1.4.13

ရတနာပုံနှင့် ဧရာဝတီတို့ တစ်မှတ်စီခွဲယူ၊ ကမ္ဘောဇအသင်းအား ရှုံးနိမ့်ပြီး ရန်ကုန်အသင်း ရှုံးပွဲဆက်

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၇ ပွဲစဉ်များကို မတ် ၂၉ ရက်(ယနေ့) ညနေ ၄း၀၀ က အောင်ဆန်းကွင်းနှင့် သုဝဏ္ဏကွင်းများတွင် ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့သည် တစ်မှတ်စီခွဲယူ ခဲ့ကြသော်လည်း ရန်ကုန်အသင်းက ကမ္ဘောဇ အသင်းအား ရှုံးနိမ့်ပြီး နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ အောင်ဆန်းကွင်း ၌ ကစားခဲ့သည့် ဧရာဝတီအသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့် သရေ ဖြင့် ပြီးဆုံးခဲ့သည်။ ရတနာပုံအသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုးကို ၁၁ မိနစ်တွင် ဒယ်နီရယ်အီနာမာ၊ ၆၀ မိနစ်တွင် ပိုင်စိုးတို့က သွင်းယူပေးခဲ့ပြီး
ဧရာဝတီအသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ၁၆ မိနစ်တွင် လီယန်ဒရို၊ ၈၄ မိနစ်တွင် ဆာတိုတို့က သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းသည် ပြီးခဲ့သည့် တစ်ပတ်တွင် ကမ္ဘောဇ အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့ပြီး ယခုအခါ ဧရာဝတီအသင်းနှင့် နှစ်ဂိုးစီ ထပ်မံသရေကျခဲ့ခြင်းဖြစ်သည်။
သုဝဏ္ဏကွင်း၌ ကစားခဲ့သည့် ရန်ကုန်အသင်းနှင့် ကမ္ဘောဇအသင်းတို့ပွဲတွင် ကမ္ဘောဇအသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကမ္ဘောဇအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၁ မိနစ်တွင် စိုးမင်းဦး၊ ၂၈ မိနစ်တွင် နူးနက်စ်၊ ၉၃ မိနစ်တွင် ဆောင်းတို့က သွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုး နှစ်ဂိုးကို ပွဲချိန် ၁၆ မိနစ်တွင် ဆီဇာ (ပင်နယ်တီ)၊ ၄၇ မိနစ်တွင် ကိုနေးတို့က သွင်းယူပေးခဲ့ခြင်းဖြစ် သည်။ မြန်မာနေရှင်နယ်လိဂ် လက်ရှိချန်ပီ ယံ ရန်ကုန်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်တွင် ဧရာဝတီအသင်းအား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ထားပြီး ယခုအခါတွင် ကမ္ဘောဇအသင်းအား ထပ်မံရှုံးနိမ့်ခဲ့သဖြင့် ရှုံးပွဲများ ဆက်တိုက်ကြုံတွေ့နေသည်။ ကမ္ဘောဇအသင်းသည် ရန်ကုန်အသင်းအား အနိုင်ရရှိခဲ့သဖြင့် ရမှတ် ၁၄ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာ သို့ တက်လှမ်းနိုင်ခဲ့သည်။

0 comments:

Post a Comment