1.4.13

ပုစွန်အသေကောင် များစွာရှိသောကမ်းခြေ

ချီလီနိုင်ငံ မြို့တော် Santiago မြို့ နှင့် မိုင် ၃၃၀ အကွာကိုရာ နယ်မြို့ကမ်း ခြေ တစ်ဝိုက်တွင် ထောင်ပေါင်း များစွာ သော ပုစွန် သေကောင်များ သောင်တင် လျက် ရှိကြောင်း မတ် ၂၀ ရက် ချီလီ သတင်း တစ်ရပ်တွင် ဖော်ပြ သွားခဲ့သည်။ ပုစွန် အသေများကြောင့် ကိုရာနယ် ကမ်းခြေ တစ်ဝိုက်တွင် ကြက်သွေးရောင် တောက်ပ နေကြောင်း ချီလီ ငါးဖမ်းသမား တစ်ဦးဖြစ်သူ ဂရီဂိုရီယို အော်တီကာ က မီဒီယာများကို ပြောကြား သွားခဲ့သည်။ ပုစွန် အသေများ ကမ်းခြေသို့ မျောပါလာ ခဲ့ရခြင်းသည် သဘာဝ ပတ်ဝန်းကျင် တိန်းသိမ်း စောက်ရှောက်မှု အားနည်း ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ချီလီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ အမ်နာ မာရီရာ အယ်လ်ဒါနာက ပြောကြား သွားခဲ့သည်။

0 comments:

Post a Comment