1.4.13

အသင်းလူငယ်တိုက်စစ်မှူးနေလင်းထွန်းအား ဧရာဝတီ နည်းပြ ချီးကျူး

ဧရာဝတီယူနိုက်တက် အသင်းနည်းပြ မာဂျန်က ရတနာပုံနှင့်ပွဲတွင် ပါဝင်ကစားခဲ့သည့် အသင်းလူငယ် တိုက်စစ်မှူး နေလင်းထွန်း၏ ကစားပုံအား ချီးကျူးပြောကြားသွားခဲ့သည်။ နည်းပြ မာဂျန်က “  လူငယ်ကစား သမားတွေကို နေရာပေးဖို့ဆိုတာ ချက်ချင်း ပွဲထွက်စာရင်းမှာ ၀င်ကစားခိုင်းလို့ မရ ပါဘူး။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် အရင်ဆုံး စမ်းစမ်းပြီး ထည့်ကစားရတာပါ။ အဲဒီလိုထည့်ကစားရင်း ကစားရင်းနဲ့ ကစားသမားရဲ့ ယုံကြည်မှုကို တိုးတက်အောင် လုပ်ယူရတာပါ။ နေလင်းထွန်းက ဟိုးအရင်ကတည်းက သေချာလေ့ ကျင့်သင်ကြားပေးထားတဲ့ လူငယ်ကစားသမားပါ။
အမှန်ဆိုရင် သူ့ကို မိနစ် ၉၀ လုံး ကစားခိုင်းဖို့တောင် မမျှော်လင့်ပါ ဘူး။ ဒါပေမယ့် ပွဲချိန်ပြီးတဲ့အထိ ကစားသွားနိုင်ခဲ့ပါတယ်။ ဒီနေ့ ရတနာပုံနဲ့ ပွဲမှာ ကစားခဲ့တဲ့ နေလင်းထွန်းရဲ့ ကစားပုံ က အရမ်းကောင်း ပါတယ်။ သူဟာ နောက်ဆိုရင် မြန်မာကစားသမား တွေထဲမှာ တကယ်ကောင်းတဲ့ကစားသမား တစ်ဦးဖြစ် လာမှာပါ” ဟုပြောကြားသည်။

0 comments:

Post a Comment