1.4.13

လန်ဒန် အိုလံပစ် ပန်းခြံ ဖွင့်လှစ်ပေး

လွန်ခဲ့သော နွေရာသီက အိုလံပစ် ပြိုင်ပွဲများ ကျင်းပခဲ့သော လန်ဒန် အိုလံပစ်ကွင်းနှင့် ပန်းခြံကြီးများကို ယမန်နေ့မှ စ၍ လေ့လာကြည့်ရှု သူများ အတွက် ဖွင့်လှစ်ပေးခဲ့သည်။ အီစတာ ပွဲတော် ပိတ်ရက်နှင့် တိုက်ဆိုင်နေသော ယမန်နေ့မှ စ၍ ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ပြီး ကြည့်ရှုခွင့် လက်မှတ်ပေါင်း ၂ သောင်းခန့် ရောင်းချခဲ့ရသည်ဟု သိရပြီး ကမ္ဘာလှည့် ခရီးသွားများနှင့် ဒေသခံများအနေနှင့် ရက်သတ္တပတ် ကုန်ရက်များနှင့် ကျောင်းပိတ်ရက်များတွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး ဇွန်လ ၂၃ ရက်နေ့အထိ ဖွင့်လှစ် ပေးထားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကွင်းနှင့် ပန်းခြံကြီးမှာ ကွင်းအဲလီဇဘက် အိုလံပစ် ပန်းခြံ အဖြစ် အိမ်ရာ စခန်းများ ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ ဖြစ်လာစေရန် ပြန်လည်ပြုပြင် တည်ဆောက်နေသောကြောင့် လာရောက်သူများ အနေနှင့် အန္တရာယ် မရှိစေရန် ဖိုင်ဘာ ဦးထုပ်များ ဆောင်းထားရကြောင်း သိရသည်။

0 comments:

Post a Comment