ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.11.16

ကျောက်စိမ်းတုံးကြီး တွေ့ခဲ့သည့် ကုမ္ပဏီကို ဦးထွန်းမြင့်နိုင်နှင့် Asia World ကုမ္ပဏီတို့ အများစုပိုင်ဆိုင်ကြောင်း မြန်မာ EITI အစီရင်ခံစာ ဖော်ပြ

ကျပ်သိန်းခုနစ်သောင်း ဖြင့် ဈေးဖြတ်ထားသည့် ကျောက်စိမ်းအရိုင်းတုံးကြီးကို တွေ့ရှိခဲ့ သောဖားကန့်ရှိ ရတနာတောင် တန်းကုမ္ပဏီ၏ ရှယ်ယာအများစု ကို ဦးထွန်းမြင့်နိုင်နှင့် Asia World ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ EITI အစီရင် ခံစာတွင်ဖော်ပြထားသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက ရန်ကုန် - ဟဲဟိုး သီးသန့်ခရီးစဉ် ပြေးဆွဲမည်

တောင်ကြီးတန်ဆောင် တိုင်ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သွားလာရေးလွယ် ကူရန် နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသားလေ ကြောင်း (MNA)သည် နိုဝင်ဘာ ၉ရက်ကစတင်ကာ သီးသန့်ခရီးစဉ် အဖြစ် ရန်ကုန်-ဟဲဟိုး ခရီးစဉ် များကို နေ့စဉ်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းစက်သုံးဆီဈေး လျှော့ချနိုင်ရန် စက်သုံးဆီထုတ်သည့် နိုင်ငံများမှ တိုက်ရိုက်တင်သွင်းဝယ်ယူရန် စီစဉ်နေဟုဆို

ပြည်တွင်း၌ ဈေးနှုန်း လျှော့ချပြီး ရောင်းချနိုင်ရန် စက် သုံးဆီထုတ်လုပ်သည့် နိုင်ငံများမှ တိုက်ရိုက်ဝယ်ယူတင်သွင်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌကို တွေ့ဆုံ

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကို နိုဝင်ဘာ ၇ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ကော်မတီ ဥက္ကဋ္ဌ ရုံးခန်း၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် တိုက်ခန်းတန်ဖိုး ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိသူများ မိသားစုဝင်ငွေ အထောက်အထားများ အမြန်ဆုံး လာရောက်ပေးပို့ရန် ထုတ်ပြန်

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) တွင် မိမိတို့ ၀ယ်ယူလိုသော တိုက်ခန်းတန်ဖိုး ရာခိုင်နှုန်း ၃၀ ပြည့်မီအောင် စုဆောင်းထားရှိသူများ အနေဖြင့် မိသားစုဝင်ငွေနှင့် ပတ်သက်ပြီး အထောက်အထားများကို မိမိတို့ စာရင်းဖွင့်လှစ်ခဲ့သည့် CHD ဘဏ်သို့ အမြန်ဆုံး လာရောက်ပေးပို့ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အသိပေးချက် ထုတ်ပြန်ထားသည်။

တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA) အကြား တိုက်ပွဲဖြစ်ပွား

တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ် ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) အကြား နိုဝင်ဘာ ၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PSLF/TNLA အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ရင်းနှီးမြှုပ်နှံသူများ အတွက် အစိုးရပိုင်မြေများအား နှစ် ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့် ဥပဒေ ပြဋ္ဌာန်းပေးမည် ဖြစ်ကြောင်း သိရ

အစိုးရပိုင်ဆိုင်သည့် မြေများအား နှစ်ပေါင်း ၇၀ အထိ ငှားရမ်းလုပ်ကိုင်ခွင့် ဥပဒေ ပြဋ္ဌာန်းပေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။