28.6.13

မန်းမှာ စည်းကမ်းမဲ့ရပ်တဲ့ ယာဉ်တွေ ကရိန်းနဲ့ ရှင်းပြီ

မန္တလေးမြို့ရှိ ယာဉ်မရပ်ရ နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းကားနဲ့ ဆွဲယူကာ ဖမ်းဆီးအရေးယူ နေပါတယ်။ ယနေ့ မနက်က စတင်ပြီး ဈေးချိုအနီးတစ်ဝိုက်မှာ ကရိန်းကားနဲ့ ဖမ်းဆီး အရေးယူထားတဲ့အတွက် ဥပုသ်နေ့ ဈေးပိတ်ရက် လမ်းရှင်းသလိုမျိုး ရှင်းလင်းနေတာကို တွေ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ ကားပိုင်ရှင်ဟာ ကရိန်းကားဆွဲခ ငါးသောင်းကျပ်အပြင် ဒဏ်ငွေလည်း ထပ်မံ ပေးဆောင်ရမယ်လို့ သိရပါတယ်။ “လမ်းက တအားကို ရှင်းနေတယ်။ လမ်းရဲ့ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းမှာ တစ်စီးစီ ရပ်ခွင့်ပေး၊ အဲဒီထက် ပိုသွားရင် ဖမ်းပေါ့၊ အခုဟာက ဒီထက်ဆိုးတဲ့ ၇၈ လမ်းတစ်ကြောနဲ့ ၂၆ လမ်းမှာရှိတဲ့ ၇၉x၈၀ ကြားမှာ မဖမ်းဘဲ ဈေးချိုမှာ လာဖမ်းတယ်” လို့ မန်းမြန်မာပလာဇာ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref: FB

0 comments:

Post a Comment