24.5.16

တရားမ၀င်ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်သွား ကားလမ်းပေါ်ရှိ စိန်လုံစုပေါင်းစစ်ဆေးရေးဂိတ်၌ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့ သည် စစ်ဆေးမှုများဆောင်ရွက်စဉ်
မေ ၂၂ ရက် ညနေ ၆ နာရီ တွင် မိုးမောက်ဘက်မှ လွယ်ဂျယ်ဘက်သို့ ဖားကန့်မြို့နေ ဦးမြင့်ကျော်(ဘ)ဦးဖိုးအေး မောင်းနှင်၍ မန္တလေးမြို့နေ ဦးသူရိန်ထွန်း (ဘ)ဦးလှထွန်းနှင့် စစ်ကိုင်းမြို့နယ်နေ ဦးသူရအောင်(ဘ)ဦးဝင်းအောင်တို့ လိုက်ပါလာသော Hilux အမျိုးအစားယာဉ်အမှတ်၊ 7H/------- အားစစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်း အောက်တွင် ၀ှက်၍သယ်ဆောင်လာသော တိပ်ဝါများဖြင့်ပတ်ထားသည့် တရားမ၀င် ကျောက်စိမ်းတုံးဆိုဒ်စုံ ၁၉၃ တုံး(၈၂၂ ဒသမ ၂ ကီလိုဂရမ်)ခန့်နှင့် ကျောက်အသေးများ ရွယ်စုံ (၂ ဒသမ ၄ ကီလိုဂရမ်)၊ စုစုပေါင်း (၈၂၄ ဒသမ ၆ ကီလိုဂရမ်)ခန့်အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့် တရားမ၀င်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများအား မိုးမောက်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment