1.4.13

အိုဘားမားကားကို ဒီဇယ်နှင့်ဓာတ်ဆီ မှားထည့်မှုကြောင့် အခက်ကြုံ

အမေရိကန် သမ္မတ အိုဘားမားသည် သမိုင်းဝင် အလည်အပတ် ခရီးစဉ်အဖြစ် အစ္စရေး နိုင်ငံသို့ ရောက်ရှိခဲ့ရာ သမ္မတ စီးနင်း လိုက်ပါမည့် ကားကို ဒီဇယ်နှင့် ဓာတ်ဆီ မှားထည့် ခဲ့မှုကြောင့် အခက်ကြုံ ခဲ့ရကြောင်း အစ္စရေး သတင်း တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။သမ္မတ အိုဘားမားကို တင်ဆောင်မောင်း နှင်လာသော ဂျင်နရယ် မော်တာ ကုမ္ပဏီလုပ် ၂၀ဝ၉ မော်ဒယ် Cadilac DTS ဇိမ်ခံ မှန်လုံ ကျည်ကာကား သည် လမ်းတစ်ဝက်၌ ရပ်တန့် ခဲ့မှုကြောင့် စစ်ဆေးခဲ့ ရာ ဒီဇယ် လောင်စာ ထည့်ရမည့် အစား အစ္စရေး လောင် စာထည့်သွင်း သူတစ်ဦးက မှားယွင်း၍ ဓာတ်ဆီထည့်ထား ခဲ့မှုကြောင့်
အင်ဂျင် လည်ပတ်မှု ရပ်တန့် သွားခဲ့ခြင်း ဖြစ်သည်။ ကားကို အိုဘားမား၏ ချစ်ကြည်ရေး ခရီးစဉ် အသင့်လိုက်ပါ လာသော စက်ပြင် ဆရာများက ပြုပြင် လျက်ရှိကြောင်း သိရသည်။ အိုဘားမားသည် အစ္စရေး နိုင်ငံတွင် အလည်အပတ် ခရီးစဉ်အဖြစ် သုံးရက်ကြာ နေထိုင် သွားမည်ဖြစ်ပြီး ထိုအတောအတွင်း ကင်းဒေးဗစ်ဟိုတယ် တစ်ခုလုံး ကို အိုဘားမားအတွက် နားခိုနိုင်ရန် သီးသန့်စီစဉ် ပေးထားကြောင်း သိရသည်။

0 comments:

Post a Comment