ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.4.13

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်အဖြစ် ဝါရင့်သံတမန် Mark McDowell ကို ခန့်အပ်လိုက်တယ် လို့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က သောကြာနေ့က ကြေညာလိုက်ပါတယ်။ ဒီခန့်အပ်မှု ဟာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ကနေဒါနိုင်ငံက သံအမတ် ခန့်အပ်လိုက်တာ လည်း ဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကနေဒါ သံရုံးဖွင့်လှစ်ဖို့ကို လည်း ဆောင်ရွက်နေပြီး ဘယ်တော့ သံရုံးဖွင့်မယ်ဆိုတာကို လာမဲ့လတွေ အတွင်းမှာ ကြေညာ သွားမယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကနေဒါ သံအမတ်အဖြစ်ခန့်အပ်ခံရသူ Mr. Mark McDowell ဟာ တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံရုံးမှာကောင်စစ်ဝန်အဖြစ် ၂၀၁၀ ခုနှစ်ကတည်းက တာဝန်ထမ်းဆောင်နေ ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ထိုင်ဝမ်ကျွန်း ထိုင်ပေမြို့တွေမှာလည်း သံတမန်ရေးရာ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အခုသံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ Mr. McDowell ဟာ မြန်မာနိုင်ငံကို ပံ့ပိုးကူညီဖို့ ကနေဒါ အစိုးရကို အမြဲတမ်း တိုက်တွန်း ပြောဆိုခဲ့သူဖြစ်ပြီး မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပြောဆိုဆောင် ရွက်ခဲ့သူ တယောက် ဖြစ်တာကြောင့် မြန်မာနဲ့ကနေဒါ ဆက်ဆံရေးကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်လိမ့်မယ်လို့ ကနေဒါက မြန်မာ့အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။ အရင်က မြန်မာနိုင်ငံနဲ့ ကနေဒါကြား သံတမန်ရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေကို ထိုင်းနိုင်ငံက ကနေဒါသံရုံးက တဆင့် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလည်းမှုတွေ လုပ်လာခဲ့ပြီးနောက် ကနေဒါနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တယောက်ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ်၊ မတ်လတုန်းက နိုင်ငံခြားရေး ဝန်ကြီး John Baird ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ မှာ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး ဂုဏ်ထူးဆောင် Ed Fast, သွားရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ကနေဒါသံရုံးဖွင့်ပြီး ကုန်သွယ်ရေးဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ထားမယ်လို့ ကြေညာခဲ့ပါတယ်။

အဆင့်မြင့်အရာရှိများအား ဌာနလွှဲပြောင်းခြင်း၊ တာဝန်မှရပ်စဲခြင်းများ ပြုလုပ်

အစိုးရ ၀န်ကြီးဌာန အချို့မှ ညွှန်ကြားရေး မှူးချုပ်များ အပါအ၀င် အဆင့်မြင့် အရာရှိ များအား အပြောင်းအလဲ ပြုလုပ်ခြင်း၊ အငြိမ်းစား ပေးခြင်း၊ တာဝန်မှ ရပ်စဲခြင်း များအား ပြုလုပ်ခဲ့ကြောင်း သတင်းရ ရှိသည်။ "မှန်ပါတယ်။ ညွှန်မှူးကနေ ဒုညွှန်ချုပ် အထိ အရာရှိ များကို ၀န်ကြီးဌာန များအတွင်းမှာ အပြောင်းအရွှေ့ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူး ကဲ့သို့သော အဆင့်မြင့် အရာရှိကြီး တချို့ကိုလည်း အငြိမ်းစား ယူခွင့် ပြုခဲ့ပါတယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟုသမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြုပြော ကြားသည်။

နိုင်ငံပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် လိုက်ပါ ဆောင်ရွက် နိုင်ခြင်း မရှိသော အရာရှိ များကို အငြိမ်းစား ပေးခြင်း၊ ဌာနလွှဲပြောင်း တာဝန်ပေးခြင်း တို့ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း နေပြည်တော်မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောသည်။ "ညွှန်ချုပ် ကနေ ညွှန်မှူး အဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ မတ် ၂၇ ရက်ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေကိုပြောင်း၊ တချို့တွေကို အနားပေးတာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆူပူမှုတရားခံ ၆၈ ဦး ဖမ်းမိထား

မြန်မာနိုင်ငံရှိ နေရာအချို့တွင် ဖြစ်ပွားခဲ့သော ဆူပူမှုများနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ တရားခံ ၆၈ ဦးအား ဖမ်းဆီး ရမိထားပြီ ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်ချက် အမှတ် (၁/၂၀၁၃)ဖြင့် ကြေညာချက် တစ်ရပ်အား ယနေ့ ထုတ်ပြန် ခဲ့သည်။ လက်ရှိ အချိန်တွင် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး အတွက် မြို့နယ် ၁၅ မြို့နယ်၌ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး အဆိုပါ မြို့နယ် များတွင် အကြမ်းဖက်မှု ၁၆၃ ကြိမ် ဖြစ်ပွား ခဲ့ကာ
သေဆုံးသူ ၄၃ ဦး၊ ဒဏ်ရာရရှိသူ ၈၆ ဦးရှိ၍ လူဦးရေ ၁၁,၃၇၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ဖမ်းဆီး ရမိခဲ့သော ပြစ်မှုကျူး လွန်သူများ ပြုလုပ်ခဲ့သည့် ပြစ်မှုများမှာ လူသတ်မှု၊ လုယက်မှု၊ မီးဖြင့် အကျိုးဖျက်ဆီးမှု၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို ဆန့်ကျင်သည့် ပြစ်မှု ဖြစ်စေရန် လှုံ့ဆော်မှု၊ ကောလာဟလ ဖြန့်ချိမှု အစရှိသည့် အမှုများ အပါအ၀င် ပြစ်မှု ၁၇ မျိုးရှိသည်။

ထို့အပြင် တည်ဆဲ ဥပဒေ များအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ငါးယောက်ထက် ပိုသော လူစုလူဝေးကို အင်အားသုံး၍ လူစုခွဲနိုင်ပြီး ထိုသို့ အင်အားသုံး ဖြေရှင်းရသည့် ကိစ္စမျိုး ပေါ်ပေါက်ခဲ့ပါက ပြည်သူလူထု အနေဖြင့် ပါဝင်ကူညီ ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်း ပန်ကြားပါကြောင်း ဖော်ပြပါရှိသည်။ ပြည်ထဲရေး ၀န်ကြီးဌာန အနေဖြင့် ဆူပူအကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ကြောင်း ပြစ်မှုထင်ရှား သူများကို တည်ဆဲ ဥပဒေများနှင့် အညီ ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်ခြင်း မရှိစေရန် ဥပဒေနှင့် အညီ ထိရောက်စွာ ကာကွယ်တားဆီး သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

အဘိဓမ္မာစာမေးပွဲဖြေရက်များ နောက်ဆုတ်လိုက်ရ

မတ်လ၂၀ရက်မှ စတင်ဖြစ်ပွားပြီး ယနေ့အချိန်ထိ နိုင်ငံ၏ နေရာအတော်များတွင် ပုဒ်မ၁၄၄ ထုတ်လိုက်ရသော ပဋိပက္ခများကြောင့် ယခုနှစ်တွင် တစ်ပြိုင်နက်ဖြေဆို ရမည့် အဘိဓမ္မာစာမေးပွဲများ သတ်မှတ်ရက်တွင် မဖြေဆိုရဘဲ နောက်ဆုပ်လိုက်ရသည်ဟု အဘိဓမ္မာစာပေများ ပို့ချနေသော ရွှေတိဂုံ ဘုရားလမ်းရှိ စာသင်တိုက်တစ်ခုမှ ဆရာတော်ဦးစန္ဒောဘာသက မိန့်ကြားသည်။ ကမ္ဘာအေး ပညာရေးဗဟိုအဖွဲ့မှ မတ်လ၂၉ရက်နေ့ တွင် တစ်နိုင်ငံလုံး အဘိဓမ္မာ စာမေးပွဲများကို တပြိုင်နက် ဖြေဆိုရမည်ဟု သတင်းထုတ်ပြန် ကြေညာထားသော်လည်း မိတ္ထီလာမှစတင်သော ပဋိပက္ခများကြာင့်
ရက်အတိအကျမရှိ ရွှေ့ဆိုင်းထားကြောင်း စာဖြေရမည့် ဆရာသံဃာတော်များက ပြောကြသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ စာချသံဃာတော်တစ်ပါးက“ အရင်တုန်းက ဒီစာမေးပွဲတွေက တိုင်း/ပြည်နယ် ခွဲပြီး ဖြေကြရတာ။ ဒီနှစ်မှ တစ်နိုင်ငံလုံး တစ်ချိန်တည်း ဖြေမယ်ကြေညာခါမှ ခုလိုဖြစ်သွားပြန်တာ။ အရင်တုန်းက ဘုန်းကြီးတွေ အစုအစုတွေ ဖြစ်မှာကြောက်လို့ တစ်နယ်စီခွဲဖြေကြတာ။ ဗဟိုမှာ မေးခွန်းထုတ်တဲ့ဘုန်းကြီးတွေတော့ ကမ္ဘာအေးကနေ မလွှတ်သေးတော့ ဖြေတော့ဖြေရမှာပါ ။ ဒါပေမဲ့ ဘယ်တော့ မှန်းတော့ ဘုန်းကြီးတို့ မသိဘူး။”ဟု မိန့်ကြားသည်။ အဘိဓမ္မာစာမေးပွဲများသည် အင်္ဂလိပ်လက်ထက်ကပင် တနိုင်ငံလုံး တပြိုင်နက် ဖြေကြားခဲ့ကြခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်၌ တိုင်းနှင့်ပြည်နယ်အလိုက် ခွဲဖြေခဲ့ကြရကြောင်း၊ ယခုနှစ်တွင် တစ်နိုင်ငံလုံး အနေအထား ပြန်လည်ဖြေကြားကြမည်ဟု ကြေညာထားသော်လည်း ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွား လိုက်သောကြောင့် စာမေးပွဲဖြေကြားရက် များ နောက်ဆုပ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ် ထုတ် သတင်းစာတွေကို ဒီကနေ့ စတင်ထုတ်ဝေပါ တယ်။ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ရထားတဲ့ထဲက The Voice Daily၊ စံတော် ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင် ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ စတင် ထုတ်ဝေတာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ၂၀၁၂ နှစ်ကုန်ပိုင်းက ကြေညာခဲ့ပြီးနောက် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့ ထဲမှာ လောလောဆယ် သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပေးထားပါတယ်။
နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့ထဲမှာ လက်ရှိအပတ်စဉ်ဂျာနယ်ထုတ်ဝေနေတဲ့ ဂျာနယ်တိုက် တချို့ပါဝင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့်ကို တဖြည်းဖြည်း လျှော့ပေါ့ပေး လာပြီး ခုလို နေ့စဉ် ပုဂ္ဂလိကသတင်းစာတွေ ထုတ်ဝေခွင့်ပေးခဲ့ တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများ စွာ မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေကို အစိုးရကပဲ ထိန်းချုပ်ခဲ့ရာက ခုလို ပုဂ္ဂလိကပိုင် လုပ်ခွင့်ရတာတဲ့အတွက် သတင်းအရည်အသွေးပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိနိုင်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်မှာ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ ဘာသာတွေနဲ့ ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း အစိုးရတက်လာခဲ့ပြီး နောက်မှာတော့ နေ့စဉ်ထုတ်သတင်းစာ တော်တော်များများကို အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီးနောက်မှာတော့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေ အားလုံး ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။

ဥပဒေစိုးမိုးရေး ကူညီဖို့ သမ္မတပန်ကြား

သမ္မတဦးသိန်းစိန်က ရဟန်းရှင်လူ ပြည်သူလူထုအနေနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီရှင်သန်ရေး ၀ိုင်းဝန်းကူညီပေးကြဖို့ ပန်ကြားလိုက်ပါတယ်။ မတ်လ ၃၁ ရက် ဒီကနေ့ညဘက် ရေဒီယိုကနေတဆင့် တိုင်းပြည်ကို မိန့်ခွန်းပြောကြားရမှာ အခုလိုပြောသွားတာဖြစ် ပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူတွေလိုလားတဲ့ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောက်အယှက် အဟန့်အတား ဖြစ်စေလိမ့်မယ်လို့ ဦးသိန်းစိန်က ပြောပါတယ်။
တိုင်းပြည်ဝန်ထမ်းတွေရဲ့ အခက်အခဲကိုစာနာပြီး အရင်က ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေ ၂ သောင်း လစာငွေကို အခုဧပြီလက စပြီးတော့ ထပ်မံတိုးပေးသွားမယ်လို့လည်း သမ္မတကပြောသွားပါတယ်။ မိုဘိုင်းလက်ကိုင်ဖုန်းတွေကိုလည်း ဧပြီလကစပြီး ဆက်သွယ်ရေး သတင်းနဲ့နည်းပညာဝန်ကြီးဌာနက လိုအပ်တဲ့အမိန့်စာထုတ်ပြီး အသက်သာဆုံး ကျပ်ငွေ နှုန်းထားနဲ့ရောင်းချပေးသွား မှာဖြစ်တယ်လို့ လည်း ပြောဆို သွားပါတယ်။

တောင်သူလယ်သမားနဲ့ အလုပ်သမားတွေအတွက် ငွေကြေး အရင်းအနှီး ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေးစားငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအဖွဲ့တွေ တည်ထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ သမ္မတဦးသိန်းစိန် က ပြောပါ တယ်။ ပြည်ပက အထောက်အပံ့ချေးငွေတွေ ရယူပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း သမ္မတက ပြောဆိုရာမှာ တပ်မတော်ဟာ အစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ကြောင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ ကာလမှာ ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့အခန်းကဏ္ဍတွေကနေ ပါဝင်ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်တဲ့ နေရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့အစဉ်အလာတွေကို အင်အားအဖြစ်နဲ့ အသုံးပြုသွားမှာဖြစ်တယ် လို့လည်း သမ္မတဦးသိန်းစိန် ရဲ့ ရေဒီယိုကနေတဆင့် ပြောကြားတဲ့မိန့်ခွန်း မှာ ပြောကြား သွားပါတယ်။

ဇီးကုန်းအကြမ်းဖက်မှု သံသယရှိသူကို ဖမ်းဆီး

ပဲခူးတိုင်းထဲက အဓိကရုဏ်းတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဇီးကုန်းမြို့ အကြမ်းဖက်မှုမှာ ပါဝင် တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဖမ်းဆီးထားပြီး ပေါင်းတည်ထောင် အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ ဇီးကုန်းမြို့ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါ တယ်။ ဇီးကုန်းနဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ ညမထွက်ရ သတ်မှတ်ချက်ကို လျှော့ပေးလိုက်ပြီး အခြေအနေတွေ တည်ငြိမ်လာနေပေမဲ့ ပုံမှန်အခြေ အနေ ပြန်မရောက်သေးသလို အကြမ်းဖက်မှုတွေ စခဲ့တဲ့ မိတ္ထီလာ မြို့မှာလည်း အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းက ဇီးကုန်းမြို့ဟာ မိတ္ထီလာအကြမ်းဖက်မှုတွေ ကူးစက်ဖြစ်ပွားခဲ့တဲ့ထဲက အဆိုးဆုံး ကြုံခဲ့ရတဲ့ မြို့နယ် တစ်ခုဖြစ်ပြီး ကြို့ပင်ကောက်၊ အုတ်ဖိုနဲ့ မင်းလှမြို့တွေနဲ့အတူ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့မြို့ဖြစ်ပါတယ်။ ဆူပူ အကြမ်းဖက်မှု တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယရှိသူ ဆယ်ဦးကို ဇီးကုန်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရားစွဲဆိုထားတယ်လို့ ဇီးကုန်းရဲ တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ “အခင်းဖြစ်တဲ့ထဲက ၁၀ ယောက်ဖမ်းထားတယ်။ ပေါင်းတည်ထောင် အချုပ်မှာ လောလောဆယ် ထားထားတယ်။ ပုဒ်မ ၄၅၂၊ ၄၂၇၊ နောက်ပြီးတော့ ၂၉၅ ပုဒ်မသုံးခုနဲ့ စွဲတယ်ခင်ဗျ။ အခုလက်ရှိကတော့ အဲဒီရုံးက ပြောရရင်တော့ ယမန်နဲ့ထားတယ်။ ရုံးကတော့ တင်ထားတယ်ခင်ဗျ။ တခါတော့စစ်ပြီးသွားပြီခင်ဗျ။”

ပုဒ်မ ၄၅၂ က နာကျင်စေမှုကိုဖြစ်စေ၊ လက်ရောက်မှုကိုဖြစ်စေ၊ မတရားတားဆီးမှုကိုဖြစ်စေ ကျူးလွန်ရန်ပြင်ဆင်၍ အိမ်ကျော်နင်းမှု၊ ပုဒ်မ ၄၂၇ က အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၂၉၅ က ကိုးကွယ်တဲ့ ဘာသာ သာသနာကို စော်ကားရန်အကြံဖြင့် ကိုးကွယ် ၀တ်ပြုသောနေရာကို ဖျက်ဆီးမှုတို့ဖြစ်ပါတယ်။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာကို တနင်္ဂနွေနေ့မှာ လျှော့ချလိုက်ပြီး ည ၈ နာရီ ကနေ မနက် ၄ နာရီ ကြား ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒီလိုလျှော့ချလိုက်တာက အခြေအနေတွေ တိုးတက်လာတယ် ဆိုတာကို ပြနေတယ်လို့ ယေဘုယျအားဖြင့် ပြောနိုင်ပေမဲ့ မြို့ခံတွေကြားမှာ စိုးရိမ်စိတ်တွေ ရှိနေသေးပြီး နဂို ပုံမှန်အတိုင်းတော့ ပြန်မဖြစ်သေးဘူးလို့ ဇီးကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီးကုန်းက အထိနာဆုံးပဲ။ တော်တော်လေး များများစားစားကို ပျက်စီးသွားတယ်ပေါ့နော်။ မူစလင်အိမ်တွေရော၊ ဗလီကျောင်းရောပေါ့။ အတော်လေးကို ပျက်စီးပါတယ်။ အိမ်တွေဘာတွေမှာလည်း တော်တော်လေး ရစရာမရှိအောင် ပစ္စည်းတွေ ဖျက်ပစ်တယ်။ အခြေအနေက ပုံမှန်မဖြစ်သေးဘူး။ ပုံမှန်မဖြစ်သေးဘူးဆိုတာက မူစလင်တွေက အခုမှပြန်လာနေတယ်။ သူတို့ရဲ့ မိသားစု၊ သူတို့အိမ်လေးတွေကိုပေါ့နော်၊ အိမ်ကလည်း အပျက်အစီးတွေနဲ့။ တချို့အိမ်တွေဆို ပစ္စည်း ဘာမှမရှိတော့ဘူး။” ဇီးကုန်းနဲ့အလားတူ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကြို့ပင်ကောက်မြို့နယ်မှာလည်း အလားတူ အချိန် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံလူထု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေက မြို့နယ် တည်ငြိမ်လုံခြုံရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်တာကို မြို့နယ်တာဝန်ရှိသူတွေက ခွင့်မပြုဘူးလို့ ကြို့ပင်ကောက် မြို့ခံ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ရပ်ကွက်လူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ မြို့နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် သူတို့ဆီမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ လုံလောက်ပါတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ကျနော်တို့ကို ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်မပေးပါဘူး။ အဲဒါကတော့ ပြီးခဲ့တဲ့သုံးရက်လုံး ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ကျနော်တို့ရဲ့လုပ်ငန်းစဉ်ပါ။ ကျနော်တို့ အကြိမ်ကြိမ် တောင်းဆို ပါတယ်။ အကြိမ်ကြိမ်တောင်းဆိုတဲ့နေရာမှာ သူတို့က လုံးဝလက်မခံပါဘူး။” ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ဥက္ကဋ္ဌအဖြစ်ဦးဆောင်တဲ့ အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီတစ်ရပ်ကို မတ်လ ၃၀ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့အကြောင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးထားတဲ့ အမိန့်ကြော်ညာစာတစ်ခုကို တနင်္ဂနွေနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လတ်တလောဖြစ်နေတဲ့ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေတွေကို ထိန်းသိမ်း ကိုင်တွယ် ဆောင်ရွက်ဖို့ အဲဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်ဆိုပေမဲ့ ကော်မတီရဲ့ သက်တမ်းကိုတော့ အတိအကျ ပြောမထားပါ ဘူး။ ဒါ့အပြင် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့စည်း ဆက်စပ် ဆောင်ရွက်ပေးသွားမယ်လို့လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေ ထဲမှာ ဖော်ပြထားပါတယ်။ အကြမ်းဖက် အဓိကရုဏ်းတွေ စဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတာကို မရုပ်သိမ်းသေးသလို စစ်တပ်အင်အားတွေ ချထားဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း ကင်းလှည်စောင့်ကျပ်နေပါတယ်။ တည်ငြိမ်လာခါစ အခြေအနေမှာ ဖြစ်တတ်တဲ့သဘာဝ အတိုင်း ကောလာဟလတွေကလည်း ပြန့််နေတာမို့ ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူရလိမ့်မယ်လို့ မိတ္ထီလာမြို့ခံ တစ်ဦးဖြစ်သူ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။

“စိတ်အေးလက်အေး ရှင်းရှင်းလင်းလင်းတော့ မရှိဘူး။ လူတွေက အခြေတကျ မဖြစ်သေးတဲ့အတွက် စိတ်ပူတယ်ပေါ့နော်။ မူစလင်တွေလည်း တော်တော်များများ ထိခိုက်ထားတဲ့အခါမှာ မီးများပြန်ရှို့မလား၊ ဒီကြားထဲမှာတော့ ဓာတ်ဆီပုံးတွေနဲ့ တွေ့တယ် ဆိုတာမျိုးတွေလည်း ရဲတွေက သွားရှာတယ်။ ရဲတွေကို လှမ်းအကြောင်းကြားတယ်ဆိုတော့။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက် ကလည်းဖြစ်တယ်။ အဲဒီတော့ ကောလာဟလ လည်း ပျံ့နှံ့တာလည်းရှိတယ်။ ပုံမှန်လည်း ပြန်မဖြစ်သေးဘူးလို့ ပြောလို့ရတယ်။ ဆိုတော့ လုပ်ယူရဦးမှာပေါ့ ပုံမှန်ပြန်ဖြစ်ဖို့ဆိုလို့ရှိရင်တော့။” ပြည်ထဲရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ပြစ်မှုကျူးလွန်သူ ၆၈ ဦးကို ဖမ်းဆီးထားပြီး ဥပဒေ နဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ပုပ်ရဟန်းမင်းကြီးသစ်ရဲ့ ပထမဆုံး အီစတာပွဲတော်

ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အထိမ်းအမှတ် နဲ့ ဆင်နွှဲတဲ့ အီစတာ (Easter) ပွဲတော်ကို ကမ္ဘာအ၀ှမ်းက ခရစ်ယာန်ဘာသာဝင်တွေ တနင်္ဂနွေနေ့က ဆင်နွှဲနေကြပါတယ်။ ဒီပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ပွဲတော်တခုလည်းဖြစ်ပါတယ်။ အသစ်ရွေးချယ်တင်မြှောက်ခံရတဲ့ ရိုမန်ကက်သလစ်ဘာသာ ၀င်တွေရဲ့ အကြီးအကဲ ပုပ်ရဟန်းမင်းကြီး Francis ကလည်း ဗာတီကန် ဘုရားကျောင်းက စိန့်ပီတာရင်ပြင်မှာ အီစတာပွဲတော်ကို ဆင်နွှဲခဲ့ပါတယ်။ ဒါဟာ ပုပ်ရဟန်းမင်းကြီးအဖြစ် သူ စပြီး တာဝန်ယူချိန်အတွင်း ပထမဆုံး ဆင်နွှဲတဲ့ အီစတာပွဲတော်လည်း ဖြစ်ပါတယ်။
ဗာတီကန်မြို့တော်မှာ ဆင်နွှဲကြတဲ့ အီစတာပွဲတော်ကို ခရစ်ယာန်ဘာသာဝင်ပေါင်း ၂ သိန်းခွဲ တက်ရောက် ခဲ့ကြပါတယ်။ စိန့်ပီတာရင်ပြင်ကို ကြွလာတဲ့ ပုပ်ရဟန်းမင်းကြီးကို လူအုပ်ကြီး က ကောင်းချီးသြ ဘာတွေ ပေးခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီး Francis ဟာ “ဗာတီကန် နဲ့ တကမ္ဘာလုံးမှာရှိတဲ့ ပရိသတ်ဆီ သို့” ဆိုတဲ့ ခေါင်းစဉ် နဲ့ ၀ရံတာပေါ်ကနေပြီး လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ တကမ္ဘာလုံးမှာ အတိဒုက္ခအမျိုးမျိုးရောက်နေကြသူတွေအတွက် ငြိမ်းချမ်းကြပါစေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာ ပို့သခဲ့ပါတယ်။

ကမ္ဘာမြေ ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းဆုမွန်တောင်း

ကမ္ဘာကြီးငြိမ်းချမ်းအောင်ဆောင်ရွက်ကြဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတဲ့ပြဿနာကို သံတမန်ရေး နည်း နဲ့ အဖြေရှာဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါ တယ်။ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အထိမ်းအမှတ် အီစတာ (Easter) တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတဝန်း ကို သတင်းစကားပါးခဲ့တာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့၊ ဆီးရီးယားမှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ အာဖရိကနိုင်ငံတချို့မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေရှာကြ ဖို့ ပြောကြား ခဲ့ပါတယ်။ ဗာတီကန် (Vatican) မှာရှိတဲ့ စိန့်ပီတာ (St. Peter’s) ဘုရားကျောင်းရဲ့ လသာဆောင်မှာထွက်ပြီး
ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာနဲ့ အီစတာ နေ့အထိမ်းအမှတ် ပြောကြား ခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ သတင်းစကားကို ကြားရဖို့ စိန့်ပီတာရင်ပြင်ကို လာရောက်ခဲ့ကြသူပေါင်းက ၂ သိန်းခွဲထက် မနည်းရှိပါတယ်။

အစောပိုင်းကတော့ စိန့်ပီတာ ရင်ပြင်မှာတင်မက အနီးအနားက လမ်းတွေအထိ ပြည့်လျှံနေတဲ့ ကမ္ဘာအရပ်ရပ်က ဘုရားဖူးတွေနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဦးဆောင်ပြီး ဝတ်ပြုခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးပါတဲ့ အီစတာ တနင်္ဂနွေအထိမ်းအမှတ် ဝတ်ပြုပွဲတွေကို ကမ္ဘာတဝန်းကျင်းပခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ သူ့ရဲ့မိသားစုနဲ့အတူ ဘုရားကျောင်းတက်ခဲ့သလို ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Elizabeth) ကလည်း ၀င်ဆာ (Windsor) နန်းတော်မှာ တော်ဝင်မိသားစုနဲ့အတူ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။ ရိုမန်ကက်သလစ် ဘာသာဝင်အများစုရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း သမ္မတ ဘန်နင်နိုအကွီနို (Benigno Aquino) က ယေရှုခရစ်တော် ရှင်ပြန် ထမြောက်ခဲ့သလို ဖိလစ်ပိုင်လူမျိုးတွေ အနေနဲ့လည်း လာဘ်ပေး လာဘ်ယူမှုကင်းဝေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နျူကလီယားလက်နက် မြောက်ကိုရီးယားစွန့်မည်မဟုတ်

မြောက်ကိုရီးယားနိုင်ငံကို ဒေါ်လာဘီလျံနဲ့ချီ စီးပွားရေးအထောက် အပံ့တွေပေးမယ် ဆိုရင်တောင် နျူကလီးယား လက်နက်ကို စွန့်မှာမဟုတ်ဘူးလို့ ပြောပြီး၊ ခေတ်မီဂြိုလ်တုတွေကို တီထွင် လွှတ်တင်သွားမယ်လို့ ပြောလိုက်ပါ တယ်။ ခေါင်းဆာင် ကင်မ်ဂျုံအွန်း (Kim Jong Un) ဥက္ကဋ္ဌဖြစ်တဲ့ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီစည်းဝေးပွဲမှာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နျူကလီးယား လက်နက်တွေကို ပိုပြီး ခိုင်မာအောင်လုပ်သွားဖို့ ပြောကြားခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းကပြောပါတယ်။ မြောက်ကိုရီးယားရဲ့ စစ်အင်အားကို နိုင်ငံရေးနဲ့ အပေးအယူလုပ် ညှိနှိုင်းလို့မရဘူးလို့ လည်း ပြောကြားခဲ့ပြီး ကမ္ဘာကြီးမှာနျူကလီးယားလက်နက် ကင်းမဲ့သွားချိန် မရောက်ခင်အထိ နျူကလီးယား လက်နက်တွေကို ချဲ့ထွင် တိုးမြှင့်သွားရမယ်လို့ ဗဟိုကော်မတီစည်းဝေးပွဲက ဆိုခဲ့ပါတယ်။ တောင်ကိုရီးယား၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ တင်းမာမှုတွေတိုးနေချိန် မြောက်ကိုရီးယား လွှတ်တော်စည်းဝေးပွဲကျင်းပမယ့် တရက်အလို တနင်္ဂနွေနေ့က အာဏာရပါတီ ဗဟိုကော်မတီစည်းဝေးပွဲကို ကျင်းပခဲ့တာဖြစ်ပါ တယ်။ တောင်ကိုရီးယားမှာ လက်ရှိလုပ်နေတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအဖြစ်နဲ့ ဂျပန်နိုင်ငံ Kadena လေတပ်အခြေစိုက်စခန်းကနေ F-22 အမျိုးအစား အမေရိကန် Stealth တိုက်လေယဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံ Osan လေတပ်အခြေစိုက်စခန်းဆီကို တနင်္ဂနွေနေ့က ပျံသန်းသွားခဲ့ကြတယ်လို့ နီးစပ်တဲ့သတင်းရပ်ကွက်က ဗွီအိုအေ ကိုပြောပါတယ်။

ပခုံးအရွယ်အစားလောက် ကြီးမားသည့် လည်ပင်းရှိသူ

တရုတ်ပြည်၊ ဂျီလင်း ခရိုင်မှ ဝမ်ဇီရှန် ဆိုတဲ့ အမျိုးသားဟာ လည်ပင်း တစ်ဝိုက်မှာ ကြီးမားတဲ့ အကျိတ်ကြီး ဖြစ်ပေါ် နေတယ်လို့ သိရပါတယ်။ ၂၀ဝ၅ ခုနှစ် ဟော်မုန်း ကုသမှု ခံယူပြီး နောက်ပိုင်း မှာ သူ့လည်ပင်းဟာ စတင်ထူထပ် လာတယ်လို့ ဆို ပါတယ်။ အဲဒီ အကျိတ်ဟာ အဆီကျိတ် ဖြစ်ပြီး အဆီဆဲလ်တွေ ကြီးထွားမှု လွန်တဲ့ ဘီနိုင်းအကျိတ် ဖြစ်တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ ခွဲစိတ် ကုသဖို့ လိုအပ် ပေမယ့် ခွဲစိတ် နိုင်ဖို့အတွက် ငွေအလုံ အလောက် မရှိတာကြောင့် မခွဲနိုင် သေးဘူးလို့ ဆိုပါ တယ်။ အဆီကျိတ်ဟာ ပျော့ပျောင်းပြီး အရေပြား အောက်မှာ ပေါ်တတ် ပါတယ်။ များသော အားဖြင့် ပခုံး၊ လည်ပင်း၊ ရင်ဘတ်၊ လက်မောင်း ဒါမှမဟုတ် နောက်ကျောမှာ ဖြစ်တတ် ပါတယ်။
လူတစ်ရာမှာ တစ်ယောက်နှုန်း ဖြစ်ပေါ် တတ်ပြီး ဒုက္ခမပေး တတ် ဘူးလို့ သိရပါတယ်။ အကယ်၍ အဲဒီ အဆီကျိတ် ဟာ ကြီးမားနေရင် ဒါမှမဟုတ် မိမိအတွက် သက် သောင့်သက်သာ မရှိရင် ခွဲစိတ်ပြီး ဖယ်ရှား ပစ်ဖို့ လိုပါတယ်။ များသော အားဖြင့် အချင်းတစ်စင် တီမီတာနဲ့ သုံးစင်တီမီတာကြား အရွယ်သာ ရှိတတ် ပြီး အဆီဆဲလ်တွေ ကြီးထွားမှု များတာကြောင့် ဖြစ် တယ်လို့ ဆိုပါတယ်။

အိုဘားမားကားကို ဒီဇယ်နှင့်ဓာတ်ဆီ မှားထည့်မှုကြောင့် အခက်ကြုံ

အမေရိကန် သမ္မတ အိုဘားမားသည် သမိုင်းဝင် အလည်အပတ် ခရီးစဉ်အဖြစ် အစ္စရေး နိုင်ငံသို့ ရောက်ရှိခဲ့ရာ သမ္မတ စီးနင်း လိုက်ပါမည့် ကားကို ဒီဇယ်နှင့် ဓာတ်ဆီ မှားထည့် ခဲ့မှုကြောင့် အခက်ကြုံ ခဲ့ရကြောင်း အစ္စရေး သတင်း တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။သမ္မတ အိုဘားမားကို တင်ဆောင်မောင်း နှင်လာသော ဂျင်နရယ် မော်တာ ကုမ္ပဏီလုပ် ၂၀ဝ၉ မော်ဒယ် Cadilac DTS ဇိမ်ခံ မှန်လုံ ကျည်ကာကား သည် လမ်းတစ်ဝက်၌ ရပ်တန့် ခဲ့မှုကြောင့် စစ်ဆေးခဲ့ ရာ ဒီဇယ် လောင်စာ ထည့်ရမည့် အစား အစ္စရေး လောင် စာထည့်သွင်း သူတစ်ဦးက မှားယွင်း၍ ဓာတ်ဆီထည့်ထား ခဲ့မှုကြောင့်
အင်ဂျင် လည်ပတ်မှု ရပ်တန့် သွားခဲ့ခြင်း ဖြစ်သည်။ ကားကို အိုဘားမား၏ ချစ်ကြည်ရေး ခရီးစဉ် အသင့်လိုက်ပါ လာသော စက်ပြင် ဆရာများက ပြုပြင် လျက်ရှိကြောင်း သိရသည်။ အိုဘားမားသည် အစ္စရေး နိုင်ငံတွင် အလည်အပတ် ခရီးစဉ်အဖြစ် သုံးရက်ကြာ နေထိုင် သွားမည်ဖြစ်ပြီး ထိုအတောအတွင်း ကင်းဒေးဗစ်ဟိုတယ် တစ်ခုလုံး ကို အိုဘားမားအတွက် နားခိုနိုင်ရန် သီးသန့်စီစဉ် ပေးထားကြောင်း သိရသည်။

ပုစွန်အသေကောင် များစွာရှိသောကမ်းခြေ

ချီလီနိုင်ငံ မြို့တော် Santiago မြို့ နှင့် မိုင် ၃၃၀ အကွာကိုရာ နယ်မြို့ကမ်း ခြေ တစ်ဝိုက်တွင် ထောင်ပေါင်း များစွာ သော ပုစွန် သေကောင်များ သောင်တင် လျက် ရှိကြောင်း မတ် ၂၀ ရက် ချီလီ သတင်း တစ်ရပ်တွင် ဖော်ပြ သွားခဲ့သည်။ ပုစွန် အသေများကြောင့် ကိုရာနယ် ကမ်းခြေ တစ်ဝိုက်တွင် ကြက်သွေးရောင် တောက်ပ နေကြောင်း ချီလီ ငါးဖမ်းသမား တစ်ဦးဖြစ်သူ ဂရီဂိုရီယို အော်တီကာ က မီဒီယာများကို ပြောကြား သွားခဲ့သည်။ ပုစွန် အသေများ ကမ်းခြေသို့ မျောပါလာ ခဲ့ရခြင်းသည် သဘာဝ ပတ်ဝန်းကျင် တိန်းသိမ်း စောက်ရှောက်မှု အားနည်း ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ချီလီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ အမ်နာ မာရီရာ အယ်လ်ဒါနာက ပြောကြား သွားခဲ့သည်။

မိန်းမလျာများကို လက်ထပ်ခွင့်ပြုသည့် ဥပဒေကို ပြင်သစ်တွင် ဆန္ဒပြ

ပြင်သစ် နိုင်ငံ ပါရီမြို့တွင် မိန်းမလျာ များအား လက်ထပ်ခွင့် ပြုသည့် ဥပဒေကို လူပေါင်း သုံးသိန်း ကျော်က မတ်လ ၂၄ ရက်နေ့က ဆန္ဒပြ ခဲ့ကြောင်း သိရသည်။ ပါရီမြို့၏ အဓိက လမ်းမကြီး ဖြစ်သော Champs-Emysees လမ်းမကြီးပေါ်သို့ လူပေါင်း သုံးသိန်း ကျော်ခန့် ချီတက်ဆန္ဒ ပြခဲ့ကြသည်။ အဆိုပါ ဆန္ဒပြသော လူအုပ်ကြီး ကို ပြင်သစ်ရဲများ က မျက်ရည် ယိုဓာတ် ငွေ့ဖြင့်ဖြိုခွဲ၍ တားဆီးခဲ့ ကြောင်း သိရသည်။ ပြင်သစ် လွှတ်တော်သည် လာမည့် ဧပြီလတွင် မိန်းမလျာချင်း လက်ထပ်နိုင် သော ဥပဒေကို အတည်ပြု ပေးတော့မည်ဟု သိရ သည်။ ရဲများသည် ဆန္ဒပြ သူများကို မျက်ရည်ယိုဗုံး ဖြင့် တားဆီး သော်လည်း ဆန္ဒပြသူ ဦးရေမှာ များပြား လှသဖြင့် မနိုင်မနင်း ဖြစ်နေသည်ဟု သိ ရသည်။

အသံထက်မြန်သော ရေအောက်ပစ်ဒုံးကျည် အိန္ဒိယအောင်မြင်

အိန္ဒိယ နိုင်ငံ ဘင်္ဂလား ပင်လယ်အော် အတွင်းတွင် မတ်လ ၂၀ ရက်နေ့က ဘရာမိုးဟု အမည် ပေးထား သော အသံထက် မြန်သည့် ရေအောက် ပစ်ဒုံး လက်နက်ကို အောင်မြင်စွာ စမ်းသပ် ပြစ်လွှတ် နိုင်ခဲ့ကြောင်း သိရသည်။ အန်ဒရာ ပရာဒေ့ရှ် ပြည်နယ်၏ တောင်ပိုင်းရှိ ဝိသာခ ပတ္တနမ်မြို့၏ ကမ်းလွန် ပင်လယ်ပြင် အတွင်း အဆိုပါနေ့က အသံထက် မြန်သော ဒုံးလက်နက်ကို ရေငုပ် သင်္ဘောမှ စမ်းသပ် ပစ်လွှတ် ကြည့်ရာတွင် ကီလိုမီနာ ၂၉၀ ကျော်ထိ ရောက်အောင် ပစ်ခတ် နိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ အသံထက် မြန်သော ဒုံး လက်နက်သည် ကမ္ဘာပေါ်ရှိ ရေငုပ် သင်္ဘောချင်း ပစ်ခတ်သော ဒုံးလက်နက် များအနက် ပထမဆုံး ဖြစ်သည်ဟု သိရသည်။ အိန္ဒိယ နိုင်ငံသည် ရေတပ်နှင့် ကြည်းတပ် အတွက် ဒုံးလက်နက် မျိုးစုံကို အောင်မြင်စွာ စမ်းသပ်တီထွင် နိုင်သော နိုင်ငံတစ်နိုင်ငံ လည်းဖြစ်သည်။

ဘရာမိုး ဒုံးကျည်ကို ယခုအခါ အိန္ဒိယ ရေငုပ်သင်္ဘော များတွင် တပ် ဆင် အသုံးပြုရန် အသင့်ဖြစ် နေပြီဟု သိရသည်။ ယင်းဒုံးကျဉ်း များသည် ရေငုပ်တွင် ပစ်ဖတ် နိုင်သလို ရေပေါ်သို့လည်း ပစ်ခတ်နိုင်သော ကမ္ဘာ့စွမ်းအင် အမြင့်ဆုံး လက်နက်တစ်ခု ဖြစ်သည်ဟု လည်းသိရသည်။ အိန္ဒိယနိုင်ငံသည် လာမည့် ၂၀၁၂ ခုနှစ်တွင် အဆိုပါ အသံထက်မြန်သော ဒုံးလက်နက်ထက် ပိုမိုပြင်းထန် သော ဒုံးလက်နက် ဆန်းကို တီထွင် နိုင်ဦးမည်ဟု သိရသည်။

နိုင်ငံတကာကိုမီဖို့ တစ်ယောက်တည်းလုပ်လို့ မရဘူးဆိုတဲ့နေတိုး

စည်းကမ်း ရှိပြီး သားပါ။ အခုမှ ထုတ် လိုက်တဲ့ စည်းကမ်း မဟုတ် ပါဘူး။ ကျွန်တော် တို့က မလိုက်နာ ခဲ့တာ။ ရှင်းရှင်း ပြောရရင် အခု အချိန်မှာ ခေတ် အနေအထား အရ ဥပဒေကို အလေးထား ရမယ့်ခေတ်။ လူတန်း စားကို ညီမျှအောင်၊ တန်းတူ ဖြစ် အောင်၊ အောက်ခြေ အလယ်ကို မျှ နေတဲ့ အချိန်မှာ စည်းကမ်း လေးက ပေါ် လာတော့ အခုမှ ချမှတ်လိုက် သလို ဖြစ်နေ တာပါ။ အမှန်က မ ဟုတ် ပါဘူး။ မလိုက်နာ ခဲ့ကြတာပါ။ အခု အချိန်မှာ ရုပ်ရှင် တစ်ကား၊ ဗီဒီ ယို တစ်ကား ဖြစ်ဖို့ ဆယ်ရက်နဲ့ မရ ဘူး။ ရုပ်ရှင် တစ်ကားကို သုံးလ လောက် ရိုက်သင့်တယ်။
ဗီဒီယို တစ် ကားကို တစ်လလောက် ရိုက်သင့် တယ်။ တစ်လ လောက်မှ အားလုံး မျှော်မှန်းတဲ့ နိုင်ငံတကာ စံနှုန်းကို ပြောလို့ ရမယ်။ အခု ရိုက်ကူး နေတဲ့ ပုံစံနဲ့ ကတော့ နိုင်ငံတကာ စံနှုန်းကို ပြောလို့ မရပါဘူး။ မြန်မာ နိုင်ငံမှာ ရှိ တဲ့ နယ်အစုံ ကိုသာ ရောက်ပါ လိမ့် မယ်။ နိုင်ငံတကာ စံနှုန်းမီဖို့ ဆိုတာက လည်း အဖက်ဖက်က လိုအပ်တယ်။ အဖက် ဖက်က ဆိုတာ အကုန်လုံး ပေါ့။ တစ်ယောက်တည်း လုပ်လို့ရ တဲ့ အလုပ် မဟုတ်ဘူး။ စက်ပစ္စည်း၊ အယူအဆ၊ ဇာတ်လမ်း ပုံစံ၊ အပြင် အဆင် ဒါတွေက အစ အကုန်လုံး တက်ညီ လက်ညီ စုစုစည်းစည်း လုပ်မှ အောင်မြင် မှာပါ။

ဒီနှစ်သင်္ကြန်မှာ လုံလုံခြုံခြုံဝတ်မယ်လို့ စဉ်းစားထားတဲ့ သင်ဇာဝင့်ကျော်

မနှစ်က သင်္ကြန်မှာ နာမည် ကြီးချင်လို့ ဝတ်လိုက်တာ မဟုတ်ပါဘူး။ စိတ်ကူးထဲမှာ ပေါ်တာကို ဝတ်လိုက်တာ။ ဒီနှစ်လည်း အဲဒီပုံစံ မဖြစ်အောင် နည်းနည်းတော့ ဆင်ခြင် ရမှာပေါ့။ မနှစ်က အင်္ကျီက အပြဲပေါ့နော်။ ရေမစိုခင် ကြည့်လို့ ကောင်းတယ်။ ရေလည်း စိုရော ကြည့်မကောင်း တော့ဘူး ဖြစ်သွားတယ်။ ဒီနှစ်လည်း အင်္ကျီကို ရေစို ရင်ရွဲနိုင်လား မရွဲနိုင်လား ဆိုတာ ကြည့်ပြီး ဝတ်ရမှာပါ။ သင်ဇာ အမေ ကလည်း အပြင်သွားရင် လုံလုံခြုံခြုံ ဝတ်ဖို့ မှာထားတယ်။ သင်ဇာ ကတော့ ဘာမှ ဂရုမစိုက် တတ်တဲ့သူ။
ဘယ်သူ ပြောပြော ဘာမှ မဖြစ်တတ် တတ်တဲ့သူ။ ကိုယ့်စိတ်နဲ့ ကိုယ်ဆို ဒီနှစ်လည်း ဝတ်ဖြစ်မှာပဲ။ ဒါပေမဲ့ အမေ့စကား တစ်ခွန်းကြောင့် လုံလုံ ခြုံခြုံ ဝတ်မယ်လို့ စဉ်းစားပါတယ်။ မော်ဒယ်တွေ Show လျှောက်ကြ တယ်။ ပြက္ခဒိန်တွေ ရိုက်ကြတယ်။ ရင်ဘတ်တွေပေါ် ဘာပေါ်ကြတော့ ပရိသတ်တွေ လက်ခံပေး ကြတယ်။ သင်ဇာ မင်းသမီး တစ်ယောက်ဖြစ် နေလို့လား မသိဘူး။ ပရိသတ်က လက်မခံ နိုင်ကြဘူး။ မော်ဒယ်နဲ့ မင်းသမီးတောင် ကွဲပြားခြားနားတယ် လို့ စိတ်ထဲမှာ ထင်မိတယ်။ မင်းသ မီးတွေ လျှပ်ပေါ်လော်လီတဲ့ ပုံစံတွေ ပရိသတ် တွေက လက်မခံနိုင် ဘူးဆိုတာတော့ တွေးမိတယ်။ ကိုယ့်ထက် ဆိုးတဲ့သူ ရှိတာတောင်မှ ကိုယ့်ကိုပဲ သတိထား မိသွားတာက ကိုယ့်ကိုပဲ ပြောချင်ကြလို့ပဲ ထင်ပါ တယ်။ ကိုယ့်ကိုပဲ ရွေးပြီးပြောချင် ကြတယ်လို့ ထင်ပါတယ်။ ဒီနှစ် သင်္ကြန်ကတော့ ရန်ကုန်မှာပဲ ရှိမှာပါ။

ကမ္ဘာကျော်တေးဂီတ မိုက်ကယ်လန်းနှင့်အဖွဲ့ ပြည်သူ့ရင်ပြင်မှာတင်ဆက်

မတ်လ ၃၁ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့မှာ ရှိတဲ့ ပြည်သူ့ရင်ပြင် ဖျော်ဖြေရေး စင်မြင့်မှာ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ကမ္ဘာကျာ်အဆိုတော် မိုက်ကယ်လ်လန်းနှင့် အတူ ရော့ခ်ဂီတ အဖွဲ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ တေးချစ်သူ ပရိတ်သတ်များကို ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံက နာမည်ကြီး ရော့ခ်ဂီတအဆိုကျော် ဇော်ဝင်းထွဋ်နဲ့ ဖြူဖြူကျော်သိန်းတို့ ပါဝင်ဖျော်ဖြေကြပြီး အခမ်းအနားမှူးအဖြစ် စတားမော်ဒယ်လ် အေဂျင်စီမှ ဒေါ်တင်မိုးလွင်နဲ့ အိမ့်ချစ်တို့က ဆောင်ရွက်ကာ၊ အနုပညာရှင်များ ဖြစ်ကြတဲ့ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အဆိုတော် ယုန်လေး၊ Snare၊ DJY တို့ လာရောက်ကြည့်ရှု အားပေးကြကာ တေးချစ်သူ ပရိတ်သတ်ပေါင်း (၃၀၀၀) ကျော် လာရောက်ကြည့်ရှု အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပထမဦးဆုံး ဖျော်ဖြေရေး အစီအစဉ်များကို စတင်ဖွင့်လှစ်ရာမှာ ဖျော်ဖြေရေး စင်မြင့်ပေါ်ရှိ နောက်ခံ ဘက်ဂရောင်း ပရိုဂျက်တာတွင် နိုင်ငံတော်အလံအား ဦးစွာပြသခဲ့ရာ လေးဇီးကလပ် တေးဂီတအဖွဲ့ မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ခဲ့ရာတွင် လာရောက်ကြည့်ရှုသူ ပရိတ်သတ်များ က နိုင်ငံတော်အလံ ကို လေးစားစွာနဲ့ မတ်တပ်ရပ်ပြီး ဦးညွှတ်အလေးပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီနောက် မှာ မြန်မာနိုင်ငံမှ နာမည်ကြီး ရော့ခ်တေးဂီတ အဆိုကျော် ဖြူဖြူကျော်သိန်းက သူ့ရဲ့နာမည်ရ တေး တစ်ပုဒ်ဖြစ်တဲ့ ဖင်ဆီဒိုင်း တေးသီချင်း အပါအဝင် သီချင်းငါးပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး၊ အဆိုကျော် ဇော်ဝင်းထွဋ်က လည်း တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး ကမ္ဘာကျာ် တေးဂီတအဖွဲ့ဖြစ်တဲ့ မိုက်ကယ်လန့်နှင့်အတူ ရော့ခ်ဂီတအဖွဲ့မှ စတင်ဖျော်ဖြေရာ မှာ မင်္ဂလာပါမြန်မာဆိုပြီး နှုတ်ခွန်းဆက်စကား ပြောကြားကာ Sleeping Child သီချင်းများနဲ့ စတင်ဖျော်ဖြေခဲ့ပြီး မိုက်ကယ်လ်လန့် ဂီတအဖွဲ့ နာမည်ကြီး ထင်ရှားခဲ့တဲ့ တေးသီချင်းများထဲက 25 Minuntes၊ Blue Night You took my heart Breaking my heart စတဲ့ တေးသီချင်းများ နဲ့ ဖျော်ဖြေခဲ့ တာကို တွေ့ရပါတယ်။

သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ

ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရမယ် ဆိုရင် အစ်မ သင်္ကြန်ကို သိပ်ပြီး မပျော် တတ်ဘူး။ အဲဒါကတော့ နည်းနည်း ထူးခြားမယ် ထင်တယ်။ ပိုက်ကြီး ကိုင်ပြီး ရေပက် နေရတာကို မနှစ်သက် သလို ရေပက်ခံ ထွက်ရ တာကိုလည်း မကြိုက်ဘူး။
စိုလိုက် ခြောက်လိုက်ကို မကြိုက်တာ။ တောက်လျှောက် စိုနေရင်တော့ ကြိုက်ပါတယ်။ ပတ်ဝန်းကျင် ကြီးက Safe မဖြစ်သလို ခံစားရတဲ့ အတွက် သင်္ကြန် လည်တာကို မကြိုက်ဘူး။ အစ်မ ငယ်ငယ်တုန်းက နှစ်နှစ်လုံး သင်္ကြန် လည်တာ ကားက လမ်းမ ကြီးမှာ ပျက်သွားတယ်။ သင်္ကြန် အ မှတ်တရ ဆိုရင် အဲဒါလည်း ပါတာ ပေါ့။ မိသားစုနဲ့ နှစ်နှစ် လည်ဖို့ ကြိုး စားတာ နှစ်နှစ်စလုံး ကားပျက်ပြီး စိတ်ညစ် ခဲ့ရတော့ အဲဒီလိုမျိုး လည် တာကို မပျော် မိတော့ဘူး။ မကြိုက် တော့ဘူး။ ဘယ်တော့မှလည်း နောက်နှစ်တွေ ထပ်ပြီးတော့ လည်ဖို့ မကြိုးစား မိတော့ဘူး။ ဒါပေမဲ့ အစ် မ မုန့်လုံး ရေပေါ် ကြိုက်တယ်။ ပိ တောက်ပန်းလည်း ကြိုက်တယ်။ ပြီးတော့ မြေကြီးထဲက ထွက်လာ တဲ့ မြေသင်းနံ့ လေးလည်း ကြိုက်ပါ တယ်။ ပရိသတ်ကြီး သင်္ကြန်လည်ရင် ကားလည်း မပျက်ဘဲနဲ့ အန္တရာယ် ကင်းစွာ အပျော်ကြီး ပျော်နိုင်ပါစေ။

မိုက်ကယ်လန်းအဖွဲ့ ရန်ကုန်သို့ ရောက်ရှိ

Michael Learns to Rock (MLTR) ဂီတ အဖွဲ့သည် မြန်မာ နိုင်ငံတွင် ပထမဆုံး အကြိမ် ဖျော်ဖြေမည့် ၄င်းတို့၏ ဖျော်ဖြေပွဲ အတွက် ရန်ကုန်မြို့သို့ မတ်လ ၂၉ ရက် နံနက် ၇ နာရီ ၅ မိနစ်က ကာတာ လေကြောင်း လိုင်းဖြင့် ရောက်ရှိ လာသည်။ MLTR အဖွဲ့တွင် အဖွဲ့၏ အဓိက ဦးဆောင် သီဆိုသူ အဆိုတော် Jascha Richter နှင့်အတူ ၄င်း၏ ဇနီး၊ သားနှင့် သမီးတို့ပါ မိသားစုလိုက် မြန်မာနိုင်ငံ ၏ ဖျော်ဖြေရေး ခရီးစဉ်ကို လိုက်ပါ လာသည်ကို တွေ့ရသည်။ မိုက်ကယ်လန်း အဖွဲ့သုံးဦး နှင့်အတူ စက်အဖွဲ့သားများ အပါအ၀င် အဖွဲ့သား ၁၄ ဦး လိုက်ပါလာပြီး ယနေ့ နံနက် ၈ နာရီတွင် ၄င်းတို့ ခေတ္တ တည်းခိုမည့်
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်သို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။ မိုက်ကယ်လန်း အဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် မတ်လ ၃၁ ရက် ညနေ၌ ကျင်းပမည် ဖြစ်ပြီး ယနေ့ ညနေ ၄ နာရီခွဲတွင် ဆီဒိုးနား ဟိုတယ်၌ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း Friendship Entertainment က ပြောသည်။ မိုက်ကယ်လန်း ရော့ခ်ဂီတ အဖွဲ့၏ တေးသီချင်း များစွာမှာ မြန်မာ ပရိသတ် များနှင့် ရင်းနှီးပြီး ဖြစ်ပြီး ၄င်းတို့၏ နိုင်ငံ တကာ ဂီတ ဖျော်ဖြေ ပွဲများမှာ အာရှနိုင်ငံ တော်တော် များများတွင် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ မြန်မာ နိုင်ငံတွင် ဖျော်ဖြေရန် ယခင်က ကြိုးစား စီစဉ် ခဲ့သော်လည်း နိုင်ငံရေး အခြေအနေ များကြောင့် ပြုလုပ်နိုင်ခြင်း မရှိခဲ့ရာမှ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်တွင် ပထမဆုံး မြန်မာနိုင်ငံ ဖျော်ဖြေပွဲကို ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အမှုရင်ဆိုင်နေရတဲ့ ရိန်း

အဆိုတော် လည်းဖြစ် နာမည်ကျော် သရုပ်ဆောင် မင်းသား ဖြစ်တဲ့ ရိန်းဟာ ဆိုးလ်မြို့ ခရိုင် တရားရုံးမှာ ရှယ်ယာ ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆို ထားပါတယ်။ ရိန်းဟာ ဖက်ရှင်လုပ်ငန်း အတွက် ရှယ်ယာများ ဝယ်ယူထားခဲ့ရာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈သန်းတန်ဖိုး ဆုံးရှုံးခဲ့ ရသည့်အတွက် J-Tune ဖက်ရှင် လုပ်ငန်းကို တရားစွဲဆို ထားပါတယ်။

ပည်ပအဆိုတော်တွေဆီက လေ့လာစရာတွေရှိတယ်ဆိုတဲ့ ဖြူဖြူကျော်သိန်း

ဂျေဆင် မရတ် ပွဲမှာ သီဆို ခဲ့ရ တဲ့ အချိန်တုန်း ကနဲ့ အခု မိုက်ကယ် လန်း ပွဲမှာ သီဆို ရတော့မယ် အချိန် မှာ ကိုယ့်ကိုယ်ကိုယ် ဆယ်ကျော် သက် ကလေး တစ်ယောက် လိုပဲ ခံ စား ရတယ်။ ဖြူဖြူ ဂီတ လောကထဲ ကို ပထမဆုံး စပြီး ဝင်ရောက်လာ တုန်းက အသစ် တစ်ယောက်လို စိတ်လှုပ်ရှား ပါတယ်။ အများကြီး လည်း ဂုဏ်ယူ မိတယ်။ မိုက်ကယ် လန်း မြန်မာ နိုင်ငံ လာရောက် သီဆို တဲ့ ပွဲမှာ မြန်မာ့ ဂီတ သမိုင်းမှာ ကမ္ဘာကျော် အဆိုတော် တစ်ယောက် လာရောက် ဖျော်ဖြေတဲ့ လက်မှတ် ရောင်း ပွဲပါ။ ဂျေဆင် မရတ်ပွဲမှာ လက်မှတ်က free ဆိုတော့
ကွာ ခြားမှု ရှိပေမယ့် ကိုယ့်နိုင်ငံရဲ့ ပွင့် လင်း မြင်သာ လှတဲ့ အချိန် မျိုးမှာ ပြည်ပက အဆိုတော် တွေရောက် လာတာ ဖြူဖြူတို့ အားလုံး အတွက် လေ့လာ စရာတွေ အများကြီး ရပါ တယ်။ ဖြူဖြူရဲ့ သီဆိုမှု အပိုင်းမှာ သီချင်း ငါးပုဒ် ဆိုရ မှာပါ။ Lazy Club တီးဝိုင်းနဲ့ Jade Dangon Dnacer Group ပါမယ်။ ချယ်ရီ လမ်းကိုတော့ တောင်းဆို ထားတဲ့ ပရိသတ် တွေရှိလို့ ဆိုပေး ပါ့မယ်။

ဖြူဖြူကို တွေ့တုန်းက ကိုညီထွဋ် က ပြောခဲ့တယ်။ နာမည်ပေး ခဲ့တယ်။ လမ်းသရဲ ပေါက်စတဲ့။ အခု လမ်းသ ရဲ ပေါက်စနဲ့ လမ်းသရဲ ဘိုးတော်က သီဆို ဖျော်ဖြေ ပါ့မယ်။ မိုက်ကယ် လန်း တို့ကတော့ လမ်းသရဲ ဖြစ်လား မဖြစ်ဘူးလားဆိုတာ ရောက်လာမှ သူတို့ကို ကြည့်ရ မှာပါ။ သူတို့ရဲ့ သီချင်း တွေကို မြန်မာလို ပြန်ဆို ခဲ့တဲ့ သီချင်း တွေလည်း အများကြီး ရှိပါ တယ်။

အခု တချို့ကတော့ နိုင်ငံ ခြားမှာ သွားကြည့် စရာ မလိုဘဲ မြန် မာပြည်မှာပဲ ကြည့်ရတာ မဆိုးဘူး တန်တယ် ဆိုတဲ့ သူတွေ ရှိသလို ဈေး ကြီးတယ်လို့ ပြောတဲ့ သူတွေလည်း ရှိပါတယ်။ သူများ နိုင်ငံမှာ အဆို တော် တစ်ယောက်ရဲ့ အနုပညာ တန်ဖိုးက အရမ်းကို ဈေးကြီးပါတယ်။ ဖြူဖြူတို့ နိုင်ငံမှာသာ ဈေးပေါနေ တာပါ။ ကျပ်သုံးထောင်၊ ကျပ်ငါး ထောင်၊ ကျပ်တစ် သောင်းနဲ့ ဖြူဖြူ တို့ရဲ့ ဖျော်ဖြေမှုကို ကြည့်လို့ ရတယ်။ ကျပ်နှစ် ထောင်နဲ့ ခွေဝယ်ပြီး အိမ် မှာ ထိုင်ကြည့် လို့ရတယ်။ အခုလို ကြုံတဲ့ အချိန်မှာ ဖြူဖြူ ပြောချင် တာက ဈေးပေါတဲ့ အဆိုတော် လေးများကို CD,DVD တစ်ချပ် နှစ်ထောင်နဲ့ ဝယ်ပြီး အားပေးကြ မယ်ဆိုရင် တစ်နေ့မှာ ဖြူဖြူတို့ရဲ့ ဖျော်ဖြေ တင်ဆက်မှု အပိုင်းဟာ လည်း ပိုပြီးတော့ တိုးတက် လာမယ် လို့ ထင်ပါတယ်။ မိုက်ကယ် လန်းပွဲ ကို လာရောက် ကြည့်ရှု အားပေးဖို့ လည်း ဖိတ်ခေါ် လိုက်ပါတယ်။

ရတနာပုံနှင့် ဧရာဝတီတို့ တစ်မှတ်စီခွဲယူ၊ ကမ္ဘောဇအသင်းအား ရှုံးနိမ့်ပြီး ရန်ကုန်အသင်း ရှုံးပွဲဆက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၂၉ ရက်(ယနေ့) ညနေ ၄း၀၀ က အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းများတွင် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့သည် တစ်မှတ်စီခွဲယူ ခဲ့ကြသော်လည်း ရန်ကုန်အသင်းက ကမ္ဘောဇ အသင်းအား ရှုံးနိမ့်ပြီး နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ အောင်ဆန်းကွင်း ၌ ကစားခဲ့သည့် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေ ဖြင့် ပြီးဆုံးခဲ့သည်။ ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို ၁၁ မိနစ်တွင် ဒယ်နီရယ်အီနာမာ၊ ၆၀ မိနစ်တွင် ပိုင်စိုးတို့က သွင်းယူပေးခဲ့ပြီး
ဧရာဝတီအသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ၁၆ မိနစ်တွင် လီယန်ဒရို၊ ၈၄ မိနစ်တွင် ဆာတိုတို့က သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် တစ်ပတ်တွင် ကမ္ဘောဇ အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး ယခုအခါ ဧရာဝတီအသင်းနှင့် နှစ်ဂိုးစီ ထပ်မံသရေကျခဲ့ခြင်းဖြစ်သည်။
သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ရန်ကုန်အသင်းနှင့် ကမ္ဘောဇအသင်းတို့ပွဲတွင် ကမ္ဘောဇအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကမ္ဘောဇအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၁ မိနစ်တွင် စိုးမင်းဦး၊ ၂၈ မိနစ်တွင် နူးနက်စ်၊ ၉၃ မိနစ်တွင် ဆောင်းတို့က သွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုး နှစ်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ဆီဇာ (ပင်နယ်တီ)၊ ၄၇ မိနစ်တွင် ကိုနေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီ ယံ ရန်ကုန်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်တွင် ဧရာဝတီအသင်းအား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ယခုအခါတွင် ကမ္ဘောဇအသင်းအား ထပ်မံရှုံးနိမ့်ခဲ့သဖြင့် ရှုံးပွဲများ ဆက်တိုက်ကြုံတွေ့နေသည်။ ကမ္ဘောဇအသင်းသည် ရန်ကုန်အသင်းအား အနိုင်ရရှိခဲ့သဖြင့် ရမှတ် ၁၄ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာ သို့ တက်လှမ်းနိုင်ခဲ့သည်။

ရန်ကုန်အသင်းအား ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ငွေချမှတ်

ပြီးခဲ့သည့် မတ် ၂၃ ရက် အောင်ဆန်းကွင်း၌ ကစားခဲ့သည့် ဧရာဝတီ အသင်းနှင့် ရန်ကုန် အသင်းတို့ ပွဲစဉ် တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်း သိမ်းရေးကော်မတီမှ ပြစ်ဒဏ်နှင့် ဒဏ်ငွေများ အသီးသီး ချမှတ်ခဲ့သည်။ စည်းကမ်း ထိန်း သိမ်းရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ ရန်ကုန် ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်ဗ် သည် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ဒိုင်လူကြီးအား ဝေဖန်ခြင်းမှာ MNL Media Regulations အပိုဒ်(၅) အပိုဒ်ခွဲ(ဃ)နှင့် ငြိစွန်းသဖြင့် နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေ ရန် ပြင်းထန်စွာ သတိပေးခဲ့သလိုTechnical Area ထွက်ပြီး ဒိုင်လူကြီးအား မကြာခဏစောဒ ကတက်ခဲ့သည့် ဧရာဝတီ နည်းပြမာဂျန်ကိုလည်း နောက်နောင်အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေ ရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ခဲ့သည်။
ထို့အပြင် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၈)၊ (၁၂)နှင့် (၁၃)တို့အရ ရန်ကုန် ယူနိုက်တက် အတွင်းရေးမှူး ဦးဇွဲလှိုင်မှီအား အနီးစပ်ဆုံးပွဲနှစ်ပွဲပယ်နှင့် ဒဏ်ငွေ ကျပ် သုံးသိန်းအားလည်းကောင်း၊ စည်းကမ်း ထိန်း သိမ်းရေးမူ အပိုဒ် (၈)နှင့် (၁၃)တို့အရ ရန်ကုန် ယူနိုက်တက် ကြံ့ခိုင်ရေး နည်းပြ မစ္စတာ ကိုင်ရိုအား ဒဏ်ကြေးငွေကျပ် တစ်သိန်းအားလည်းကောင်း၊ ဒိုင်လူကြီးအား မချေမငံပြောဆိုခဲ့သည့် ရန်ကုန် ယူနိုက် တက် လက်ထောက် နည်းပြ ဦးအေးနိုင်အား အနီးစပ်ဆုံးပွဲနှစ်ပွဲပယ်နှင့် ဒဏ်ကြေးငွေ ကျပ် နှစ်သိန်းအား လည်းကောင်း အသီးသီးပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ အဆိုပါပွဲ ဒုတိယပိုင်း၌ ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းချို သည် ရန်ကုန်အသင်းရရှိမည့် အငြင်းပွားဖွယ် ပင်နယ်တီနှစ်လုံးအား ခွင့်ပြုခဲ့ခြင်း မရှိကြောင်း တွေ့ရ သည်။

၂၀၁၄ ချန်ပီယံလိဂ် ဖိုင်နယ် ဘင်ဖီကာ အသင်း အိမ်ကွင်းတွင် ကျင်းပမည်

လာမည့် ၂၀၁၃-၂၀၁၄ ရာသီ ချန်ပီယံ ဖိုင်နယ်ကို ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အသင်း၏ အိမ်ကွင်း၌ လက်ခံ ကျင်းပမည်ဟု သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယခုလ ၂၀ ရက်နေ့ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သော UEFA အမှုဆောင် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ကာ သဘောတူ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဘင်ဖီကာ အသင်း အိမ်ကွင်းသည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် ယူရို ၂၀၁၄ ပွဲစဉ်များကို လက်ခံကျင်းပရန်အတွက် အသစ်ပြုလုပ်မှုများ ပြုလုပ်ခဲ့ပြီး မူလက တည်ဆောက်ထားသော ကွင်းဟောင်း အမည်ဖြစ်သည့် အက်စတီဒီယို ဒါလူးဝစ်ဇ် အမည်ကိုသာ
ဆက် လက်၍ ယခုထိတိုင် အသုံးပြုနေခြင်း ဖြစ်သည်။ ယခုနှစ်အတွက် ချန်ပီယံလိဂ် ဖိုင်နယ်ကို လန်ဒန်ရှိ ၀င်ဘလေကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အလားတူ UEFA သို့ လာမည့် ရာသီများ အတွက် ချန်ပီယံလိဂ် ဖိုင်နယ် ကျင်းပခွင့်ကို ဥရောပ ထိပ်သီးနိုင်ငံများမှ ကလပ်အသင်း အသီးသီးက အိမ်ရှင် အဖြစ် လျှောက်ထားရန် မျှော်လင့်နေကြကြောင်း သိရသည်။

လာလီဂါမှာ မက်ဆီ ဂိုးမသွင်းဖူးတဲ့အသင်းမရှိ

ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ လိဂ်ပြိုင်ပွဲ ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ကမ္ဘာ့စံချိန်သစ် ထပ်တင်နိုင်ခဲ့သလို ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ်လည်း  မှတ်တမ်းတင်သွားနိုင်ခဲ့ ပါတယ်။ မက်ဆီမှာ ပြီးခဲ့သောနှစ်အတွင်း မာယော့ကာနှင့် ကစားခဲ့သောပွဲစဉ်မှစ၍ ယခုအချိန်ထိ ပွဲစဉ် ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ ပြီးခဲ့သောရာသီက ဥရောပရွှေဖိနပ်ဆု ရရှိခဲ့သည့်အပြင် ယခုရာသီတွင်လည်း ဘာစီလိုနာအတွက် ၄၂ဂိုးသွင်းယူထားနိုင်ပြီး ဒုတိယနေရာ မှ ရော်နယ်ဒိုကို ၁၅ဂိုးထိဖြတ်ထားနိုင်ခဲ့သည်။ မက်ဆီ၏ စွမ်းဆောင်မှုနှင့်ပတ်သက်၍ ဘာစီလိုနာ နည်းပြ ဂျော်ဒီရူအာကလည်း “ လိဂ်သမိုင်း တစ်လျှောက် မကြားဖူးတဲ့စံချိန်တွေကို လုပ်ပြနေတဲ့ မက်ဆီအတွက် ကျွန်တော်တို့ ဂုဏ်ပြုဖို့ အချိန်ရောက်လာပါပြီ”ဟု ချီးမွန်းသွားခဲ့သည်။

လန်ဒန် အိုလံပစ် ပန်းခြံ ဖွင့်လှစ်ပေး

လွန်ခဲ့သော နွေရာသီက အိုလံပစ် ပြိုင်ပွဲများ ကျင်းပခဲ့သော လန်ဒန် အိုလံပစ်ကွင်းနှင့် ပန်းခြံကြီးများကို ယမန်နေ့မှ စ၍ လေ့လာကြည့်ရှု သူများ အတွက် ဖွင့်လှစ်ပေးခဲ့သည်။ အီစတာ ပွဲတော် ပိတ်ရက်နှင့် တိုက်ဆိုင်နေသော ယမန်နေ့မှ စ၍ ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုခွင့် လက်မှတ်ပေါင်း ၂ သောင်းခန့် ရောင်းချခဲ့ရသည်ဟု သိရပြီး ကမ္ဘာလှည့် ခရီးသွားများနှင့် ဒေသခံများအနေနှင့် ရက်သတ္တပတ် ကုန်ရက်များနှင့် ကျောင်းပိတ်ရက်များတွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး ဇွန်လ ၂၃ ရက်နေ့အထိ ဖွင့်လှစ် ပေးထားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကွင်းနှင့် ပန်းခြံကြီးမှာ ကွင်းအဲလီဇဘက် အိုလံပစ် ပန်းခြံ အဖြစ် အိမ်ရာ စခန်းများ ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ ဖြစ်လာစေရန် ပြန်လည်ပြုပြင် တည်ဆောက်နေသောကြောင့် လာရောက်သူများ အနေနှင့် အန္တရာယ် မရှိစေရန် ဖိုင်ဘာ ဦးထုပ်များ ဆောင်းထားရကြောင်း သိရသည်။

ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဗိုလ်လုလိုသော ခီဒီယာ

ရီးရဲလ် ကွင်းလယ်လူ ခီဒီယာက လာမည့် မေလတွင် ၀င်ဘလေကွင်း၌ ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် အဓိက ပြိုင်ဘက် ဖြစ်သော ဘာစီလိုနာ အသင်းနှင့် ရင်ဆိုင်ရန် မျှော်လင့်နေသည်။ ယခုရာသီတွင် ရီးရဲလ်နှင့် ဘာစီလိုနာ အသင်းတို့သည် လာလီဂါတွင် ၂ ကြိမ်၊ စပိန်စူပါဖလားတွင် ၂ ကြိမ် နှင့် စပိန်ဘုရင့်ဖလားတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ် တွေ့ဆုံခဲ့ပြီး ရီးရဲလ် အသင်းမှာ ယင်းတွေ့ဆုံမှုတွင် ၃ ကြိမ် အနိုင် တစ်ကြိမ် သရေကျထားသည်။ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ဂါလာတာစာရေး အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး
ဘာစီလိုနာ အသင်းမှာ PSG အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ခီဒီယာက ၎င်းတို့ အသင်းနေဖြင့် ၁၀ ကြိမ်မြောက် ချန်ပီယံဆုကို ရယူရန် မျှော်မှန်းထားပြီး အကယ်၍ ဗိုလ်လုပွဲသို့ တက်ရောက်လိုပါက ဘာစီလိုနာ အသင်းနှင့် ရင်ဆိုင် ရရန် မျှော်လင့်ထားပြီး ထိုသို့ ဖြစ်လာပါက လူအများ စိတ်ဝင်စားစရာ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ရီးရဲလ်နှင့် ပွဲအတွက် ဂါလာတာစာရေး အသင်း ယုံကြည်မှုရှိ

ဂါလာတာ စာရေး အသင်း ဥက္ကဌ အိုင်ဆယ်က မိမိတို့ အနေနှင့် ရီးရဲလ်နှင့် တွေ့ဆုံရမည့် အပေါ် ထိတ်လန့်စိုးရိမ်နေမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ ဂါလာတာစာရေးမှာ ရီးရဲလ်နှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်း ပွဲအဖြစ် လာမည့် အပတ်တွင် တွေ့ဆုံရမည် ဖြစ်သည်။ ၇၁ နှစ် ရှိပြီ ဖြစ်သည့် အိုင်ဆယ်က မိမိတို့သည် မည်သည့် အသင်းနှင့် မဆို အကောင်းဆုံးဖြစ်ရန် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိ အဆင့်တွင် မည်သူကိုမျှ အထင်မကြီး သကဲ့သို့ အထင်သေးရန် လည်း မရှိကြောင်း ၊ ရီးရဲလ်မှာ ထိပ်တန်းအသင်း ဖြစ်သည်ကို
လက်မခံသော်လည်း မိမိတို့သည် ယခု အဆင့်ရောက်ခဲ့သည်မှာ ကံကောင်းထောက်မ၍ မဟုတ်ကြောင်း ပြောဆိုသွားခဲ့သည်။ ဂါလာတာစာရေး အသင်းမှာ ရှုံးထွက် အဆင့်တွင် ဂျာမနီ အသင်းမှာ ရှုံးထွက် အဆင့်တွင် ဂျာမနီ အသင်း ရှော့ကေးကို နှစ်ကျော့ပေါင်း ၄း၃ ဖြင့် အနိုင်ရကာ ကွာတားသို့ တက်လာခြင်း ဖြစ်သည်။

အက်သလက်တီကို အသင်းမှာ ဆက်ရှိမည့် ဖယ်ကာအို

စပိန်ကလပ် အက်သလက်တီကို အသင်း တိုက်စစ်မှုး ဖယ်ကာအို သည် လာမည့် အပြောင်းအရွှေ့ ကာလမှာ အသင်းပြောင်းမည် မဟုတ်ပဲ လက်ရှိ အသင်းမှာသာ ဆက်ရှိနေမှာ ဖြစ်ကြောင်း သိရသည်။ သူသည် အင်္ဂလန် အသင်းများ ဖြစ်သည့် ချဲလ်ဆီး ၊ မန်တီးတီး အသင်းများ အပါအ၀င် ဥရောပ အသင်းများ၏ စိတ်ဝင်စားမှုအား ခံနေရသည့် ကစားသမား ဖြစ်ပြီး သူ၏ ဖခင် ဖြစ်သူက ဖယ်ကာအို သည် မည်သည့် အသင်းကိုမှ မပြောင်းရွှေ့လိုပဲ လက်ရှိ အသင်းမှာသာ ဆက်လက် ကစားရန် ဆန္ဒ ရှိနေသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရာသီကုန်မှာ ဖယ်ကာအို အား အင်္ဂလန် အသင်းများခေါ်ယူရန် ကြိုးပမ်းမှုများသည် အောင်မြင်နိုင်ဖွယ် မရှိတော့ပဲ သူသည် အက်သလက်တီကို အသင်းနှင့် စာချုပ် သက်တမ်း တိုးရန် ကြိုးပမ်းသွားမှာ ဖြစ်သည်။
သူသည် အက်သလက်တီကို အသင်းသို့ ၂၀၁၁ မှာ ပေါ်တိုအသင်းမှ ပြောင်းရွှေ့လာလဲ့သူ ဖြစ်ပြီး ထိုအသင်းမှာ ခြေစွမ်း ပြနိုင်ခဲ့မှုကြောင့် တစ်ကမ္ဘာလုံးက စောင့်ကြည့်ခြင်း ခံရသည့် တိုက်စစ်မှူး သာမက ထိပ်တန်း အသင်းများက ခေါ်ယူရန် စိတ်ဝင်စားခြင်း ခံရသည့် ကစားသမား လည်း ဖြစ်သည်။ သူသည် အက်သလက်တီကို အသင်း အတွက် ယခုရာသီမှာ ၂၅ တွင် ၂၁ ဂိုး သွင်းပေးထားပြီး လာလီဂါမှာ အဆင့် (၃)နေရာတွင် ရပ်တည်အောင် စွမ်းဆောင်ထားသူ ဖြစ်သည်။ ထို့ပြင် သူသည် လက်ရှိ အက်သလက်တီကို အသင်းအား ၂၀၁၁- ၁၂ ယူရိုပါလိဂ် ဖလား ရရှိအောင် အဓိက စွမ်းဆောင် ထားသူ ဖြစ်သည်။ သူသည် အသင်းနှင့် နောက်ထပ်(၃)နှစ် စာချုပ် သက်တမ်း ကျန်ရှိ နေသေးသည့် ကစားသမား ဖြစ်သည်။

အသင်းလူငယ်တိုက်စစ်မှူးနေလင်းထွန်းအား ဧရာဝတီ နည်းပြ ချီးကျူး

ဧရာဝတီယူနိုက်တက် အသင်းနည်းပြ မာဂျန်က ရတနာပုံနှင့်ပွဲတွင် ပါဝင်ကစားခဲ့သည့် အသင်းလူငယ် တိုက်စစ်မှူး နေလင်းထွန်း၏ ကစားပုံအား ချီးကျူးပြောကြားသွားခဲ့သည်။ နည်းပြ မာဂျန်က “  လူငယ်ကစား သမားတွေကို နေရာပေးဖို့ဆိုတာ ချက်ချင်း ပွဲထွက်စာရင်းမှာ ၀င်ကစားခိုင်းလို့ မရ ပါဘူး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အရင်ဆုံး စမ်းစမ်းပြီး ထည့်ကစားရတာပါ။ အဲဒီလိုထည့်ကစားရင်း ကစားရင်းနဲ့ ကစားသမားရဲ့ ယုံကြည်မှုကို တိုးတက်အောင် လုပ်ယူရတာပါ။ နေလင်းထွန်းက ဟိုးအရင်ကတည်းက သေချာလေ့ ကျင့်သင်ကြားပေးထားတဲ့ လူငယ်ကစားသမားပါ။
အမှန်ဆိုရင် သူ့ကို မိနစ် ၉၀ လုံး ကစားခိုင်းဖို့တောင် မမျှော်လင့်ပါ ဘူး။ ဒါပေမယ့် ပွဲချိန်ပြီးတဲ့အထိ ကစားသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ ရတနာပုံနဲ့ ပွဲမှာ ကစားခဲ့တဲ့ နေလင်းထွန်းရဲ့ ကစားပုံ က အရမ်းကောင်း ပါတယ်။ သူဟာ နောက်ဆိုရင် မြန်မာကစားသမား တွေထဲမှာ တကယ်ကောင်းတဲ့ကစားသမား တစ်ဦးဖြစ် လာမှာပါ” ဟုပြောကြားသည်။

ကော်ဖီများများ သောက်ခြင်းက စိတ်ခြောက်ခြားစေ

ကော်ဖီများများ သောက်တဲ့သူတွေဟာ သာမန်လူတွေထက် ပိုမို စိတ်ခြောက်ခြား တယ်လို့ ဆေးပညာ အရ လေ့လာ တွေ့ရှိထားပါတယ်။ စိတ်ခြောက်ခြားစရာ ပုံရိပ်များ၊ လူသေပုံရိပ်များ အလိုလို ပေါ်လာတာ မျိုး၊ အသံများ ကြားနေရခြင်းမျိုး တို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ ယင်းလေ့လာမှု ကို ဗြိတိန်မှာ ကျောင်းသား ၂၀၀ အား လက်တွေ့စမ်းသပ် ခဲ့ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ရက်ကို ၇ ခွက်နဲ့ ညီမျှတဲ့၊ ပိုများတဲ့ ကဖင်းဓာတ်ကို နေ့စဉ် သောက်သုံးနေသူများ ကြုံတွေ့ ရတယ်လို့ ဆိုပါတယ်။ သူတို့က သာမန် ကော်ဖီသောက်သုံး သူများ (တစ်ရက်လျှင် တစ်ခွက် နှင့် အောက် သောက်သုံးသူများ) ထက် သုံးဆလောက် ပိုမို စိတ်ခြောက်ခြားပြီး ကြောက်စရာ အာရုံ ပိုရပါတယ်။

စိတ်ဖိစီးနေတဲ့အခါ Stress ဟိုမုန်း တစ်မျိုးဖြစ်တဲ့ Cortisol ကို ကိုယ်တွင်း မှ ထုတ်လွတ်ပါတယ်။ ယင်း Cortisol ထုတ်လွတ်မှုဟာ ကော်ဖီသောက်သုံး လိုက်တဲ့အခါ (ကဖင်းဓာတ် ဝင်ရောက်သွားတဲ့ အခါ) Cortisol ပိုမို ထုတ်လွတ်ပြီး ကဖင်းနဲ့ တွေ့တဲ့အခါ ဦးနှောက်မှာ Hallucinate လို့ခေါ်တဲ့ စိတ်ခြောက်ချား စရာ ပုံရိပ်များ၊အတွေးများ ပေါ်ပေါက်လာစေပါတယ် လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီသောက်သုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိနိုင်သော်လည်း အလွန်အကျွံ သောက်သုံးမိတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုကို ရရှိစေတယ်လို့ ဆေးပညာရှင်တို့ သတိပေး ထားကြောင်း သိရပါတယ်။

မိတ်ထွက်ခြင်းကို ကုသနည်းများ

မိတ်ထွက် လာရင် ပထမဆုံး လုပ်ရမယ့် အလုပ်က သင့်ခန္ဓာကိုယ်ကို အအေးခံဖို့ ပဲဖြစ်တယ်။ တတ်နိုင် သမျှ လေအေးပေးစက် တပ်ထား တဲ့ အခန်းထဲမှာ နေပါ။ ရေအေးနှင့် ရေချိုးပါ။ ယင်းနောက် မိတ်ထွက် လို့ ယားယံခြင်းမှ သက်သာစေဖို့ အောက်ပါ အလွယ်နည်း များကို အသုံးပြု နိုင်ပါတယ်။

ရေခဲကြပ်ထုတ် ကပ်ပေးပါ

အအေး ဓာတ်က ယားယံ ခြင်းနှင့် အရောင်ကို လျော့ပါးကျဆင်း စေပါ တယ်။ ၄ နာရီ ဒါမှမဟုတ် ၆ နာရီခြားပြီး ရေခဲကြပ် ထုပ်ကို မိတ် တွေ အပေါ်မှာ ကပ်ပေးပါ။ တစ်ကြိမ်ကို ၁၀ မိနစ်ကြာ အချိန်ယူပါ။
ရှားစောင်း လက်ပပ် အစေးနှင့် လိမ်းကျံပေးပါ

ရှားစောင်း လက်ပပ်မှ အစေး သို့မဟုတ် ဂျယ်လ်(gel) ကို ယားယံခြင်း သက်သာ စေဖို့နှင့် အနာကျက် မြန်စေဖို့ ရှေးကပဲ သုံးစွဲ လာခဲ့တာ ဖြစ်တယ်။ ယင်းအစေးကို မိတ်ထွက်ရာ နေရာမှာ တစ်နေ့ ၂ ကြိမ်၊ ၃ ကြိမ် လိမ်းကျံပေးပါ။ မလိမ်းကျံမီ အရေပြား ကို ရေနှင့် ဆေးကြော ထားပါ။

ကယ်လမင်း လိမ်းဆေး(calamine lotion )လိမ်းပါ

စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းကို လျော့ပါး စေနိုင်ပါတယ်။

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့

ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေပါ သလား။ ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာ ကိုယ် တစ်ခုလုံး ပေါ်က သေးငယ် တဲ့ သွေးကြော လေး အပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ
ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို လျော့ နည်း စေပါတယ်။ မျက်လုံး ပတ်ဝန်း ကျင်မှာရှိတဲ့ အရေပြားတွင် အရေး အကြောင်း ဖြစ်ပေါ်လာမှုကို လျှော့ချ နိုင်တယ်။ အသက်ကြီး လာသည့်အခါ အမြင်အာရုံ ကြည်လင် စေရန်လည်း အထောက်အကူ ပြုစေနိုင်ပါတယ်။

နှလုံးနှင့်ဆံပင်အတွက် ဆာဒင်းငါး

ဆာဒင်း ငါးဟာ ထမင်းပွဲပေါ် မှာရှိတဲ့ ဟင်းလျာများထဲက ကျန်း မာရေးနှင့် အညီညွတ်ဆုံး ဟင်းလျာ တစ်ခု ဖြစ်ပါတယ်။ အိုမီဂါ-၃ ဖက်တီး အက်စစ် ကြွယ်ဝစွာ ပါနေတဲ့ ထိုပင် လယ်ငါးကို သွေးလွှတ်ကြော ကျန်းမာ ရေးအတွက် စားကိုစားသုံး ရမယ်လို့ နှလုံး အထူးကု ဆရာဝန်များက ညွှန် ကြား ထားပါတယ်။ ဆာဒင်းဟာ ဆံပင် ကျွတ်ခြင်းကို လျှော့ချ ပေးရာတွင် ကူညီနိုင်တဲ့ အပြင် ဆံချည်မျှင် အိတ်များကို ပုံမှန် ကြီးထွားအောင် ကူညီပေးတဲ့ အတွက် ဆံပင်ပါးခြင်း အတွက်လည်း ကောင်း မွန်စေပါတယ်။ ဦးရေပြား ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေပြီး ဆံသားကို မခြောက်သွေ့အောင် ပျော့ ပျောင်းအောင် ထိန်းသိမ်းပေး နိုင်ပါ တယ်။ ဒါ့အပြင် ဆာဒင်း ငါးတွင် ပါဝင် သော သံဓာတ်ကို ခန္ဓာကိုယ်မှ အလွယ် တကူ စုပ်ယူ နိုင်ပါတယ်။ သံ ဓာတ်ဟာ ဆံကေသာ ကျန်းမာရေး အတွက် အရေးကြီးတဲ့ အာဟာရ ဓာတ် တစ်မျိုး ဖြစ်ပါတယ်။

ကင်ဆာလူနာများအတွက် ငါးကြီးဆီအာဆေး

ကင်ဆာ ဆေးသွင်း ကုသမှု ခံယူကြတဲ့ လူနာများတွင် ကြွက်သားနှင့် ကိုယ်အလေးချိန် ကျခြင်းစတဲ့ ပြဿ နာများနှင့် ရင်ဆိုင်ရလေ့ ရှိတတ်ပါ တယ်။ လူကပိန်ပြီး အင်အား ချည့်နဲ့ ကျလာ နိုင်ပါတယ်။ ကင်ဆာ ဂျာနယ် မှာ သုတေသီ များရဲ့ ပုံနှိပ် ဖော်ပြချက် အရ အိုမီဂါ-၃ ဖက်တီး အက်စစ်ပါဝင် တဲ့ ငါးကြီးဆီ အားဆေးက ဤကင်ဆာ ကို ပြုလုပ်ခဲ့တဲ့ ဆေးသိပ္ပံ စာရေးဆရာ များ၏ ပြောကြား ချက်အရ ဤငါးကြီး ဆီသည် ကင်ဆာပျံ့လာတဲ့ အဆင့်များ မှာ ပြောင်းလဲ သွားတဲ့ နည်းလမ်းတချို့ ကို တားဆီးပေးနိုင်တဲ့ သတ္တိရှိတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ကြွက်သား နှင့် ကိုယ်အလေးချိန် ကျခြင်း တို့ကို တားဆီးပေးနိုင် လိမ့်မယ်ဟု ဆိုပါတယ်။