1.4.13

လာလီဂါမှာ မက်ဆီ ဂိုးမသွင်းဖူးတဲ့အသင်းမရှိ

ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ မက်ဆီဟာ လိဂ်ပြိုင်ပွဲ ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမားအဖြစ် ကမ္ဘာ့စံချိန်သစ် ထပ်တင်နိုင်ခဲ့သလို ပြိုင်ဘက်အသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့ကစားသမားအဖြစ်လည်း  မှတ်တမ်းတင်သွားနိုင်ခဲ့ ပါတယ်။ မက်ဆီမှာ ပြီးခဲ့သောနှစ်အတွင်း မာယော့ကာနှင့် ကစားခဲ့သောပွဲစဉ်မှစ၍ ယခုအချိန်ထိ ပွဲစဉ် ၁၉ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်သည်။ မက်ဆီမှာ ပြီးခဲ့သောရာသီက ဥရောပရွှေဖိနပ်ဆု ရရှိခဲ့သည့်အပြင် ယခုရာသီတွင်လည်း ဘာစီလိုနာအတွက် ၄၂ဂိုးသွင်းယူထားနိုင်ပြီး ဒုတိယနေရာ မှ ရော်နယ်ဒိုကို ၁၅ဂိုးထိဖြတ်ထားနိုင်ခဲ့သည်။ မက်ဆီ၏ စွမ်းဆောင်မှုနှင့်ပတ်သက်၍ ဘာစီလိုနာ နည်းပြ ဂျော်ဒီရူအာကလည်း “ လိဂ်သမိုင်း တစ်လျှောက် မကြားဖူးတဲ့စံချိန်တွေကို လုပ်ပြနေတဲ့ မက်ဆီအတွက် ကျွန်တော်တို့ ဂုဏ်ပြုဖို့ အချိန်ရောက်လာပါပြီ”ဟု ချီးမွန်းသွားခဲ့သည်။

0 comments:

Post a Comment