24.5.16

အမေရိကန်မှ သရုပ်ဆောင်ပညာသင်ယူမှု ပြီးဆုံးသွားတဲ့ဟန်သီ

မော်ဒယ်သရုပ်ဆောင် ဟန်သီသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ New Film Academyတွင် ပညာသင်ယူမှုပြီးဆုံး၍ ဇွန်လ ၁၀ရက်၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကာဇွန်လ ၁၈ ရက်တွင် ၎င်း၏ပရိသတ်များနှင့် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

‘‘၁၀ ရက်နေ့ ရန်ကုန်ပြန်ရောက်ပြီးရင် ၁၈ရက်နေ့မှာတော့ ဟန်သီ Fanတွေနဲ့ အိမ်မှာ တွေ့ဆုံဖို့ရှိတယ်။ ဟန်သီကိုယ်တိုင် ချက်တဲ့ဟင်းကျွေးမယ်။ ပြီးရင် သူတို့ကို လက်ဆောင်လေးတွေ ပြန်ပေးဖို့အစီအစဉ်လုပ်ထားတယ်’’ဟု ဟန်သီက ပြောသည်။

မော်ဒယ်သရုပ်ဆောင် ဟန်သီသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ New Film Acad-emy ကျောင်းတွင် ရုပ်ရှင်သရုပ်ဆောင်လုပ်ငန်းနှင့်ပတ်သက်သည့် Acting for Film, Acting Technique, Film Making, Speech, Voice & Movement, Intro to Audition Technique, Text in Action စသည့် ဘာသာရပ်များ သွားရောက်သင်ကြားခဲ့ခြင်းဖြစ်သည်။

ဟန်သီသည် အမေရိကန်နိုင်ငံသို့ မသွားမီ ၎င်း၏ တစ်ကိုယ်တော်မီနီအယ်လ်ဘမ်ဖြစ်သည့်‘မချစ်တတ်သေးဘူး’အခွေကို အသက် (၁၈)နှစ်ပြည့်မွေးနေ့ ၂၀၁၅ ဇူလိုင် ၃၁ ရက်တွင် ဖြန့်ချိပေး ခဲ့ပြီး စက်တင်ဘာတတိယပတ်၌ အမေရိကန်သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဟန်သီသည် အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့တွင် ဓာတ်ပုံသွားရောက်ရိုက်ကူးရန် စီစဉ်နေပြီး New FilmAcademy ကျောင်းမှ ပေးအပ်မည့် ဘွဲ့ယူပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment