8.11.16

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌကို တွေ့ဆုံ

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကို နိုဝင်ဘာ ၇ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ကော်မတီ ဥက္ကဋ္ဌ ရုံးခန်း၌ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့တွေ့ဆုံရာတွင် မြန် မာ့တပ်မတော်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီ၊ ဥရော ပသမဂ္ဂအဖွဲ့ဝင်များ၏ တပ်မ တော်များအကြား ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန်လည် ပတ်ရေးနှင့် ဆက်ဆံမှုမြှင့်တင် ရေး၊ လေ့ကျင့်ရေးသင်တန်းများ စေလွှတ်ရေး၊ အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များကို ဆွေးနွေးခဲ့သည်ဟု တပ်မတော် က သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် များ၏ ဥရောပသမဂ္ဂစစ်ဘက် ဆိုင်ရာ ကော်မတီအစည်းအဝေး သို့ တက်ရောက်ရန် နိုဝင်ဘာ ၅ ရက်က ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး နိုဝင်ဘာ ၆ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ မိသားစုဝင်များနှင့်တွေ့ဆုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေး မှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ် ကြီးမြထွန်းဦး၊ တပ်မတော်အရာ ရှိကြီးများလိုက်ပါသွားကြောင်း သတင်းရရှိသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment