28.6.13

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းထွက်ပေါ်ကြောင်း ရေးသားaဖ်ာပြခဲ့သည့် Unity ဂျာနယ်ပြန်တောင်းပန်ရ

   အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများထွက်ပေါ်’ဟူသောသတင်း အတွက် အဆိုပါသတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင်ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံးအသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိ သတ်များကို Unity ဂျာနယ်အယ်ဒီတာအဖွဲ့က ပြန်လည်တောင်းပန်ကြောင်း ယင်းဂျာနယ်၏ အဓိကတာ ဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။  “အခြေအနေ၊ အကြောင်းကြောင်းတွေအ ရ ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်းအပေါ် ကျွန်တော် တို့တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ်မေးမြန်းပြီး သတင်းအဖြစ်ဖော်ပြ ခဲ့တဲ့နေရာမှာ သုံးနှုန်းခဲ့တဲ့သတင်းခေါင်းစဉ်နဲ့ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံးမပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင်မှားမှာစိုးတဲ့အတွက် မမေသူကနေကျွန်တော်တို့တိုက်က လူကြီးပိုင်းတွေကတစ်ဆင့်ပြန်လည် ၍ တာင်းပန်ပေးဖို့ တောင်းဆိုလာတဲ့အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက်ပြန်လည်တောင်း ပန်ရခြင်းအကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။
   အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုး သည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်း မဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင်သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင်ခွင့်ပြုချက် ရယူပြီး မ သုံးစွဲခဲ့သည့် အချက်များဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။  သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံ ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး ၏ ဖခင်ဖြစ်သူသရုပ်ဆောင်လွင်မိုးကို ဆက်သွယ်မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီးလုံးဝမမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူအရွယ် သာ ရှိသေးသည်ဟု ပြန်လည်ဖြေကြားခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံးတစ်လုံးမှ မပါဝင်သည့်အတွက် စာဖတ်ပရိသတ်များက ဂျာနယ်အတွင်းရှိ ကိုလွင်မိုး ၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှုလွဲမှားနိုင်သည့်အတွက်ပြန်လည် ၍ တောင်းပန်ခိုင်းရခြင်းဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝမမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏မိခင်ဖြစ် သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။  “အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်းအယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ်တို့ အိမ်ကိုလာကြတာယ်၊ အယ်ဒီ တာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူကလုံးဝမတောင်းပန်ဘူး။
   သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလထွက်လာတဲ့အခါ သတင်းသမားကတော့ရေးမှာပဲ လို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ဒီလိုရေးလို့မရဘူးလို့။ ကျွန်မသမီးက ကလေးပဲရှိသေးတယ်။ ကျွန်မ ရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိနေ နေတာလို့ ပြောလိုက်တယ်။ အစက အစ်မ က တောင်းပန်ရင်ကျေအေးမလို့၊ မတောင်းပန်တဲ့အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အ ခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူက Unity ဂျာနယ်၏ ပြန်လည်၍ .တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။
Ref.. The Voice Weekly

0 comments:

Post a Comment