28.6.13

ပယ်လယ်ကွေ့အာရပ်နိုင်ငံများနှင့် ရုံးပိတ်ရက်တူညီစေရန် ဆော်ရီအာရေးဗျနိုင်ငံ ပြောင်းလဲသတ်မှတ်



   ဆော်ရီအာရေဗျနိုင်ငံ (Saudi Arabia) သည် နိုင်ငံ၏အပတ်စဉ် ရုံပိတ်ရက်နှစ်ရက်အား ယခင် ကြာသာပ .တေးနှင့် သောကြာနေ့များမှ ယခုအခါ သောကြာနှင့် စနေနေ့များသို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိ ရှိရသည်။ ဤသို့ပြောင်းလဲလိုက်ခြင်းဖြင့် ဒေသအတွင်း အခြားသောနိုင်ငံများနှင့် တူညီသွားပြီး စီးပွားရေး ရာနှင့် ဘဏ္ဌာရေးဆိုင်ရာ ရုံးပိတ်ရက်များ သတ်မှတ်ရာ၌ ပိုမိုအဆင်ပြေလွယ်ကူသွားစေမည် ဖြစ်ပါသည်။ ၂၀၀ရ ခုနှစ်ကတည်းက အလားတူ အဆိုပြုမှုကိုတင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ဆော်ဒီစီးပွားရေး အသိုင်းအဝိုင်းမှ ထိုသို့ပြောင်းလဲသတ်မှတ်ပေးရန်အတွက် အားသွန်ခွန်စိုက် တိုက်တွန်းကြိုးပမ်း ခဲ့ခြင်းဖြစ် သည်။ ယခုအခါ ဒေသအတွင်း အထောက်အကူဖြစ်မည်ဖြစ်သည်။ အိုမန်နိုင်ငံ (Oman) ကလည်း ယခင် လမှစ၍ ရုံးပိတ်ရက်နှစ်ရက်အား သောကြာနှင့်စနေနေ့များသို့ ပြောင်းလဲပြီးဖြစ်ပြီး ပင်လယ်ကွေ့ပူးပေါင်း .ဆောင်ရွက်ရေးအဖွဲ့ဝင် (Gulf Co-operation Council) အာရပ်နိုင်ငံ(၆)နိုင်ငံအနက်ဆော်ဒီအာရေဗျ .နိုင်ငံသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

Ref..BBC

0 comments:

Post a Comment