1.4.13

ဘာစီလိုနာနှင့် ချန်ပီယံလိဂ် ဗိုလ်လုလိုသော ခီဒီယာ

ရီးရဲလ် ကွင်းလယ်လူ ခီဒီယာက လာမည့် မေလတွင် ၀င်ဘလေကွင်း၌ ကျင်းပမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် အဓိက ပြိုင်ဘက် ဖြစ်သော ဘာစီလိုနာ အသင်းနှင့် ရင်ဆိုင်ရန် မျှော်လင့်နေသည်။ ယခုရာသီတွင် ရီးရဲလ်နှင့် ဘာစီလိုနာ အသင်းတို့သည် လာလီဂါတွင် ၂ ကြိမ်၊ စပိန်စူပါဖလားတွင် ၂ ကြိမ် နှင့် စပိန်ဘုရင့်ဖလားတို့တွင် ၂ ကြိမ် စုစုပေါင်း ၆ ကြိမ် တွေ့ဆုံခဲ့ပြီး ရီးရဲလ် အသင်းမှာ ယင်းတွေ့ဆုံမှုတွင် ၃ ကြိမ် အနိုင် တစ်ကြိမ် သရေကျထားသည်။ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တွင် ဂါလာတာစာရေး အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး
ဘာစီလိုနာ အသင်းမှာ PSG အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ခီဒီယာက ၎င်းတို့ အသင်းနေဖြင့် ၁၀ ကြိမ်မြောက် ချန်ပီယံဆုကို ရယူရန် မျှော်မှန်းထားပြီး အကယ်၍ ဗိုလ်လုပွဲသို့ တက်ရောက်လိုပါက ဘာစီလိုနာ အသင်းနှင့် ရင်ဆိုင် ရရန် မျှော်လင့်ထားပြီး ထိုသို့ ဖြစ်လာပါက လူအများ စိတ်ဝင်စားစရာ ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment