1.4.13

အက်သလက်တီကို အသင်းမှာ ဆက်ရှိမည့် ဖယ်ကာအို

စပိန်ကလပ် အက်သလက်တီကို အသင်း တိုက်စစ်မှုး ဖယ်ကာအို သည် လာမည့် အပြောင်းအရွှေ့ ကာလမှာ အသင်းပြောင်းမည် မဟုတ်ပဲ လက်ရှိ အသင်းမှာသာ ဆက်ရှိနေမှာ ဖြစ်ကြောင်း သိရသည်။ သူသည် အင်္ဂလန် အသင်းများ ဖြစ်သည့် ချဲလ်ဆီး ၊ မန်တီးတီး အသင်းများ အပါအ၀င် ဥရောပ အသင်းများ၏ စိတ်ဝင်စားမှုအား ခံနေရသည့် ကစားသမား ဖြစ်ပြီး သူ၏ ဖခင် ဖြစ်သူက ဖယ်ကာအို သည် မည်သည့် အသင်းကိုမှ မပြောင်းရွှေ့လိုပဲ လက်ရှိ အသင်းမှာသာ ဆက်လက် ကစားရန် ဆန္ဒ ရှိနေသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ရာသီကုန်မှာ ဖယ်ကာအို အား အင်္ဂလန် အသင်းများခေါ်ယူရန် ကြိုးပမ်းမှုများသည် အောင်မြင်နိုင်ဖွယ် မရှိတော့ပဲ သူသည် အက်သလက်တီကို အသင်းနှင့် စာချုပ် သက်တမ်း တိုးရန် ကြိုးပမ်းသွားမှာ ဖြစ်သည်။
သူသည် အက်သလက်တီကို အသင်းသို့ ၂၀၁၁ မှာ ပေါ်တိုအသင်းမှ ပြောင်းရွှေ့လာလဲ့သူ ဖြစ်ပြီး ထိုအသင်းမှာ ခြေစွမ်း ပြနိုင်ခဲ့မှုကြောင့် တစ်ကမ္ဘာလုံးက စောင့်ကြည့်ခြင်း ခံရသည့် တိုက်စစ်မှူး သာမက ထိပ်တန်း အသင်းများက ခေါ်ယူရန် စိတ်ဝင်စားခြင်း ခံရသည့် ကစားသမား လည်း ဖြစ်သည်။ သူသည် အက်သလက်တီကို အသင်း အတွက် ယခုရာသီမှာ ၂၅ တွင် ၂၁ ဂိုး သွင်းပေးထားပြီး လာလီဂါမှာ အဆင့် (၃)နေရာတွင် ရပ်တည်အောင် စွမ်းဆောင်ထားသူ ဖြစ်သည်။ ထို့ပြင် သူသည် လက်ရှိ အက်သလက်တီကို အသင်းအား ၂၀၁၁- ၁၂ ယူရိုပါလိဂ် ဖလား ရရှိအောင် အဓိက စွမ်းဆောင် ထားသူ ဖြစ်သည်။ သူသည် အသင်းနှင့် နောက်ထပ်(၃)နှစ် စာချုပ် သက်တမ်း ကျန်ရှိ နေသေးသည့် ကစားသမား ဖြစ်သည်။

0 comments:

Post a Comment