3.11.14

လစ်ဗျားအစိုးရလိုလားသော တပ်ဖွဲ့များက ဘင်ဂါဇီမြို့ အစိတ်အပိုင်းအချို့ကို ပြန်လည်သိမ်းပိုက်


စစ်တပ်က တပ်စွဲထားသည့် နေရာများအပါ အဝင် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် ဘင်ဂါဇီ၏ နယ်မြေအစိတ်အပိုင်းအချို့ကို အစိုးရ လိုလားသော လစ်ဗျားတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်၌ ပြန်လည်သိမ်းပိုက်ကြောင်း စစ်ဘက် သတင်းများက ဆိုသည်။ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးသည်ဟု ဆရာဝန်များက ဆိုသည်။

အစိုးရကျောထောက်နောက်ခံပြုပေးထား သည့် ရက်သတ္တနှစ်ပတ်ကြာထိုးစစ်တွင် ၂၅၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆေးဘက်သတင်း များက ဆိုသည်။ အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ရက်တို့၌ဖြစ်သည့် တိုက်ပွဲများတွင် လူ၃၆ဦးထက်မနည်းသေဆုံးသည်။ ဘင်ဂါဇီအရှေ့ ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပြည်သူ့စစ်များကို ပုံမှန်အစိုးရစစ်တပ်နှင့် ဗိုလ်ချုပ်ကြီးဟောင်း ခါလီဖာဟက်ဖ်တာကိုသစ္စာခံသူများက တိုက်ခိုက် စဉ် ၃၆ ဦး ထက်မနည်းသေဆုံးခြင်း ဖြစ်သည်။

အခြေခံဝါဒီိအန်ဆာအယ်လ်- ရှာရီယာ အုပ်စုအပါအဝင်ပြည်သူ့စစ်များက ဇူလိုင်လထဲ၌ သိမ်းပိုက်ခဲ့သည့် စစ်တပ်တပ်စွဲရာနေရာများကို အစိုးရလိုလားသောတပ်များက ပြန်သိမ်းကြောင်း၊ ထို့ပြင်အစိုးရကို လိုလားသော တပ်များသည် ဘင်ဂါဇီတောင်ပိုင်းသို့ ချီတက်နေကြောင်း သိရ သည်။

ဘင်ဂါဇီ၏ အရှေ့တောင်ပိုင်း ဘိုအတ်နီ ဒေသရှိ ဘင်ဂါဇီလေဆိပ်သို့သွားရာလမ်းပေါ်ရှိ စစ်တပ်၏ စခန်းများကို အစိုးရတပ်ဖွဲ့က ပြန်သိမ်း လိုက်သည်ဟု လစ်ဗျားအထူးတပ်ဖွဲ့က ဆိုသည်။

Ref: AFP

0 comments:

Post a Comment