1.4.13

၂၀၁၄ ချန်ပီယံလိဂ် ဖိုင်နယ် ဘင်ဖီကာ အသင်း အိမ်ကွင်းတွင် ကျင်းပမည်

လာမည့် ၂၀၁၃-၂၀၁၄ ရာသီ ချန်ပီယံ ဖိုင်နယ်ကို ပေါ်တူဂီ နိုင်ငံ လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အသင်း၏ အိမ်ကွင်း၌ လက်ခံ ကျင်းပမည်ဟု သိရသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ယခုလ ၂၀ ရက်နေ့ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သော UEFA အမှုဆောင် အစည်းအဝေးတွင် အတည်ပြု ဆုံးဖြတ်ကာ သဘောတူ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဘင်ဖီကာ အသင်း အိမ်ကွင်းသည် လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် ယူရို ၂၀၁၄ ပွဲစဉ်များကို လက်ခံကျင်းပရန်အတွက် အသစ်ပြုလုပ်မှုများ ပြုလုပ်ခဲ့ပြီး မူလက တည်ဆောက်ထားသော ကွင်းဟောင်း အမည်ဖြစ်သည့် အက်စတီဒီယို ဒါလူးဝစ်ဇ် အမည်ကိုသာ
ဆက် လက်၍ ယခုထိတိုင် အသုံးပြုနေခြင်း ဖြစ်သည်။ ယခုနှစ်အတွက် ချန်ပီယံလိဂ် ဖိုင်နယ်ကို လန်ဒန်ရှိ ၀င်ဘလေကွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အလားတူ UEFA သို့ လာမည့် ရာသီများ အတွက် ချန်ပီယံလိဂ် ဖိုင်နယ် ကျင်းပခွင့်ကို ဥရောပ ထိပ်သီးနိုင်ငံများမှ ကလပ်အသင်း အသီးသီးက အိမ်ရှင် အဖြစ် လျှောက်ထားရန် မျှော်လင့်နေကြကြောင်း သိရသည်။

0 comments:

Post a Comment