1.4.13

ကမ္ဘာကျော်တေးဂီတ မိုက်ကယ်လန်းနှင့်အဖွဲ့ ပြည်သူ့ရင်ပြင်မှာတင်ဆက်

မတ်လ ၃၁ ရက်နေ့ ည ၇ နာရီက ရန်ကုန်မြို့မှာ ရှိတဲ့ ပြည်သူ့ရင်ပြင် ဖျော်ဖြေရေး စင်မြင့်မှာ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ကမ္ဘာကျာ်အဆိုတော် မိုက်ကယ်လ်လန်းနှင့် အတူ ရော့ခ်ဂီတ အဖွဲ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ တေးချစ်သူ ပရိတ်သတ်များကို ဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဂီတဖျော်ဖြေပွဲကို မြန်မာနိုင်ငံက နာမည်ကြီး ရော့ခ်ဂီတအဆိုကျော် ဇော်ဝင်းထွဋ်နဲ့ ဖြူဖြူကျော်သိန်းတို့ ပါဝင်ဖျော်ဖြေကြပြီး အခမ်းအနားမှူးအဖြစ် စတားမော်ဒယ်လ် အေဂျင်စီမှ ဒေါ်တင်မိုးလွင်နဲ့ အိမ့်ချစ်တို့က ဆောင်ရွက်ကာ၊ အနုပညာရှင်များ ဖြစ်ကြတဲ့ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အဆိုတော် ယုန်လေး၊ Snare၊ DJY တို့ လာရောက်ကြည့်ရှု အားပေးကြကာ တေးချစ်သူ ပရိတ်သတ်ပေါင်း (၃၀၀၀) ကျော် လာရောက်ကြည့်ရှု အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပထမဦးဆုံး ဖျော်ဖြေရေး အစီအစဉ်များကို စတင်ဖွင့်လှစ်ရာမှာ ဖျော်ဖြေရေး စင်မြင့်ပေါ်ရှိ နောက်ခံ ဘက်ဂရောင်း ပရိုဂျက်တာတွင် နိုင်ငံတော်အလံအား ဦးစွာပြသခဲ့ရာ လေးဇီးကလပ် တေးဂီတအဖွဲ့ မှ နိုင်ငံတော်သီချင်းကို တီးမှုတ်ခဲ့ရာတွင် လာရောက်ကြည့်ရှုသူ ပရိတ်သတ်များ က နိုင်ငံတော်အလံ ကို လေးစားစွာနဲ့ မတ်တပ်ရပ်ပြီး ဦးညွှတ်အလေးပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ အဲဒီနောက် မှာ မြန်မာနိုင်ငံမှ နာမည်ကြီး ရော့ခ်တေးဂီတ အဆိုကျော် ဖြူဖြူကျော်သိန်းက သူ့ရဲ့နာမည်ရ တေး တစ်ပုဒ်ဖြစ်တဲ့ ဖင်ဆီဒိုင်း တေးသီချင်း အပါအဝင် သီချင်းငါးပုဒ်နဲ့ ဖျော်ဖြေခဲ့ပြီး၊ အဆိုကျော် ဇော်ဝင်းထွဋ်က လည်း တေးသီချင်းများနဲ့ ဖျော်ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး ကမ္ဘာကျာ် တေးဂီတအဖွဲ့ဖြစ်တဲ့ မိုက်ကယ်လန့်နှင့်အတူ ရော့ခ်ဂီတအဖွဲ့မှ စတင်ဖျော်ဖြေရာ မှာ မင်္ဂလာပါမြန်မာဆိုပြီး နှုတ်ခွန်းဆက်စကား ပြောကြားကာ Sleeping Child သီချင်းများနဲ့ စတင်ဖျော်ဖြေခဲ့ပြီး မိုက်ကယ်လ်လန့် ဂီတအဖွဲ့ နာမည်ကြီး ထင်ရှားခဲ့တဲ့ တေးသီချင်းများထဲက 25 Minuntes၊ Blue Night You took my heart Breaking my heart စတဲ့ တေးသီချင်းများ နဲ့ ဖျော်ဖြေခဲ့ တာကို တွေ့ရပါတယ်။

0 comments:

Post a Comment