28.6.13

လေယာဉ်မီးလောင်မှု ဖြစ်ပေါ်ပါက ငြှိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် သင်တန်းပို့ချ

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ်နည်းစနစ် သင်တန်းကို ပြည်တွင်းလေကြောင်းမှ F-27 လေယာဉ်ဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ်နည်းစနစ် သင်တန်းပို့ချရာတွင် လေယာဉ်များ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ပုံနှင့် လေယာဉ် တည်ဆောက်မှု အကြောင်း၊ လေယာဉ်ကွင်းများ အကြောင်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ပို့ချလျက် ရှိသည်။ သင်တန်းအား တစ်နှစ်လျှင် တစ်ကြိမ်ခန့် သင်ကြားပေးသွားမည်ဖြစ်ပြီး မီးသတ်အရာရှိ ၂၀ အား ပို့ချပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်း အမျိုးအစားပေါင်း ၂၀ ကို ပို့ချလျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် မီးငြှိမ်းသတ်မှု သင်တန်းများ၊ မီးသတ်ကားမောင်းသင်တန်းများ ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

Ref: khitlunge

0 comments:

Post a Comment