28.6.13

ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်



    မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အော်ပရေတာခေါ်ယူရာ တွင်နော်ဝေးနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးဆက်သွယ်မှု လုပ်ငန်းရေး ကုမ္ပဏီကြီးများထဲတွင် အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်းမြန်မာနိုင် ငံတွင် လုပ်ငန်းလိုင်စင်ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားခဲ့သော ကုမ္ပဏီဖြစ်ပြီး အဆိုပါပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာ ဏ အများဆုံးဖြစ်သည်။
   နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေးချယ်ရေး ကော် မတီ၏ ထောက်ခံမှုပေါ်အခြေခံ၍ မြန်မာနိုင်ငံအစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို Nationwide Telecommu -nications Licenses နှင့် Associated Spectrum Licences တို့ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်း တို့ကုမ္ပဏီနှစ်ခုလိုင်စင်မရရှိမှီတွင်တင်ဒါရွေးချယ်မှုအပြီးလိုအပ်ချက်များကိုဦးစွာဖြည့်ဆည်းရမည်ဖြစ်သည်။
အဆိုပါလိုအပ်ချက်များတွင် လက်ရှိကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ် .ရေးဥပဒေကြမ်းကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့်လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါ လိုအပ် ချက်ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင်အစားထိုးရန် France Telecom-Orange ကို အရန်အဖြစ် .ရွေးချယ်ထားသည်။
   Telenor ကုမ္ပဏီသည် လိုင်စင်ရရှိပါက ချက်ချင်းလုပ်ငန်းစတင်မည်ဖြစ်ပြီး ကိုးလအတွင်းကွန်ရက်များကို စတင်တည်ထောင်သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးကွန်ရက် ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် ၎င်းတို့က မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေသည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။ ''ဆင်းမ်ကဒ်ဆိုတာက တစ်ပြားမှပေးရတာမျိုးမဟုတ်ဘူး။ ၀န်ဆောင်မှုတွေအတွက်ပဲ ပိုက်ဆံပေးရတာပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟုပြောကြားထား သည့် ကုမ္ပဏီဖြစ်သည်။
   တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော် ကကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံလိပ်မူ ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည် ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

 Ref..news-eleven

0 comments:

Post a Comment