရှင်းပေးရန် တာဝန်ရှိကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။   ယခု လွှတ်တော်အစည်းအဝေးမှစပြီး ရှေ့လွှတ်တော်အစည်းအဝေးများသည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် အခြားအရေးကြီးဥပဒေများ၊ ဘဏ္ဍာရေး ကိစ္စများကို ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ရမည် ဖြစ်သည့်အတွက် ကိုယ်စားလှယ်များအနေဖြင့် အလုပ်များစွာရှိမှာဖြစ်ကြောင်း၊ အလုပ်များကို အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် အချိန်ကိုလေးစားတန်ဖိုးထားကာ စနစ်တကျစီမံသွားမှာဖြစ်ကြောင်းနှင့် အားလုံးပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။   လွှတ်တော်အစည်းအဝေး ကာလအတွင်း ကိုယ်စားလှယ်များအနေဖြင့်  ဆွေးနွေးမည့်မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများကို ဒေသနှင့် တစ်နိုင်ငံလုံးအတွက် အကျိုးရှိစေရန်အတွက် ချင့်ချိန်သုံးသပ်ဆောင်ရွက်သွားရန် လိုအပ်ပြီး ထို့အတူ ကိုယ်စားလှယ်များ၏ အခွင့်အရေးကို မှန်မှန်ကန်ကန် ရယူဆောင်ရွက်ရမည်ဖြစ်သည့်အပြင် အခြားကိုယ်စားလှယ်များ၏ အခွင့်အရေးကို မထိခိုက်ရန် သတိပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

Eleven Media Group

ရခိုင် တည်ငြိမ်ဖွံဖြိုးရေး ကုလအရာရှိတွေ သွားရောက် စစ်ဆေး


လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ ဟာ မနှစ်ကထက် တိုးတက်လာတယ် ဆိုပေမယ့်၊ ဒေသခံ လူမှု အသိုင်းအ၀ိုင်းတွေ ရဲ့ အခြေခံ လိုအပ်ချက်အပေါ် လုပ်ဆောင်စရာတွေ အတော် ကျန်သေးတယ်လို့ အဲဒီဒေသကို နှစ်ရက်ကြာ သွားရောက်လေ့လာခဲ့တဲ့ ကုလသမဂ္ဂ အရာရှိနှစ်ဦး က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး ဆိုင်ရာ အရာရှိနှစ်ဦးဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့် ရှုခဲ့သလို၊ နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း စစ်ဆေးခဲ့ကြ တာပါ။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအ၀ိုင်းအားလုံးကို လိုအပ်ချက်တွေ ကို ဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်ရေးနဲ့ တည်တံ့တဲ့ ငြိမ်းချမ်းရေးတွေ အောင်မြင်အောင် ဆောင်ရွက်နိုင် မှာဖြစ်တယ်လို့ သွားရောက်ခဲ့သူ အရာရှိတဦးဖြစ်တဲ့ UNDP ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် အာရှ  ပစိဖိတ်ဆိုင်ရာ ညွန်ကြားရေးမှုး Haoliang Xu က ပြောခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ သူနဲ့အတူ ရခိုင်ပြည်နယ်ကို သွားရောက်ရာမှာ OCHA ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ညှိုနှိုင်းရေးမှုးရုံး လုပ်ငန်းအစီအစဉ် ညွန်ကြားရေးမှုး John Ging လည်း ပါဝင်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ အဲဒီဒေသက လူသားချင်းစာနာကူညီမှုဆိုင်ရာလိုအပ်ချက်တွေကို သုံးသပ်နိုင်ဖို့ ဖြစ်တယ်လို့ နယူးယောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရသူ Stephane Dujarric က ပြောပါတယ်။

“ ရခိုင်ပြည်နယ်တွင်းက လူမှုအသိုင်းအ၀ိုင်းတွေအကြား သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို အကဲဖြတ်ဖို့နဲ့၊ အဲဒီဒေသပြည်သူတွေရဲ့ ဖွံဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို သုံးသပ်ဖို့ ကုလသမဂ္ဂ အရာရှိနှစ်ဦးဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို နှစ်ရက်ကြာ ခရီးသွားရောက်ခဲ့ပါတယ်။”

အကူအညီပေးရေးအဖွဲ့တွေရဲ့ ကြိုးပမ်းချက်ကြောင့် အခြေအနေတွေ တည်ငြိမ်လာပြီဆိုပေမယ့်လို့ ဒေသခံ လူအတော်များများကြုံနေရဆဲ လူမှုအကျပ်အတည်းတွေကတော့ လက်မခံနိုင်လောက်အောင် အခက်အခဲတွေ ရှိနေတုန်းပဲလို့ OCHA အရာရှိ John Ging က ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဒေသတွင်း ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေရရှိရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ လမ်းပမ်းဆက်သွယ်ရေး စတဲ့ အခြေခံ လိုအပ်ချက်တွေကို ပြည်နယ်အစိုးရကနေ အရည် အသွေး ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးနိုင်ဖို့ လိုအပ်ချက် ရှိတယ် ဆိုတာကိုလည်း ကုလအရာရှိတွေက ထောက်ပြပြောဆိုထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား ဆက်ဆံရေးတိုးတက်ကောင်းမွန်လာဖို့နဲ့၊ ဒုက္ခသည်တွေအတွက် ရေရှည်တည်တံတဲ့ အဖြေထုတ်နိုင်ဖို့ လုပ်ဆောင်စရာတွေ အတော်များများရှိနေတယ်ဆိုတာကို UNDP ညွန်ကြားရေးမှုး Mr.Xu က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို ရောက်လာတုန်းက အခြေအနေတွေထက် ပိုပြီး တိုးတက်လာမှုမြင်ရပေမယ့်လည်း၊ လုပ်ဆောင်ရမယ့် ကြိုးပမ်းမှုတွေကို နှစ်ဆတိုး လုပ်သွားရလိမ့်မယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှု အရာရှိ Mr.Ging က ပြောဆိုခဲ့တဲ့အကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ တိုးတက်လာတဲ့အခြေအနေတွေထဲမှာတော့ လူမှုအသိုင်းအ၀ိုင်း အချင်းအချင်းကြား ဆွေးနွေးမှုတွေကနေ လက်တွေ့ကျတဲ့ အပြုသဘောဆောင်ရလာဒ်တွေ ရရှိလာတယ်လို့ ဆိုထားပါတယ်။

ကုလသမဂ္ဂ အရာရှိနှစ်ဦးဟာ စစ်တွေနဲ့ ပေါက်တောမြို့နယ်တွင်း က ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး၊ အဲဒီက နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေကို လေ့လာခဲ့ကြပါတယ်။ မင်းပြားနဲ့ စစ်တွေမှာရှိတဲ့ ကျေးရွာတွေ ကိုလည်း သွားရောက်ပြီး ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ်က ဆောင်ရွက်မှုတွေ ကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန် ထားပါတယ်။

ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းအပါအ၀င် တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့သလို၊ UNDP နဲ့ ပြည်နယ်အစိုးရ ပူးတွဲလုပ်ဆောင်နေတဲ့ တံတားဆောက်လုပ်ရေးလုပ်ငန်းတခုကို ပြည်နယ်ဝန်ကြီးချုပ်နဲ့အတူ သွားရောက်ဖွင့်လှစ်ခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ရခိုင်ဒေသဟာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်ပြီး၊ မကြာခင်နှစ်တွေက ဖြစ်ခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေကြောင့် လူဦးရေ တသိန်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခုချိန်အထိ နေထိုင်နေကြရဆဲရှိပါတယ်။

VOA