ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.6.13

သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်ယူခံရ

 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အနောက်သစ်ထုတ်ရေး ဒေသရှိ သစ်ထုတ်ရေးဌာနပိုင် ဆင်တစ် ကောင်းအား ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က သေနတ်ဖြင့်ပစ်သတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံ ခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများက ဖေော်ပြထားသည်။

အဆိုပါ မှတ်တမ်းများတွင် မော်လိုက်အနောက်ဘက်သစ်ထုတ်ရေးေးသမှ လက်ထောက်ဆင်ခေါင်း ဦးမောင်ဆန်းသည် သစ်ထုတ်ရေးဌာနပိုင် ဆင်အမှတ် (၅၆၀) ဆင်အမည် ဇော်ဇော်(အထီး) အသက် ၃၁နှစ် ၅ လ ခန့်၊ ကာလတန်ဘိုး ငွေကျပ် သိန်း ၇၀ တန် ဆင်ကြီးတစ်ကောင်အား ယခုလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဆင်စခန်းမှ ထူးခတ်၍ တောတွင်းသို့ လွတ်ကျောင်းထားခဲ့ရာ ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ၎င်းဆင်၏ ဆင်ဦးစီး ဦးဖိုထောင်ဆိုသူမှ လိုက်လံရှာဖွေစဉ် မော်လိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၄၆) ဆိုင်ခန်းစခန်းမှ နှစ်မိုင်အကွာ တောတွင်းတစ်နေရာတွင် လွတ်ကျောင်းဆင်၏ ၀ဲဘက်နားထင်၌ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေခဲ့ကြောင်း၊ ၎င်းဆင်၏အစွယ်နှစ်ချောင်းမှာ ဖြတ်တောက် ခိုးယူခံရသည့်အတွက် အစွယ်များမရှိတော့ကြောင်း ဆက်လက်၍ ဖော်ပြထားသည်။

“ တိရစ္ဆာန်လောကမှာ လူကနေပါးစပ်ကပြောပြီးခိုင်းလို့ရတာဟာ ဆင်ပဲရှိတယ်..။ ခွန်အားကြီးသလောက် စိတ်ကောင်းရှိတတာ ဆင်တွေဘဲဖြစ်ပါတယ်..” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ် တောရေးရာ တိုင်းဒေသကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ယခုလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လိုက်အနောက်ဘက်သစ်ထုတ်ရေး ဒေသမှ သစ်တောအုပ်ကြီး ဦးအောင်တင်၏ တိုင်တန်းချက်များအရ တမူးမြို့နယ်ခွဲ ရဲစခန်းမှ (ပ) ၁၂/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်းကာ ကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ အမှုရေးဖွင့်၍ ရဲစခန်းက ဆက်လက်ဆောင်ရွက်ရှိကြောင်း သိရသည်။

Ref : theburmapost

မန်းမှာ စည်းကမ်းမဲ့ရပ်တဲ့ ယာဉ်တွေ ကရိန်းနဲ့ ရှင်းပြီ

မန္တလေးမြို့ရှိ ယာဉ်မရပ်ရ နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းကားနဲ့ ဆွဲယူကာ ဖမ်းဆီးအရေးယူ နေပါတယ်။ ယနေ့ မနက်က စတင်ပြီး ဈေးချိုအနီးတစ်ဝိုက်မှာ ကရိန်းကားနဲ့ ဖမ်းဆီး အရေးယူထားတဲ့အတွက် ဥပုသ်နေ့ ဈေးပိတ်ရက် လမ်းရှင်းသလိုမျိုး ရှင်းလင်းနေတာကို တွေ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ ကားပိုင်ရှင်ဟာ ကရိန်းကားဆွဲခ ငါးသောင်းကျပ်အပြင် ဒဏ်ငွေလည်း ထပ်မံ ပေးဆောင်ရမယ်လို့ သိရပါတယ်။ “လမ်းက တအားကို ရှင်းနေတယ်။ လမ်းရဲ့ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းမှာ တစ်စီးစီ ရပ်ခွင့်ပေး၊ အဲဒီထက် ပိုသွားရင် ဖမ်းပေါ့၊ အခုဟာက ဒီထက်ဆိုးတဲ့ ၇၈ လမ်းတစ်ကြောနဲ့ ၂၆ လမ်းမှာရှိတဲ့ ၇၉x၈၀ ကြားမှာ မဖမ်းဘဲ ဈေးချိုမှာ လာဖမ်းတယ်” လို့ မန်းမြန်မာပလာဇာ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref: FB

ဂျူဗင်းတပ်စ် အသင်းနှင့် တရားဝင် စာချုပ်လိုက်ပြီဖြစ်သည့် တီဗက်ဇ်


   ဂျူဗင်းတပ်စ်အသင်းသည် မန်ချက်စတာစီးတီးတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ကို အတည်ပြုခေါ်ယူလိုက် ပြီဖြစ်ကြောင်းသိရှိရသည်။  အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးသည် ပေါင်စတာလင် (၁၀)သန်းတန် .ပြောင်းရွှေ့ကြေး သဘောတူညီမှုတစ်ရပ်ဖြင့် အီတလီစီးရီးအေ ချန်ပီယံအသင်းထံသို့ ရောက်ရှိလာသည်။ အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀)သန်း ပြောင်းရွှေ့ကြေးကို ဦးစွာ .ပေးချေပြီး အခြားသောစွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်း ပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေးမြင့်တက်လာနိုင်ကြောင်း သိရှိရသည်။ သို့သော်လည်းတီဗက်ဇ်သည် ယာဉ်စည်းကမ်းဖာက်ဖျက် မှုအတွက် ချမှတ်ခံထားရသည့် ပြစ်ဒဏ်ဖြစ်သော အများအကျိုးပြု လုပ်ငန်းများကို နာရီ (၂၅၀) ကြာ လုပ် ကိုင်မှုများကို အပြီးသတ်ဆောင်ရွက်ပြီးမှ အီတလီသို့ကူးပြောင်းခွင့်ရမည်ဖြစ်သည်။  တီဗက်ဇ်သည် မက္ကာ ဖီးလ် တရားရုံးတွင် ဧပြီလက လိုင်စင်မပါဘဲ ကားမောင်းမှုအတွက် ယခုပြစ်ဒဏ်ကိုခံယူရန် အမိန့်ချမှတ် ခဲ့ခြင်း ခံခဲ့ရသည်။
   ၎င်းသည် တောင်အမေရိကတွင် အနားယူနေရာမှ အီတလီသို့ ရောက်ရှိလာကာ စာချုပ်ခဲ့ပြီးနောက် အ င်္ဂလန်ရဲတပ်ဖွဲ့က ပြစ်ဒဏ်ကိစ္စအပြီး မသတ်သေးသည်ကို သတိ ပေးထားခဲ့သည်။ တီဗက်ဇ်သည် ဇူလိုင်လ (၁၂)ရက်နေ့တွင် ဂျူဗင်းတပ်စ်အသင်းရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်များစတင်ရာ၌သွားရောက်ပူးပေါင်း ဖွယ်ရှိနေပြီး ယင်းမတိုင်မီ အင်္ဂလန်မှဥပဒေကြောင်းဆိုင်ရာကိစ္စများကို အပြီးသတ်ရှင်းလင်းရန် လုပ်ဆောင် ရမည် ဖြစ်သည်။  အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀) သန်း တန်ပြောင်းရွှေ့ကြေးကို ဦးစွာပေးချေပြီး အခြားသောစွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်းပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေး မြင့်တက်လာနိုင်သည်။ တီဗက်ဇ်ကို လေယာဉ်ပေါ်မှ အဆင်း တွင် ဂျူဗင်းတပ်စ် ပရိသတ် (၂၀၀)ကျော်က စုရုံးနှုတ်ဆက်ခဲ့ကြသည်။ ၎င်းသည် ဂျူဗင်းတပ်စ်တွင်တစ်နှစ် လုပ်ခ ပေါင်စတာလင် (၄.၆)သန်းမျှ ခံစားရမည်ဖြစ်ပြီး အသင်း၏ လုပ်ခလစာ အများဆုံး ကစားသမားဖြစ် လာမည်ဟုလည်း သိရှိရသည်။ 
Ref: Daily Mail

Android Application တွေကို Full Version ဖြစ်အောင်လုပ်ပေးမယ့် Lucky-Patcher-v3.3.9 APK

တစ်ချို့ Android Software များဟာ လိုင်စင်ကီးတောင်းတာတို့ ၀ယ်ခိုင်းတာတို့ ကြော်ငြာပါနေတာတို့ ရှိတတ်ပါတယ် ဒီလိုမျိုးဖြစ်နေတဲ့ကောင်တွေကိုဒီ Softwareလေးက FullVersion  ဖြစ်အောင်ပြုလုပ်ပေးမှာ
ဖြစ်ပါတယ်Android2.0နဲ့အထက်Rootလုပ်ထားမှသုံးလို့ရမှာဖြစ်ပါတယ်။ 

အားလုံးအတွက်အသုံးဝင်မယ့်ဟာလေးပါ။အခုမနေ့ကUpdate ထွက်ထားတာလေးတင်ပေးလိုက်ပါတယ်။ Android-Appတွေကို လိုင်စင်တောင်းရင်ဒါလေးနဲ့ ထပ်မတောင်းတော့အောင်ဖြုတ်ပေးလို့ရတယ် ဒါအပြင်GoogleAds ဖြုတ်တာတို့၊LicenseVerfication ဖြုတ်တာတို့မှာအရမ်းနာမည်ကြီးတဲ့ Application လေးဖြစ်ပါတယ်။Android APP တွေကို Full Version ဖြစ်အောင် လုပ်ပေးတဲ့ Software လို့တောင်နာမည်ကြီးပါတယ်။အရင်သုံးဖူးတဲ့သူတွေရှိမယ်လို့လဲယူဆပါတယ်။တစ်ကယ်လို့မသုံးတတ်သေး
ရင်လဲYoutube  မှာဝင်ကြည့်လိုက်ပါ။ 
 
Download link
https://www.dropbox.com/s/54n3a0kno3gcdds/lucky-patcher_3.3.9.apk

Ref: http://www.winkabarkyaw.net

Huawei C8813 and C8813D တွေမှာ Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

Huawei C8813 and C8813D တွေမှာ

 Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

 နှစ်ဖက်စလုံးအသံကြားရတဲ့ viber ဆော့ဝဲလ်လေးပါ။
 
 
 
 Ref: Thant Zaw Thet ( http://www.winkabarkyaw.net )

Facebook အကောင့် ကို Comfirm Code မတောင်းအောင် ဖွင့်နည်း

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ်ဒါနဲ့ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာတကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီးလော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီးသူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ။

အလုပ်လည်းရှုပ်သလို ရနိုင်မယ်မရနိုင်ဘူး လည်းမသေချာ နောက်ထပ် လော့ကျနိုင်ခြေ ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့  အကောင့်ဖွင့်ကတည်းကလော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ဒီနည်းလေးကိုသွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့အောင်မြင်တာကို တွေ့ရပါတယ် အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ။

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့Gmailအကောင့် အသစ်တစ်ခုဖွင့်လိုက်ပါတယ် ပြီးတော့ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်။
 
Firstname/Last-nameနေရာတွေမှာအင်္ဂလိပ်နံမည်တွေထည့်ပေးပါတယ်(ကျွန်တော့်တို့ မြန်မာနံမည်တွေ ကအနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါမွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)။

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )။

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ်School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )။

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ။

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )။

Gmail ထဲမှာ  Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီးComplete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Statusလေးတစ်ခုလောက်ရေးပြီး တင်ပေးလိုက်ပါဒါဆိုရင် အကောင့်တစ်ခုဟာလော့ မကျပဲအဆင်ပြေပြေ အောင်မြင် သွားပါပြီဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

Ref: http://www.winkabarkyaw.net

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းထွက်ပေါ်ကြောင်း ရေးသားaဖ်ာပြခဲ့သည့် Unity ဂျာနယ်ပြန်တောင်းပန်ရ

   အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများထွက်ပေါ်’ဟူသောသတင်း အတွက် အဆိုပါသတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင်ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံးအသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိ သတ်များကို Unity ဂျာနယ်အယ်ဒီတာအဖွဲ့က ပြန်လည်တောင်းပန်ကြောင်း ယင်းဂျာနယ်၏ အဓိကတာ ဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။  “အခြေအနေ၊ အကြောင်းကြောင်းတွေအ ရ ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်းအပေါ် ကျွန်တော် တို့တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ်မေးမြန်းပြီး သတင်းအဖြစ်ဖော်ပြ ခဲ့တဲ့နေရာမှာ သုံးနှုန်းခဲ့တဲ့သတင်းခေါင်းစဉ်နဲ့ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံးမပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင်မှားမှာစိုးတဲ့အတွက် မမေသူကနေကျွန်တော်တို့တိုက်က လူကြီးပိုင်းတွေကတစ်ဆင့်ပြန်လည် ၍ တာင်းပန်ပေးဖို့ တောင်းဆိုလာတဲ့အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက်ပြန်လည်တောင်း ပန်ရခြင်းအကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။
   အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုး သည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်း မဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင်သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင်ခွင့်ပြုချက် ရယူပြီး မ သုံးစွဲခဲ့သည့် အချက်များဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။  သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံ ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး ၏ ဖခင်ဖြစ်သူသရုပ်ဆောင်လွင်မိုးကို ဆက်သွယ်မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီးလုံးဝမမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူအရွယ် သာ ရှိသေးသည်ဟု ပြန်လည်ဖြေကြားခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံးတစ်လုံးမှ မပါဝင်သည့်အတွက် စာဖတ်ပရိသတ်များက ဂျာနယ်အတွင်းရှိ ကိုလွင်မိုး ၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှုလွဲမှားနိုင်သည့်အတွက်ပြန်လည် ၍ တောင်းပန်ခိုင်းရခြင်းဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝမမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏မိခင်ဖြစ် သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။  “အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်းအယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ်တို့ အိမ်ကိုလာကြတာယ်၊ အယ်ဒီ တာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူကလုံးဝမတောင်းပန်ဘူး။
   သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလထွက်လာတဲ့အခါ သတင်းသမားကတော့ရေးမှာပဲ လို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ဒီလိုရေးလို့မရဘူးလို့။ ကျွန်မသမီးက ကလေးပဲရှိသေးတယ်။ ကျွန်မ ရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိနေ နေတာလို့ ပြောလိုက်တယ်။ အစက အစ်မ က တောင်းပန်ရင်ကျေအေးမလို့၊ မတောင်းပန်တဲ့အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အ ခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူက Unity ဂျာနယ်၏ ပြန်လည်၍ .တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။
Ref.. The Voice Weekly

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Tyla မြို့ရှိ KBP Instrument Design Bureau သို့သွားရောက် လေ့လာ




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့တောင်ဘက် ၁၉၃ ကီလိုမီတာ အကွာTyla မြို့ရှိ KBP Instrument Design Bureau သို့ ရောက်ရှိလာရာ Deputy Chief Engineer, Andrey V. Morozov နှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား ပြပွဲခန်းမတွင် Deputy Chief Engineerမှ Bureau၏ သမိုင်းကြောင်းနှင့် ထုတ်လုပ်သည့် ပစ္စည်းများ အကြောင်းကို Video Projector များဖြင့်  ရှင်းလင်း တင်ပြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ခန်းမအတွင်း ခင်းကျင်းထားသော လက်နက် ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြရာ Deputy Chief Engineer, Andrey V.Moro-zov နှင့် Head of No(8) Department, Yury Amelinတို့မှ ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူ များမှ  ပြန်လည်ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား KBP Instrument Design Bureau မှ တာဝန် ရှိသူ များက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ KBP Instrument Design Bureau တာဝန် ရှိသူများထံ အမှတ်တရ လက်ဆောင် ပေးအပ်ပြီး KBP Instrument Design Bureau မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

Ref: myawady



က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ

 
 
   ဗြိတိန်နိုင်ငံမှ အမျိုးသမီး​တစ်ဦးက သူမသည်ကလေးလိုချင်လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်းထုတ်ဖော်ဝန်ခံလိုက်သည်။  အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ် များအတွင်း သူမသည် ကျန်းမာရေး​အရ ကလေး​ရနိုင်ရန် အလွန်​ခက်ခဲ​မည်ဟု​ သိလာ​ပြီးနောက် ထို​အဖြေ ကို​ လက်မခံချင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့် မည်သူမှန်းမသိသည့် လူစိမ်းများနှင့် လိင်​ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။  တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အ တင်း​သွားရောက်ကာ ထိုသူနှင့်လိုက်သွား​ခဲ့ကြောင်း လာရာကပြောပါသည်။ ရုံးမန်နေဂျာ တစ်ဦးဖြစ်သည့် လာရာက သူမသည် ကလေးရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ပြုလုပ်​ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်ရသေးကြေင်းဝန်ခံ​ခဲ့သည်။
   ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​တစ်ခုထုတ်ပေး​လိုက်သော်လည်း ထို​သူ​မသိအောင်လို့ အပေါက်ဖောက်​လိုက်ကြောင်း ပြောကြား​သွားသည်။  သူမသည် အတည်တကျချစ်သူ​ မထားဘဲလူစိမ်းများ ကိုသာ ချဉ်းကပ်ပြီး ကလေး​ရအောင် ကြိုးစား​ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည်သုတ်ပိုး​အလှူရှင် အကူအညီရ ယူကာ ကိုယ်ဝန်​ရအောင် ဆောင်ရွက်ရန်စဉ်းစား​ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။  လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့်လိင်​ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်း ကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ခဲ့သော်လည်း အချို့သဘောမတူခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​အိပ်ထဲမှာ အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ထားလိုက်ကြောင်း လာရာကပြောဆို​ သွားသည်။

Ref... လူထုအသံ

UWSA “၀” အဖွဲ့ ယာဉ်တန်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်

 
UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၀မ်ဟုန်-ဆီယုတ် ကားလမ်းကြားရှိ မိုက်ဆန်းရွာသို့ ဇွန် ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် UWSA “၀” အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော 4 x 4 ယာဉ်တန်း ၀င်ရောက်လာသည့်အတွက်ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းမိုက်ဆန်းရွာသားတစ်ဦး၏ ပြောပြချက်အ ရသိရသည်။

အဆိုပါ ယာဉ်တန်းသည် 4 x 4 အမျိုးအစားယာဉ်ငယ်အစီး ၂၀ ခန့်ရှိပြီး “၀” ယူနီဖောင်းဝတ် အဖွဲ့ဝင် ၂၀၀ ဦး ခန့်ရှိနိုင်ကြောင်း၊ မိုက်ဆန်းရွာမှတစ်ဆင့် လွယ်တွန်းဘက်သို့ ခြေလျင်ဆက်သွားကြကြောင်း၊ ၎င်းလွယ်တွန်း ဒေသ၌ “၀” စခန်း လေး၊ ငါးခုခန့်ရှိပြီး အင်အားထပ်ဖြည့်ခြင်းဖြစ်နိုင်ကြောင်း၊ ဇွန် ၂၆ ရက်နေ့မနက်၁၀နာရီခန့်တွင်ယာဉ်တန်းမှာ ဆီဟုတ်-မိုင်းယွန်းဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

UWSA “၀” အဖွဲ့သည် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အသိအမှတ်ပြုရေး တောင်းဆိုထားမှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများရှိနေသည့်အတွက် ယခုကဲ့သို့ “ ၀ ” အဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းလိုက်ခြင်းကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား လာမှာကို စိုးရိမ်နေကြပြီး ကချင်ပြည်နယ်က ဒုက္ခသည်စခန်းများကဲ့သို့ “ ၀ ” ဒေသမှာလည်း ဒုက္ခသည် စခန်းများ ဖြစ်လာမှာကို ဒေသခံများက မလိုလားကြကြောင်း သိရှိရပါသည်။

Ref: shannews

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း သီတဂူဆရာတော် တိုက်တွန်း

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။

''အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။

ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။ သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ဘာသာဝင်အားလုံးကို ဒီနေရာ ကနေတောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကိုမဖျက်ဆီးကြဖို့ ဒီသစ်ပင်ကိုစောင့်ရှောက် ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ် ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော် တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော် တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။

အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟု လည်း မိန့်ကြားခဲ့သည်။ ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင် များ ပါရှိရန်လိုအပ်ပြီး အစိုးရအပါအ၀င် ပြည်သူများပါပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြော ကြားခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြားငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်း မှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။

အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီ အစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င် လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိ ထားတော်မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်ပါးတွင် မြန်မာနိုင်ငံ ၏ ရဟန်းတော် တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေး သားသူအား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံး ကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီ ခဲ့ကြသည်။

နိဂုံးချုပ်တွင်သီတဂူဆရာတော်က အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်ရေး သည် နိုင်ငံတော် အစိုးရနှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များ အဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်းသည်းခံခြင်း တို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။

Eleven

လေယာဉ်မီးလောင်မှု ဖြစ်ပေါ်ပါက ငြှိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် သင်တန်းပို့ချ

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ်နည်းစနစ် သင်တန်းကို ပြည်တွင်းလေကြောင်းမှ F-27 လေယာဉ်ဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ်နည်းစနစ် သင်တန်းပို့ချရာတွင် လေယာဉ်များ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ပုံနှင့် လေယာဉ် တည်ဆောက်မှု အကြောင်း၊ လေယာဉ်ကွင်းများ အကြောင်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ပို့ချလျက် ရှိသည်။ သင်တန်းအား တစ်နှစ်လျှင် တစ်ကြိမ်ခန့် သင်ကြားပေးသွားမည်ဖြစ်ပြီး မီးသတ်အရာရှိ ၂၀ အား ပို့ချပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်း အမျိုးအစားပေါင်း ၂၀ ကို ပို့ချလျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် မီးငြှိမ်းသတ်မှု သင်တန်းများ၊ မီးသတ်ကားမောင်းသင်တန်းများ ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

Ref: khitlunge

ပယ်လယ်ကွေ့အာရပ်နိုင်ငံများနှင့် ရုံးပိတ်ရက်တူညီစေရန် ဆော်ရီအာရေးဗျနိုင်ငံ ပြောင်းလဲသတ်မှတ်



   ဆော်ရီအာရေဗျနိုင်ငံ (Saudi Arabia) သည် နိုင်ငံ၏အပတ်စဉ် ရုံပိတ်ရက်နှစ်ရက်အား ယခင် ကြာသာပ .တေးနှင့် သောကြာနေ့များမှ ယခုအခါ သောကြာနှင့် စနေနေ့များသို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိ ရှိရသည်။ ဤသို့ပြောင်းလဲလိုက်ခြင်းဖြင့် ဒေသအတွင်း အခြားသောနိုင်ငံများနှင့် တူညီသွားပြီး စီးပွားရေး ရာနှင့် ဘဏ္ဌာရေးဆိုင်ရာ ရုံးပိတ်ရက်များ သတ်မှတ်ရာ၌ ပိုမိုအဆင်ပြေလွယ်ကူသွားစေမည် ဖြစ်ပါသည်။ ၂၀၀ရ ခုနှစ်ကတည်းက အလားတူ အဆိုပြုမှုကိုတင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ဆော်ဒီစီးပွားရေး အသိုင်းအဝိုင်းမှ ထိုသို့ပြောင်းလဲသတ်မှတ်ပေးရန်အတွက် အားသွန်ခွန်စိုက် တိုက်တွန်းကြိုးပမ်း ခဲ့ခြင်းဖြစ် သည်။ ယခုအခါ ဒေသအတွင်း အထောက်အကူဖြစ်မည်ဖြစ်သည်။ အိုမန်နိုင်ငံ (Oman) ကလည်း ယခင် လမှစ၍ ရုံးပိတ်ရက်နှစ်ရက်အား သောကြာနှင့်စနေနေ့များသို့ ပြောင်းလဲပြီးဖြစ်ပြီး ပင်လယ်ကွေ့ပူးပေါင်း .ဆောင်ရွက်ရေးအဖွဲ့ဝင် (Gulf Co-operation Council) အာရပ်နိုင်ငံ(၆)နိုင်ငံအနက်ဆော်ဒီအာရေဗျ .နိုင်ငံသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

Ref..BBC

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ရွေးချယ်မှုအား နောက်လာမည့် ၁၀ လ အကြာတွင် ပြန်လည် ရွေးချယ် သွားမည်

 
ရုပ်ရှင်လောကသားများရဲ့ ဆန္ဒအရ ရွေးချယ် တင်မြှောက် ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းဟာ လက်ရှိ ကာလမှာကျန်းမာရေး အခြေအနေကြောင့် ဥက္ကဋ္ဌ ရာထူးမှ အနားယူ လိုက်ပြီ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ဥက္ကဋ္ဌ တာဝန်ကို တာဝန်ယူ ထားရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်ဆောင်မှုဟာ သရုပ်ဆောင် အကယ်ဒမီ လူမင်း အနေနဲ့ ယခင်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့ ကျန်ရှိတဲ့ ဥက္ကဋ္ဌ သက်တမ်းကို ဆက်လက် တာဝန် ထမ်းဆောင် ပေးနေတာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့်နောက်လာမယ့်၁၀လအကြာမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို ပြန်လည် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ပြည်တွင်းရဲ့ ရုပ်ရှင် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေဖို့ အတွက် ပြည်ပ နိုင်ငံများနဲ့ ချိတ်ဆက် ဆောင်ရွက် လျက်ရှိသလို ပြည်တွင်း မှာလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
 
Ref:MMExpress

ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ ထောင်စုနှစ် ပန်းတိုင် သတ်မှတ်ပေးရန် နိုင်ငံ အကြီးအကဲများ တောင်းဆို



ကုလသမဂ္ဂ အနေဖြင့် ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုများ ပပျောက်ရေး အတွက် ရည်မှန်းချက် ချမှတ် ဆောင်ရွက်သွားရန် ဗြိတိန်နိုင်ငံ ၊ အင်ဒိုနီးရှား နိုင်ငံနှင့် လိုင်ဘေးရီးယား နိုင်ငံ ခေါင်းဆောင် များမှ တိုက်တွန်း ပြောကြားလိုက်သည်။၂၀၁၅ ခုနှစ်အတွက် ရည်မှန်းချက်ထားခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင်များတွင် အဆိုပါ အချက်အား အစားထိုး ထည့်သွင်းရန် အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်းဘန်း ၊ လိုင်ဘေးရီးယား သမ္မတ အီလန်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်တို့မှ စာတမ်းတစ်စောင် ပြုစုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ အဆိုးရွားဆုံး ဆင်းရဲမှုကို လျှော့ချနိုင်ရန် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ပြောင်းလဲရန် ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရန် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ထားရှိ သတ်မှတ်ပြီး နိုင်ငံအစိုးရများ အချင်းချင်းမှလည်း လက်တွဲ ပါဝင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: MMExpress

ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်



    မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အော်ပရေတာခေါ်ယူရာ တွင်နော်ဝေးနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးဆက်သွယ်မှု လုပ်ငန်းရေး ကုမ္ပဏီကြီးများထဲတွင် အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်းမြန်မာနိုင် ငံတွင် လုပ်ငန်းလိုင်စင်ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားခဲ့သော ကုမ္ပဏီဖြစ်ပြီး အဆိုပါပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာ ဏ အများဆုံးဖြစ်သည်။
   နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေးချယ်ရေး ကော် မတီ၏ ထောက်ခံမှုပေါ်အခြေခံ၍ မြန်မာနိုင်ငံအစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို Nationwide Telecommu -nications Licenses နှင့် Associated Spectrum Licences တို့ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်း တို့ကုမ္ပဏီနှစ်ခုလိုင်စင်မရရှိမှီတွင်တင်ဒါရွေးချယ်မှုအပြီးလိုအပ်ချက်များကိုဦးစွာဖြည့်ဆည်းရမည်ဖြစ်သည်။
အဆိုပါလိုအပ်ချက်များတွင် လက်ရှိကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ် .ရေးဥပဒေကြမ်းကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့်လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါ လိုအပ် ချက်ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင်အစားထိုးရန် France Telecom-Orange ကို အရန်အဖြစ် .ရွေးချယ်ထားသည်။
   Telenor ကုမ္ပဏီသည် လိုင်စင်ရရှိပါက ချက်ချင်းလုပ်ငန်းစတင်မည်ဖြစ်ပြီး ကိုးလအတွင်းကွန်ရက်များကို စတင်တည်ထောင်သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးကွန်ရက် ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် ၎င်းတို့က မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေသည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။ ''ဆင်းမ်ကဒ်ဆိုတာက တစ်ပြားမှပေးရတာမျိုးမဟုတ်ဘူး။ ၀န်ဆောင်မှုတွေအတွက်ပဲ ပိုက်ဆံပေးရတာပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟုပြောကြားထား သည့် ကုမ္ပဏီဖြစ်သည်။
   တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော် ကကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံလိပ်မူ ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည် ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

 Ref..news-eleven

ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ရန် ပြင်သစ်ကုမ္ပဏီ ကူညီမည်


   ယခင် ပညာသင်နှစ်က ပြန်လည်ဖွင့်လှစ်ခဲ့သော ရန်ကုန်နည်းပညာ  တက္ကသိုလ်၏ လက်တွေ့ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးအတွက် ပြင်သစ်လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သော Schneider ကုမ္ပဏီက နည်းပညာနှင့် လက်တွေ့ပစ္စည်းများ ကူညီပံ့ပိုးမည်ဖြစ်ကြောင်း အဆိုပါပြင်သစ်ကုမ္ပဏီ စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်သော ဦးဇော်ဇော်အောင်က The Voice သို့ ပြောကြားသည်။ အဆိုပါဓာတ်ခွဲခန်းကို ယခုနှစ်ကုန်မတိုင်မီ ပြုပြင်ရန် စီစဉ်လျက်ရှိပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်လည်း လာမည့်ဇူလိုင်လအတွင်း သွားရောက်ဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့် တင်ရေးအတွက် ယင်းကုမ္ပဏီအနေနှင့် ငွေကြေးပိုင်းထောက်ပံ့ပေးနိုင်ရန်ကိုလည်း ဆွေးနွေးထားကြောင်း အဆိုပါတက္ကသိုလ်နည်းပြဆရာတစ်ဦးက ပြောပါသည်။"ကနဦးအနေနဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ဖို့လုပ်မယ်။ ပြီးရင်တခြား နည်းပညာတက္ကသိုလ်တွေကို ထပ်ကူညီသွားမယ်" ဟု ဦးဇော်ဇော်အောင်က ဆိုသည်။
   ပြင်သစ် Schneider ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဝင်ရောက်ခဲ့ပြီး ယင်းကုမ္ပ ဏီအနေနှင့် နည်းပညာပိုင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်းအထိ တည်ဆောက်သွားရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ရှင်းပြသည်။ ယင်းကုမ္ပဏီသည် ၁၈၃၆ တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း၁၀၀ ကျော် တွင် ဝန်ထမ်းပေါင်း တစ်သိန်းခွဲကျော်ဖြင့် လည်ပတ်လျက်ရှိသော Electric ကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ် စဉ်ရောင်းရငွေများ၏ ၅ ရာခိုင်နှုန်းကို သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေး (Research and Development) အတွက် လုပ်ဆောင်လျက်ရှိသည်။
 Ref..The Voice Weekly

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်



မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
Ref: MMExpress

ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်

တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီမှ သတင်းထုတ်ပြန်လိုက်သည်။

နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင် အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားသော ကုမ္ပဏီဖြစ်ပြီး အဆိုပါ ပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာဏ အများဆုံးဖြစ်သည်။

နိုင်ငံတကာအကြံပေးများနှင့် နည်းပညာအဖွဲ့၏ ပံ့ပိုးမှုဖြင့်လွတ်လပ်သော တင်ဒါရွေးချယ်ရေး ကော်မတီ၏
ထောက်ခံမှုအပေါ်အခြေခံ၍ မြန်မာနိုင်ငံ အစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို Nationwide Telecommunications Licenses နှင့် Associated Spectrum Licences တို့ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု လိုင်စင်မရရှိမီတွင် တင်ဒါရွေးချယ်မှုအပြီး လိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းရမည် ဖြစ်သည်။

အဆိုပါ လိုအပ်ချက်များတွင် လက်ရှိ ကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့် လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင် အစားထိုးရန် France Telecom-Orange ကို အရန်အဖြစ် ရွေးချယ်ထားသည်။

Telenor ကုမ္ပဏီသည် လိုင်စင်ရရှိပါက ချက်ချင်းလုပ်ငန်း စတင်မည်ဖြစ်ပြီး ကိုးလအတွင်း ကွန်ရက်များကို စတင်တည်ထောင် သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ကွန်ရက်ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် ၎င်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေသည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။

''ဆင်းမ်ကဒ်ဆိုတာက တစ်ပြားမှ ပေးရတာမျိုး မဟုတ်ဘူး။ ၀န်ဆောင်မှုတွေ အတွက်ပဲ ပိုက်ဆံပေးရတာပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည့် ကုမ္ပဏီဖြစ်သည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
 Ref: EMG

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။ ၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
Ref: EMG

လယ်ယာမြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ဖော်ထုတ်အရေးယူရန် လယ်/ဆည်ဒုဝန်ကြီး ပြောကြား

 လွှတ်တော်အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများရှိ လယ်မြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်းများ အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ပြဋ္ဌာန်းထားသည့် လယ်ယာမြေ ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်သော စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

''ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ လားရှိုး၊ မူဆယ် စတဲ့ စီးပွားရေး အချက်အချာကျတဲ့ မြို့ကြီးတွေမှာ လယ်ယာမြေတွေကို ငွေကြေးတတ်နိုင်သူတွေက တခြားနည်း အသုံးပြုဖို့ ၀ယ်ယူထားကြပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဈေးကစား အရောင်းအ၀ယ် ပြုလုပ်ရန် ဆောင်ရွက်နေတာတွေ၊ ဟိုတယ်၊ စက်သုံးဆီ ဆိုင်တွေကို ဥပဒေနဲ့ ညီညွတ်စွာ တင်ပြခြင်းနဲ့ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ တည်ဆောက်နေတာတွေ၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းတွေကြောင့် စိုက်ဧကတွေ လျော့နည်းလာပါတယ်။ အဲဒါတွေ မဖြစ်ပေါ်စေဖို့ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ လယ်ယာမြေ ဥပဒေနဲ့အညီ ကာကွယ်တားဆီးခြင်းနဲ့ စိစစ်ဖော်ထုတ် အရေးယူခြင်းတွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး နယ်မြေများအတွင်း လယ်ယာမြေ ဥပဒေကို မလိုက်နာသူများ၊ ကိုယ်ကျိုးရှာသူများ ငွေကြေးကို အသုံးပြုပြီး စပါးခင်းဘ၀မှ အခြားမြေအဖြစ်သို့ ပြောင်းလဲသူများ၊ အဆောက်အအုံ ဆောက်သူများ ပေါများလာခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို စုံစမ်းစစ်ဆေး အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက်အပေါ် ''လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ လိုအပ်သည့် စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်ပေးနိုင်ရေး အတွက် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့များထံသို့လည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်စွာဖြင့် ဥပဒေကို လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရေး၊ ငွေကြေးကို အရင်းပြုပြီး ကိုယ်ကျိုးရှာသူများ၊ ဥပဒေကို ဖောက်ဖျက်နေကြ သူတွေကို ဥပဒေနဲ့ ညီညွတ်စွာ တိတိကျကျ စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူ သွားနိုင်ရန် ညှိနှိုင်း အကြောင်းကြား ထားပါတယ်'' ဟု ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။လယ်ယာမြေ ဥပဒေတွင် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရဟု ပါရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

Ref: EMG

Telenor အကြောင်း တစေ့တစောင်း

ဇွန်လ ၂၇ ရက်နေ့မှာတော့ အစိုးရက ကတိပေးထားတဲ့ အတိုင်း ဆက်သွယ်ရေး တင်ဒါအောင် ထားတဲ့သူတွေကိုကြော်ငြာ ခဲ့ရာမှာ နော်ဝေးအခြေစိုက် Telenor နဲ့ ကာတာအခြေစိုက် Ooredoo ကို ပင်မရွေးခြယ်ခဲ့ပြီး အရန်ကုမ္ပဏီတွေ အဖြစ် ပြင်သစ်ကုမ္ပဏီ Orange နဲ့ ဂျပန် အခြေစိုက် Marubeni ကိုရွေးခြယ်ခဲ့ပြီး အများစု ထင်ကြေးပေးခဲ့ကြတဲ့ Digicel နဲ့ Singtel တို့မပါဝင်လာခဲ့ကြပါဘူး။

Telenor ကတော့ နော်ဝေးနိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံမြို့တော် အော်စလိုနားက Baerum မြို့မှာအခြေစိုက်ပါတယ်။ ၁၈၅၅ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာဖြစ်လို့ ခိုင်မာမှု ရှိတဲ့ ကုမ္ပဏီတစ်ခုလို့ ဆိုရမှာပါ။ Scandinavia ဒေသ၊ အရှေ့ဥရောပဒေသ နဲ့အာရှတိုက်တို့ မှာ ၀န်ဆောင်မှုအကြီးအကျယ်ပေးနေပြီး ကမ္ဘာ့အကြီးဆုံး Telecommunication ကုမ္ပဏီ တွေ ထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံ ၁၂ခုရဲ့ အဓိက Network Operator အဖြစ် ရပ် တည်နေ သလို နိုင်ငံပေါင်း ၃၀ကျော်မှာလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ဆောင် ရွက်နေ ပါတယ်။ Telenor ကိုအဓိက ပိုင်ဆိုင်သူကတော့ နော်ဝေးအစိုးရ ဖြစ်ပြီး ရှယ်ယာစုစုပေါင်းရဲ့ ၅၄% အထိပိုင်ဆိုင်ထားပါတယ်။ Telenor ဟာ နော်ဝေးနိုင်ငံ ရဲ့ အဓိက စတော့အိတ်ချိန်းဈေး ကွက်ဖြစ်တဲ့ အော်စလိုစတော့ဈေးကွက်မှာ ထိပ်ဆုံးတန်ဖိုးအရှိဆုံး ကုမ္ပဏီ ၃ခုထဲမှာ အပါ အ၀င်ဖြစ်ပါတယ်။ မေလ ၂၀၁၃ အထိ တွက်ချက်မှုအရ ကုမ္ပဏီရဲ့ တန်ဖိုးဟာ နော်ဝေးနိုင်ငံ သုံးငွေကြေး kr 197 billion (1 US$= 9 kr) အထိတန်ဖိုးရှိပါတယ်။

Telenor အဓိက Telephone Operator အဖြစ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေရှ့်၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ မလေးရှား၊ မွန်တီနီဂရိုး၊ ပါကစ္စတန်၊ ဆားဘီးယား၊ ဆွီဒင်၊ ထိုင်း၊ ယူကရိန်း၊ ရုရှား နဲ့ အီတလီတို့ပဲ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံကိုပါ ထည့်သွင်းရတော့မှာပေါ့။

Telenor ရဲ့ Web page- http://www.telenor.com/

အားလုံးအဆင်ပြေချောမွေ့ကြပါစေ... FPNF

Ref: wikipedia

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှသတင်းထုတ်ပြန် လိုက်သည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင်အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်း မြန်မာနိုင်ငံ တွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြား ထားသော ကုမ္ပဏီဖြစ်ပြီး အဆိုပါ ပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီ များထဲတွင် ငွေကြေးပမာဏ အများဆုံးဖြစ်သည်။

နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေး ချယ်ရေး ကော်မတီ၏ ထောက်ခံမှုပေါ် အခြေခံ၍ မြန်မာနိုင်ငံ အစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခု ကို Nationwide Telecommunications Licenses နှင့် Associated Spectrum Licences တို့ ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု လိုင်စင်မရရှိမီတွင် တင်ဒါရွေးချယ်မှု အပြီး လိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များတွင် လက်ရှိ ကျင်းပနေသည့်လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ်ရေး ဥပဒေကြမ်း ကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့် လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါလိုအပ်ချက် ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင် အစားထိုးရန် France Telecom-Orange ကိုအရန် အဖြစ် ရွေးချယ်ထားသည်။


တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ချက် 

Telenor ကုမ္ပဏီ သည် လိုင်စင် ရရှိပါက ချက်ချင်းလုပ်ငန်း စတင်မည်ဖြစ်ပြီး ကိုးလအတွင်း ကွန်ရက်များကို စတင်တည်ထောင် သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။ ထို့ပြင် ၎င်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေ သည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။ ''ဆင်းမ်ကဒ် ဆိုတာက တစ်ပြားမှ ပေးရတာမျိုး မဟုတ်ဘူး။ ၀န်ဆောင်မှုတွေ အတွက်ပဲ ပိုက်ဆံပေးရတာ ပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည့် ကုမ္ပဏီဖြစ်သည်။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်း ပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတ ရုံး ဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူ ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

EMG

နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

ကောလာဟလကြောင့် မိဘများ စိုးရိမ်စိတ်ဖြင့် လာရောက်စောင့်ဆိုင်း နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ်

နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ ကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ် ခဲ့သည့်အတွက် လုံခြုံရေးချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက် တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသား မိဘများ စိတ်ပူပန်စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစု လူဝေး ဖြစ်ပေါ်စေခဲ့ကာ အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှ လာရောက် လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် အဋ္ဌမတန်း ကျောင်း သူနှစ်ဦးရန်ဖြစ်ရာတွင် ကျောင်းအုပ်ကြီးမှ နှစ်ဦးစလုံးအား ကျောင်းပြောင်းခိုင်းခဲ့ကြောင်း သိရ သည်။

ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့်ကျောင်းသူနှစ်ဦးအနက်မှငှက်ပျောတော ကျေးရွာနေ ကျောင်း သူအား အေလာမြို့ အ.လ.က(ခွဲ)တွင် ကျောင်းပြန်အပ်ရာ အဆိုပါကျောင်းမှ လက်မခံ သဖြင့် ကျောင်းသားမိဘနှင့် ကျေးရွာသူ ကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့ လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာ မှ အနီးနားဝန်းကျင်ရှိကျေးရွာများမှ ကောလာဟလသတင်းများကြောင့် အထိတ်တလန့်ဖြစ်စေ ကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့ စုပြုံရောက်ရှိလာကြောင်း သိရသည်။
''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာ ဘာဖြစ်တယ်မှန်း မသိလိုက်ဘူး။ လူစု လူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့ ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ် လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲ ဒါကြောင့် ဘေးကကောလာဟလတွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ကလေးနှစ်ယောက် ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို ခေါ်ပြီးညှိနှိုင်းရမှာပါ'' ဟု အေလာမြို့ ဒေသ ခံကျောင်းသားမိဘတစ်ဦးက ပြောသည်။ အေလာမြို့ကျောင်းများ တွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှု ကောလာဟလ များကြောင့် ပျဉ်းမနားမြို့ပေါ်ရှိ ကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက် ရှိ လာကြသဖြင့် နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်နေကြောင်း သိရသည်။

EMG