28.6.13

သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်ယူခံရ

 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အနောက်သစ်ထုတ်ရေး ဒေသရှိ သစ်ထုတ်ရေးဌာနပိုင် ဆင်တစ် ကောင်းအား ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က သေနတ်ဖြင့်ပစ်သတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံ ခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများက ဖေော်ပြထားသည်။

အဆိုပါ မှတ်တမ်းများတွင် မော်လိုက်အနောက်ဘက်သစ်ထုတ်ရေးေးသမှ လက်ထောက်ဆင်ခေါင်း ဦးမောင်ဆန်းသည် သစ်ထုတ်ရေးဌာနပိုင် ဆင်အမှတ် (၅၆၀) ဆင်အမည် ဇော်ဇော်(အထီး) အသက် ၃၁နှစ် ၅ လ ခန့်၊ ကာလတန်ဘိုး ငွေကျပ် သိန်း ၇၀ တန် ဆင်ကြီးတစ်ကောင်အား ယခုလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဆင်စခန်းမှ ထူးခတ်၍ တောတွင်းသို့ လွတ်ကျောင်းထားခဲ့ရာ ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ၎င်းဆင်၏ ဆင်ဦးစီး ဦးဖိုထောင်ဆိုသူမှ လိုက်လံရှာဖွေစဉ် မော်လိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၄၆) ဆိုင်ခန်းစခန်းမှ နှစ်မိုင်အကွာ တောတွင်းတစ်နေရာတွင် လွတ်ကျောင်းဆင်၏ ၀ဲဘက်နားထင်၌ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေခဲ့ကြောင်း၊ ၎င်းဆင်၏အစွယ်နှစ်ချောင်းမှာ ဖြတ်တောက် ခိုးယူခံရသည့်အတွက် အစွယ်များမရှိတော့ကြောင်း ဆက်လက်၍ ဖော်ပြထားသည်။

“ တိရစ္ဆာန်လောကမှာ လူကနေပါးစပ်ကပြောပြီးခိုင်းလို့ရတာဟာ ဆင်ပဲရှိတယ်..။ ခွန်အားကြီးသလောက် စိတ်ကောင်းရှိတတာ ဆင်တွေဘဲဖြစ်ပါတယ်..” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ် တောရေးရာ တိုင်းဒေသကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ယခုလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လိုက်အနောက်ဘက်သစ်ထုတ်ရေး ဒေသမှ သစ်တောအုပ်ကြီး ဦးအောင်တင်၏ တိုင်တန်းချက်များအရ တမူးမြို့နယ်ခွဲ ရဲစခန်းမှ (ပ) ၁၂/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်းကာ ကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ အမှုရေးဖွင့်၍ ရဲစခန်းက ဆက်လက်ဆောင်ရွက်ရှိကြောင်း သိရသည်။

Ref : theburmapost

0 comments:

Post a Comment