1.4.13

ရန်ကုန်အသင်းအား ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဒဏ်ငွေချမှတ်

ပြီးခဲ့သည့် မတ် ၂၃ ရက် အောင်ဆန်းကွင်း၌ ကစားခဲ့သည့် ဧရာဝတီ အသင်းနှင့် ရန်ကုန် အသင်းတို့ ပွဲစဉ် တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်း သိမ်းရေးကော်မတီမှ ပြစ်ဒဏ်နှင့် ဒဏ်ငွေများ အသီးသီး ချမှတ်ခဲ့သည်။ စည်းကမ်း ထိန်း သိမ်းရေး ကော်မတီ၏ ထုတ်ပြန်ချက်များအရ ရန်ကုန် ယူနိုက်တက် အသင်းနည်းပြ အိုင်ဗင်ကိုလက်ဗ် သည် ပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ဒိုင်လူကြီးအား ဝေဖန်ခြင်းမှာ MNL Media Regulations အပိုဒ်(၅) အပိုဒ်ခွဲ(ဃ)နှင့် ငြိစွန်းသဖြင့် နောက်နောင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပေါ်စေ ရန် ပြင်းထန်စွာ သတိပေးခဲ့သလိုTechnical Area ထွက်ပြီး ဒိုင်လူကြီးအား မကြာခဏစောဒ ကတက်ခဲ့သည့် ဧရာဝတီ နည်းပြမာဂျန်ကိုလည်း နောက်နောင်အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေ ရန် နောက်ဆုံးအကြိမ်အဖြစ် သတိပေး ခဲ့သည်။
ထို့အပြင် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၈)၊ (၁၂)နှင့် (၁၃)တို့အရ ရန်ကုန် ယူနိုက်တက် အတွင်းရေးမှူး ဦးဇွဲလှိုင်မှီအား အနီးစပ်ဆုံးပွဲနှစ်ပွဲပယ်နှင့် ဒဏ်ငွေ ကျပ် သုံးသိန်းအားလည်းကောင်း၊ စည်းကမ်း ထိန်း သိမ်းရေးမူ အပိုဒ် (၈)နှင့် (၁၃)တို့အရ ရန်ကုန် ယူနိုက်တက် ကြံ့ခိုင်ရေး နည်းပြ မစ္စတာ ကိုင်ရိုအား ဒဏ်ကြေးငွေကျပ် တစ်သိန်းအားလည်းကောင်း၊ ဒိုင်လူကြီးအား မချေမငံပြောဆိုခဲ့သည့် ရန်ကုန် ယူနိုက် တက် လက်ထောက် နည်းပြ ဦးအေးနိုင်အား အနီးစပ်ဆုံးပွဲနှစ်ပွဲပယ်နှင့် ဒဏ်ကြေးငွေ ကျပ် နှစ်သိန်းအား လည်းကောင်း အသီးသီးပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ အဆိုပါပွဲ ဒုတိယပိုင်း၌ ကွင်းလယ်ဒိုင်လူကြီး ဦးဝင်းချို သည် ရန်ကုန်အသင်းရရှိမည့် အငြင်းပွားဖွယ် ပင်နယ်တီနှစ်လုံးအား ခွင့်ပြုခဲ့ခြင်း မရှိကြောင်း တွေ့ရ သည်။

0 comments:

Post a Comment