28.6.13

ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ရန် ပြင်သစ်ကုမ္ပဏီ ကူညီမည်


   ယခင် ပညာသင်နှစ်က ပြန်လည်ဖွင့်လှစ်ခဲ့သော ရန်ကုန်နည်းပညာ  တက္ကသိုလ်၏ လက်တွေ့ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးအတွက် ပြင်သစ်လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သော Schneider ကုမ္ပဏီက နည်းပညာနှင့် လက်တွေ့ပစ္စည်းများ ကူညီပံ့ပိုးမည်ဖြစ်ကြောင်း အဆိုပါပြင်သစ်ကုမ္ပဏီ စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်သော ဦးဇော်ဇော်အောင်က The Voice သို့ ပြောကြားသည်။ အဆိုပါဓာတ်ခွဲခန်းကို ယခုနှစ်ကုန်မတိုင်မီ ပြုပြင်ရန် စီစဉ်လျက်ရှိပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်လည်း လာမည့်ဇူလိုင်လအတွင်း သွားရောက်ဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့် တင်ရေးအတွက် ယင်းကုမ္ပဏီအနေနှင့် ငွေကြေးပိုင်းထောက်ပံ့ပေးနိုင်ရန်ကိုလည်း ဆွေးနွေးထားကြောင်း အဆိုပါတက္ကသိုလ်နည်းပြဆရာတစ်ဦးက ပြောပါသည်။"ကနဦးအနေနဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ဖို့လုပ်မယ်။ ပြီးရင်တခြား နည်းပညာတက္ကသိုလ်တွေကို ထပ်ကူညီသွားမယ်" ဟု ဦးဇော်ဇော်အောင်က ဆိုသည်။
   ပြင်သစ် Schneider ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဝင်ရောက်ခဲ့ပြီး ယင်းကုမ္ပ ဏီအနေနှင့် နည်းပညာပိုင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်းအထိ တည်ဆောက်သွားရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ရှင်းပြသည်။ ယင်းကုမ္ပဏီသည် ၁၈၃၆ တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း၁၀၀ ကျော် တွင် ဝန်ထမ်းပေါင်း တစ်သိန်းခွဲကျော်ဖြင့် လည်ပတ်လျက်ရှိသော Electric ကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ် စဉ်ရောင်းရငွေများ၏ ၅ ရာခိုင်နှုန်းကို သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေး (Research and Development) အတွက် လုပ်ဆောင်လျက်ရှိသည်။
 Ref..The Voice Weekly

0 comments:

Post a Comment