28.6.13

ဂျူဗင်းတပ်စ် အသင်းနှင့် တရားဝင် စာချုပ်လိုက်ပြီဖြစ်သည့် တီဗက်ဇ်


   ဂျူဗင်းတပ်စ်အသင်းသည် မန်ချက်စတာစီးတီးတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ကို အတည်ပြုခေါ်ယူလိုက် ပြီဖြစ်ကြောင်းသိရှိရသည်။  အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးသည် ပေါင်စတာလင် (၁၀)သန်းတန် .ပြောင်းရွှေ့ကြေး သဘောတူညီမှုတစ်ရပ်ဖြင့် အီတလီစီးရီးအေ ချန်ပီယံအသင်းထံသို့ ရောက်ရှိလာသည်။ အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀)သန်း ပြောင်းရွှေ့ကြေးကို ဦးစွာ .ပေးချေပြီး အခြားသောစွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်း ပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေးမြင့်တက်လာနိုင်ကြောင်း သိရှိရသည်။ သို့သော်လည်းတီဗက်ဇ်သည် ယာဉ်စည်းကမ်းဖာက်ဖျက် မှုအတွက် ချမှတ်ခံထားရသည့် ပြစ်ဒဏ်ဖြစ်သော အများအကျိုးပြု လုပ်ငန်းများကို နာရီ (၂၅၀) ကြာ လုပ် ကိုင်မှုများကို အပြီးသတ်ဆောင်ရွက်ပြီးမှ အီတလီသို့ကူးပြောင်းခွင့်ရမည်ဖြစ်သည်။  တီဗက်ဇ်သည် မက္ကာ ဖီးလ် တရားရုံးတွင် ဧပြီလက လိုင်စင်မပါဘဲ ကားမောင်းမှုအတွက် ယခုပြစ်ဒဏ်ကိုခံယူရန် အမိန့်ချမှတ် ခဲ့ခြင်း ခံခဲ့ရသည်။
   ၎င်းသည် တောင်အမေရိကတွင် အနားယူနေရာမှ အီတလီသို့ ရောက်ရှိလာကာ စာချုပ်ခဲ့ပြီးနောက် အ င်္ဂလန်ရဲတပ်ဖွဲ့က ပြစ်ဒဏ်ကိစ္စအပြီး မသတ်သေးသည်ကို သတိ ပေးထားခဲ့သည်။ တီဗက်ဇ်သည် ဇူလိုင်လ (၁၂)ရက်နေ့တွင် ဂျူဗင်းတပ်စ်အသင်းရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်များစတင်ရာ၌သွားရောက်ပူးပေါင်း ဖွယ်ရှိနေပြီး ယင်းမတိုင်မီ အင်္ဂလန်မှဥပဒေကြောင်းဆိုင်ရာကိစ္စများကို အပြီးသတ်ရှင်းလင်းရန် လုပ်ဆောင် ရမည် ဖြစ်သည်။  အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀) သန်း တန်ပြောင်းရွှေ့ကြေးကို ဦးစွာပေးချေပြီး အခြားသောစွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်းပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေး မြင့်တက်လာနိုင်သည်။ တီဗက်ဇ်ကို လေယာဉ်ပေါ်မှ အဆင်း တွင် ဂျူဗင်းတပ်စ် ပရိသတ် (၂၀၀)ကျော်က စုရုံးနှုတ်ဆက်ခဲ့ကြသည်။ ၎င်းသည် ဂျူဗင်းတပ်စ်တွင်တစ်နှစ် လုပ်ခ ပေါင်စတာလင် (၄.၆)သန်းမျှ ခံစားရမည်ဖြစ်ပြီး အသင်း၏ လုပ်ခလစာ အများဆုံး ကစားသမားဖြစ် လာမည်ဟုလည်း သိရှိရသည်။ 
Ref: Daily Mail

0 comments:

Post a Comment