ကောလာဟလကြောင့် မိဘများ စိုးရိမ်စိတ်ဖြင့် လာရောက်စောင့်ဆိုင်း နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ်
နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု
ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ ကျောင်းများတွင်
လူစုလူဝေးများ ဖြစ်ပေါ် ခဲ့သည့်အတွက် လုံခြုံရေးချမှတ် ဆောင်ရွက်နေကြောင်း
သိရသည်။ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက် တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅)
အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသား မိဘများ စိတ်ပူပန်စေပြီး
မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစု လူဝေး ဖြစ်ပေါ်စေခဲ့ကာ
အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှ လာရောက် လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်းတွင် တက်ရောက်
ပညာသင်ကြားနေသည့် အဋ္ဌမတန်း ကျောင်း သူနှစ်ဦးရန်ဖြစ်ရာတွင်
ကျောင်းအုပ်ကြီးမှ နှစ်ဦးစလုံးအား ကျောင်းပြောင်းခိုင်းခဲ့ကြောင်း သိရ သည်။
ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့်ကျောင်းသူနှစ်ဦးအနက်မှငှက်ပျောတော ကျေးရွာနေ ကျောင်း သူအား အေလာမြို့ အ.လ.က(ခွဲ)တွင်
ကျောင်းပြန်အပ်ရာ အဆိုပါကျောင်းမှ လက်မခံ သဖြင့် ကျောင်းသားမိဘနှင့်
ကျေးရွာသူ ကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့
လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာ မှ
အနီးနားဝန်းကျင်ရှိကျေးရွာများမှ ကောလာဟလသတင်းများကြောင့် အထိတ်တလန့်ဖြစ်စေ ကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့
စုပြုံရောက်ရှိလာကြောင်း သိရသည်။
''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာ ဘာဖြစ်တယ်မှန်း
မသိလိုက်ဘူး။ လူစု လူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့
ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ် လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး
ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲ ဒါကြောင့် ဘေးကကောလာဟလတွေကပိုပြီး
ပျံ့နှ့သွားတယ်။ အမှန်တော့ကလေးနှစ်ယောက် ကို ကျောင်းထုတ်လိုက်
တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို ခေါ်ပြီးညှိနှိုင်းရမှာပါ'' ဟု အေလာမြို့
ဒေသ ခံကျောင်းသားမိဘတစ်ဦးက ပြောသည်။ အေလာမြို့ကျောင်းများ တွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း
ဖြစ်စေနိုင်သော လှုံ့ဆော်မှု ကောလာဟလ များကြောင့် ပျဉ်းမနားမြို့ပေါ်ရှိ
ကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက် ရှိ လာကြသဖြင့်
နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်နေကြောင်း
သိရသည်။
EMG
0 comments:
Post a Comment