ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

3.11.14

မလေးရှားပုဂ္ဂလိကဆေးရုံများ လှူဒါန်းထားသည့် သွေးများကို ဈေးကြီးကြီးဖြင့် ရောင်းစားနေဟုဆို


မလေးရှားနိုင်ငံမှ သွေးအလှူ ရှင်များက ပုဂ္ဂလိကဆေးရုံများသည် အလှူရှင်များလှူဒါန်းသည့် သွေးများ ကို လူနာများအား အဆမတန်သော ဈေးများဖြင့် ရောင်းစားနေကြသည် ဟု ပြောကြားခဲ့ကြောင်း သည်စတား သတင်းစာက ဖော်ပြလိုက်သည်။
၎င်းတို့က အဆိုပါဆေးရုံများ မှာ သွေးလှူရှင်များ၏ ကောင်းမြတ် သောဆန္ဒကို အမြတ်ထုတ်နေကြခြင်း လည်းဖြစ်ကြောင်း ပြောကြားလိုက် သည်။ ပုဂ္ဂလိကဆေးရုံများသည် သွေး လှူဒါန်းသူများထံမှသာမက အမျိုး သားသွေးဌာန(NBC) မှလည်း ရယူ ကြကြောင်း၊ ဤသွေးများအတွက် ပုံ မှန်ဈေးဖြင့် ဝယ်ယူရကြောင်းသိရ သည်။
ဆန်းဒေးစတား၏ လေ့လာတွေ့ ရှိချက်အရ သွေးသွင်းကုသရန်လိုအပ် သောလူနာများမှာ ၃၅ဝ ml မှ ၄၅ဝ ml ရှိ သွေးအိတ်တစ်အိတ်လျှင် ပုဂ္ဂ လိဆေးရုံများ၌ ရင်းဂစ်ငွေ ၁၆ဝမှ ၅ဝဝ(စင်ကာပူဒေါ်လာ ၆၂-၁၉၅)အ ထိ ပေးကြရသည်ဟုဆိုသည်။
ဆေး ကုသစဉ်အသုံးပြုသည့် သွေးကိုအ စားပေးရသော်လည်း အဆိုပါအခ ကြေးငွေကို ပေးရသည်ဟု စတားသ တင်းက ဆိုသည်။

The Straits Times/Star

“ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရ မြန်မာ ယူ(၁၉) အသင်းအား ထူးဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုငွေ သိန်း(၅၀၀) ပေးအပ်ချီးမြှင့်”

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ နာယကဖြစ်သည့်အပြင် ထူးဖောင်ဒေးရှင်း နာယကလည်းဖြစ်သော ဦးတေဇ သည် ၂၀၁၅ခုနှစ်၌ နယူးဇီလန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည့် မြန်မာ ယူ(၁၉)အသင်းအား ဂုဏ်ပြု ဆုငွေ ကျပ်သိန်း(၅၀၀) ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဖီဖာကမ္ဘာ့လူငယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ၁၉၇၇ ခုနှစ်က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယူ-၂၀ပြိုင်ပွဲ စတင်ကျင်းပခဲ့ချိန်မှစ၍ နှစ်ပေါင်း (၃၇)နှစ် အတွင်း မြန်မာလူငယ်အသင်းသည် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။

အဆိုပါ ကမ္ဘာ့ဖလား ယူ-၂၀ ဘောလုံးပြိုင်ပွဲကို လာမည့် ၂၀၁၅ ခုနှစ်၊ မေလ (၃၀) ရက်မှ ဇူလိုင်လ (၂၀) ရက်နေ့အထိ နယူးဇီလန်နိုင်ငံရှိ မြို့ကြီး (၇)မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထူးဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအနှံ့ မိမိတို့ တတ်အားသလောက် ပညာရေး၊ ကျန်းမာရေး နှင့် လူမှုရေး ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသလို တဖက်မှလည်း မြန်မာ့ အားကစား တိုးတက်ရေးအတွက် တတ်စွမ်းသမျှ ပံ့ပိုးကူညီလျက် ရှိပါသည်။

မြန်မာတစ်မျိုးသားလုံး လက်မထောင် ဂုဏ်ယူဝင့်ကြွားဖွယ် စွမ်းဆောင်ရည်ကို ပြသပြီး ကမ္ဘာအဆင့် ဂုဏ်သိက္ခာကြီးမားသည့် ပြိုင်ပွဲကို ၀င်ရောက်ဆင်နွှဲနိုင်အောင် ကြိုးစားခဲ့ကြသည့် မြန်မာယူ-၁၉ ဘောလုံးအသင်းနှင့် အောင်မြင်မှု ရရှိအောင် စီမံလုပ်ဆောင်ခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့အား ထူးဖောင်ဒေးရှင်းမှ လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

Htoo Foundatin

ဘာကီနာဖာဆိုတွင် ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးမည်ဟု အာဏာသိမ်း စစ်တပ်ကြေညာ


ဘာကီနာဖာဆို နိုင်ငံတွင် ကြားဝင် အာဏာထိန်းသိမ်းထားသည့် စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပေးသွားမည်ဟု ကြေညာခဲ့သည်။


ဆန္ဒပြမှုများကြောင့် သမ္မတ ဘလာဆီ ကမ်ပိုရီ နုတ်ထွက်သွားပြီးနောက် စစ်တပ်က နိုင်ငံအာဏာကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က စစ်သားများသည် နိုင်ငံ၏ ရုပ်မြင်သံကြားဌာန အဆောက်အအုံ ရှေ့တွင် ပစ်ခတ်မှုများ ရှိခဲ့သလို မြို့တော် အလယ် ရင်ပြင်တွင်လည်း အတားအဆီးများ ချထားခဲ့သည်။ ဆန္ဒပြသူများက စစ်တပ်အနေဖြင့် အာဏာကို စွန့်လွှတ်ပေးရန် တောင်းဆိုနေဆဲ ဖြစ်သည်။

နိုဝင်ဘာ (၂)ရက်က ပဋိပက္ခများကြောင့် အနည်းဆုံး ဆန္ဒပြသူတစ်ဦး သေဆုံးကြောင်း သတင်းများက ဆိုသည်။ ကုလသမဂ္ဂက ဘာကီနာဖာဆို နိုင်ငံတွင် စစ်တပ် အာဏာသိမ်းထားသည့် အခြေအနေကို ရှုတ်ချကြောင်း ကြေညာသည်။ ဘာကီနာဖာဆို နိုင်ငံအာဏာကို နှစ်ရှည်လများ ထိန်းချုပ်ထားသည့် သမ္မတ ကမ်ပိုရီသည် အပြင်းအထန် ဆန္ဒပြမှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

လတ်တလောတွင် စစ်တပ်သည် ဒုတိယ ဗိုလ်မှူးကြီး အိုင်ဆက်ဇီဒါကို ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် တင်မြှောက်ထားသော်လည်း ဆန္ဒပြသူများက မြို့တော် အူဂါဒူဂူတွင် စုရုံးကာ စစ်တပ်၏ နိုင်ငံအာဏာ ချုပ်ကိုင်မှုကို ဆန္ဒပြ ကန့်ကွက်ခဲ့သည်။

နိုဝင်ဘာ (၂)ရက် ညနေပိုင်းတွင် အဓိက အတိုက်အခံ အင်အားစု အချို့နှင့် တွေ့ဆုံညှိနှိုင်းပြီးနောက် စစ်တပ်ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ကြားဖြတ်အစိုးရ အဖွဲ့သစ် တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာသည်။ “စစ်တပ်က အာဏာရရေးကို စိတ်မဝင်စားပါဘူး။ တိုင်းပြည် ကောင်းကျိုးဖြစ်ထွန်းရေးကိုသာ စိတ်ဝင်စားပါတယ်”ဟု ဘာကီနာဖာဆို စစ်တပ်က ကြေညာသည်။

သို့သော်လည်း စစ်တပ်အနေဖြင့် ဆန္ဒပြသူများကို လက်နက်အင်အား အသုံးပြု ဖြိုခွဲမှုများ ရှိနေသလို သတင်းထောက်များကိုလည်း ခြိမ်းခြောက်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြို့လယ်ရင်ပြင်တွင် စုရုံးနေသည့် ဆန္ဒပြသူများကိုလည်း စစ်တပ်က ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: BBC

မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောကို စတင်ရေချ


မြောက်ကိုရီးယားနိုင်ငံသည် ပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်ပစ်ခတ်နိုင်သည့် ရေငုပ်သင်္ဘောတစ်စီးကို မကြာသေးမီကာလက စတင်ရေချ
ခဲ့သည်ဟု နိုဝင်ဘာ ၂ရက်က သတင်းတစ်ရပ်က ဖော်ပြခဲ့ရာ အဆိုပါ ကွန်မြူနစ်နိုင်ငံ၏ ဒုံးကျည်များ၊ နျူးကလီးယားလက်နက်များဖြင့်
ခြိမ်းခြောက်လာနိုင်မှုများအပေါ် စိုးရိမ်နေရသည်ဟု သိရသည်။

လွန်ခဲ့သည့် ၁၉၅၈ ခုနှစ်က တည်ဆောက်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပိတ်သိမ်းခဲ့သော ဆိုဗီယက်ခေတ်  ဂေါ့ဖ် အမျိုးအစား ဒီဇယ် ရေငုပ်သင်္ဘော တစ်စီးကို မြောက်ကိုရီးယားတို့က တင်သွင်း၍ ပြန်လည်ဆန်းသစ် မွမ်းမံခဲ့သည်ဟု အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးကို ကိုးကား၍ ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြသည်။ ပြုံးယမ်းအစိုးရသည် ၁၉၉၀ ခုနှစ် အစောပိုင်းက ယင်းရေငုပ်သဘောင်္ကို ၀ယ်ယူထားသည်ဟု ယုံကြည်ရသည်။

“ဒီရေငုပ်သင်္ဘောသစ်က ရက်မ ၆ ဒဿမ ၆ မီတာနဲ့ အတူ ၆၇ မီတာ ရှည်ပါတယ်၊ သူ့မှာ တန်ချိန် ၃,၀၀၀ နဲ့ရေအောက်မှာရွေ့ရှားနိုင်ပါတယ်” ဟု အဆိုပါ သတင်းဌာနက ဖော်ပြသည်။ သို့ရာတွင် ကွန်မြူနစ်မြောက်ကိုရီးယားနိုင်ငံက ထိုကဲ့သို့ ပဲ့ထိန်းဒုံးတပ် ရေငုပ်သဘောင်္ကို အသုံးပြုနိုင်ပြီ ဟူသည့် ဖော်ပြချက်များအပေါ် တောင်ကိုးရီးယား စစ်ဘက်အရာရှိများက သံသယရှိနေသည်။

ရုရှားနိုင်ငံထုတ် တန်ချိန် ၃,၅၀၀ ရှိသည့် ဂေါ့ဖ် တူးအမျိုးအစား ရေငုပ်သဘောင်္သည် အကွာအဝေးကီလိုမီတာ ၁,၄၂၀ ထိ ရောက်ရှိနိုင်သည့် ၁,၁၈၀ ကီလိုဂရမ် အလေးချိန်ရှိ ထိပ်ဖူးတပ် R -21 ဒုံးကျည်ကို တပ်ဆင်ထားနိုင်သည်။

ယခု အသစ်တည်ဆောက်ထားသော ရေငုပ်သင်္ဘောသည် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိုရီးယား-အမေရိကန်ဌာနက ဂြိုဟ်တုဓါတ်ပုံများမှ တဆင့် ရှာဖွေတွေ့ရှိခဲ့သော မြောက်ကိုရီးယား စင်ပိုသဘောင်္ကျင်းရှိ ရေငုပ်သင်္ဘောတစ်စီးနှင့် တစ်ထပ်တည်းတူညီသည်ဟု ယွန်ဟပ်သတင်းဌာနကဖော်ပြသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းအနီးရှိ ဟမ်ယုံဒေသတွင်တည်ရှိသော ယင်းသဘောင်္ကျင်းတွင် မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေးဆိုင်ရာ နည်းပညာတက္ကသိုလ်၏ ရေကြောင်းသုတေသနဆိုင်ရာဌာန ရုံးချုပ်ကို နေရာချထားပေးပြီး ယင်း၏  ရေငုပ်သင်္ဘော ထုတ်လုပ်ရေးအဆောက်အအုံကိုလည်း ထားရှိပေးထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခု ရေငုပ်သဘောင်္သစ်တွင် ဒုံးကျည်တပ်ဆင်မည့် နည်းပညာများကို အဆင့်မြှင့်တင်၍ မြေပြင်နှင့် ရေပြင်နှစ်ရပ်လုံးတွင် စမ်းသပ်မှုများစွာ ပြုလုပ်ထားသည်ဟု အခြားသတင်းဌာနတစ်ခုက ဖော်ပြသည်။ ထို့ပြင် ထို စမ်းသပ်မှုများသည် အနည်းဆုံး တစ်နှစ် ၊နှစ်နှစ်ကြာမှ ပြီးစီးမည်ဟု မျှော်လင့်ရသည်။

Mizzima

ဆန္ဒပြသူ သေဆုံးမှုကြောင့် ဆက်လက်ဆန္ဒပြသူများနှင့် ပြင်သစ်ရဲများ ပဋိပက္ခဖြစ်၊ ဆန္ဒပြသူများက အက်စစ်ဖြင့်ပက်


ပြင်သစ်နိုင်ငံ နန့်တက်နှင့်တူး လောက်စ်မြို့တို့တွင် ဆန္ဒပြသမား များနှင့်ပြင်သစ်အဓိကရုဏ်းနှိမ်ရဲတို့ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။ လွန်ခဲ့ သောအပတ်က တက်ကြွလှုပ်ရှား သူလူငယ်တစ်ဦး ရဲ၏လက်ပစ်ဗုံး ကြောင့် သေဆုံးခဲ့ရပြီးနောက် ဆက် လက်ဖြစ်ပွားခဲ့သည်ဟု ရိုက်တာသ တင်းက ဆိုသည်။

နှစ်ဖက်အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ရော ဆန္ဒပြ သမားများပါ ဒဏ်ရာရရှိခဲ့ကြ ကြောင်း၊ ဆန္ဒပြသမားများက ရရာ လက်နက်များဖြင့် ပစ်ပေါက်ခဲ့စဉ် ရဲများက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။

ဆန္ဒပြသမား ရေမီဖရာဆီ ၂၁ နှစ် သေဆုံးရပြီးနောက် နန့်တက် မြို့နှင့် တူးလောက်စ်မြို့နှစ်မြို့၌ ဆန္ဒ ပြပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြလူငယ်မှာ အောက်တိုဘာ ၂၆ ရက်က နောက် ကျောတွင် ဒဏ်ရာဖြင့်သေဆုံးခဲ့ရ သည်။ တောင်ပိုင်းတူးလောက်စ်မြို့ အနီး တက်စ်တက်ဝက်တ်လင်းဆည် စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးချက်အရ ဖရာဆီမှာ ရဲပစ်လိုက်သော လက်ပစ်ဗုံးကြောင့် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်ဟု ဆို သည်။ ယခင်က ဤလက်နက်အား လူသေစေနိုင်သည်ဟု မထင်မှတ်ခဲ့ ကြောင်း ရဲကပြောခဲ့သည်။

Reuters

ပါကစ္စတန်-အိန္ဒိယ နယ်စပ်ဂိတ်တွင် အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွား လူ ၅၅ ဦးသေဆုံး


ပါကစ္စတန်-အိန္ဒိယနယ်စပ်ရှိ အဓိက နယ်စပ်ဂိတ်တစ်ခုတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး လူ ၅၅ ဦး သေဆုံးသွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယင်းဗုံးပေါက်ကွဲမှုသည် နှစ်နိုင်ငံနယ်စပ်တွင် ညနေခင်းတိုင်း ပြုလုပ်လေ့ရှိသော နယ်စပ်ဂိတ်ကို ပိတ်သည့် အလံချအခမ်းအနားတစ်ရပ်ကို ကျင်းပပြီးချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ယင်းအချိန်က အခမ်းအနားသို့ လာရောက်ကြည့်ရှုသူ ပရိသတ်အများအပြား စုဝေး ရောက်ရှိနေကြ ချိန်လည်း ဖြစ်သည်။

ယင်း ပေါက်ကွဲမှုသည် ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့အနီးရှိ ဝါဂါနယ်စပ်ဂိတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စစ်ရေးပြအခမ်းအနားဖြင့်
ကျင်းပသော ထင်ပေါ်ကျော်ကြားသည့် ယင်းနယ်စပ်ဂိတ်ပိတ်သိမ်းခြင်း

ကျော် ဒဏ်ရာရရှိခဲ့ပါတယ်၊ သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်းပါပါတယ်” ဟု ပန်ဂျက် ဒေသ ရဲမှူးချုပ် မက်ရှ်တက်ဆက်ဟာရာ က ပြောသည်။

ထို့ပြင် ယင်းအသေခံဗုံးခွဲမှုကို လာဟိုးမြို့ ရဲအရာရှိချုပ် အေမင်ဝါအင်စ်ကလည်း အတည်ပြုသွားခဲ့သည်။ “ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ လူတွေက ဝါဝါဂိတ်မှာ စစ်ရေးပြအခမ်းအနားကို ကြည့်ပြီးလို့ အိမ်ကို ပြန်နေကြတဲ့အချိန်ပါ” ဟု ၎င်းကပြောသည်။

အဆိုပါ နယ်စပ်ဂိတ်ပိတ်သိမ်းခြင်းအဖြစ် ညနေခင်းအချိန်တိုင်း စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပလေ့ရှိသည်။ ယင်းနယ်စပ် ဂိတ်ကို စောင့်ကြပ်ရသော လက်နက်ကိုင်တပ်ဖွဲ့မှ ပန်ဂျက်ဒေသ တပ်မှူး တာဟီဂျာဗတ်ကလည်း ၎င်း၏ တပ်ဖွဲ့ဝင် သုံးဦးလည်း သေဆုံးသွား ခဲ့သည်ဟု ပြောသွားသည်။

“အသေခံတိုက်ခိုက်ရေး သမားက လုံခြုံရေးအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး၊ သူက လူတွေထွက်လာနေတဲ့အချိန်မှာ ဂိတ်ရဲ့အပြင်ဘက် နေရာမှာ သူ့ကိုယ်သူ ဖောက်ခွဲလိုက်တာပါ” ဟု ၎င်းကဆိုသည်။

ယခုအခါ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဂါကီ ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ ထို့ပြင် သေဆုံးသူများထဲတွင် ရှစ်ဦးပါဝင်သော မိသားစုတစ်စုနှင့် ငါးဦးရှိ သော အခြားမိသားစုတစ်စုပါဝင်သည်ဟု အစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်သည့် မိုဟာမက် အူစမန်က အေအက်ဖ်ပီသို့ ပြောသည်။

ယင်း နယ်စပ်ဂိတ်သို့ သွားရာလမ်းတွင် များစွာသော လုံခြုံရေးစစ်ရေးဂိတ်များရှိပြီး ဧည့်ပရိသတ်များသည်လည်း မ၀င်ရောက်မီ ရှာဖွေ စစ်ဆေးခြင်း ခံရသော်လည်း ယင်းစစ်ဆေးရေးဂိတ်များမှ စစ်ဆေးသူများမှာ အမြဲတစေ တင်းကျပ်စစ်ဆေးခြင်းများ ပြုလုပ်လေ့မရှိပေ။ တိုက်ခိုက်မှုမှာ အခြားစစ်သွေးကြွအဖွဲ့များ အပါအ၀င် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တို့က ပြောကြားခဲ့သည်။

Mizzima

ရုရှားဆရာဝန်များ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရန် ဆန္ဒပြ


ရုရှားမြို့တော် မော်စကိုမြို့လယ် ရင်ပြင်တွေထဲက တခုမှာ ဆရာဝန်တွေ သူနာပြုတွေနဲ့ လူနာ ထောင်ပေါင်းများစွာ နိုဝင်ဘာလ ၂ ရက်နေ့က စုရုံးခဲ့ကြပြီး ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။

Russia Healthဒီပြုပြင်ပြောင်းလဲမှုကြောင့် ဆေးရုံတွေ ပိတ်ရပြီး ဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်မယ့်အရေးကို စိုးရိမ်လို့ ဆန့်ကျင်ကြတာပါ။

၂၀၁၂ ခုနှစ်မှာ သမ္မတပူတင် ပြန်ရွေးကောက်ခံရအပြီး ပထမဆုံးအဆိုပြုခဲ့တဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုကို အစောပိုင်းက ဆေးဘက် လူ့အဖွဲ့အစည်းက နွေးနွေးထွေးထွေး ကြိုဆိုခဲ့တာပါ။

အောက်တိုဘာလလယ်က အင်တာနက် စာမျက်နှာတချို့မှာ တင်လာတဲ့ စာရွက်စာတမ်း တစောင်အရ မြို့အာဏာပိုင်တွေက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း ၂၈ ခုနဲ့ ဆေးရုံ ၁၅ ခုကို လာမယ့်လတွေအတွင်း ပိတ်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းတွေက ဆွေးနွေးနေဆဲပါ။

ဘဏ္ဍာငွေကို ကျန်းမာရေး ပညာရေးနဲ့ တခြားလူမှုရေးလိုအပ်ချက် တွေအတွက် ပထမဦးစားပေး သုံးသင့်တယ် အခုကျန်းမာရေး စရိတ်တွေ မြင့်လာခဲ့လို့ သာမန် မော်စကိုမြို့ခံတွေ မသုံးနိုင်ဘူး ဒါဟာ အသက်ဘေး အန္တရာယ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

တချို့ ဆန္ဒပြသူတွေကတော့ မော်စကို ဒုမြို့တော်ဝန်ကို လူမှုရေးကိစ္စအတွက် နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ပိုစတာတွေ ကိုင်ဆောင် ထားခဲ့ကြပါတယ်။

မော်စကိုအစိုးရ အင်တာနက်စာမျက်နှာ အဆိုအရ ၂၀၁၄- ၂၀၁၆ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုက ၄ ရာခိုင်နှုန်းပဲ ရှိတာပါ။ အသုံးစရိတ်ရဲ့ ၆၇ ရာခိုင်နှုန်းက သယ်ယူပို့ဆောင်ရေး အခင်းအကျင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သုံးထားပါတယ်။

DVB

လစ်ဗျားအစိုးရလိုလားသော တပ်ဖွဲ့များက ဘင်ဂါဇီမြို့ အစိတ်အပိုင်းအချို့ကို ပြန်လည်သိမ်းပိုက်


စစ်တပ်က တပ်စွဲထားသည့် နေရာများအပါ အဝင် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် ဘင်ဂါဇီ၏ နယ်မြေအစိတ်အပိုင်းအချို့ကို အစိုးရ လိုလားသော လစ်ဗျားတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်၌ ပြန်လည်သိမ်းပိုက်ကြောင်း စစ်ဘက် သတင်းများက ဆိုသည်။ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးသည်ဟု ဆရာဝန်များက ဆိုသည်။

အစိုးရကျောထောက်နောက်ခံပြုပေးထား သည့် ရက်သတ္တနှစ်ပတ်ကြာထိုးစစ်တွင် ၂၅၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆေးဘက်သတင်း များက ဆိုသည်။ အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ရက်တို့၌ဖြစ်သည့် တိုက်ပွဲများတွင် လူ၃၆ဦးထက်မနည်းသေဆုံးသည်။ ဘင်ဂါဇီအရှေ့ ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပြည်သူ့စစ်များကို ပုံမှန်အစိုးရစစ်တပ်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ခါလီဖာဟက်ဖ်တာကိုသစ္စာခံသူများက တိုက်ခိုက် စဉ် ၃၆ ဦး ထက်မနည်းသေဆုံးခြင်း ဖြစ်သည်။

အခြေခံဝါဒီိအန်ဆာအယ်လ်- ရှာရီယာ အုပ်စုအပါအဝင်ပြည်သူ့စစ်များက ဇူလိုင်လထဲ၌ သိမ်းပိုက်ခဲ့သည့် စစ်တပ်တပ်စွဲရာနေရာများကို အစိုးရလိုလားသောတပ်များက ပြန်သိမ်းကြောင်း၊ ထို့ပြင်အစိုးရကို လိုလားသော တပ်များသည် ဘင်ဂါဇီတောင်ပိုင်းသို့ ချီတက်နေကြောင်း သိရ သည်။

ဘင်ဂါဇီ၏ အရှေ့တောင်ပိုင်း ဘိုအတ်နီ ဒေသရှိ ဘင်ဂါဇီလေဆိပ်သို့သွားရာလမ်းပေါ်ရှိ စစ်တပ်၏ စခန်းများကို အစိုးရတပ်ဖွဲ့က ပြန်သိမ်း လိုက်သည်ဟု လစ်ဗျားအထူးတပ်ဖွဲ့က ဆိုသည်။

Ref: AFP

ပြင်သစ်နျူးကလီးယားဓာတ်ပေါင်းဖိုပေါ် ပျံသန်းခဲ့သည့် Drone လေယာဉ်များကို စုံစမ်းမှုပြုလုပ်


ပြင်သစ်နျူးကလီးယားဓာတ်ပေါင်းဖိုတွေပေါ် ဖြတ်ပျံသန်းခဲ့တဲ့ Drone လေယာဉ်တွေကို ပြင်သစ်အာဏာပိုင်တွေ လိုက်လံစုံစမ်းမှုတွေ လုပ်နေကြပါတယ်။

ဒီ Drone လေယာဉ်ငယ်တွေ ဘယ်က လာတယ်။ ဘယ်သူက ထိန်းချုပ်တယ်ဆိုတာကို ပြင်သစ်အာဏာပိုင်တွေက မသိကြပါဘူး။ နျူးကလီယားစက်ရုံတွေနဲ့ ၅ ကီလိုမီတာအတွင်းနဲ့ အမြင့်မီတာ  ၁ သောင်းအတွင်း ဘာမှ ဖြတ်ပျံသန်းခွင့် မရှိပါဘူး။

ဒါပေမယ့် ပြင်သစ်နိုင်ငံတ၀န်းက နျူးကလီးယားစွမ်းအင်ဓာတ်ပေါင်းဖိုတွေပေါ် ပြီးခဲ့တဲ့လအတွင်း လေယာဉ်ငယ်တွေ ညပိုင်းဖြတ်ပျံသန်းမှုရှိခဲ့ပါတယ်။ အခုချိန်အထိတော့ ဘယ်သူကမှ တာဝန်ခံတာလည်း မရှိသေးပါဘူး။

အခုလို ဓာတ်ပေါင်းဖိုတွေပေါ် ဖြတ်ပျံသန်းမှုတွေဟာ စိုးရိမ်ထိတ်လန့်စရာဖြစ်တယ်လို့ နျူးကလီးယား ဓာတ်ပေါင်းဖို လုံခြုံရေးကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီလေယာဉ်ငယ်တွေဟာ သေးငယ်ပေမယ့် ဖောက်ခွဲအားပြင်းထန်တဲ့ ပစ္စည်းတွေကို သယ်ဆောင်နိုင်တာကြောင့် လျော့တွက်လို့တော့ မရဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ နျူးကလီးယားဓါတ်ပေါင်းဖို ၅၈ လုံးရှိပြီး ကမ္ဘာပေါ်မှာ နျူးကလီးယားစွမ်းအင် သုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ပြင်သစ်အစိုးရကတော့ ဒီဓာတ်ပေါင်းဖိုတွေဟာ ငလျင်ဒဏ်ခံနိုင်သလို လေယာဉ်ဝင်တိုက်တဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိတယ်လို့တော့ ဆိုပါတယ်။ အရင်က ဒီနျူးကလီးယားဓာတ်ပေါင်းဖိုတွေကို ဆန္ဒပြလေ့ရှိခဲ့တဲ့ Greenpeace အဖွဲ့ကြီးတော့ကတော့ သူတို့ လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

နိုင်ငံတ၀န်းက ဓာတ်ပေါင်းဖိုတွေပေါ် တချိန်ထဲ ပျံသန်းမှုတွေဖြစ်လို့ လူတဦးထဲက လုပ်တာမဖြစ်နိုင်ပဲ၊ အဖွဲ့အစည်းနဲ့ လုပ်တာဖြစ်နိုင်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက သုံးသပ်ကြပါတယ်။ ဘယ်သူပဲလုပ်လုပ်၊ လုပ်တဲ့လူကို ဖော်ထုတ်တွေ့ရှိရင်တော့ အမေရိကန် ဒေါ်လာ ၉၃၀၀၀ ဒဏ်တပ်ခံရမှာ ဖြစ်ပါတယ်။

DVB

ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ ကုလအစီရင်ခံစာ ထုတ်ပြန်

ရာသီဥတုပြောင်းလဲမှုနဲ့ ဆက်နွယ်ပြီး ဖြစ်ပွားမယ့် အဆိုးဝါးဆုံးအန္တရာယ်ကြီးတွေနဲ့ ရင်မဆိုင်ရစေဖို့ သက္ကရာဇ် ၂၁၀၀ မှာ ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုလုံးဝမရှိအောင် လုပ်ဖို့လိုတယ်လို့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC ရဲ့ ဒိန်းမတ်နိုင်ငံ Copenhagen က ညီလာခံအပြီး တနင်္ဂနွေနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပြီး အခုလို ပြောဆိုလိုက်တာပါ။  ဒါဟာ လွန်ခဲ့တဲ့ ၁၃ လအတွင်း ပညာရှင် ၈၀၀ ကျော်ရဲ့ သုတေသန လုပ်ဆောင်ချက် တွေကနေ ရရှိခဲ့တဲ့ ကမ္ဘာကြီးပူနွေးမှုဆိုင်ရာ တွေ့ရှိခဲ့တဲ့ အချက်အလက်တွေပေါ်အခြေခံပြီး ပြောဆိုတာလည်းဖြစ်ပါတယ်။

အခုလို ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်နေမှုတွေကို လျှော့ချဖို့ မကန့်သတ်ဘူးဆိုရင် ကမ္ဘာ့မြေ မျက်နှာပြင်အပူချိန်ကို အရင် စက်မှုလက်မှုခေတ်   မတိုင်ခင်ကထက် ပျမ်းမျှ    ၂ ဒီဂရီ ဆဲလ်စီးယပ်စ် လောက်  ရှိအောင်   လျှော့ချဖို့   လုပ်ဆောင်နေမှုတွေဟာ  အောင်မြင်နိုင်မှာ မဟုတ်ဖူးလို့  အစီရင်ခံစာက ဖေါ်ပြပါတယ်။

ဒါ့အပြင် ရာသီဥတု ပြောင်းလဲမှုကြောင့်  ဖြစ်ပေါ်လာနိုင်တဲ့ ဘေးဒုက္ခတွေ အခုထက် ပိုဆိုးလာနိုင်ပြီး လူသားတွေအတွက်ရော ဂေဟစံနစ်တွေပါ ပြန်ပြုပြင်လို့ မရနိုင်လောက်အောင် ပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ကြုံရနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ ကမ္ဘာ့လေထုနဲ့ သမုဒ္ဒရာတွေ ပိုပူနွေးလာသလို နှင်းထုနဲ့ရေခဲပြင်တွေပါ ပျောက်ကွယ်ကုန်ပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုတွေနဲ့အတူ ကာဗွန်ဒိုင်အောက်ဆိုက် ထွက်နှုန်းကလည်း လွန်ခဲ့တဲ့နှစ် (၈) သိန်းလောက်တုန်းကထက် ပိုတိုးလာတာတွေ့ရတယ်လို့လည်း IPCC  အလုပ်အဖွဲ့က ပြောပါတယ်။ အခုလို ရာသီဥတု ဖောက်ပြန်မှုမှာ လူသားတွေရဲ့ လုပ်ဆောင်မှု ပိုများလေလေ အခြေအနေပိုဆိုးဝါးလေလေ ဖြစ်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA